တကယ့် အတွေ အကြုံတွေပါ န၀င်းထိုင်နေတုန်း အီးပါချင်တာ ဇောချွေးတွေတောင်ပြန်လာပြီး အောင့် မထားနိုင်တော့ ဘူးဆိုလို့  ခြေမန်းကွင်းချွတ်ချပေးလိုက်ရတာလည်း သုံးလေးယောက် ကြုံခဲ့ ဘူးပါတယ် နောက်မှာ ပြန်လာထိုင်ရတယ် အခါ ကျော်သွားပေမယ် အစ အခါမှန်နေလို့  န၀င်း ရိုက်ပေးလိုက်တာပါပဲ
သဘောကတော့ များများလုပ်ပေးရလေလေ ဘာတွေကြုံတတ် ဘာတွေ ဖြစ်တတ်သဘာတွေကို ပိုသိလာလေ ပွဲအထာကို ပိုသိလာလေပေါ့ 
စာသိသမားကတော့  ....ကြာတော့  စာတွေက ဖတ်ရတာ အတူတူတွေလိုချည်းလို့ ပြောလာကြတော့ တာပေါ့ ဗျာ (နဲနဲပုတ်ခတ်မိပါတီ ငိငိ)
န၀င်းရိုက်ခါနီးမှ ခြေမန်းကွင်း မစွတ်ရသေးတာမြင်လိုက်လို့  အဲ့ တော့ မှ ကမန်းကတမ်း ကောက်စွတ်ရိုက်ရတာ.....ထိုင်တဲ့ သူက ဆန္ဒစောပြီး ခြေမန်းကွင်း မချွတ်ရသေးခင်ကို ထွက်သွားတာကို အတင်းပြန်တား အရွက်ပေါ်ပြန်ရပ်ခိုင်းရတာ တစ်ခါတစ်လေ အနင်းနဲ့ အရိုက် အထားမှားနေတာ ရိုက်ခါနီးမှသတိထားမိလိုက်လို့  အမြန်ပြန်ချိန်းပေးလိုက်ရတာမျိုးတွေ ခြေမန်းကွင်းထဲမှာ နင်းထားတဲ့ အရွက်က ခြေမ်းကွင်းချွတ်ပြီး သူထွက်သွားတော့  သူ့ ခြေဖ၀ါးအောက်မှာ ကပ်ပါသွားလို့  ပြန်လိုက်ခွာယူရတာ.စသဖြင့် တွေ လည်း ကြုံတတ်ပါတယ်...ဒါတွေဟာ န၀င်းလာထိုင်သူရဲ့  ကံ အရိပ်တွေကနေ ဖြစ်လာတာမျိုး (၀ါ) အကောက်အယူ နမိတ်တွေသဘောပါ....ဒါမျိုးတွေဖြစ်လာရင် နောက်ဆက်တွဲ ဘာယတြာထပ်ပေးလိုက်ရမလဲကို အမြန်တွေးခေါ်လိုက်ရပါတယ်
အဓိကကတော့  ဆရာဆိုတာ ကိုယ့် ကိုယ်ကို ယုံကြည်စိတ်ပြင်းထန်နေဖို့ ပါပဲ ..အဲ့ ယုံကြည်ချက်ဟာ သူများကို ကောင်းစေလိုတဲ့  စေတနာနဲ့  ကိုယ်ကိုင်တွယ်နေတဲ့  နည်းပညာတွေ အကြောင်း အခြေခံသဘောကစပြီး ခိုင်ခိုင်မာမာသိထားမှု့ အပ်ါကနေ ပညာရဲရင့် မှု့ ဖြစ်လာတဲ့  အပေါ်မှာ မှီပြီးဖြစ်လာတဲ့ ယုံကြည်ချက်ပါ အဲ့ ယုံကြည်ချက်က ဘာဆို ဘာလုပ်ရမယ် ဘာလုပ်သင့် တယ် ဆိုတာတွေကို ဖြတ်ကနဲ ဖြတ်ကနဲ တွေးမိသွားတာတွေ ဖြစ်လာစေပါတယ်
(ခရီးသွားဖို့ လာထိုင်သူ တစ်ယောက် တြိစတုနင်းထွက်သွားတော့  အရွက်တစ်ရွက်ကပ်ပါသွားတယ် သူ့ ကိုတော့  ဘာမှမပြောသေးပဲ ပြန်ယူ လုပ်စရာရှိတာလုပ်ပြီးမှ အဆောင်အရွက်ဆောင်သွားဖို့  မတွန့် စေရနဲ့ ရေစိမ်ချိုးပြီးမှ သွားဖို့  သွားခါနီး မနက် အညွန့် အစာ ဘုရားကပ်သွားဖို့ မှာလိုက်တယ် လုပ်သွားတယ်....ကြီးကျယ်တဲ့ ပြဿနာမရှိပေမယ့်  သိပ်အရေးကြီးတာတွေမပါတဲ့ ခရီးဆောင် အ၀တ်အိပ် လေယာဉ်မှားပါသွားသေးလို့  အိပ်က နောက်မှ ပြန်ရောက်လာတာမျိုး ဖြစ်ဖြစ်အောင်ဖြစ်လိုက်သေးတယ်)
ကျနော်တို့ လူငယ် အုပ်စုတွေ ဆရာကြီး မလွန်ခင်အထိ ဆရာက ဦးဆောင်ပြီး ငွေတွေ ဆန်တွေဆီတွေ ခဏခဏ သွားသွားကန်တော့ လေ့ ရှိတယ် ၀ါကျွတ်မှ မဟုတ်ပါဘူး..
( အဲ့  အစက ဆရာကြီးက ဆရာ့ ကို သူ့ ဆီ ပွဲလာထိုင်ခိုင်းတာကို ဆရာက ပွဲမထိုင်ပဲ ကန်တော့ ရင်လည်း ပြီးတယ် မဟုတ်လားဆရာကြီးလို့  ဆိုပြီး...တပည့် တွေ စုပြီး သွားကန်တော့ တယ် လုပ်ကြတာက စခဲ့ တာဖြစ်ပြီး ...ဆရာကြီးကတော့  မင်းတို့  ဆရာတပည့် တွေကတော့ ကွာ ဆိုပြီး ရီနေတာပါပဲ..) ဆရာက ကျနော်တို့ နဲ့  ဆရာကြီးကြားထဲမှာ တစ်ခါတစ်လေ ဆရာကြီးရဲ့  ပညာရပ် အယူအဆ သဘောတွေရဲ့  စကားပြန်သဘောဆန်ပါတယ်....
နောက်ဆုံးသိလိုက်ရတဲ့  အချက်က ဆီဆန် ဆိုတဲ့  န၀င်းပွဲကိုင်တဲ့  ''' ဆရာ ကိုယ်တိုင် န၀င်းပွဲ '' ပါပဲ....
( တရုပ်သိုင်းဇာတ်လမ်းတွဲ စာအုပ် ဖတ်နေရသလိုပဲညှော်.. ဓား နဲ့ သိုင်းသမားနဲ့  ခွဲမရတော့ ဘူး သဘောပေါ့ လေ...ဟီးဟီး)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..