Powered By Blogger
Sunday, July 5, 2015
ရက်စိတ်
ရက်စိတ်
--
အခုပြတာ ဇန်န၀ါရီ ၁ရက်မွေး သောကြာသားအဖြစ်နမူနာပြတာပါ.. ပြန်ပြတာပါ ကံ အကြောင်းသိစေချင်လို့ ပါ..  တစ်နှစ်မှာ ၁၂ လ ရှိပါတယ် အဌလက် ၈ ခွင်သဘောအရ ၈ နဲ့ စားရင် လစိတ် ဂြိုလ်တစ်ခွင်မှာ ၄၅ ရက် ( တစ်လခွဲ)လောက်ကြာပါတယ်...သဘောက ၁လပိုင်း ၁ရက်ကနေ ၂လပိုင်း လတစ်ဝက်အထိက မွေးနံ သောကြာဂြိုလ်အဌလက်ခွင်ထဲမှာပေါ့ ..။ ၂လပိုင်း လတစ်ဝက်ကနေ ၃လပိုင်း လကုန်အထိဆို ရှေ့ က တနင်္ဂနွေလစိတ်ထဲမှာပေါ့ 
ဒီတော့  အောက်ကပုံလေးတစ်ခုရလာပါမယ် တစ်လခွဲ လစိတ် အတွင်းက ရက်စိတ်ပေါ့ .အ၀ါမှတ်ထားတဲ့ နေရာတွဟာ အင်္ဂါ ရက်စိတ် မရဏ ဟူး ရင်စိတ် စနေရက်စိတ် မရဏ ရာဟုရက်စိတ် အညံ့ တွေဖြစ်လာပါတယ်....ဒီတော့  သောကြာလစိတ် ဖြစ်တဲ့  ဇန်န၀ါရီလ ၁ရက်ကနေ ဖေဖေါဝါရီလ လယ် တစ်လခွဲ အတွင်းမှာကို ရက်စိတ်အညံ့ က ရက် ၂၀စာလောက်ပါနေတာတွေ့ နိုင်ပါတယ်...သဘောက ကောင်းပါတယ်ဆိုတဲ့ လစိတ်မှာကို မကောင်းပါဘူးဆိုတဲ့  ရက်တွေ ရက်၂၀လောက်ဖြစ်နေလို့  အပြည့် အ၀ကောင်းတယ်ဆိုတာ တကယ်တော့ မရှိဘူးသဘောပေါ့  ကံအရှိန်တွေနဲ့  စတိလေးတွေ အသေးအမွှားလေးတွေနဲ့  လိမ့် နေကြတဲ့ သဘောပေါ့ 
ထပ်တွေးလိုက်ရင် တစ်လခွဲ အတွင်းမှာကို အဆင်မသင့် ရင် ကားတိုက်ခံရနိုင်တာ ငွေအလိမ်ခံရနိုင်တာ ဈေးရောင်းမကောင်းတာ အဆဲခံရနိုင်တာ ခြူခြာနိုင်တဲ့ ရက်တွေ နောက်ဆုံး ကံမကောင်းမှု့ တစ်ခုဖြတ်ဝင်လာရင်သေနိုင်တဲ့  ရက်တွေ ရက် ၂၀စာလောက်ပါနေတယ်လို့ တွေ့ နိုင်တယ်ပေါ့  ကံမကုန်ထိုက်သေးလို့ သာ လွတ်နေကြတာ ကြိမ်းကြေပြီးဖြတ်နေကြတာလို့ ကံကို မြင်လို့ ရတယ်ပေါ့ 
အဲ့ ဒါ အပြင် ရက်ကောင်းရက်မြတ်ကို ရွေးလို့ ရလာတာ ဘယ်ရက်မှ စွန့် စားလို့ ရတယ် ဘယ်ရက်မှာ ခပ်ကုပ်ကုပ်နေမယ် ဘယ်ရက်မှာ စဖျားရင် အလွယ်နဲ့ ပျောက်မယ် ကြာချင်ကြာမယ် စသဖြင့် တွေ အသေးစိတ်လို့ လည်းရလာတယ်ပေါ့ ဗျာ..အဓိက ပြောချင်တာက တစ်လခွဲတိုင်းမှာကို ဘုမ္မိ ဘုမ္မိလေး ဘုမ္မိကြီး အတွင်းရန် အပြင်ရန် စနေဂြိုလ် အင်္ဂါဂြိုလ်တွေ မရဏဂြိုလ်ရက်တွေ ရှိနေတယ်လို့ ဆိုလိုတာပါ အသက်ကြီးမှ ဘုမ္မိကြီးတွေ့ ရတာ စနေဂြိုလ်တွေ့ ရမှာတွေ ဘာတွေ မဟုတ်ဖူး ကံသတ္တိအရှိန်ကြီင်္းတွေကောင်းနေတုန်းမို့  ဒီလို ရက်ဆိုးတွေကို သာသာယာယာလးတွေ ကျော်လွှားနေကြတာပါလို့ ပါဗျား..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..