အယူခြား နဲ့ ယတြာကစားကွက်..
--------
တော်ကီတွေက အရေးကြီးပါတယ်...ဗမာပြည်ပေါက် အယူခြားတွေက အများအားဖြင့်  စတောင်း သိပ်မဖြစ်တာ များတတ်ပြီ ပတ်ဝန်းကျင်နဲ့ မိတ်ဆွေတွေရဲ့  ရင်းနှီးမှု့  အခြေအနေကြည့် ပြီး ယောတောရှိတွေ လုပ်တတ်ပါတယ် ဒါဟာ လူ ဆိုတာ လူလို တွေးတယ် လူတွေလိုချင်တာ မလိုချင်တာ မှာ လူတွေဟာ အတူတူပဲသဘောကို ပြနေတဲ့ သဘောပါ
ကျနော့် ဆီမှာ ခရစ်ယာန် အယူဝင် သဘောင်္သားတွေ ရှိပါတယ်...သူတို့ ကြင်ယာတွေထဲမှာ ထေရ အယူဝင်ကတော်တွေရော ခရယာန်အယူဝင်တွေရောရှိပါတယ်..
သူတို့ ဟာ သင်္ဘောတက်ခါနီးတိုင်းမှာ န၀င်းလာလာထိုင်လေ့ ရှိသလို သူတို့ သင်္ဘောတက်သွားတဲ့ အခါမှာလဲ အိမ်မှာကျန်ခဲ့ သူတွေက သူတို့ တွေ ခရီးစဉ်မှာ ဘေးကင်းအောင် ကျနော်ညွှန်တဲ့  အညွန့် တွေထိုးလှုထားပေးလေ့ ရှိပါတယ်
သူတို့ နဲ့ ပထမဆုံး တွေ့ ဆုံချိန် ယတြာတွေညွှန်ချိန်တွေမှာ တော်ကီတွေက အတော်အရေးပါပါတယ် ...ကျနော် စပစ်တဲ့ တော်ကီက ကျနော်တို့ ယတြာတွေဟာ ဘယ်ဘုရားနဲ့ မဆို ကီးကိုက်တယ် ကျနော်တို့ ပွဲယတြာဟာ ဘုရားပွဲတွေမဟုတ်ဘူး ပညာရပ်သဘောသာဖြစ်တယ် လူဖြစ်နေရင်ပြီးရော နေ့ သားသိရင်ပြီးရော မွေးစက စပြီး လူအိုတွေအထိ လုပ်ပေးလို့ ရတယ် ဆုတောင်းခန်းတွေ ကန်တော့ ခန်းတွေ ပုတီးတွေမပါဘူး ကျနော်တို့ လိုချင်တာ ဘယ်အချိန်ဘယ်အချိန်လုပ်မယ် ဒါပဲ ပွဲထိုင်ရင် ဆယ်မီးနစ် ဆယ့် ငါးမီးနစ်လောက်တော့ အချိန်ပေးရတယ် ပြီးရင် ပြီးပြီ ပွဲက သူ့ ဟာသူ ကွန်ထရိုးလုပ်သွားလိမ့် မယ် လွတ်လပ်တယ် ကတိခံစရာလည်းမရှိဘူး..ပွဲထိုင်နေတုန်း တော်ကီ ပစ်နေလို့ ရတယ် ကိုယ်တွေးချင်တာ လျှောက်တွေးနေလို့ ရတယ် အာရုံပြုချင်တဲ့ ဘုရားပြုလို့ ရတယ် ဘာမှ အာရုံမပြုပဲ အိပ်ငိုက်နေလို့ လည်းရတယ်...လို့  ပွဲသဘောကို ရှင်းပြလိုက်တာ့ အလုပ်ဖြစ်သွားပါတယ်
ယတြာ အရွက်ထိုးထားတော့  ခရစ်ယာန်ပါလို့ ဆိုတော့  ခရစ်တော်ပုံရှိလား ခရော့ စ်ပုံရှိလား တစ်ခုခုပေါ့ ဆိုတော့ ရှိတာများပါတယ် ဒါဆို အဲ့ ပုံအောက်မှာ ရှေ့ မှာ ဒီအရွက်လေးကို ဖန်ခွက်နဲ့ ရေထည့်  ဒီနေ့  ဒီရက်တွေထဲက ဒီအချိန် ဒီအချိန်တွေမှာ လှုထား...တစ်ပတ်တစ်ခါလောက် လဲလဲပေးဖို့ မှာခဲ့ လိုက်ပါ ကိုယ့် ဘုရားသာ ကိုယ်အာရုံပြုသွားပါ အိုကေတယ်လို့ ပြောပေးလိုက်တော့  အလုပ်ဖြစ်သွားပါတယ်......
ဒီလိုကစားကွက်တွေမှာ ကျနော် ပါးပါးလေးထည့် သွားတာက အခါတိုင် သဘောတွေ ပညာသဘောတွေကို ပါးပါးလေး ထည့် သွားတာဖြစ်ပြီး ကိုယ့် ဘုရားနဲ့ ပတ်သက်တာတွေ ဘာတစ်ခုမှ ထည့် ပြောမသွားသလို ဘယ်ဘုရားမှ မလွှတ်ပါဘူး...သူတို့ ဘုရားကို သူတို့  ယုံကြည်မှု့ ဟာ သူတို့ အတွက် ကံကောင်းစေတဲ့ အခက်အခဲတွေကိုကျော်လွှာနိုင်စေတဲ့  စိတ်တန်ခိုးကိုဖြစ်လာစေတဲ့ အကြောကို ကိုင်ပြီးလုပ်သွားတာပါပဲ..
.( ကိုယ့် ရပ်ကွက်ထဲက ကိုယ့် ဆီလာတဲ့  ကျန်အယူခြားတွေလည်း ဒီလိုပါပဲ)
သူတို့ ကိုယ့် ဆီလာကတည်းက အယူတွေနဲ့ ပတ်သက်လာရင် ရိုးရိုးပဲသိတယ် ရိုးရိုးပဲယုံတယ် မိရိုးဖလာအယုံသမားတွေသဘောဆန်တယ် အယူအပေါ်အစွန်းရောက် စတောင်းမဟုတ်လို့ လာတာ တံငါနားနီးတံငါ ဗမာ့ အတွေးတွေ ဗမာလိုခံစားမှု့ တွေ အထိုက်အအလျောက် လွှမ်းမိုးခံထားရသူတွေဖြစ်တယ် ရိုးရိုးလူလိုတွေး လူလို ခံစား လူတွေလိုချင်တာ လိုချင်လို့  လူတွေမကြိုက်တာမကြိုက်လို့ လာကြတာဆိုတာရိပ်မိနေလို့ 
ယတြာကိုပေးရင် အယူလွတ်အောင်ဘယ်လိုပေးရမလဲတွေးပေးလို့ ရတဲ့ သဘောပေါ့ လေ.
.ပြီးတော့  ဗေဒင်ယတြာဆိုတာ သာသနာပြုနေတာမဟုတ်ဖူး လူ့ အခက်အခဲတွေကို လူ့ လောကီပညာနဲ့  ၀ိုင်းတွေးပေး တတ်နိုင်တဲ့ ဘက်က ဖြေရှင်းပေးနေတဲ့ အလုပ်တစ်ခု သဘောသာဖြစ်တယ် သာသနာပြုချင်မှတော့ ရဟန်းဘောင်ထဲ ၀င်သွားတော့ မှာပေါ့ လို့  ရိုးရိုးရှင်းရှင်းပဲ ကျနော်က ယူထားတယ်ပေါ့ လေ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..