ပြည်ပသားနဲ့  ပညတ်ယတြာသဘော
------------------------------
ကျနော်တို့ ဗေဒင်ဟာ သမုတိအောက်မှာ ရှိတာ နဂိုကတည်းက စာပေတွေအရ သိထားပြီးသားပေါ့ ..ပြီးတော့  ယုံကြည်မှု့ နဲ့  ဆရာဟိတ်ပေါင်းမိသွားရင် ယတြာတွေဟာ အသုံးတည့် လာတယ်ဆိုတာလည်း သိပြီးပေါ့ 
မြန်မာပြည်နဲ့  ဂျပန်နဲ့  အလုပ်ခွလုပ်နေတဲ့  ၂ တနင်္လာ ဂျပန်ကြီးတစ်ယောက် လာနေကျ ရှိတယ် ဂြိုလ် ၈ ခွင် တစ်ပတ်လည်တောင် ကျော်ခဲ့ ပြီ
...ပြည်ပသားတွေအများစုက မေးယုံများပြီး ယတြာကို အာကလန်ပါကလန်သဘောထားတတ်ပေမယ့်  ကျနော်နဲ့ ဆုံတဲ့ ပြည်ပသား တစ်ချို့ ကတော့  ယတြာကို လေးနက်တာမျိုးတွေရှိတယ် အဲ့ ဂျပန်ကြီးလည်း အပါအ၀င်ပဲ
အများအားဖြင့်  အသက်တစ်နှစ်ချိန်းရင် တစ်နှစ်တာအတွင်း မိန်းသဘောတွေကို မေးတယ် ပြီးတော့  ဒီနှစ်အတွက် ဘာယတြာလုပ်ထားရမလဲလို့ အဓိကထားမေးတယ် ( ပြည်ပသားလာသမျှ စကားပြန်တွေနဲ့ ချည်း..ငိငိ)...ကျနော်က တစ်နှစ်တာ မိန်းသဘော ဆောင်ရန်ရှောင်ရန်သဘာဝနဲ့ ယတြာ နဲနဲပေးလေ့ ရှိတယ်...
အဲ့ ယတြာပေးတဲ့ အခါမှာ ကျနော်က ဗမာအခေါ်နဲ့ ချည်းပေးခဲ့ တာမျိုးပဲ....ပထမဆုံး အကြိမ်မှာ ဗမာလို ပေးလိုက်တာ သူ့ ဂျပန်မှာ အလုပ်ဖြစ်ပါ့ မလားလို့  တွေးပူမိသေးပေမယ့်  နောက်နှစ်တွေလည်း ၀င်လာပြီး နောက်ပိုင်း နှစ်စဉ်လို လာနေတော့  ဒါဟာ သူယုံကြည်လောက်တဲ့  အနေအထားအမို့  ကိုယ့် စီ ပြန်ပြန်ကျော့ လာတာပဲလို့  တွက်ဆလို့ ရသွားတဲ့  သူ့ ဟာသူ ဘာ ဘာသာစကားနဲ့ ခေါ်ခေါ် ကျနော်က ကိုယ့် ဗမာစကားနဲ့ ပညတ်ကောက်ယတြာတွေ ရဲရဲပေးတော့ တာပါပဲ
ဆိုပါတော့  သူ့ ကို မတွန့် စေရ သပြေ လှုထားစေချင်တော့  ဂျပန်မှာ သပြေ ရဖို့ ခက်မယ် ဒီတော့  သင်္ဘောသီးသာ အမြဲလှုပါလို့ ဆိုတော့  အဲ့ ဂျပန်ကို ဘာသာပြန်က သင်္ဘောသီးလှုထားဖို့  အသီးပုံဒီဇိုင်းလေးဆွဲ ဘာသာပြန်ပေးတော့  ( ဘာသာပြန်က ဘိုလိုရော ဂျပန်လိုပါ ရောသုတ်ပြောပေးတာ ) ဂျပန်က ပါပါးယား ( papaya) လားတဲ့ ...အဟီး...ဟုတ်တယ် ဟုတ်တယ်လို့ ..နို့  တစ်ခွက် မွေးနေ့ တိုင်း လှုပါဆို တော့  မစ်တစ်ခွက်ပေါ့ လေ.....
သဘောက သူ့ ဟာသူ ဘယ်လို နားလည်လည် ကျနော်က ကိုယ့် ဘာသာစကားနဲ့ ချည်း ပညတ်ကောက် ယတြာတွေပေးခဲ့ တာချည်းပဲ လို့ ဆိုလိုတာအဲ့ လိုပေးတယ် အလုပ်ဖြစ်တယ်ဆိုတာ သူက ကျနော့် ကိုယုံတယ် ကျနော်က အဲ့ ယုံကြည်မှု့ ကို ကျနော့် ရဲ့  ဗေဒင်ဆရာဟိတ်နဲ့  ပေါင်းလိုက်ပြီး ယတြာတွေပေးနိုင်ခဲ့ တာလို့ ပြောတာပါ...သဘောက ဆရာလုပ်သူက ကိုယ့် နေရာကနေ ကိုယ် ရပ်လုပ်တယ် လို့ ဆိုတာ...ပါပါယား အခေါ်နောက်သာလိုက်သွားရင် ဒါကြီးက ကြာတေး+ဟူးနံ အတွဲကြီး တနင်္လာသားသမီးတွေရဲ့  တြိစတု နင်းကြမ်းကြီး ဆိုပြီး ပြဿနာကတက်တော့ မှာ ပြည်ပသားတွေကို ဘာယတြာပေးရမှန်းမသိဖြစ်တော့ မှာ...
နောက်တစ်ချက်က ပြည်ပသားတွေ သဘောကျပြီး လာမြဲနေတတ်တာက တစ်နှစ်တာရဲ့ ဘေ့ စစ်သဘောကိုပဲ ချပြတာရယ် တစ်နှစ်တာအတွင်းရဲ့  ကောင်းမှု့ ဆိုးမှု့  လစိတ် ပိုင်းပြတာ အလုပ်ဖြစ်နေလို့ ပဲဗျာ....သဘောက ကိုယ့် ဗေဒင်စတိုင်ဟာ ဘယ်သူလာလာ သူတို့ အတွက် အထောက်အကူရ
အလုပ်ဖြစ်နေရင် ပိုကောင်းတယ်ပေါ့ လေ...
အဲ့ ဂျပန်ကြီး ဗေဒင်ယုံချက်က အဆောင် ဆောင်ချင်တယ်ဆိုလို့  သပြေရွက် တစ်ရွက်ပေါ် ကျနော့်  ၆ထောင့် ကြယ် စမလေးလုံးရံ ပုံဆွဲပြီး ပလတ်စတစ်လောင်းဆောင်လို့  ပေးလိုက်တာ လာတိုင်း ထုတ်ပြလို့ အသစ်လဲလဲပေးလိုက်ရတတ်တယ် နောက်တော့  သူ့ သမီးရော သူ့ မိန်းမအတွက်ပါ
အဆောင်တွေတောင်း ဗေဒင်တွေတွက်ယူသွားဖြစ်လာပါရောဗျာ...