'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, June 8, 2016
အမည်ပေးပုံအကြောင်း (၃)(၄)
အမည်ပေးပုံအကြောင်း (၃)
------------
မူလမွေးမဟာဘုတ်က ပုတိ ဘင်္ဂ မရဏ အိမ်က နံသင့် တွေ နဲ့ စတာ ဆုံးတာကို ရှောင်တာ မွေးနံကို လည်းဖြောက် မမှည့် တာတွေ ပြီးသွားတော့ ကျန်နေသေးတဲ့ အချက်အလက်တွေပေါ့ ...
အဲ့ မှာ မွေးနံ ကို မဖြောက် ဆိုတာက ဒီမဟာဘုတ်ကို သုံးတော့ မှ မဖြောက် သဘောဖြစ်လာပြီး ဒီပညာ မသိခင်က မွေးနံ ဖြောက်ပြီး အညွန့် ချည်းပေးတဲ့ အမည်ရှင်တွေကိုလည်း အများကြီးတွေ့ ခဲ့ ဘူးတယ် ဥပမာ ၁ ကြွင်း ဗုဒ္ဓဟူးသားကို မောင်မောင်မြင့်  လို့  အလယ် အညွန့် နံတွေချည်း တန်းစီပေးထားတာမျိုးပေါ့ 
အဲ့ မှာ အညွန့် နံဟာ မူလမဟာဘုတ်မှာ အဓိပတိ အိမ်မှာ ရှိသွားလို့  ဘ၀စီးပွားရေးမှာ အဆင်ပြေနေချိန်များနေတာမျိုး အကျိုးရတယ်ပေါ့ လေ..ဒါပေမယ့်  ၁ ကြွင်းရဲ့ မရဏဥာဉ် သဘောကြတော့ အဲ့  မရဏဖွား ဗုဒ္ဓဟူးသားဟာ သူများကရော သူ့ ကိုယ်သူပါ ကွန်ထရိုး မနိုင်ဘူး လွတ်ပြီဆို လွတ်ပြီပဲသဘော သက်ရောက်မှု့ရှိတယ်ပေါ့ လေ..ဒီတော့  သဘောက မူလ မွေးနံကို ဖြောက်ပြီး အညွန့် နံချည်းပဲ ပေးရင်လည်း ဖြစ်တာပါပဲပေါ့  အဲ့ အညွန့် နံဟာ မရဏ ဖြစ်မနေပြီးတာပါပဲပေါ့  ဥပမာ ၁ ကြွင်း အင်္ဂါသား သိုက်ဖွားကို ၀င်းလတ် လို့  အညွန့် နံချည်း ပေးလိုက်တာမျိုးတော့  မသင့် တော်ဘူးသဘောပေါ့ လေ.
အမည်ပေးပုံအကြောင်း (၁)(၂)
အမည်ပေးပုံအကြောင်း (၁)
--
ကျနော်တို့ မဟာဘုတ်လိုင်းရဲ့ အမည်ပေးနည်းတွေမှာ ကလေးတစ်ယောက်ကို အမည်ဘယ်လိုပေးလဲ ဆိုတာ စစဉ်းစားပုံလေးပေါ့ 
ပထမဆုံးအချက်က မဟာဘုတ်တစ်ခုရဲ့  အောက် သုံးတန်း မရဏ ဘင်္ဂ ပုတိအိမ်က နံ သင့်  သုံးနံနဲ့  အမည်တစ်ခုကို စတင်ခြင်း အဆုံးသတ်ခြင်းကို အရင်ရှောင်စဉ်းစားပါတယ်
ဥပမာ ၅ ကြွင်း သောကြာသားသမီး ပုတိ ဖွား ဆို သိန်း တို့  သင်း တို့  နဲ့  အမည်စတာ ဆုံးတာမျိုး မပေးပါဘူး ၆ ကြွင်း နှစ် တနင်္လာ မရဏဖွား မျိုး ဆိုလည်း ကျော် တို့  ကြည်တို့ နဲ့  မစဘူး အဆုံးမသတ်ပါဘူး...
ဒိထက်ချဲ့ ရင် ဘယ်မဟာဘုတ်နဲ့ မွေးတဲ့  ဘာနေ့ သားရဲ့ အမည်မဆို မဟာဘုတ် အောက်သုံးတန်းနံတွေ ဖြစ်တဲ့  မရဏ ဘင်္ဂ ပုတိ အိမ်တွေကနံသင့် တွေနဲ့  စတာ အဆုံးသတ်တာမျိုးကိုရှောင်ပါတယ်...ဒါဆို မေးစရာ ရှိတာက မရှောင်ရင်ဘာဖြစ်မှာလည်း ဘ၀ပျက်မှာလားပေါ့ . အဲ့ လိုမေးလာရင် အဲ့ လောက်ကြီးတော့လည်း မဟုတ်တတ်ဘူး ဓနဆင်းရဲချမ်းသာနဲ့ လည်း မဆိုင်သလို ခေတ်ပညာတတ်မတတ်နဲ့ လည်းမဆိုင်ပါဘူး..
Subscribe to:
Posts (Atom)