Powered By Blogger

Sunday, September 13, 2015

နာမည်အကြောင်း နဲနဲပြောပျစီ..ငိငိ

နာမည်အကြောင်း နဲနဲပြောပျစီ..ငိငိ
-----------------
အရင်လည်းရေးဘူးတယ် ခုထပ်ရေးတာပါ...၊  လူ့ ဘ၀ထဲဝင်လာပြီး အမည်သညာခေါ်စရာကားဆိုတဲ့ အခါ သဘာဝအရ ဘယ်ကလေးမှ ကျနော် ကျမကို ဒီလိုခေါ်ပါလို့  အမည်ပေးခိုင်းတာမျိုးမရှိပဲ...မိဘ (သို့ ) အခြား က အမည်ပေးတာခံလိုက်ရတာချည်းပါပဲ...ဒီတော့  အဲ့ အမည်ဟာ အဲ့ ကလေးရဲ့  အတိတ်က ပါလာတဲ့  ကံခြေရာသဘော ဆောင်ပါတယ်...လောကီဗေဒင်နည်းတွေနဲ့ ချိန်ရင် အဲ့ အမည်ဟာ ဂွတ်ချင်ဂွတ်မယ် မဂွတ်ချင်မဂွတ်ပါဘူး...ဒါပေမယ့်  ဂွတ်တာတွေမဂွတ်တာတွေဟာ အဲ့ ကလေးရဲ့  ကံကြောင့်  အဲ့ အမည်အပေးခံရတဲ့ သဘောပါပဲ....

တစ်ဘ၀စာ


ပန်းသီး...
တစ်ကိုက်ထဲပါ
ဒါပေမယ့် 
ဈေးကြီးလွန်းလှတယ်
တစ်ဘ၀စာပေးခဲ့ ရတယ်။  ။