နာမည်အကြောင်း နဲနဲပြောပျစီ..ငိငိ
-----------------
အရင်လည်းရေးဘူးတယ် ခုထပ်ရေးတာပါ...၊ လူ့ ဘ၀ထဲဝင်လာပြီး အမည်သညာခေါ်စရာကားဆိုတဲ့ အခါ သဘာဝအရ ဘယ်ကလေးမှ ကျနော် ကျမကို ဒီလိုခေါ်ပါလို့  အမည်ပေးခိုင်းတာမျိုးမရှိပဲ...မိဘ (သို့ ) အခြား က အမည်ပေးတာခံလိုက်ရတာချည်းပါပဲ...ဒီတော့  အဲ့ အမည်ဟာ အဲ့ ကလေးရဲ့  အတိတ်က ပါလာတဲ့  ကံခြေရာသဘော ဆောင်ပါတယ်...လောကီဗေဒင်နည်းတွေနဲ့ ချိန်ရင် အဲ့ အမည်ဟာ ဂွတ်ချင်ဂွတ်မယ် မဂွတ်ချင်မဂွတ်ပါဘူး...ဒါပေမယ့်  ဂွတ်တာတွေမဂွတ်တာတွေဟာ အဲ့ ကလေးရဲ့  ကံကြောင့်  အဲ့ အမည်အပေးခံရတဲ့ သဘောပါပဲ....
အများအားဖြင့်  ကျနော်တို့ ရဲ့ ပထမအမည်တွေဟာ ကျေးဇူးရှင် မွေး /ကျွေး မိဘ ၂ပါး က ပေးလိုက်တဲ့  အမည်တွေဖြစ်ကြပြီး ကျနော်တို့ လူ့ ဘ၀မှာ ကျနော်တို့ ကိုယ်ပိုင်အဖြစ် ပေးလိုက်တဲ့  အမည်ဖြစ်လို့  ဘ၀မှာ မိဘဆီက ပထမဆုံးရလိုက်တဲ့  မိမွေဘမွေသဘောဆန်ပါတယ်...ဒါကြောင့်  လူ့ ဘ၀ရဲ့ ပထမအမည်တွေကို
ကံကြမ္မာကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မိမွေဘမွေအဖြစ် ထိမ်းသိမ်းသင့် တယ်လို့ ဆိုပါတယ်...ဒါဟာ ဆရာကြီးအယူအဆပါ..ဒါကို ကျနော်ကလည်း သဘောကျပါတယ်...ဒါကြောင့်  မိဘပေးအမည်ကို မှတ်ပုံတင်ကနေ အပြီးဖယ်ရှားတာမျိုးမလုပ်တာပါပဲ...
သံသရာကံအကြောင်းမလှလို့ မိဘပေးအမည်ဟာ ကံအားနဲနေတာကိုလောကီဗေဒင်နည်းအရ တွက်ထုတ်လို့ ရပြီ ဆိုတဲ့ အခါ မိဘပေးအမည်တွေကို အပြီးမပြောင်းပစ်ပဲ ( မှတ်ပုံတင်ထဲ ဒီအတိုင်းထားပြီး) နာမည်ပေး၍ အရေးဆိုလေ ဆိုတဲ့ အလုပ်သဘောဆန်တဲ့  အလုပ်မှာ သုံးတဲ့ အမည်သစ်တစ်လုံးကို မှည့် သူံလို့ ရပါတယ်..ဥပမာ မိဆွေ အိမ်အမည်က မေဆွိ ဖြစ်လာတာ..ဦးတင့် ဝေကနေ အလုပ်မှာ ဦးလင်းအောင်ဖြစ်လာတာ သီဟ ကနေ န၀င်းသီဟလို့  ဖြည့် မှည့် လိုက်တာမျိုးတွေ...ပွဲရုံအမည်ပေးလုပ်တာမျိုးတွေ ကုမ္ပဏီအမည်ပေးအလုပ်လုပ်တာ မော်ဒယ်အမည်ပေးတာ သရုပ်ဆောင်အမည်ပေးတာမျိးတွေ..စာရေးဆရာ ကလာင်အမည်ပေးလုပ်တာမျိုးတွေကို ဆိုလိုတာပါ...
အမည်လည်းမပြောင်း အသစ်လဲ မမှည့် ချင်တဲ့ အခါ မိဘအမည်က သံသရာကံ အားနဲနေတယ်လို့ ယူဆတဲ့ အခါ မိဘပေးအမည်ကိုပဲ ကံအားတက်အောင် ဟာမိုနီဖြစ်အောင် အားဖြည့်  ယတြာ သဘောတွေ ဘ၀နေနည်းစတိုင်တွေ လုပ်ယူရပါတယ်...ဥပမာ သီဟ အမည်ဟာ ၁ကြွင်း မှာ အဆင်ပြေပေမယ့်  ၃ကြွင်းမှာ မရဏထိုင်သွားလို့ အဆင်မပြေဘူး ၀ပ်ပြီ ကံအားနဲပြီပေါ့  ပြီးတော သီဟ ဆိုတာဟာ ပါဠိစကား ဖြစ်တယ် ခြင်္သေ့ ဖြစ်တယ်...ဒီတော့  သီဟ ဟာ ကြွက်လိုနေရင်
အမည်နဲ့  ဟာမိုနီ မဖြစ်တော့ ဘူး..ဒီတော့ သီဟ ဟာ သီဟ ဓလေ့ နဲ့ နေတာသာ ကံအားကောင်းစေတယ်ပေါ့ ..အဲ တော့  မြင်တဲ့ အတိုင်း ကိုယ့် ဂူနဲ့ ကိုယ်နေတော့ တာ တစ်ကိုယ်တော် ကြဲတော့ တာ. လူပုံစံကလည်း မြင်တဲ့ အတိုင်း သဘောပါပဲ....
အမည်တွေကို ဖြည်တဲ့ အခါမှာ နည်းလမ်းစုံတွေးဆဖြည်ရပါတယ် ရုပ်ပစ္စည်းတွေ အစာအဟာရလှုတာတွေ အပင်စိုက်တာတွေ လူနေမှု့ စတိုင် နဲ့ အမည်နဲ့ ဟာမိုနီဖြစ်အောင်နေတာမျိုးတွေ စသဖြင့် ပေါ့  ကြိုရေးလို့ တော့ မလွယ်ပါဘူး.....
တစ်ခါက ၂ ကြွင်း အင်္ဂါသားတစ်ယောက်ဟာ ဘယ်ဂြိုလ်ကြီးဖြစ်ဖြစ် ဘာအလုပ်မှ မဖြစ်ဘူးဖြစ်နေပါတယ်..သူ့ အမည်ရင်းက ဇော်ထွန်းပါ..ပိုက်ဆံတော့ ရှိပါတယ် လူကလည်း ယဉ်ကျေးပါတယ် အိမ်ထောင်ရှိပြီး ကလေး ၂ယောက်နဲ့ ပါ....အမည်အရ ရေးကြီးခွင်ကျယ် အပြစ်ဖွဲ့ ရခက်ပါတယ် မိန်းမက အလုပ်တော်တော်ကောင်းပါတယ် ဒီတော့  သူက ကလေးထိမ်းပေါ့ ..ဒါပေမယ့်  ကြာတော့  ကျားပီပီ ငုတ်လာပါတယ်...ပုတီးသမားကလည်းဖြစ်နေပြန်ပါတယ်..
ယတြာတွေသာစုံတယ် ခဏပဲဆိုတာမျိုးဖြစ်နေပါတယ်...နောက်တော့  သတိထားမိတာက သူ့ ကို သူမိဘတွေကရော သူတို့ တစ်မျိုးလုံးကပါ ပေါက်ပေါက် လို့ 
ခေါ်ပြီး သူ့ ဘော်ဒါတွေနဲ့  သူ့ မိန်းမကပါ ကိုပေါက်လို့ ပဲ ခေါ်နေတာ သတိထားမိပါတယ်.....အဲ့  ပေါက် ဆိုတဲ့ အမည်ဟာ ၂ ကြွင်းမှာ မရဏအိမ်မှာ အပြည့် ဝင်သွားတာ သတိထားမိလိုက်ပါတယ်...အဲ့ ပေါက် က စီးပွားဖက် သွားမပေါက်ပါးစပ်ကသာ ဟောင်ဖွာဟောင်ဖွာကျယ်ာလောင် ကျယ်လောင် သွားပေါက်နေတာတွေ့ လာရပပါတယ်...
ဒီတော့  သူ့ ကို သူ့ မွေးနံ အသားနဲ့  ဘုရားရုပ်ပွားတော် မ လက္မထုကိုးကွယ်လိုက်.ပြီးရင် ပြောင်းဖူးပေါက်ပေါက်တွေ မကြာခဏသာကပ်ကြည့် ပါလို့  နောက်ဆုံးအကြံပေးလိုက်ရပါတယ်....(သူကလည်း ညစ်နေတာကြာတော့ အိုကေ ဆိုပြီး လုပ်ပါတော့ တယ်...) အဲ့ ဘုရားရုပ်ပွားးတော့ပင့် ပြီး ပေါက်ပေါက်တွေ ပေါက်ပေါက်ဆုပ်တွေ ခဏခဏကပ် လိုက်တာ လပိုင်းနဲနဲလေးမှာ အရင်ထက် ခွင်တွေတည့် လာပြီး အလုပ်အထိုင်က အဲ့ တော့ မှ ကျသွားပါရောဗျာ....၂ကြွင်းဆိုတော့  ဘာသာရေးနဲ့  အကျိုးပေးမြန်တာလဲပါနိုင်သလို သက်ရောက်ကောင်းနဲ့ ကွက်တိဖြစ်နေတာလဲ ပါနိုင်ပါတယ်.....နောက်တစ်ချက်ကတော့  သံသရာက ကံအားနဲမှု့  ကုန်ချိန်ရောက်ပြီး ကံကောင်းသစ်တွေ စတင်တဲ့  အချိန်ရောက်လာတာမျိုးမှာ ဒီလိုတွေ တိုက်ဆိုင်ကုန်တာမျိုးလို့ တွေးလို့ ရပါတယ်...
ဗေဒင်အကြံဆိုတဲ အတိုင်းပါပဲ ဟိုလိုလှည့် တွေးဖြည် ဒီလိုပတ်တွေးဖြည်ပါပဲ ဘာအိုင်ဒီယာမှ အဆင့် သင့် ရှိမနေပါဘူး ကြုံလာတာတွေကို တွေးဆပြီး ဖြည်သွားရတာမျိုးပါပဲဗျာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..