ထိုင်းဘုရင်ကြီးရဲ့  နာရေးသတင်းနဲ့ ရုပ်သံပြကွက်တွေလိုက်ကြည့်ရင်းက ကိုယ့် မိဘ နှစ်ပါးရဲ့ နာရေး နောက်ဆုံး နာရီပိုင်းကာလလေးတွေကို ပြန်သတိရမိတယ်..
အမေက အရင်ပေါ့ လေ ၊ အမေ့ ရဲ့ နောက်ဆုံးနာရီတွေကို ကိုယ့် မျက်စိအောက်တင် မြင်နေရတာဟာ သိပ်ကိုကြေကွဲစရာကောင်းလှတဲ့ အချိန်တွေပေါ့ ၊
နှစ်ပေါင်းများစွာ တစ်မိုးအောက်မှာ အတူတကွ နေလာခဲ့ ပြီးကြမှ ဒီိမိသားစုထဲကနေ အရင်ဦးဆုံး ခပ်စောစောလေး အပြီး ခွဲခွာသွားတော့မယ်ဆိုတဲ့  အသိက ရင်ထဲစို့ နင့် လို့ ပါပဲ..
လူက ငယ်သေးတော့  ဘာတရားမှလည်း အာရုံမလာခဲ့ပါဘူး...အဲ့ ချိန်က ခံစားရတဲ့  ဝေဒနာက အတော်ဆိုးပါတယ် သွားကို သွားတော့ မယ်မှန်းက ကျိမ်းသေသိနေပြီဆိုတော့  မသွားပါနဲ့ ဦးတွေဘာတွေ နဲ့  ဆုတောင်းမိတာမျိုးလည်း စိတ်ထဲဖြစ်မလာပဲ လူက ကိုယ်အရင် အသက်မဲ့ နေတဲ့ လူကြီးလိုဖြစ်နေပြီး နားထဲလည်း ကိုယ့် အနား ပတ်ဝန်းကျင်က တီးတိုးရှိုက်သံ သဲ့ သဲ့ တွေကြားနေရ တာတောင် မကြား တချက်ကြားတချက်နဲ့ ပေါ့ ..အကောင်းဆုံး အနေအထားလေး ဖြစ်သွားစေချင်တဲ့ စိတ်ဆန္ဒလေးတစ်ခုပဲ ဖြစ်မိနေခဲ့ တာမျိုးပေါ့ လေ..
ငြိမ်ကျသွားပြီးနောက် ရောက်နေတဲ့  ဆရာဝန်က စမ်းသပ်လိုက်ပြီး မရှိတော့ဘူးလို့ ဆုံးဖြတ်ချက်ချပေးလိုက်ချိန်မှာတော့  ခေါင်းတစ်ခုလုံး ပူပြီး တစ်ကိုယ်လုံးထုံတက်သွားတော့တယ်.ကိုယ့် တစ်ကိုယ်လုံးလေထဲလွင့် နေသလိုပါပဲ
အာရုံတွေဆိုတာ ပျံ့ လို့  အမေ့ ရဲ့ မျက်လွှာလေး ချထားပြီးအိပ်ပျော် သလိုဖြစ်နေတဲ့  မျက်နှာလေးကိုသာ စေ့ စေ့ ကြည့် နေမိတော့တာပေါ့ လေ..
အဲ့ အချိန် မျက်လုံးအိမ်တွေသာထောင်းထောင်းထအောင်ပူရဲလာတာ
မျက်ရည်က ထွက်ကျမလာသေးဘူး........
( ရက်လည်ပြီှးမှ နေ့ တိုင်းလိုလို ဒီမျက်ရည်က အမေကို သတိရလိုက် ကျလိုက်နဲ့  ကျမဆုံးဖြစ်တော့ တာမျိုးပဲ)
အဖေ နဲ့ ကျတော့  အမေ့ တုန်းကလောက်တော့  ရင်ကွဲနာကျ မကျန်ခဲ့ ဘူး နှစ်နဲနဲကွာသွားတာရယ် အဖေကိုတော့  အားရလောက်အောင် ကိုယ့် ကိုယ်ကိုယ် ပြန်ကျေနပ်လောက်အောင်
ပြန်ပြီးပြု စုစောင့်  ရှောက်ပေးနိုင်ခဲ့ တာကြောင့် နဲ့  အဖေလည်း အသက် အတော်ရမှာ ကျနော်တို့ ကလည်း အရွယ်ရနေပြီဆိုတော့  ဖြေဆည်ရာကို ကြိုတွေးထား တတ်ခဲ့ တာမို့ ပေါ့ လေ..
အဖေတုန်းကလည်း ဒီလိုပဲ ကိုယ့် မျက်စိအောက်တင် အသက်လေးမှန်မှန်ရှုရင်း မှိန်းမျောနေတဲ့  နောက်ဆုံးနာရီတွေကို မျက်တောင်မခတ်နီးပါး အနားကနေ ယပ်ကလေး
ခပ်ပေးရင်း ထိုင်ကြည့် နေခဲ့ ရတာပါပဲ...
အသက်ရှုမျောနေပုံက ငြိမ်လွန်းအားကြီးလို့  အဖေ့ ရဲ့  လက်ကောက်ဝတ်လေး ကိုင် သွေးစမ်းကြည့် လိုက် ဖြူဖျော့ နေတဲ့ ခြေဖ၀ါးတွေ ခြေသားလုံးတွေလက်နဲ့ ဖြစ်ဆုတ်ကြည့် လိုက်ပေါ့  သွေးဆုတ်လာလို
့အေးလာပြီလားဘာလားပေါ့ 
.
..နှာခေါင်းဝလေးကိုလည်း ဂွမ်းလေးနဲ့ ခံ လေတိုးသေးမတိုးသေးလည်း စမ်းကြည့် မိသေး ရင်ဘတ်ကလေးက နိမ့် ချည်မြင့် ချည်မှ ဖြစ်နေသေးရဲ့ လားလို့ လည်း မျက်တောင်မခတ်နီးပါးကြည့် နေခဲ့ ရတာမျိုး.......
ကြားဖူးနားဝနဲ့  နားရွက်များကွေးလာသလားလဲ လှမ်းကြည့် ရသေးပေါ့ လေ...
လူတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်သဘောကို ကိုယ့် အဖေ လူနာဘေးနားကနေ တဖ၀ါးမှမခွာတော့ ပဲ ငုတ်တုတ် ထိုင်ကြည့် နေရတာ အခြေအနေ မကောင်းတော့ ဘူးလို့ ဆုံးဖြတ်လိုက်ကြတဲ့  နေ့ ၁၂နာရီစွန်းလောက်ကနေ
ညနေစောင်း ၅နာရီကျော်လောက် အထိကြာပါတယ်..
.နောက်ဆုံးထွက်သက်မှာ ဘာလက္ခဏာများပြပါ လိမ့် မလဲပေါ့ ...
( ဘာကို မပြဘူး ဇက်ကလေးတောင် ရုပ်ရှင်ထဲကလိုစောင်း မကျသွားလို့  အိမ်ဘေးက ဆရာဝန်ကို ခေါ်ကြည့် ခိုင်းရသေးတယ် မနက်ထဲက အဲ့ ဆရာဝန်က မှာထားချက်က ပြီးပြီထင်ရင်ခေါ်လိုက်တဲ့  ဒီနေ့ ခင်းလောက်တော့ ထင်သတဲ့ 
အဲ့ ဒါနဲ့  ကိုယ်တိုင်က မဆုံးဖြတ်တတ် မဆုံးဖြတ်ရဲတော့  သူ့ ခေါ်စမ်းလိုက်ရတာ သူလာမှ လက်နှိပ်ဓါတ်မီးနဲ့  မျက်ခွံလှန်ကြည့်  ဟိုစစ် ဒီစစ်လုပ်ပြီးမှ ပြီးပြီ....တဲ့ 
အဲ့ တော့မှ ဘ၀တစ်ခုပြီးသွားပြီပဲ လုပ်လိုက်ရတော့တာ)
အဲ့ မှာ နောက်တော့  စီစဉ်စရာတွေရှိတာ စီစဉ် လုပ်စရာရှိတာတွေ ဆက်လုပ်ပေါ့ လေ ပြောခဲ့ သလိုပဲ ဒီနေ့ လောက်ဆို ပြီးလောက်တော့မယ်လို့ ကြိုတွက်ထားတော့  ဖြေဆည်ရာ သဘောတွေလည်း ရထားပြီ ဆိုတော့  အမေတုန်းကလောက်တော့  ပြင်းထန်တဲ့ ကြေကွဲမှု့ တွေတော့ ဖြစ်မလာတော့ ဘူးပေါ့ လေ..။