Powered By Blogger

Saturday, February 14, 2015

''ဟွန့်  ခေါ်ထားလိုက်လေ ...'' တဲ့ 



''ဟွန့်  ခေါ်ထားလိုက်လေ ...'' တဲ့ 
--------------
နော်တို့ ဟာမျိုးဟာနွယ်ကြီးဆိုတဲ့  အမျိုးထဲမှာ ပျော့ ပျော့ လေးနဲ့ နံတဲ့ ကြောင်ချီးလို့  ခေါ်ကြတဲ့ အရက်သမားလေးတစ်ယောက်ရှိပါတယ် ၊ ရုပ်ရည်က အဲ့ ခေတ်က ကျော်ဟိန်းအသေးစားလေးလို အသားလေးကလတ်လတ်နဲ့ ဆံပင်စလေးတွေကပါ ကောက်ကွေးကွေးလေး သနားကမားလေးနဲ့ တော်ကီက အရမ်းညက် လို့  သူ့ ရာဇ၀င်ကို မသိဘဲ ဖြတ်သွားဖြတ်လာနဲ့ ပထမဆုံးအကြိမ်တွေ့ လိုက်တဲ့ လူတိုင်းလိုလို သူ့ ဆို ပြိုကျသွားပြီး အိမ်တောင်ထမင်းစားကြွပါလို့ ပင့် ချင်စိတ်တွေ ကိုယ့် မှာရှိတဲ့ သုံးဝမ်းကွဲ နှမတွေအမတွေပါ ပေးစားလိုက်ချင်စိတ်တ်တွေဘာတွေ ပေါက်သွား လောက်အောင် ညက်ညောလှပါတယ်

သူ့ အကြောင်း အတွင်းသိအစင်းသိအမျိုးတွေက သူအိမ်လာလည်မှာတောင် လွှတ်ကြောက်ပါ. ..လူမမြင်ရသေးဘူး အမည်ကြားယုံနဲ့  ဘယ်သူ့ တွေကိုများ ဒုက္ခနဲ့ လှလှတွေပေးခဲ့ ပြန်ပါလိမ့် ပေါ့ ၊ သူ့ ခဏလာရင်တောင် ဟဲ့ ဟဲ့ ..ဘယ်သူ လာနေတယ်...ဘာညာနဲ့  အိမ်သားတွေ တစ်ယောက်နဲ့ တစ်ယောက် မက်စိတွေပို့  ဆစ်ဂနယ်နဲ့ ကွမ်းတစ်ယာပေါ့ ....အိမ်ထဲက ဘယ်ပစ္စည်းများ 'မ'သွားဦးမလဲ လို့  ကိုယ့် လုပ်လက်စအလုပ်တွေ ခဏရပ်ထားပြီး သူမပြန်မချင်း သူ့ ကို မျက်ခြေမပြတ်ကြည့် နေရတဲ့ ဘ၀၊ ဘယ်လောက်ကြည့် ထားထား ပါပါသွားတာချည်းပဲ ၊

သူ့ မိဘတွေ မောင်နှစ်မတွေကိုက သူ နှိပ်စက်တဲ့ ဒဏ် မခံနိုင်တော့ လွန်းးလို့  သူတို့ သားဟာ အကျင့် မကောင်း အရက်သမားဖြစ်ကြောင်း အိမ်လာလည်ရင် လက်မခံပါနဲ့ တို့  သတိထားပါတို့  သူလုပ်သမျှ တာဝန်ယူမည် မဟုတ်တို့ ကို ပေါ်တင်ကြီး ကျမတို့ ဟာ သူခိုးမျိုးပါလို့ မဆိုယုံတမြည်လေး လေသံလွှင့် ပေးထားရတော့ ဘ၀ပေါ့ ...ကြားလိုက်ရင်တော့  ဖြတ်သွားဖြတ်လာတွေက ဝေဖန်တတ်တဲ့ တောင်းဆိုး ပလုံးဆိုးဘာညာနဲ့ ရက်စက်လှချည့် လားလို့ ဝေဖန်လိုက်ရင် ပြန်ငေါ့ ပြောသေးတာ ''ဟွန့်  ခေါ်ထားလိုက်လေ ...'' တဲ့ 