တိမ်လွှာမို့ မိုလွင်..၀င်းဦး..
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, May 22, 2015
တစ်ချို့  ဒချိဒချိတွေ ကိစ္စက ဒီလိုပါကွယ်..နဲ့ .....
တစ်ချို့  ဒချိဒချိတွေ ကိစ္စက ဒီလိုပါကွယ်..
-----
သာမီးကို သူ နဲ့ မြဲအောင်ပါ ဆြာရယ် သာမီး သူ့ ကို ခွဲနိုင်ပုစ်..အဲ့ ဒါလေ...ဒီမှာ သာမီးဆိုင်လာ ဆံပင်ညှပ်တုန်း ယူထားလိုက်တဲ့  သူ့ ဆံပင်.ဆိုပြီး ဆံပင်ထုပ်လေးလည်း ပြလိုက်ရော...
..ဟမ်း မ ငီးးးမွေးမေလေ့ .......ဆိုပြီး...
အဲ ကတည်းက ဆံပင်ရှည်ထားပြီး ကွကိုယ် ကိုယ့် ဆံပင်ကိုယ် မှန်ကြည့်  ညှပ်နေပါ
တော့ တီ.....ဒချိဒချိ.....ဟီဟိ...ခ်ခ်
အဲအဲ...အာ့ မျိုးလေးတွေက နဂိုကတည်းက ဘာညာသာရကာ နေကြာကွာစိ အသံတွေ ထွက်နေတဲ့  တစ်ချို့  အနဲစု ဒချိဒချိလေးတွေရဲ့  သာရကာ ဘာညာဆိုင်တွေကပါ ညှော်... ပုံမှန် အများစု ၀မ်းစာရေး စင်းပဲလ်လေးတွေက အာ့ မျိုးတွေ လာတတ် ကြံတတ်ဝူး.......ငိငိ
=================================

ပြည်ရွာတစ်ခွင်က ဗေဒင်ဆြာ သ္ခင်တို့ ရဲ့ ..ဝေဒနာပြပွဲက

---------------
သန်း လေးငါးဆယ် လူဦးရေထက်စာရင် မပြောပလောက်ပါဖူးဆိုပေမယ့်  ကိုယ်မကြံစီဝံ့ တဲ့  ကိုယ်မတွေးတောဖူးတဲ့ အဖြစ်တွေ ကိုယ့် အလုပ်မှာလာဆုံလိုက်ရတဲ့ အခါ......။...
ဒါပေမယ့်  အဲ့ ဒီလို အနဲအကျဉ်းသဘောကနေ အများစုကြီးကိုတော့  သိမ်းမရမ်းခဲ့ ပါဘူး..လောကထဲမှာ ဒီလိုတွေလည်းရှိပါတယ် ဆိုတာလေးပဲ..
တစ်ခါကများ လမ်းထဲက အရိုးအကြောကို ခြေထောက်အရိုးအက်လို့ ဆေးလာစည်းတဲ့  ဘကြီးတစ်ယောက် တွေ့ ချင်လို့ ပါဆိုပြီး ၀င်လာတော့  ဘာများဖြစ်လို့ ပါလိမ့် လို့  ...ကရုဏာနဲ့ ...အဖိတ်...
ကြားချင်နားဆင်ပေါ့  လူကလေးရေ..ဆိုပြီး မျက်ရည်တွေတွေကျရင်းက သားတော်မောင် ဒေါသကုမ္မာရရဲ့ လက်ချက်က ခြေသားလုံးအရိုးအက်ရတဲ့ အကြောင်း...အကြောင်းဘယ်သို့ က ဒီလိုပါကွယ်....သူ့ ရီးစားနဲ့ ချိန်းထားတဲ့  ည ကလပ်မှာတက် ရွ ထ ကဖို့ အတွက်. ငွေထုတ်မပေးလို့  ဆိုပါသည့်  ကိစ္စက ဘိုးတော်ကြီး ခြေသားလုံး အရိုးက သားရဲ့ ဒေါသ တုတ်တို တစ်ချောင်းရဲ့  ဓားစာခံ......
အင်းးး...သဗ္ဗေသတ္တာ ...ငါမဟုတ်တာတော်သေး ..ဂလိုလေး တွေးမလို့ လုပ်တုန်း...တွက်ကြည့် စမ်းပါဆြာလေးရယ်...ကျုပ်ဘယ်တော့ သေမှာလဲတဲ့ ...ဖျား..ဖျား...ဖျားငုတ်တို.ရောင်တော်ပွင့် ဖို့  .စေတီတော် အသစ်ဖြစ်ပါစေ...သြော်..လောက..လောက..သောကနယ်သား.ဗျာပါဒပွား..ကြားက..နာ.
အင်း..ဒါထက်ဆိုးတာတွေတောင်ပါသေး ဘယ်လိုများ ပတ်ဘလစ်ကို ချပြောရမလဲလေ.ပြည်ရွာတစ်ခွင်က ဗေဒင်ဆြာသ္ခင်တို့ ရဲ့ ..ဝေဒနပြပွဲက အဝေး ကောင်းကင်ခရီးထက် မြေကြီး ငရဲတွင်းက ပိုနီးလို့  .အပေါ်တံခါးမပွင့် ခင် မြေတံခါးအရင်ပိတ်ဖို့ က ပိုအရေးကြီးပါကြောင်း...ကိုယ့် ခေါင်းထဲအတွေးဝင်....အင်းလေ...သတ္တ၀ါတစ်ခု ကံတစ်ခုဆိုလားပဲ....

စိတ်ကူးစိတ်ဖတ်
စိတ်ကူးစိတ်ဖတ်
----
တွေးရ တောရတာကြိုက်တယ် အတွေးဦးစီးနေတဲ့ အခါ ခံစားချက်တွေရဲ့ ဇစ်မြစ်ကို ပိုအာရုံခံမိတယ်လို့ ထင်မိတာမျိုးလည်းရှိတယ် တွေးတောခွင့် နဲ့ တွေးတောချိန်တွေရနေတဲ့ ကိုယ့် ဘ၀ရဲ့ ကံကောင်းထောက်မနေချိန်ကိုလည်း ပြန်တွေးရင်း သဘောကျတယ်..အခုအထိတောင်ပိုက်ဆံရဖို့ ဦးတည်ချက်နဲ့ မဖြစ်မနေ အလုပ်လုပ်နေရတာမျိုး မရှိသေးတာကိုလည်း ကျေနပ်နေမိသေးတယ် အလုပ်လုပ်နေရတာနဲ့ ပိုက်ဆံရှာနေရတယ်ဆိုတာဟာ အမြဲတမ်း ညီမျှခြင်းချ တွဲမနေဘူး သဘောပေါ့ .
ငယ်ငယ်က အိမ်မှာ နွမ်းပါတယ်ဆိုတဲ့ ကိုယ်တွေထက်တောင် ထပ်နွမ်းတဲ့  အမျိုးထဲက ရွယ်တူ တန်းတူ မအေ့ တူမတစ်ယောက် ခဏလာနေဘူးတယ် အိမ်က သဘောကောင်းပေမယ့်  သူက သူ့ ဟာသူကို ဘယ်လို နေသင့် တယ်တွေးပြီး အိမ်သားတွေ သူ့ ရွယ်တူတွေကို အရမ်းညှာ အရမ်း အလိုက် တသိနေပေးလွန်းတော့  မောင်နှမတွေက အားတောင်ပြန်နာယူရတယ်..အဲ့ ကတည်းက သူများအိမ် ဆိုတာနဲ့  မျက်နှာ အလိုလိုငယ်သွားတတ်တယ်ဆိုတဲ့ ခံစားမှု့ ကို ခံစားပေးတတ်နေပြီ.
.
မရဏသောကြာသက်ရောက်
မရဏသောကြာသက်ရောက်
==========
တိုက်ဆိုင်မှု့ တစ်ခုပေါ့ ..၁၂.၁၂.၄၃ တနင်္ဂနွေသား ( ၃ကြွင်းတနင်္ဂနွေရာဇဖွား)..ပေါ့ ..အခု ၇၂ နှစ် သောကြာမရဏထဲမှာပေါ့ ..
..( သောကြာဆိုတာ လှုပ်ရှားမှု့ တွေသဘော..အဲ့ ဒါကို မရဏ ကပ်လိုက်တော့  လှုပ်ရှားနေဆဲတန်းလန်းကနေ လှုပ်ရှားမှု့ တွေ သေသွားတာ (၀ါ) ပုံမှန်အက်ရှင်တွေ ဘရိပ်ဖြစ်သွားစရာ အကြောင်းတွေတိုက်ဆိုင်လာတာ)....
အခု သူဖြစ်ပုံက သူက အရင်က အရက်တွဲထားတဲ့ စားသောက်ဆိုင်သမား...အခု သူ့ ဆိုင်ကို သူများကို ငှားလိုက်ပြီးသူကထိုင်စားနေတာ.....အဲ့ စားသောက်ဆိုင်က လဆန်းက ပြဿနာတက်ပုံက ည ၁၁နာရီ ဆိုင်ပိတ်ချိန်ကိုကျော်ပြီး ဖွင့် မိလို့ ဆိုပြီး ရဲက၀င်ရစ် တရားစွဲခံထိတယ် ..အရက်လိုင်စင်က အမည်မပြောင်းရသေးတော့ လိုင်စင်ပေါက်အမည်သမားက တရားစွဲခံထိတယ်ပေါ့ ...အဲ့ အမည်ပေါက်က အဲ့ ဒီ့  ၃ကြွင်းတနင်္ဂနွေသား ရာဇဖွား အသက် ၇၂ မရဏသောကြာသက်ရောက်သမား
ဖြစ်နေတယ်...နေရင်းထိုင်ရင်အိမ်ပေါ်အမှု့ ရောက်လာပုံက သင်းတယ်..အမှု့ ဖြစ်တဲ့ လက ဒီမေလဆန်းမှာဖြစ်တာ...ရုံးချိန်းကလကုန်...တြားသူကြီးကအစ..
လောင်းစရာရှိတဲ့ သူအကုန်လုံးကို ရေလောင်းစရာရှိတာလောင်းပြီးသွားပြီ..( သူ လာတာက ဆိုက်ကိုမနိုင်လို့  ဒဏ်ငွေနဲ့ ပြီးအောင်လို့ ၊ ဒီလို နာရီကျော်ဖွင့် မိလို့  ကွိုင်တက်ရင် ဂျေးက တစ်လ ဆိုတာရှိတယ်...)..အမှု့ ဖြစ်တဲ့ လစိတ်ကလည်း အင်္ဂါလစိတ်ကနေ ဗုဒ္ဒဟူးလစိတ်အကူးမှာ ဖြစ်တာ....
Subscribe to:
Posts (Atom)