မရဏသောကြာသက်ရောက်
==========
တိုက်ဆိုင်မှု့ တစ်ခုပေါ့ ..၁၂.၁၂.၄၃ တနင်္ဂနွေသား ( ၃ကြွင်းတနင်္ဂနွေရာဇဖွား)..ပေါ့ ..အခု ၇၂ နှစ် သောကြာမရဏထဲမှာပေါ့ ..
..( သောကြာဆိုတာ လှုပ်ရှားမှု့ တွေသဘော..အဲ့ ဒါကို မရဏ ကပ်လိုက်တော့  လှုပ်ရှားနေဆဲတန်းလန်းကနေ လှုပ်ရှားမှု့ တွေ သေသွားတာ (၀ါ) ပုံမှန်အက်ရှင်တွေ ဘရိပ်ဖြစ်သွားစရာ အကြောင်းတွေတိုက်ဆိုင်လာတာ)....
အခု သူဖြစ်ပုံက သူက အရင်က အရက်တွဲထားတဲ့ စားသောက်ဆိုင်သမား...အခု သူ့ ဆိုင်ကို သူများကို ငှားလိုက်ပြီးသူကထိုင်စားနေတာ.....အဲ့ စားသောက်ဆိုင်က လဆန်းက ပြဿနာတက်ပုံက ည ၁၁နာရီ ဆိုင်ပိတ်ချိန်ကိုကျော်ပြီး ဖွင့် မိလို့ ဆိုပြီး ရဲက၀င်ရစ် တရားစွဲခံထိတယ် ..အရက်လိုင်စင်က အမည်မပြောင်းရသေးတော့ လိုင်စင်ပေါက်အမည်သမားက တရားစွဲခံထိတယ်ပေါ့ ...အဲ့ အမည်ပေါက်က အဲ့ ဒီ့  ၃ကြွင်းတနင်္ဂနွေသား ရာဇဖွား အသက် ၇၂ မရဏသောကြာသက်ရောက်သမား
ဖြစ်နေတယ်...နေရင်းထိုင်ရင်အိမ်ပေါ်အမှု့ ရောက်လာပုံက သင်းတယ်..အမှု့ ဖြစ်တဲ့ လက ဒီမေလဆန်းမှာဖြစ်တာ...ရုံးချိန်းကလကုန်...တြားသူကြီးကအစ..
လောင်းစရာရှိတဲ့ သူအကုန်လုံးကို ရေလောင်းစရာရှိတာလောင်းပြီးသွားပြီ..( သူ လာတာက ဆိုက်ကိုမနိုင်လို့  ဒဏ်ငွေနဲ့ ပြီးအောင်လို့ ၊ ဒီလို နာရီကျော်ဖွင့် မိလို့  ကွိုင်တက်ရင် ဂျေးက တစ်လ ဆိုတာရှိတယ်...)..အမှု့ ဖြစ်တဲ့ လစိတ်ကလည်း အင်္ဂါလစိတ်ကနေ ဗုဒ္ဒဟူးလစိတ်အကူးမှာ ဖြစ်တာ....
ပြချင်တာက မရဏသက်ရောက်သဘောက ကိုယ်လည်း ဘာမှမလုပ်ရပါပဲနဲ့  ပြဿနာက အဲ့ လို အိပ်ယာထဲအထိရောက်လာတတ်တယ်ပေါ့ ...ပြီးတော့ ကျနော်ရေးပြဘူးသလိုပဲ သောကြာ မရဏသဘောက ပုံမှန်လှုပ်ရှားနေတဲ့ ကိစ္စတွေက အမြဲအတွက် (သို့ ) ယာယီ ဘရိပ်ဖြစ်သွားတတ်တယ် ဘာဖြစ်မလဲ ကြိုမပြောနိုင်ဘူး အမှု့ ဖြစ်သွားတဲ့ လူလည်းကြုံဖူးတယ် လေဖြတ်သွားတဲ့ လူ ကားမှောက်တဲ့ လူ အက်စီးဒန့် ဖြစ်သွားတဲ့ လူ အလုပ်ပြုတ်သွားတဲ့ လူ ရုတ်တရက် အင်ကြီးနဲ့  အိမ်ထောင်ကျသွားတဲ့ လူ ..စသဖြင့် တွေ မထင်မှတ်ပဲဖြစ်သွားတဲ့ လူတွေမျိုးစုံတွေ့ ဖူးခဲ့ တယ်ဗျား...ဆိုလိုတာက မထင်ထားတာတွေ တစ်ခုခုတော့ ရစ်လွှတ်လိုက်တယ်ပေါ့  ( မထင်မှတ်ပဲ မိဘသေသွားတာလည်း မရဏသက်ရောက်ရဲ့ သွယ်ဝိုက်သဘောပဲ)..သဘောက မရဏ သက်ရောက်တွေရဲ့  သတ္တိက အတိတ်ကံ သဘောတွေလည်းအများကြီး လွှမ်းမိုးနေတတ်လို့  ဘယ်ထောင့် ကနေ ပြဿနာ ထ ရှာမယ်ဆိုတာ ပြောရခက်တယ်
( လူပျို အအို ကုန်သည် ၀န်ထမ်း ဘုန်းကြီး သီလရှင် မိန်းမ ယောက်ျား ကလေး လူကြီး လူငယ် စသဖြင့် တွေ ကွဲသလောက် အဖြစ်အပျက်တွေက လိုက်ကွဲလို့  ဘေ့ စစ်ကိုသာကိုင်ထားရတယ်)
အဖြစ်များတာကိုပဲ ဖြစ်တတ်တာတွေ ကြိုသတိပေးနိုင်တယ် သတိပေးထားတာတွေ ဖြစ်လာရင်ဗေဒင်မှန်တယ်ဆိုတာထက် တိုက်ဆိုင်တာဖြစ်တယ်
ကျနော်တို့  ကြိုလုပ်နိုင်တာက ကြိုတင်ကာထားတာမျိုးပဲ လုပ်နိုင်တယ် ဘယ်လောက်အထိ ကာထားနိုင်မလဲကိုတော့ အတိတ်ကံသတ္တိကို မမှန်းနိုင်လို့  မခန့့်မှန်းနိုင်ဘူး ကြုံဘူးသမျှတွေကနေ ခန့် မှန်းတာမျိုးပဲတတ်နိုင်တယ်...ကာထားတာဟာ မကာထားမိတဲ့ လူထက်တော့  ကာထားတဲ့ လူက တစ်ခုခု မကောင်းတာကြုံလာရင်တောင်မှ သက်သာတယ် ထွက်ပေါက်ရတယ်ပေါ့ ...
===================================
ကျန်ခဲ့ လို့ ဗျ...လွန်ခဲ့  ၈နှစ်၉နှစ် ဂြိုလ်တစ်ပတ်လည်ကလည်း စောစောက တနင်္ဂနွေသားကြီး သူ့ အသက် ၆၄ သောကြာမရဏသက်ရောက် မွေလပြန်ဝင်ခါနီး မှာ ကျိုက်ထီးရိုးဘုရားဖူး မိသားစုလိုက်ကြီးသွားတာ ဒီဇင်္ဘာလပေါ့ ..အဲ့ မှာ တောင်တက်လမ်းမှာ ကားဘေးစောင်းလဲသွားတာ သူများတွေဘာမှမဖြစ်ဖူး သူတစ်ယောက်ထဲ ဒဏ်ရာရလို့  လက်ချောင်းလေးတွေ တစ်ဖက် ၃ချောင်းနဲ့  ၄ ချောင်းစီ ဖြတ်ပစ်လိုက်ရတယ်...အခု ဂြိုလ်တစ်ပတ်လည် အသက် ၇၂မှာ အိပ်ပေါ်
အမှု့ တက်လာတာပဲဗျား...ကျနော်က အဲ့ လို မှတ်ထားတတ်လို့ ပြန်ပြန်ပြောပြနိုင်တာ..ဖြစ်ရပ်ချင်းပုံသေတူလာမယ်လို့ မဆိုနိုင်ပေမယ့်  တစ်ခုခုတော့ လာတတ်တယ်လို့ ကြိုသတိပေးတာ...( မတူတတ်တာက မိသားစုဖွဲ့ စည်းပုံချိန်းသွားတတ်တာ ကောဇာသက္ကရာဇ် ကွဲသွားတာမျိုး သီလ သဘောတွေကြောင့် လည်း ဖြစ်ပုံတွေ ကွဲသွားတတ်တယ်လို့ ယူတယ်)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..