Powered By Blogger
Friday, May 22, 2015
ပြည်ရွာတစ်ခွင်က ဗေဒင်ဆြာ သ္ခင်တို့ ရဲ့ ..ဝေဒနာပြပွဲက
ပြည်ရွာတစ်ခွင်က ဗေဒင်ဆြာ သ္ခင်တို့ ရဲ့ ..ဝေဒနာပြပွဲက
---------------
ဒါပေမယ့်  အဲ့ ဒီလို အနဲအကျဉ်းသဘောကနေ အများစုကြီးကိုတော့  သိမ်းမရမ်းခဲ့ ပါဘူး..လောကထဲမှာ ဒီလိုတွေလည်းရှိပါတယ် ဆိုတာလေးပဲ..
တစ်ခါကများ လမ်းထဲက အရိုးအကြောကို ခြေထောက်အရိုးအက်လို့ ဆေးလာစည်းတဲ့  ဘကြီးတစ်ယောက် တွေ့ ချင်လို့ ပါဆိုပြီး ၀င်လာတော့  ဘာများဖြစ်လို့ ပါလိမ့် လို့  ...ကရုဏာနဲ့ ...အဖိတ်...
ကြားချင်နားဆင်ပေါ့  လူကလေးရေ..ဆိုပြီး မျက်ရည်တွေတွေကျရင်းက သားတော်မောင် ဒေါသကုမ္မာရရဲ့ လက်ချက်က ခြေသားလုံးအရိုးအက်ရတဲ့ အကြောင်း...အကြောင်းဘယ်သို့ က ဒီလိုပါကွယ်....သူ့ ရီးစားနဲ့ ချိန်းထားတဲ့  ည ကလပ်မှာတက် ရွ ထ ကဖို့ အတွက်. ငွေထုတ်မပေးလို့  ဆိုပါသည့်  ကိစ္စက ဘိုးတော်ကြီး ခြေသားလုံး အရိုးက သားရဲ့ ဒေါသ တုတ်တို တစ်ချောင်းရဲ့  ဓားစာခံ......
အင်းးး...သဗ္ဗေသတ္တာ ...ငါမဟုတ်တာတော်သေး ..ဂလိုလေး တွေးမလို့ လုပ်တုန်း...တွက်ကြည့် စမ်းပါဆြာလေးရယ်...ကျုပ်ဘယ်တော့ သေမှာလဲတဲ့ ...ဖျား..ဖျား...ဖျားငုတ်တို.ရောင်တော်ပွင့် ဖို့  .စေတီတော် အသစ်ဖြစ်ပါစေ...သြော်..လောက..လောက..သောကနယ်သား.ဗျာပါဒပွား..ကြားက..နာ.
အင်း..ဒါထက်ဆိုးတာတွေတောင်ပါသေး ဘယ်လိုများ ပတ်ဘလစ်ကို ချပြောရမလဲလေ.ပြည်ရွာတစ်ခွင်က ဗေဒင်ဆြာသ္ခင်တို့ ရဲ့ ..ဝေဒနပြပွဲက  အဝေး ကောင်းကင်ခရီးထက် မြေကြီး ငရဲတွင်းက ပိုနီးလို့  .အပေါ်တံခါးမပွင့် ခင် မြေတံခါးအရင်ပိတ်ဖို့ က ပိုအရေးကြီးပါကြောင်း...ကိုယ့် ခေါင်းထဲအတွေးဝင်....အင်းလေ...သတ္တ၀ါတစ်ခု ကံတစ်ခုဆိုလားပဲ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..