စိတ်ကူးစိတ်ဖတ်
----
တွေးရ တောရတာကြိုက်တယ် အတွေးဦးစီးနေတဲ့ အခါ ခံစားချက်တွေရဲ့ ဇစ်မြစ်ကို ပိုအာရုံခံမိတယ်လို့ ထင်မိတာမျိုးလည်းရှိတယ် တွေးတောခွင့် နဲ့ တွေးတောချိန်တွေရနေတဲ့ ကိုယ့် ဘ၀ရဲ့ ကံကောင်းထောက်မနေချိန်ကိုလည်း ပြန်တွေးရင်း သဘောကျတယ်..အခုအထိတောင်ပိုက်ဆံရဖို့ ဦးတည်ချက်နဲ့ မဖြစ်မနေ အလုပ်လုပ်နေရတာမျိုး မရှိသေးတာကိုလည်း ကျေနပ်နေမိသေးတယ် အလုပ်လုပ်နေရတာနဲ့ ပိုက်ဆံရှာနေရတယ်ဆိုတာဟာ အမြဲတမ်း ညီမျှခြင်းချ တွဲမနေဘူး သဘောပေါ့ .
ငယ်ငယ်က အိမ်မှာ နွမ်းပါတယ်ဆိုတဲ့ ကိုယ်တွေထက်တောင် ထပ်နွမ်းတဲ့  အမျိုးထဲက ရွယ်တူ တန်းတူ မအေ့ တူမတစ်ယောက် ခဏလာနေဘူးတယ် အိမ်က သဘောကောင်းပေမယ့်  သူက သူ့ ဟာသူကို ဘယ်လို နေသင့် တယ်တွေးပြီး အိမ်သားတွေ သူ့ ရွယ်တူတွေကို အရမ်းညှာ အရမ်း အလိုက် တသိနေပေးလွန်းတော့  မောင်နှမတွေက အားတောင်ပြန်နာယူရတယ်..အဲ့ ကတည်းက သူများအိမ် ဆိုတာနဲ့  မျက်နှာ အလိုလိုငယ်သွားတတ်တယ်ဆိုတဲ့ ခံစားမှု့ ကို ခံစားပေးတတ်နေပြီ.
.
မလည်လို့ သူများကြွေးကိုယူ အလုပ်လုပ်ကြရတဲ့ ကာလတွေမှာ ကြွေးရှင်က အလွန် သဘော ကောင်းပေးတာတောင် သူ့ ဟာသူရိုးရိုး အိမ်လာလည်ရင် မိဘတွေလိုပဲ လိပ်ပြာက ရောမလုံဘူး..အလွန်အလိုက် သိပေးနေရတာကိုက အနေကြုံ့ တယ် နိမ့် ပါးချိန်တွေက ခံစားချက်တွေဟာ တစ်ချိန်ချိန် အနေအထားတစ်ခုကို ရောက်လာချိန်မှာ တစ်ချို့ တွေကို လက်တုန့် ပြန်လိုခြင်းသဘောကို ဖြစ်သွားနိုင်သလို တစ်ချို့ တွေအတွက်တော့  စာနာခြင်းသဘောကိုလည်း ဖြစ်တည်လာစေတဲ့ သဘောရှိလိမ့် မယ်...၊
ပုဂံမှာ အနော်ရထာ နန်းရချိန် ထေရ၀ါဒ သာသနာအုပ်မြစ်တည်ချိန်အကြောင်းတွေ ဂုဏ် ယူစရာကောင်းလောက်အောင် ရေးဖွဲ့ ထားတဲ့ စာပေတွေ တထွေးကြီး ဖတ်လာမိ နေရချိန်မှာပဲ တပြိုင်တည်း အတွေးတွေက အနှိပ်ကွပ်ခံလိုက်ရတဲ့  အရင်အယူဝါဒကို ထူထောင်ခဲ့ သူတွေ အရင်အယူဝါဒကို သက်ဝင် ယုံကြည်သူခဲ့ တွေရဲ့ စိတ်ထဲ မနိုင်လို့ သာ သည်းခံလိုက်ရမယ် လူပီပီ ဘယ်လောက်တောင် ခံပြင်းနေလိုက်ကြမလဲ လို့  ၀င်တွေးကြည့် နေတတ်သေးတယ်.စိတ်တွေကို စိတ်ကူးလေးနဲ့ ဝင်ဖတ်ဖတ်ကြည့် ကြည့် တဲ့ သဘောပေါ့ 
လောကရဲ့ အလှည့် တွေ သဘောလည်းဆိုနိုင်သလို လောကရဲ့  အနေအထားတွေဆိုတာ အမြဲအောက်စည်း အမြဲအပေါ်စည်း မရှိဘူးလို့ လည်း ဆိုလို့ ရမှာပေါ့ .တစ်ခါတစ်လေ ဂျင်ဂျစ်ခန်တို့  ကူဗလိုင်ခန် မင်းကြီးတို့  အကြောင်းတွေ ဖတ်ရတဲ့ အခါ သူတို့ သိမ်းပိုက်ဖူးတဲ့ နယ်မြေဟာ ကမ္ဘာမြေတစ်ဝက်ကျိုးလောက်တောင်ဆိုတဲ့ အခါ လက်ရှိမွန်ဂိုဒေသနဲ့ ချိန်ပြီး နိမ့် လိုက်မြင့် လိုက် ဆိုတဲ့ လောကသဘောပဲလို့ သာတွေးရင်း....တွေးရတောရတာကိုက..ဖျော်ဖြေရေးတစ်ခုလိုကြိုက်တယ်ပေါ့ လေ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..