Powered By Blogger

Friday, May 22, 2015

တစ်ချို့  ဒချိဒချိတွေ ကိစ္စက ဒီလိုပါကွယ်..နဲ့ .....

တစ်ချို့  ဒချိဒချိတွေ ကိစ္စက ဒီလိုပါကွယ်..
-----
သာမီးကို သူ နဲ့ မြဲအောင်ပါ ဆြာရယ် သာမီး သူ့ ကို ခွဲနိုင်ပုစ်..အဲ့ ဒါလေ...ဒီမှာ သာမီးဆိုင်လာ ဆံပင်ညှပ်တုန်း ယူထားလိုက်တဲ့  သူ့ ဆံပင်.ဆိုပြီး ဆံပင်ထုပ်လေးလည်း ပြလိုက်ရော...
 ..ဟမ်း မ ငီးးးမွေးမေလေ့ .......ဆိုပြီး...

အဲ ကတည်းက ဆံပင်ရှည်ထားပြီး ကွကိုယ် ကိုယ့် ဆံပင်ကိုယ် မှန်ကြည့်  ညှပ်နေပါ
တော့ တီ.....ဒချိဒချိ.....ဟီဟိ...ခ်ခ်

အဲအဲ...အာ့ မျိုးလေးတွေက နဂိုကတည်းက ဘာညာသာရကာ နေကြာကွာစိ အသံတွေ ထွက်နေတဲ့  တစ်ချို့  အနဲစု ဒချိဒချိလေးတွေရဲ့  သာရကာ ဘာညာဆိုင်တွေကပါ ညှော်... ပုံမှန် အများစု ၀မ်းစာရေး စင်းပဲလ်လေးတွေက အာ့ မျိုးတွေ လာတတ် ကြံတတ်ဝူး.......ငိငိ
=================================

ခွေတွေကြည့် ပြီးတော့ ပေါ့ ဗျာ...
----------------
လောင်းကစားပေါတဲ့ အရပ်ဆိုတော့  ဘောလုံးသမားရော ချဲသမားပါမကဘူး. ဂျင်သမားပါ လာလာပြီး ပွဲတိုင်းနိုင်အောင်တဲ့  တောက်တဲ့ ကပ်လာ ကပ်နေတာ အတော်ပြောယူရတယ်..တစ်ခါတစ်လေ မေးလို့  အိပ်ချင်မူးတူးနဲ့  ရော ပျင်းပျင်းနဲ့ ပါ ရမ်းပြောမိလို့ တိုးသွားတာ ဟုတ်ပြီဆိုပြီးပေါ့ ...ဟီးးဟုတ်ပြီ ဆိုမှတော့  သူများဘယ် ပေးဟုတ်တော့ မှာတုန်း ကွကိုယ်ပဲ ဟုတ် ဟုတ် ဟုတ် ဟုတ်နဲ့  ဟုတ်နေတော့ မှာပေါ့ ...ကံ ကိစ္စများ ဥာဏ်လိုက်ကွန့် လို့  ဘယ်ရမတုန်း  စက်နဲ့ လှည့် ထုတ်လို့ တောင်မလောက်ဘူးဖြစ်သွားမှာ

....တစ်ယောက်ကလည်း....ဂမုန်းခွက်ပေါက် အမြစ်ကို ဘာနဲ့ စပ်ပြီး မျက်လုံးအိမ်ကိုကွင်းပြီး  သွေးလိမ်းသွားရင် ခွက်အောက်မှာ ဂျင်သီး ဘယ်အပွင့် နဲ့  လဲနေတာကို ဖေါက်မြင်ရတယ် အဲ့ ကိစ္စလိုက်နေတာတဲ့  ကွန်တက်ရှိလားတဲ့ ...ဟားဟား...ဂမုန်းဆို ကွမ်းစားဂမုန်းပဲ မြင်ဘူးတာလို့ ...ခိခိ..

.အာ့ နဲ့ လောင်းကစား ဘယ်လောက် ရူးသွားတဲ့  လူကရှိသေးလဲဆိုရင် ချောင်ယွန်ဖတ် ဖဲကားတွေကြည့် ပြီး ဟောင်ကောင်သွား  ဖဲပညာသင်မလို့ တဲ့ ...ဟ..အာ့ လောက က မင်း နဲ့  မဆိုင်ဘူးလေ မင်းက ဟိုမှာမွေးဟိုမှာကြီးတဲ့ ကောင်လဲမဟုတ်ဖူးလေ....ဟိုဟာက ဆင်ရိုက်ထားတဲ့ ရုပ်ရှင်လေ..ပြီးတော့ ဂိုဏ်းစတားတွေက ဟိုမှာ အရမ်းပေါတယ်လို့ ကြားဖူးတယ်လေ ဆိုပြီးပြောတား တားတာ....တားမရဘူး..အဲ့ ကောင်  ဟောင်ကောင် လစ်သွားသေးတာ...  မနဲ အသက် လုပြန်လာရပါရောဗျာ....ဘယ် ဒီက ပျော့ စိပျော့ စိသမားတွေက ဟိုက မွေးကတည်းက ခပ်ဟော့ ရမ်းရမ်းနေတတ်တဲ့ ကောင်တွေနဲ့  ဘယ်လိုလုပ်ပြိုင်မိုက်ရဲမလဲ..သူ့ ဒေသနဲ့ သူ့ အထာချည်းဟာ. ..လွယ်ပါပုစ်..ထိုင်းသရဲကား ထိုင်းအောက်လမ်းကား မလေးရှားစုန်းကား ဟောင်ကောင် ဂိုဏ်းစတားကား တိုင်ဝမ်လောင်းကစားကားတွေကြည့် ပြီး တစ်ချီတစ်ချီ ထ ထ ကြောင်တတ်တဲ့ လူတွေလာရင်..ခွေတွေထဲက ဆွဲဆောင်မှု့ တွေကလည်း ချောင်ဘူးရယ်....ခ်ခ်..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..