Powered By Blogger

Friday, May 8, 2015

ဖအေကြီးပေါ် ပုံအောလိုက်ဖို့ သာ



ဖအေကြီးပေါ် ပုံအောလိုက်ဖို့ သာ
-----------------
ကိုယ်တောင် ကိုယ့် မအေကို ဒီလောက် သတိတရတွေဖြစ် သံယောဇဉ်တွေကြီးနေတတ်သေးရင်...ကိုယ့် ဖအေက သူ့ မိန်းမကို ဘယ်လောက်တောင် ချစ်ပါလိမ့် မလဲဆိုတဲ့ အတွေးက မအေ မရှိတော့ လို့  လေးငါးခြောက်လလောက်ကို  ငေါင်းစင်းစင်းတွေဖြစ် ရှေ့ ဆက်ရမယ့် ဘ၀ကြီးဟာ အဓိပ္ပါယ်မရှိတော့ သလိုလို ခံစားသတိလွတ်မိနေရာကနေ ဖြတ်ကနဲ တွေးမိသွားတယ်..ကျနော့် မှာ ဖအေအိုကြီး ကျန်နေပါသေးလားဆိုပြီး......

အဲ့ ဒီမှာ ဖအေ့ ဘက်ကို ပြန်ပြီး ငဲ့ စောင်းကြည့် မိတော့ ဖအေခမျာ ကိုယ့် လိုပဲ နေ့ တဓူဝ ဖြတ်သန်းနေတဲ့  ရက်တွေမှာ စက်ရုပ်ကြီးလိုပဲဖြစ်နေတာ သတိထားလိုက်မိတော့ တယ်။ အိမ့် အချုပ် ခေါင်သူကြီးမို့  အပူရုပ်ကို ဟန်လုပ်ပြီး သားသမီးတွေရှေ့ ပုံမှန်လိုနေပြပေမယ့်  အတွင်းသရုပ်က ကြေကွဲနေတာကို ယောက်ျားချင်းမို့  နားလည်ခံစားမိလိုက်တယ်...

ဒါမျိုး ခံစားချက်ဆိုတာ ကျနော်တို့ တွေ ကနော်တို့ တွေရဲ့ ချစ်သူတွေ နဲ့  အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲရတဲ့ အခါမှာ သေလုမတတ် ခံစားခဲ့ ရဘူးတယ်လေ..ဖအေက ကြင်သူသက်ထားဇနီးမယား..ဘ၀ရဲ့ လောကဓံ အတက်အကျတွေကို လင်မယား ၂ ယောက် ဆိုးတူကောင်းဖက် လက်တွဲရင်ဆိုင်ခဲ့ ရတာ
သူခံစားရမှာပေါ့ သူလွမ်းဆွတ်နေမှာပေါ့  သူသတိရနေမှာပေါ့ ..သူ့ ရဲ့ ရီဝေတဲ့ မျက်လုံးအိမ်တွေထဲ သူ့ ဇနီးမယားရဲ့ နေ့ တဓူဝ လှုပ်ရှားမှု့ အရိပ်တွေ သူ့ စိတ်အာရုံမှာ မြင်ယောင်နေမှာပေါ့ ...

အဲ့ ဒီမှာ ကျနော့် ရဲ့ ရုပ်ခွန်အားစိတ်ခွန်အားတွေ ကို ဖအေကြီးပေါ် ပုံအောလိုက်ဖို့ သာ စဉ်းစားလိုက်တော့ တယ်...အဖေပျော်နေရင် ကျနော်ပျော်သလိုပါပဲပေါ့ အဖေရယ်ပေါ့ လေ.. ဖအေကြီးအတွက် ဘာဘဲလုပ်ပေးရ လုပ်ပေးရ..လုပ်ပေးလိုက်ဖို့  စိတ်ဆုံးဖြတ်လိုက်မိတော့ တယ်.. မအေ့ အပေါ် ငယ်သူမို့  မသိသား ဆိုးရွားမိုက်မဲ အနိုင်ကျင့် ခဲ့ မိတာတွေ အတွက် .နှစ်ဆမက ဖအေကြီးကို မအေ့ ကြီးအတွက်ပါ ဆိုပြီးတော့ စိတ်နဲ့ ပါပေါ့ ...နောက်ပြီးတော့  သူ့ သက်တန်းက နေရမယ်ဆိုရင် သဘာဝအရဆိုရင် ကျနော်တို ငယ်သူတွေလောက်နေရတော့ မှာမဟုတ်ဘူးလေလို့ တွေးပြီး......

အမေဆုံးတဲ့ ည..



အမေဆုံးတဲ့ ည..
-------
ကျနော့် အမေက အတန်းကျောင်းမနေခဲ့ ရလို့  သားသမီးမူလတန်းတက်မှ ရောလိုက်ပေါင်းဖတ်ရင်း သေစာရှင်စာ တတ်လာတယ်ဆိုပေမယ့်  စိတ်တွက်နဲ့ စိတ်မာကျောတာကတော့  အမျိုးထဲစံပြလိုတောင်ပြောရမလိုပေါ့ ..စိတ်ဓါတ်မကျလွယ်ဘူး..ဘာလုပ်လို့ ရသေးလဲကိုပဲ အမြဲလိုလိုဇောင်းပေး လှုပ်ရှားသွားတယ်

မအေဖအေကရိုက်တာတစ်ချို့ သားသမီးတွေဆီကိုလည်း ပါလာလေ့ ရှိတယ်..ဒါကို ကျောင်းတုန်းက နောက်ပြောကြတာက ဂျနက်တစ်က စကားပြောလိမ့် မယ်ဆိုတာပေါ့ ..အဲ့ ဒီ ဘာလုပ်လို့ ရနိုင်သေးလဲဆိုတဲ့ တွေးနည်းမျိုး ကျနော်တို့ ဆီမှာ ပါလာပုံရတယ်ပေါ့ လေ..

မအေ့ မှာ အဆုပ်ကင်ဆာဖြစ်နေပြီ ခံလှ ၆လပေါ့ ဆိုတဲ့ အခါ တုန်လှုပ်ကုန်ကြတာ အစပိုင်းမှာပေါ့  နောက်တော့  သူ့ ဟာသူ ဆာဆာ ၆လ ပြောပြော ဘာလုပ်လို့ ရလဲကိုစဉ်းစားပြီး ဆေးကုတော့ တာပါပဲ...မအေက သေမယ့် အတူတူ အနောက်ဆေးနဲ့ မကုချင်ဘူး...ရတယ် အနောက်မကြိုက်ရင် တိုင်းရင်းဆေးပေါ့  တစ်ခုခုနဲ့ တော့  ကုရမှာပဲ ကုရင်းနဲ့ သေသေသဘောနဲ့ ချီတက်တော့ တာပါပဲ
...ဒါနဲ့ ၉လလောက်သက်တမ်း ရှည်လာတယ်..ကြားထဲ အခြေအနေကောင်းလာလိုက် ဖေါက်သွားလိုက်ပေါ့ ..

မေးစရာတွေ




မေးစရာတွေ
------------
ဗေဒင်စာအုပ်တွေမှာ ပါတတ်လေ့ ရှိတယ် တားမြစ်ချက်တွေ...ဆိုပါတော့  '''မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ် '''ဆိုတာ  အဲ့ မှာ အယူအဆ ၂ ခုရှိတယ် တစ်ခုက မွေးနေ့ နဲ့ သောကြာက တစ်တွဲ တနင်္လာက သီးခြား ဒီတော့  တနင်္လာနေ့ နဲ့  ဘုရားမွေးနေ့ သောကြာနေ့  တစ်ပါတ်မှာ အဲ့ ၂ရက်ကို ဆံပင်ညှပ်တာ မလုပ်အပ်လို့ ယူတယ်လို့ ဆိုတယ် သောကြာနေ့ က ဘုရားမွေးနေ့ မို့  အဂါရ၀ မဖြစ်အောင်ရှောင်တာလို့ ဆိုတယ် အယူကိုကြည်ညိုလို့ ပေါ့ လေ
တနလာင်္င်္နေ့ ကြတော့ ဘာလို့ လဲဆိုတော့  တောထွက်ဆံပယ်တဲ့ နေ့ မို့ တဲ့ ..ဒါလည်း ယုတ္တိရှိသလိုလိုပဲ.ထားပါတော့  ထားပါတော့  ထားပါတယ် ထားပါတယ်.ပေါ့ လေ..ဟီးး..

အင်္ဂါ့ ဝိဇ္ဇာသမားနဲ့ လည်းတွေ့ ရော အဲ့ စာချိုးက တနင်္ဂနွေနေ့ သားသမီးတွေကို နမူနာထားတာလို့ ဆိုပြန်တယ်  အခါနဲ့ ဘာနဲ့  လုပ်ရပြီဆိုရင် အခါတိုင် ၇ တိုင်မှာ သူရဇ္ဇတိုင် ကို နမူနာ ထား ပြောလေ့ ရှိတော့  ကိုယ့် မွေးနေ့ ရယ် ကိုယ့် အညွန့် နေ့ ရယ် ကိုယ့် ဆပွတ်နေ့ ည သုံး နေ့ မှာ ဆံပင်ကို သွား မကလိပါနဲ့ ပေါ့ လေ...ဥပမာ  တနင်္လာသားသမီးတွေဆိုရင်  ကိုယ့် မွေးနေ့ ရယ် ကိုယ့် အညွန့် နေ့ ဆို အင်္ဂါနေ့ ရယ်  ကိုယ့် ဆပွတ်နေ့ ရယ်ဆိုတာက စနေန့ ရယ် သုံးနေ့ ပေါ့ ...

ဟုတ်ပါပြီး အဲ့  သုံးနေ့ မှာ လုပ်တော့  ဘာဖြစ်မှာမို့ တုန်းလို့ ဆက်တော့  ဥပမာ တနင်္လာသားသမီးက ကိုယ့် အညွန့် အင်္ဂါ နေ့မှာ ကိုယ့် မွေးနံက အင်္ဂါတိုင်ရဲ့  ခိုက် ရောက်နေလို့  အဆင်မပြေဘူးပေါ့ ...ကိုယ်ဆပွတ်နေ့ ဖြစ်တဲ့  စနေ့ နေ့ မှာ တနင်္လာနေ့ သားသမီးရဲ့ မွေးနံ ဟာ စနေတိုင်ရဲ့  ပျက်မှာ ရောက်နေလို့ မကောင်ဘူးပေါ့ ...ကိုယ့် မွေးနေ့ မှာကြတော့  ဘာလို့ ဆံပင်ကိုသွားမကလိရတာလဲလို့ ဆိုတော့  တိကျတဲ့  ယုတ္တိကျတဲ့ ဆင်ခြေမတွေ့ ရပြန်ဘူး.