
မေးစရာတွေ
------------
ဗေဒင်စာအုပ်တွေမှာ ပါတတ်လေ့ ရှိတယ် တားမြစ်ချက်တွေ...ဆိုပါတော့  '''မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ် '''ဆိုတာ အဲ့ မှာ အယူအဆ ၂ ခုရှိတယ် တစ်ခုက မွေးနေ့ နဲ့ သောကြာက တစ်တွဲ တနင်္လာက သီးခြား ဒီတော့  တနင်္လာနေ့ နဲ့  ဘုရားမွေးနေ့ သောကြာနေ့  တစ်ပါတ်မှာ အဲ့ ၂ရက်ကို ဆံပင်ညှပ်တာ မလုပ်အပ်လို့ ယူတယ်လို့ ဆိုတယ် သောကြာနေ့ က ဘုရားမွေးနေ့ မို့  အဂါရ၀ မဖြစ်အောင်ရှောင်တာလို့ ဆိုတယ် အယူကိုကြည်ညိုလို့ ပေါ့ လေ
တနလာင်္င်္နေ့ ကြတော့ ဘာလို့ လဲဆိုတော့  တောထွက်ဆံပယ်တဲ့ နေ့ မို့ တဲ့ ..ဒါလည်း ယုတ္တိရှိသလိုလိုပဲ.ထားပါတော့  ထားပါတော့  ထားပါတယ် ထားပါတယ်.ပေါ့ လေ..ဟီးး..
အင်္ဂါ့ ဝိဇ္ဇာသမားနဲ့ လည်းတွေ့ ရော အဲ့ စာချိုးက တနင်္ဂနွေနေ့ သားသမီးတွေကို နမူနာထားတာလို့ ဆိုပြန်တယ် အခါနဲ့ ဘာနဲ့  လုပ်ရပြီဆိုရင် အခါတိုင် ၇ တိုင်မှာ သူရဇ္ဇတိုင် ကို နမူနာ ထား ပြောလေ့ ရှိတော့  ကိုယ့် မွေးနေ့ ရယ် ကိုယ့် အညွန့် နေ့ ရယ် ကိုယ့် ဆပွတ်နေ့ ည သုံး နေ့ မှာ ဆံပင်ကို သွား မကလိပါနဲ့ ပေါ့ လေ...ဥပမာ တနင်္လာသားသမီးတွေဆိုရင် ကိုယ့် မွေးနေ့ ရယ် ကိုယ့် အညွန့် နေ့ ဆို အင်္ဂါနေ့ ရယ် ကိုယ့် ဆပွတ်နေ့ ရယ်ဆိုတာက စနေန့ ရယ် သုံးနေ့ ပေါ့ ...
ဟုတ်ပါပြီး အဲ့  သုံးနေ့ မှာ လုပ်တော့  ဘာဖြစ်မှာမို့ တုန်းလို့ ဆက်တော့  ဥပမာ တနင်္လာသားသမီးက ကိုယ့် အညွန့် အင်္ဂါ နေ့မှာ ကိုယ့် မွေးနံက အင်္ဂါတိုင်ရဲ့  ခိုက် ရောက်နေလို့  အဆင်မပြေဘူးပေါ့ ...ကိုယ်ဆပွတ်နေ့ ဖြစ်တဲ့  စနေ့ နေ့ မှာ တနင်္လာနေ့ သားသမီးရဲ့ မွေးနံ ဟာ စနေတိုင်ရဲ့  ပျက်မှာ ရောက်နေလို့ မကောင်ဘူးပေါ့ ...ကိုယ့် မွေးနေ့ မှာကြတော့  ဘာလို့ ဆံပင်ကိုသွားမကလိရတာလဲလို့ ဆိုတော့  တိကျတဲ့  ယုတ္တိကျတဲ့ ဆင်ခြေမတွေ့ ရပြန်ဘူး.
အဲ့ လို မတွေ့ ရတော့  ဘာပြောပေးရလဲဆိုတော့  ဘုန်းကံကျတတ်တယ် ကံနိမ့် တတ်တယ် ဘာညာနဲ့ ရောသုတ်ပြောလိုက်ရပြန်တယ်...ဘုန်းကံကျမကျ ကံနိမ့် မနိမ့်က မမြင်ရဘူးလေ..ဘာကို ဘုန်းကံကျတာလဆိုတာ မရေမရာ..အဲ ပြောလို့ တော့ ရတာပေါ့  သြဇာမရှိတော့ တာတို့  လူမလေးစားတော့ တာတို့ ပေါ့ ..အဲ့ မှာလည်း ပြဿနာက ရှိသေး လူတစ်ယောက်ကို သူ့ ဆိုင်ရာ ဆိုင်ရာတွေပဲ သြဇာရှိမှာ လေးစားမှာ လူတိုင်းအပေါ် သြဇာရှိမှာ မဟုတ်ဘူး သူကို လူတိုင်းက လေးစားမယ်လို့ လည်း မျှော်လင့် ထားလို့ မရဘူးလေး ဒီတော့  ဒါလည်း သိပ်ထူးဆန်းတာမှမဟုတ်တာ သြဇာတိက္ကမကြီးတယ်ဆိုတာတောင် ချွင်းချက်ရှိတယ်ပေါ့ ...
.( ဟီးဟီး...အတွေးသမားတွေ အတွက် တွေးစရာတွေဆိုတာ အဲ့ လိုပါ..)
ထားပါတော့  ဟုတ်ပါပြီ အဲ့ ဒီ့ အထိက ရှင်းပါပြီ ..ဒါနဲ့  အဲ့ တားမြစ်ထားတဲ့  မအပ်ဘူးဆိုတဲ့  ရက်တွေမှာ ဆံပင်ကို ဇွတ်သွားကလိမယ် ဒါမှမဟုတ် မသိလို့  ဆံပင်ကို ကလိမိမယ်ဆိုရင် ဘာဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ...( အဲ့ မှာ ပြဿနာတက်တော့ တယ်..တိကျတဲ့ ယုတ္တိရှိတဲ့  အပြစ်ပြ သဘောမတွေ့ ရတော့ ဘူး မကောင်းဘူးဆိုတာ ဘုန်းကံကျတတ်တယ်ဆိုတာမှာတင် ရပ်နေတာများတော့ တယ်)...
ပြီးတော့  မအပ်ဖူးလို့  တားမြစ်ထားတာကို တစ်ကြိမ်ထဲ ဖေါက်ဖျက်မိမှာလား အကြိမ်ကြိမ် ဖေါက်ဖျက်မိမှာလား ဆိုကျိုးရှိတယ်ဆိုရင် ဘယ်လောက်အထိလဲ အသက်သေနိုင်လား ဘ၀ပျက်နိုင်လား စီးပွားလျှောမှာလား ဘာလား ညာလားတွေ မေးစရာတွေလည်း ရှိသေးတယ်ပေါ့ ..
အဲ့ ဒီလိုတွေသာ မေးစရာရှိတာပါ...အပြင်မှာ လက်တွေ့ ကြုံဖူးတာလေးတစ်ခုက ကျနော်တို့ တွေ ကြည့် မြင်တိုင်မှာ ပွဲရုံဖွင့် တုန်းက ကျနော်တို့  အိမ်ပေါ်ထပ်မှာနေတဲ့  မိသားစုက အသက် ၂၀ကျော် ကောင်မလေးတစ်ယောက် နွေညနေစောင်းမှာ အိမ်ခေါင်းလျှော်တယ် သူ့ ဆံပင်က တင်ပါးကျော်တယ် စိုးစန္ဒာထွန်းစတိုင်ပေါ့ ...ပြီးတော့  ရေချိုးပြီးရင် သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလိမ်းတယ်တဲ့ ..အဲ့ ညနေက ဆံပင်ကို မှုတ်စက်နဲ့ တင်အားမရလို့  ပန်ကာရှေ့ ခေါင်းထိုးခံတယ်ဆိုတယ်...အဲ့ ည မှာ ပူပူလောင်လောင် နွေညကြီး အိပ်မောလည်း ကျလို့ သန်းခေါင်းလည်းကျော်ရောတစ်ကိုယ်လုံး ချွေးစီးပြန်အေးစက်ပြီး အတွင်းတက် တက်ပြီး သတိတွေပါတွေ လစ်သွားတာ တော်တော်လေးကို ငဖယ်တေ တောင်အောင် ချိုးဖဲ့  နှိပ်ပြုပြီး အံကြိတ်သွားခြစ်မျက်ဖြူလန်သွားရာကနေ မနဲ ပြန်ချပေးလိုက်ရတယ်..လေဖြတ် မသွားတာကံကောင်းလို့ ဆိုနိုင်တယ်...အဲ့ ကောင်မလေး ခေါင်းလျှော်ရက် မှားမမှားတော့  သူပဲ သိမှာပေါ့ ..အေးပညာအရတော့  အပူနဲ့ အအေးရှော့ ဖြစ် အခိုးငုတ် နောက်တော့ ပြန်ကန်ထွက်ဖို့ ပေါ့ 
သဘောက စည်းကမ်းတွေ တားမြစ်ချက်တွေ ရှိလာရင် ဘာကြောင့် တားမြစ်တယ် အကျိုးဆက်က ဘယ်လောက်အထိ ရှိနိုင်တယ် ဆိုတာမျိုး ကျေလည်အောင်ုဘ၀င်ကျအောင် ဆက်ပြီး ရှင်းပြနိုင်ရင် ပညာရပ်တွေကို ပိုလေးစားလာမယ်ပေါ့ ..ခေတ်က တားယုံ စည်းကမ်းပြောယုံနဲ့  ကျေလည်ငြိမ်ခံပြီး ဟုတ်ကဲ့  ဟုတ်ကဲ့  ကြောက်လိုက်ထှာ ဆိုတာ နဲ့ ပြီးသွားမယ့် ပုံမပေါ်တော့ သလို အမေးသမားတွေက ဖြစ်ခဲ့ တာတွေ သက်သေရှိလား ဖြစ်တန်ရာခြေတွေ တွေးပြောတာလား စသဖြင့် တွေ မေးစရာတွေ ရှိလာသလို့ တန်ဘိုး အယူအဆတွေက ပြောင်းလာနေခဲ့ တာကလည်း စဉ်းစားစရာတွေ ရှိလာပြန်တယ်လို့ ပေါ့ ...
ကျနော် ပြောနေကျတော့ ရှိတယ် ယုံရင်ရှောင် မယုံလည်းသဘောပဲ...ကျနော့် ဆီကတော့  ဆံပင်ညှပ်ခ လာမတောင်းနဲ့  ဒါဗြဲ....အဟီးး...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..