Powered By Blogger

Sunday, April 26, 2015

သုဂတောဂုဏ်တော်..




သုဂတောဂုဏ်တော်..
----------
ဒီ သုဂတော ငါးချက် ဂါထာဟာ စကားအရာနဲ့ ပါတ်သက်တဲ့ သုဂတောဂုဏ်တော်ကို ဖွဲ့ ထားတာဖြစ်လို့  ၃ကြွင်းမဟာဘုတ်နဲ့ မွေးတဲ့ သူတွေနဲ့  သောကြာနံ စကားခိုက် နေရာမှာရှိတဲ့  စနေသားသမီးတွေ အတွက် တစ်သက်တာ အားကိုးဖို့  သီးသန့် အဖြစ် ညွှန်ပေးလေ့ ရှိပါတယ်..ရည်ရွယ်ချက်က ဂါထာတွေမှာ ညွှန်းလေ့ ရှိတဲ့  စီးပွားတက်ဖို့ ဘာညာတွေထက် ( စကားမှားတတ်မှု့ တွေအတွက် ကြိုတင်ဖြေဆေး) အဖြစ် ထုံမွှမ်းထားဖို့  ညွှန်းတာပါ..

ဒီတော့ ဒီလိုကြိုလုပ်ထားတဲ့  ကုသိုလ်တွေ အားကောင်းထားရင် တော်ယုံ စကားအမှားတွေမှာ ပြဿနာနဲသွားမယ် မှားရင်လည်း ပြေလည်တာလွယ်မယ်ပေါ့ ဗျာ...

နောက်တစ်ချက်က တော်ကီတွေ လွှတ်နေရတာ များတဲ့ စီးပွားသဘောတွေ အတွက်လည်း ကိုယ့် တော်ကီတွေ အလုပ်ဖြစ်အောင်လည်း
ဒီ သုဂတော ငါးချက်ကို သီးသန့် အားကိုးနိုင်ပါတယ်ပေါ့ ..စကားစီးအောင်ပေါ့ ..

ပုတီးစိတ်နည်းတွေက အမျိုးမျိုးရှိပါတယ်...ကျနော်လုပ်တဲ့ နည်းက ကိုယ့် အပျင်းရောဂါကြောင့် စိတ်တဲ့ နည်းက ပေါ့ ပေါ့ပါးပါး စိတ်တတ်ပါတယ် စိတ်တဲ့ ပုံက.....

တစ်ကြောင်းကို ပုတီးတစ်လုံးချနဲ့ ပုတီးတစ်ပတ်ပါ..ငါးကြောင်းမို့ ငါးပတ်ဖြစ်တဲ့ အခါ ဂါထာတစ်ပုဒ်လုံးကို ပုတီးတစ်ပတ် စိတ်မိလိုက်သလို တွက်စိတ်တာပါပဲ အဲ့ တော့ မြန်ပြီး ခါးမညောင်း အိပ်မငိုက်ဘူးပေါ့ လေ....

နောက်တစ်နည်းက ဂါထာကို မကြာခဏ အလွတ်ရွတ်တာပါ ခပ်သုတ်သုတ် ၉ ခေါက်ပါ...

နောက်တစ်နည်းက ဒီဂါထာကို ရွတ်ရမှာ ပျင်းတဲ့ အခါ ။ မေ့ နေတဲ့ အခါ ဂါထာကျက်ရမှာ ပျင်းတဲ့ သူတွေအတွက်ဆိုရင် 
'''' သုဂတောသိဒ္ဓိ ''..'' သုဂတောသိဒ္ဓိ ''..'' သုဂတောသိဒ္ဓိ ''..ဆိုပြီး အရဟံကို ပုတီးစိတ်သလို စိတ်ပါတယ် ။ အဲ့ လို စိတ်လည်းဖြစ်တာပါပဲ စိတ်က ရွတ်နေလည်းဖြစ်တာပါပဲ..

နောက်တစ်နည်းက ဥုံ '' သုဂတောသိဒ္ဓိ ''....ဆိုပြီး ရေကို ၉ ခါ မန်းပြီး ကိုယ့် ဟာကိုယ် သောက်တာပါပဲ..( အနှောင့် တွေရှိပုံရတယ်လို့ မသင်္ကာရင် မန်းပြီးလက်နဲ့ တောက်တာ တိုက်တာတွေလုပ်ပါတယ်)

နောက်ဆုံးချုပ်ရရင် ဘာအကြွင်းနဲ့ မွေးပါစေ ဘာနေ့ သားဖြစ်ပါစေ မည်သူမဆို ရွတ်ဆိုပွားများတာ ရေလဲအမျိုးမျိုးနဲ့ သုံးလို့ ရတာချည်းပါပဲဗျာ.ဘုရားစာဟာ အဓိပ္ပါယ်သေခြာမသိပဲ လန့် ပြီး ရွတ်မိ ယောင်မိတာတောင် အလုပ်ဖြစ်ပါတယ်ဆိုတာ ဇာတကတွေမှာတွေ့ နိုင်တာပါပဲ..

ဒုတိယမ္ပိ ထပ်ချုပ်ရရင် ဂါထာတွေပုတီးစိတ်တွေမှာ အရပ်သားသဘော လောကီကြီးပွား စီးပွားသဘောတွေ အတွက်သာ ရည်ရွယ်တဲ့ အခါ မကြာခဏ လုပ်ဖြစ်နေတယ် ရွတ်ဖြစ်နေတယ် ဆိုရင် ဘ၀ခရီးအတွက်လုံလောက်ပြီလို့ ယူပါတယ် 

ဒီတော့  ဒီလို လောကီစီးပွားသမားတွေ ဘ၀ထဲမှာကျင်လည်နေမယ့် သူတွေအတွက်ဆိုရင် အလုပ်မပျက် လူမှု့ မပျက် လုပ်လို့ ရတဲ့ ပေါ့ ပေါ့ ပါးပါးနည်းလေးတွေကိုသာ ရည်ညွှန်းပါတယ်..ကုသိုလ်တစ်ခုလုပ်ဖို့ ကို သောကတွေ စိတ်ဖိအားတွေ ထပ်ရနေတာမျိုး မကြိုက်ပါဘူး ကုသိုလ်တစ်ခုလုပ်ဖို အရေ့း စိတ်ညစ်မသွားစေချင်ပါဘူး...

.ဒိထက်ပိုတဲ့  ဆန္ဒမျိုးတွေဖြစ်တဲ ( ရုပ်ပစ္စည်းအပေါ်အခြေခံတဲ့ တန်ခိုးမဟုတ်ပဲ )စိတ်ပေါ်အခြေခံတဲ့  စိတ်တန်ခိုးတွေရချင်လို့  အိုက်ချလောင်းလုပ်ချင်လို့  ဆိုလာရင်တော့  သမာဓိဖြစ်လာဖို့ လိုပါမယ် သမာဓိဆိုတာ သီလအားပေါ်မှာ အခြေမခံပဲ မထူထောင်နိုင်ပါဘူး...''သီလ''သဘောတွေကို အရင်တည်ဆောက်ရပါလိမ့် မယ် တည်ဆောက်တဲ့  စနစ်တွေ တိကျလာရပါလိမ့် မယ်..ပေါ့ ပေါ့ ပါးပါးနဲ့ ရဖို့ မလွယ်တော့ ပါဘူး.အချိန်တွေဘ၀တွေပေးရပါလိမ့် မယ်ပေါ့ ဗျာ..။

ရုပ်ပစ္စည်းပေါ်အခြေခံတဲ့ တန်ခိုးဆိုတာ လူတွေ အများကြီးကို တစ်ကြိမ်ထဲနဲ့ လေထဲမှာ ပျံသန်းသွားနိုင်အောင် သယ်သွားပေးနိုင်တဲ့ ဂျမ်ဘိုဂျက် လေယာဉ်ပျံကြီးတွေဟာ ရုပ်ပစ္စည်းပေါ်အခြေခံတဲ့ တန်ခိုးလို့ ဆိုလိုတာပါပဲဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..