
ဂြိုလ်ပတ်ယတြာ...အလွယ်စတိုင်
-------------------
မူလနည်းပညာကို လွယ်ကူပြီး ထိလည်းထိရောက်အောင်ခြုံ့ ထားတဲ့ ယတြာပညာပါ .သာမန်အများသိ..ကိုယ့် မွေးနံတစ်ထောင့် ထဲမှာ...(သို့ )စနေထောင့် ပန်းလှုမယ်သဘောထက် ပိုစွမ်းရည်မြင့် ၊ပိုကာကွယ်ခြင်း ပိုကံပွင့် စေခြင်းသဘောရှိသလို အကျိုးသက်ရောက်မှု့ အားမြန်ဆန်လှပါတယ်။ ငွေကုန်သက်သာပြီး တော်ယုံနဲ့ ငွေကုန်များတဲ့  ယတြာတွေသုံးစရာ မလိုပါဘူး..တစ်ခုပဲဆိုစရာရှိတာက အိမ်မှာတော့  မဟုတ်ဘဲ..အရပ်မျက်နှာထောင့် တွေ ပါတဲ့ စေတီပုထိုးတွေမှာ သွားလှုတာပါ..ဘုရားတက်လေ့ တက်ထရှိတဲ့သူတွေကတော့  အလွယ်တကူလုပ်နိုင်မယ်ပေါ့ ဗျာ...နည်းပညာက မခက်လှပါဘူး...။
ဘယ်သူမဆို ကိုယ့် မွေးနံထောင့် ကစပြီး ၁ထောင့် ချင်းစီမှာ လက်ယျာရစ် အညွန့် ၁ညွန့် စီလှုသွားတာပါဘဲ...မွေးနံထောင့် မှာပြန်ဝင်အညွန့် ထပ်လှု အဆုံးသတ်လိုက်ပါတယ်...ဒီတော့  ဂြိုလ် ၈ ခွင်က ၈ထောင့်  မွေးနံမှာ ပြန်ဝင်ဆုံးလို့  မွေးနံအစ မွေးနံမှာဘဲ ပြန်အဆုံးသတ် ၂ ခါလိုမို့ 
တစ်ခါပတ်ရင် အညွန့် ၉ညွန့် သုံးပါတယ်။
ဥပမာ တနင်္လာသားဟာ သပြေ၁ညွန့် စီနဲ့  မွေးနံက စလှုသွားရင် တနင်္လာမှာဘဲပြန်ဆုံးလို့ သပြေ ၉ ညွန့် လှုတဲ့ သဘောပါ..။
၁ပတ်မှာ ၁ရက် (သို့ )၂ပတ် မှာ၁ရက်(သို့ ) ၁လမှာ ၁ကြိမ် လှုဖြစ်ရင်တောင် အတော် လေးဘ၀ဟာ ချာဂျင်မှန်ပြီးလည်ပတ်နေပါတယ်..
နေ့ သားတွေကတော့  ကိုယ့် အညွန့် နဲ့ ကိုယ်လှုသွားတာပေါ့ ...
ကိုယ်စားလှုပေးမယ်ဆိုရင် လှုပေးချင်တဲ့  လူရဲ့  နံတူ မွေးနံ ၁ ညွန့် စီထပ်ကပ်ပေးရပါတယ်...
ဥပမာ....တနင်္လာသားအတွက် ကိုယ်စား လှုပေးလိုရင် သပြေအပြင်..ကံ့ ကော် ၁ညွန့် စီကိုထပ် ကပ်ပေးလိုက်တဲ့ သဘောပါဘဲဗျား..။
တနင်္ဂနွေသားတွေဟာ.....မွေးနေ့ နဲ့  ဗုဒ္ဓဟူး..၁ရက်ရက်မှာ သွားလှုလို့ ရတယ်
တနင်္လာအတွက်က...........မွေးနေ့ နဲ့ ...ကြာသာပတေး..
အင်္ဂါအတွက်က....................မွေးနေ့ နဲ့  သောကြာ...
ဗုဒ္ဓဟူးက ..........................မွေးနေ့ နဲ့  စနေ....
ကြာသာပတေးအတွက်က.........မွေးနေ့ နဲ့  တနင်္ဂနွေ...
သောကြာအတွက်..................မွေးနေ့ နဲ့ ...တနင်္လာ...
စနေအတွက်က........................မွေးနေ့ နဲ့  အင်္ဂါ.....တွေမှာလှုရင်ပိုထက်ပါတယ်..။
တနင်္ဂနွေအတွက်က ယေဘုယျ ကံ့ ကော် ၁ညွန့် စီပါ....၆ကြွင်းဆို..မေမြို့ (သို့ )ပျဉ်းမ
တနင်္လာ...................................ဇီး၊ဇော်စိမ်း...............သုည ကြွင်းဆိုသပြေသုံးပါ
အင်္ဂါ........................................ရွက်လှ.....................၁ကြွင်းဆို ဒန်း၊ထန်းသုံး
ဗုဒ္ဓဟူး....................................မေမြို့ ၊ပျဉ်းမ................၂ကြွင်းဆို အုန်းသုံးပါ
ကြာသာပတေး.........................ကံ့ ကော်၊သီဟို.............၃ကြွင်းဆို ကံ့ ကော်သုံး
သောကြာဆို..........................ဒန်းထန်း.....................၄ကြွင်းဆို..ဇီး၊ဇော်စိမ်းသုံးပါ
စနေဆို...................................အုန်း........................၅ကြွင်းဆိုရွက်လှသုံးပါ..။
ဒီ အလွယ် ဂြိုလ်ပါတ်ယတြာပညာမှာ သတိထားကြည့် ရင် ရှောင်သွားတာက ကိုယ့် မဟာဘုတ်ရဲ့  မရဏအညွန့် ကိုသာ အဓိကထားရှောင်သွားတာ တွေ့ ရပါလိမ့် မယ် ကျန်တဲ့ ပုတိတွေဘင်္ဂတွေ မရှောင်တာ မြင်ရမှာပါ...ဒါဟာ လူတွေအများကြီးရဲ့ အတွေ့ အကြုံတွေ သူတို့ ရဲ့ ပြန်လာတဲ့ အသံတွေကိုနားထောင်ပြီးမှ အားအနဲဆုံး မရဏအညွန့် ကိုသာ ရှောင်ရင် လုံလောက်တဲ့ သဘောတွေ့ ရလို့  ချရေးပြလိုက်တဲ့ သဘောပါ...
အားအနဲဆုံး မရဏအညွန့် ရှောင်တယ်ဆိုတာက ဥပမာ ၆ကြွင်းမဟာဘုတ်သမား တွေရဲ့  မရဏအညွန့် က တနင်္လာနံ ကံ့ ကော် ပါ..ဒီတော့  တနင်္ဂနွေ သိုက်ဖွား အတွက် ကံ့ ကော် ကို ရှောင်လိုက်ပြီး မေမြို့ တို့  ပှဉ်းမတို့ ပိန်းပန်းတို့  စသဖြင့် တွေ ပြောင်းလှုစေလိုက်တဲ့ သဘောပါပဲ....
ပြီးတော့  ဘယ်အချိန် သွားလှုပါဆိုတဲ့  နာရီအတိအကျထည့် မပေးထားပါဘူး..အကြောင်းက ဒီဘက်ခေတ်ရဲ့  သွားသုတ်သုတ် လာသုတ်သုတ် စားသုတ်သုတ် နဲ့ စီးပွားကို ကြက်ယက်သလို အမောဆို့ မတတ်ရှာဖွေနေရတဲ့  သဘောအရ ယတြာတစ်ခုသွားလုပ်ရတာ အချိန်အများကြီးယူရလို့  ယတြာလုပ်ရတာ ခက်ပါတယ်...ဒီတော့  လူအများစု ဘုရားရောက်တာ များတဲ့ အချိန် သွားဖြစ်ဖို့ လွယ်တဲ့ အချိန် မနက်ပိုင်း (သို့ ) ညနေစောင်းတွေ ညဦးပိုင်းတွေမှာ သွားလှုဖြစ်ရင် လုံလောက်ပြီပေါ့ ဗျာ...လုပ်ဖြစ်ခဲ့ သမျှ လူတွေကတော့  အဆင်ပြေတယ်လို့ တော့ ဆိုပါတယ်ဗျား...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..