မဟာဘုတ်ရဲ့  မရဏ အိမ်ရဲ့ သဘော...
===========================
လက်ရိုးနဲ့  အများထင်တာက မရဏ ဆိုတာနဲ့  မကောင်းတော့ ပါဘူး ဆိုပြီး ပုံသေ ယူလိုက်ပါတော့ တယ်....ခေတ်သစ်မဟာဘုတ်မှာတော့  ဒီလို ပုံသေ ခံသာခံလိုက်ပေတော့ လို့  ယူတာမျိုးမဟုတ်တော့ ဘဲ ဒီမရဏ ကို ကိုယ်က ဘယ်လိုဆက်ဆံရင် အဆင်ပြေမလဲ လို့  အသုံးပြုတဲ့ သဘော...သူကို ပြောင်းလဲ လို့ မရ ရင် မိမိကိုယ် မိမိပြောင်းလဲပစ်ပြီး ဒီမရဏနဲ့  ဆက်ဆံလက်တွဲသွားရမယ့် သဘောကို တည်ဆောက်ပါတယ်....ပြောရရင် မိမိမွေးမဟာဘုတ် မရဏဂဏန်းဟာ သူ့ ဆီက ရဖို့  မဟုတ်ဘဲ ပေးဆပ်ခြင်းသဘော နဲ့ ဆက်ဆံတတ်မှ သာ မရဏဂဏန်းကရော ကျန်မဟာဘုတ်အိမ်က ဂဏန်းတွေဟာ အကောင်းသဘောနဲ့ အသက်ဝင်ပြီး၊ မိမိမဟာဘုတ်အိမ်က ဂဏန်းကို သူ့ ဆီက အယူနဲ့ သွားဆက်ဆံရင် မရဏဂဏန်းကရော ကျန် မဟာဘုတ်အိမ်ကဂဏန်းတွေဟာ အဆိုးသဘောနဲ့  ပြန်တုန့် ပြန်တတ်တာကို ဆိုလိုပါတယ်...။
ဥပမာ ဆိုပါစို့ .....၁ ကြွင်း နှစ်မှာ မွေးလာတဲ့  မဟာဘုတ် သမားမှာ သူ့ မရဏ ဟာ ဗုဒ္ဓဟူးနံ ဖြစ်နေတယ် ပေါ့ ...ဒါဆိုမရဏ ကိုရှောင်ရမယ်ဆိုတာနဲ့  ဒီ၁ကြွင်းနှစ်မွေးသမားဟာ ရေမချိုးနဲ့ မသောက်နဲ့  လေ မရှု နဲ့  ဗုဒ္ဓဟူးသားနဲ့ မပေါင်းနဲ့ ဝက်သားမစားရဘူး၊လူ တွေနဲ့ မပေါင်းနဲ့  စသဖြင့် လျှောက်ပြောနေ ရင် သဘာဝလဲ မကျ အဓိပ္ပါယ်လဲမရှိ၊ သုံးစားမရ တဲ့ မဟာဘုတ် ဖြစ်သွားမှာပါ..။
ဆိုလိုတာက ဗုဒ္ဓဟူးနံဆိုတာ လူ နဲ့  လူ့ ပတ်ဝန်းကျင်တစ်ခု လုံးဖြစ်ပြီး ၁ ကြွင်းသမားဟာ ကိုယ်ပတ်ဝန်းကျင် က မိသားစု အပေါင်းအသင်း အကောင်းအဆိုးသုခဒုက္ခ မှန်သမျှ ကိုယ်လွတ်ရုန်းထွက်မပြေးဘဲ အနွံအတာခံ ပြီး ပေါင်းနိုင်ရင် ပံ့ ပိုးပေးနိုင်ရင် ကိုယ့် ဘ၀ဟာ အနာဂတ်မှာ မကြောင့် မကြရဘဲ ရပ်တည်နိုင်မဲ့ သဘော..၊ဒီလိုမှ မဟုတ်ဘဲ ကိုယ့် မိသားစုကအစ ပတ်ဝန်းကျင်ကို ရင့် မယ်၊ ဗိုလ်ကျ စိုးမိုးမယ်၊ အနွံအတာမခံဘဲ တစ်ဘို့ ထဲကြည့် မယ်ကြံမယ်.ရိုင်းပြမယ်.ဆိုရင် ဘ၀အသက်ရလေ..ချို့ တဲ့ လေဖြစ်ပြီး သူများက လုပ်ကြံရိုက်နှက်လို့ တောင်မှ အသက်ကို ထိခိုက်တတ်လာတဲ့ သဘော..။
ဗုဒ္ဓဟူးနံ မရဏ ဖြစ်လို့ ရေသန့် ရောင်းမစားရဘူးလို့ အပိတ်အဆို့ စကား ဆိုတာထက် ရေသန့်  လဲ ရောင်းပါ ရေတွင်းရေအိုးလဲလှုပါ..ဆိုပြီးကိုယ်တစ်ယောက်ထဲမစား အများကိုဝေမျှစားတဲ့ သဘော၊ ဒီလိုမဟုတ်ဘဲ ၁ ကြွင်းသမားဟာရေသန့် ရောင်းတယ်ဖြန့် တယ် ကိုယ့် အိပ်ထဲဘဲထည့် မယ် ဆိုရင် လေဖြတ်ပြီးသေနိုင်တယ် (ဗုဒ္ဓဟူးနံရောဂါပြန်ဖြစ်ပြီး).၊ဒါကြောင့်  ရွေဆိုင်ချည်းဖွင် တာထက်ရွှေပန်းတိမ်ပါတွဲပါ...ဘုရားတွေလိုက်လိုက်ပြီးရွှေသင်္ကန်းကပ်ပူဇော်ပေးပါလို့  မှာတဲ့ သဘော...
ဗုဒ္ဓဟူးသားနဲ့ သွားမပေါင်းနဲ့ ဆိုတာထက် ကိုယ်ပေါင်းစိတ်ခွာပေါင်း..ထွက်ပေါက်နဂိုထဲက ထားပေါင်း၊ ထိပ်တိုက်မတွေ့ အောင်ပေါင်း..၊ အနွံအတာ ကျန်နေ့ သားတွေထက်ခံပြီးပေါင်း ၊အခြေအနေမဟန်ရင် ဝေးဝေးသာနေ စသဖြင့် မှာတဲ့ သဘောဟာ ကျနော်တို့ ဗေဒင်အချုပ်မဟာဘုတ်ပညာရဲ့  ခေတ်သစ် သဘောပါ...ဆိုလိုတာက မဟာဘုတ်ဟာ အသေ....ပြုပြင်လို့ ရတာက လူ အရှင် သဘောကိုသွန်သင်မြင်တတ်ရမဲ့ သဘောပါ..။ဥပမာ အားဖြင့်  ဗုဒ္ဓဟူး မရဏ မှာ ထိုင်တော့  တစ်ခြားမဟာဘုတ် ဖွားတွေထက်..လိပ်ခေါင်းရောဂါ၊၀မ်းချုပ်ရာက စတဲ့ ရောဂါ တွေ.ပိုဖြစ်လွယ်တာ၊၊သွားလေ့ မရှိတဲ့ ရေလမ်းခရီးစဉ်တွေဆို သတိထားမယ်၊ ဒီလိုဘဲ ရင်ကျပ်ရင် ကြာကြာခံရတတ်တာတွေကို သတိပေးတာဟာလည်းမရဏကို သတိထားဆက်ဆံတဲ့ ပညာအရှင် သဘောပါ...။
ဒါတွေရေးပြတာဟာ...တကယ့်  မဟာဘုတ်ရဲ့ သဘာဝတွေဘဲ ဖြစ်ပါတယ်...မရဏ အိမ်ကဂဏန်းကို မင်း အဆိုးနေမလား ဒီလို တုန့် ပြန်ခံရမယ်...အကောင်းကျင့် သုံးမလား ဒီလို အစားပြန်ပေးမယ်ဆိုတဲ့  လမ်း၂သွယ်ကိုကိုယ်တိုင်ရွေးလျှောက်နိုင်တဲ့ အကြောင်း...။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..