'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, September 7, 2016
အဲ့ ဒီည
အဲ့ ဒီည
--------
မှတ်မှတ်ရရ ကိုယ့် မိသားစုထဲမှာ နာရေး သဘော ပထမဆုံး စကြုံဖူးတဲ့ ညပေါ့ ...ပြည်က အဖွားရဲ့  နာရေးပါ... အဖွားက ကျနော့်  ရှင်ပြုအတွက် တစ်လလောက်အကြိုထဲက ကျနော်တို့ ရန်ကုန်အိမ်ကို လာပေးနေခဲ့ တာ....
အဲ့  ရှင်ပြု မတိုင်ခင် လ၀က်လောက်အလို..တစ်မနက်မှာပေါ့ ..ကျနော်တို့ မြေးတွေ ရဲ့ ပူဆာမှု့ ကြောင့်  အဖွားဟာ ကျနော်တို့  မြေးတွေကိုကြာဆန်နဲ့ ဝက်သားရော ကြော်ကျွေးခဲ့ တယ်.အဖွားရဲ့ အကြော်လက်ရာ အစပ်အဟတ်က သိပ်ကောင်းတယ်လေ ဒီတော ကျနော်တို့ မြေးတွေက အဖွားမြို့ လာတုန်း ပူဆာတဲ့  သဘောပေါ့ အဖွားလည်း ကျနော်တို့ မြေးတွေနဲ့ ရော နဲနဲ စားတယ်ပေါ့ လေ...
အသက်ရ လောကဓံ အပြင်းစားတွေနဲ့ ကြုံတွေ့  ဘ၀ကိုခက်ခဲကြမ်းတမ်းစွာနဲ့ ဖြတ်သန်းခဲ့ ရတဲ့ အဖွား... အဲ့  ည သန်းခေါင်နားနီးမှာ ကျပ်တယ် ကျပ်တယ် နဲ့  အသက်ရှုမ၀ ဖြစ်လို့ ..အမောထဖေါက်..
တစ်ခါတုန်းက မျက်လှည့် ဝိုင်းထဲမှာ (၃) (၄ နိဂုံးပိုင်း )
တစ်ခါတုန်းက မျက်လှည့် ဝိုင်းထဲမှာ (၃)
-----------------
အဲ့ အိမ်တွင်းနတ် ဘောင်းတော်စ အနီရောင် တစ်တောင့် ထွာလောက်ကနေ ဘယ်လို ဘယ်လို မတိုမရှည် မြွေ အလတ်စားတစ်ကောင် ဖြစ်သွားလဲ ဥာဏ်မမှီခဲ့ သလို နောက် ဥာဏ်မမှီခဲ့ တဲ့ ပြကွက်တစ်ခုက အဲ့ သွပ်လုံးရှည်ပြောင်းနဲ့ ဖုံးထားတဲ့ အောက်မှာပဲ အင်္ဂါစုံတဲ့ ကွမ်းရွက်ကြီးတစ်ရွက်ထည့်  အုပ်ထားပြီး ပြန်ဖွင့် တော့  ကွမ်းရွက်နေရာမှာ ဖားပြုတ်ကြီးတစ်ကောင် ငုတ်တုတ်ကြီးဝပ်လျက်သားရောက်နေတာမျိုးလဲပါတယ်
နောက် အံ့ သြစရာပြကွက်တစ်ခုက သူယူလာတဲ့ ထန်းခေါက်ဖာထဲ ဆယ်သုံးလေးနှစ့် အရွယ် သူ့ တပည့် တစ်ယောက်ကို ၀င်ခွေ အိပ်စေပြီး အဖုံးပြန်ပိတ် ပြီးမှ လေးဖက်လေးတန်ကရော အပေါ်ကပါ ကျပ်လုံးလောက်ရှိမယ်ထင်တဲ့ သံလှံတွေ ဆယ်ချောင်းကျော်လောက်နဲ့  ဖာ အောက်က မြေကြီး စိုက်သွားအောင် တစ်ချောင်းပြီးတစ်ချောင်းထိုးစိုက်ပြတဲ့  ပြကွက်ပါပဲဗျာ...အဲ့ ပြကွက်မှာ မျက်လှည့် ဆရာက လှံတစ်ချောင်း ဟိုဖက်ဒီဖက် ထုတ်ချင်းပေါက်အောင် ထန်းခေါက်ဖာထဲထိုးစိုက်လိုက် အထဲမှာ ရှိသေးရဲ့ လားဟေ့  လှုပ်ပြစမ်းဆို အထဲက ဖာကို လှုပ်ပြလိုက်ပေါ့ ..
.ကြည့် နေရတာ အတော်အသည်း ယားစရာအတော် ကောင်းတယ် ဖာထဲ ကွေးဝင်အိပ်နေတဲ့ လူ ဘယ်လိုမှ ရှောင်မရလောက်ဘူးအထိ တွေးစရာဖြစ် မြင်နေရတာမျိုး... အသံထွက်ပြခိုင်းတော့ လည်း ရှိပါတယ်ခမျ...လို့ ဖာကို လှုပ်ပြပြီး အော်ပေးသေးတယ်

တစ်ခါတုန်းက မျက်လှည့် ဝိုင်းထဲမှာ (၁) (၂)
တစ်ခါတုန်းက မျက်လှည့် ဝိုင်းထဲမှာ (၁)
----
ကျနော်တို့ ငယ်ငယ်တုန်းက ( ၇၀ခုနှစ်တွေ ၀န်းကျင် တစ်ဝိုက်က ရန်ကုန်မှာ) ( လသာလမ်းမတော်ဖက်မှာ အများဆုံး ) လမ်းဘေး မျက်လှည့် ဝိုင်းတွေ အတော်ခေတ်စားခဲ့ ဘူးတယ် လမ်းဘေးဆိုပေမယ့် ဖြစ်ကတတ်ဆန်းတော့ မဟုတ်ခဲ့ ဘူး ၀ိုင်းကြည့် နေကြတာ တစ်ခါတစ်ခါ လူအယောက် လေးငါးဆယ်လောက်အထိကိုများသွားလို့  တစ်ချို့ မျက်လှည့် ဆရာရဲ့ လေကြောထဲ မျောသွားလို့  မျက်လှည့် ဝိုင်းမှာခါးပိုက်နှိုက်ခံလိုက်ရတဲ့ သူတွေတောင်ရှိခဲ့ တယ်။ မျက်လှည့် ဆရာတွေအပြောကောင်းချက်က ခဏဆိုပြီး ၀င်ကြည့် လိုက်တာ အိမ်ပြန်ချိန်ကိုတောင်မသိတော့ ဘူး ဆိုတာမျိုး ကိုယ်သွားရမယ့် လာရမယ်
့ကိစ္စတွေအမေခိုင်းလိုက်တဲ့ ကိစ္စတွေ ဈေးဝယ်ဖို့ ခြမ်းဖို့ ကိစ္စတွေ ကျောင်းနောက်ကျတာတွေတောင်ဖြစ်ကုန်တဲ့ အထိပေါ့ ..

Subscribe to:
Posts (Atom)