Powered By Blogger
Wednesday, September 7, 2016
တစ်ခါတုန်းက မျက်လှည့် ဝိုင်းထဲမှာ (၃) (၄ နိဂုံးပိုင်း )
တစ်ခါတုန်းက မျက်လှည့် ဝိုင်းထဲမှာ  (၃)
-----------------
အဲ့ အိမ်တွင်းနတ် ဘောင်းတော်စ အနီရောင် တစ်တောင့် ထွာလောက်ကနေ ဘယ်လို ဘယ်လို မတိုမရှည် မြွေ အလတ်စားတစ်ကောင် ဖြစ်သွားလဲ ဥာဏ်မမှီခဲ့ သလို နောက် ဥာဏ်မမှီခဲ့ တဲ့ ပြကွက်တစ်ခုက အဲ့ သွပ်လုံးရှည်ပြောင်းနဲ့ ဖုံးထားတဲ့ အောက်မှာပဲ  အင်္ဂါစုံတဲ့ ကွမ်းရွက်ကြီးတစ်ရွက်ထည့်  အုပ်ထားပြီး ပြန်ဖွင့် တော့  ကွမ်းရွက်နေရာမှာ ဖားပြုတ်ကြီးတစ်ကောင် ငုတ်တုတ်ကြီးဝပ်လျက်သားရောက်နေတာမျိုးလဲပါတယ်
နောက် အံ့ သြစရာပြကွက်တစ်ခုက သူယူလာတဲ့ ထန်းခေါက်ဖာထဲ  ဆယ်သုံးလေးနှစ့် အရွယ် သူ့ တပည့် တစ်ယောက်ကို ၀င်ခွေ အိပ်စေပြီး အဖုံးပြန်ပိတ် ပြီးမှ လေးဖက်လေးတန်ကရော အပေါ်ကပါ ကျပ်လုံးလောက်ရှိမယ်ထင်တဲ့ သံလှံတွေ ဆယ်ချောင်းကျော်လောက်နဲ့  ဖာ အောက်က မြေကြီး စိုက်သွားအောင် တစ်ချောင်းပြီးတစ်ချောင်းထိုးစိုက်ပြတဲ့  ပြကွက်ပါပဲဗျာ...အဲ့ ပြကွက်မှာ မျက်လှည့် ဆရာက လှံတစ်ချောင်း ဟိုဖက်ဒီဖက် ထုတ်ချင်းပေါက်အောင် ထန်းခေါက်ဖာထဲထိုးစိုက်လိုက်  အထဲမှာ ရှိသေးရဲ့ လားဟေ့  လှုပ်ပြစမ်းဆို အထဲက ဖာကို လှုပ်ပြလိုက်ပေါ့ ..
.ကြည့် နေရတာ အတော်အသည်း ယားစရာအတော် ကောင်းတယ် ဖာထဲ ကွေးဝင်အိပ်နေတဲ့ လူ ဘယ်လိုမှ ရှောင်မရလောက်ဘူးအထိ တွေးစရာဖြစ် မြင်နေရတာမျိုး... အသံထွက်ပြခိုင်းတော့ လည်း  ရှိပါတယ်ခမျ...လို့ ဖာကို လှုပ်ပြပြီး အော်ပေးသေးတယ် 
အဲ့ မှာ အချိန်က တအားကြာလာတော့  လူတွေက ကျဲလာရော အဲ့ မှာ မျက်လှည့် ဆရာလည်း ဟိုလိုဒီလိုလို မှိုလိုလို မျှစ်လိုလို နဲ့ ဝိုင်းသိမ်းသွားတော့  ဘောင်းတော်စကဖြစ်တဲ့  မြွေက သူ့ မြွေသေတ္တာ သေးသေးလေး
အလွတ်လေးထဲ ကောက်ထည့်  ဖားပြုတ်ကြီးက အဖုံးနဲ့ ပလိုင်းပုလေးထဲကောက်ထည့်  သွားပါလေရောဗျာ...မြွေကနေ ဘောင်းတော်စ ဖားပြုတ်ကြီးကနေ ကွမ်းရွက် ပြန်လုပ်မပြသွားဘူးပေါ့ လေ..( အတွေးက ငယ်ကတည်းက အဲ့ လို ကန့် လန့် တွေးတာမျိုး )
အထူးဆန်းဆုံးပြကွက်က  ဖာထဲကကောင်လေးကို  မျက်လှည့် ဆရာက ၀ိုင်းအပြင်ဖက် ကျော်ကြည့် ပြီး တပည့် ရေ လာတော့ ဟေ့ လို့ ဆိုတော့  အဲ့ ကောင်လေးက ဟုတ်ကဲ့ ဆရာလာပါပြီဆိုပြီး အပြင်ကနေ၀ိုင်းထဲ ၀င်ချလာတော့တာပါပဲ  အဲ ဖာတောင်းမှာစိုက်ထားခဲ့ တဲ့  လှံတွေကို ပြန်ဆွဲချွတ်သိမ်းသွားပေမယ့်  ဖာတောင်းကိုတော့  ပြန်ဖွင့် ပြမသွားခဲ့ ဘဲ ဒီအတိုင်း ကောက်သိမ်းသွားတာမျိုးပဲ ( ခုခေတ်လိုဆို  ဖာထဲကကောင်လေးက ရုပ်တူ အမြွှာညီအစ်ကိုများ ရှိသလားဘာလားပေါ့ လေ)
လက်တိုဝတ်ပြထားတဲ့  အကြောင်းက ကာယ စွမ်းတယ်ဆိုတဲ့  အဆောင်ရုပ်ကို မရောင်းခင်မှာ မျက်လှည့် ဆရာက သူ့ အဆောင်ရုပ် ဘယ်လောက်စွမ်းကြောင်း သူ့ ကိုယ်သူ ဓားနဲ့ ခုတ်ပြ လှီးပြတဲ့ ပြကွက်တွေကို အရင် လုပ်ပြတာ..ဘီစကစ်မုန့် ထည့် တဲ့ လေးထောင့် သံဗူးပြားလေးထဲက အဆောင်ရုပ်တစ်ရုပ်ကိုယူ  သူ့ ပါးစောင်ထဲငုံ ..အင်းကျီ ရင်ဘတ်ဟ ဓားရှည်တစ်လက်နဲ့  သူ့ ဗိုက်ကို အားနဲ့ ထိုးစိုက်ပြလိုက် ( မပေါက်ပေါ့ လေ ချက်တည့် တည့် အလယ်ခေါင် ထိုးတာတော့  မမြင်မိပါဘူး )  သူ့ ပေါင်ကို လှီးပြ  အနီစင်းပဲထွက်လာတယ် မပြတ်ပေါ့  ဓားက မြိနေကြောင်းက စက္ကူတို့ ပိတ်စတို့ ကို ဖြတ်ပြလိုက်သေးတယ် လူတွေကို အသွားတွေကို လိုက်စမ်းကြည့် ခိုင်းလိုက်သေးတယ်..၊ နောက် လက်တစ်တောင်ဆစ်ခွက်မှာ ဓားတင် လက်မောင်းကွေးညှပ် ပြီးမှ  ရွမ်းကနဲ ရွှမ်းကနဲ ပြန်ဆွဲထုပ်ပြ  လက်မပြတ်ပေါ့ လေ...သဘောက သူ့ အဆောင်ရုပ်လေးတွေက ကာယတကယ်စွမ်းပါတယ် ပေါ့ လေ....
အဲ့ မှာ လူတွေက အံ့ တွေ သြနေပြီပေါ့ ..လိုချင်မျက်စိတွေလည်း ဖြစ်လာပြီပေါ့   အဲ့ မှာ သူက ဘာသီလတစ်ခု ညာသီလ တစ်ခုတော့ လျှောင်ရပါတယ် မိတ်ဆွေတို့  ဘာညာလေလုံးလေးတွေက ပစ်လိုက်သေးတယ်...နောက် ဓားနဲ့ စမ်းပြတာရပ်ပြီး သူ့ လက်ဖျံတွေကိုဘရိပ်ဓားနဲ့ လှီးပြလို့  မပြတ်သွားတာ  တွယ်ချိတ်ကြီး က အပ်ကြီးနဲ့  ဖြန်းကနဲ သူ့ လက်ဖျံပုတ်ပြီး
ထိုးစိုက်ပြပြီး ပြန်ဆွဲနှုတ်ပေမယ့်  သွေးမထွက်တာတွေလည်းပါသေးတယ်....နောက်တော့  ၀ိုင်းကြည့် နေတဲ့  အပြင်က မိတ်ဆွေတွေ ကိုယ်တိုင်စမ်းသပ်ချင်ရင် စည်းဝိုင်းထဲ ကြွခဲ့ ပါခမျ ဆိုပြီး ထလုပ်ပါရောဗျာ...
အဲ့ မှာ...ကျနော်နဲ့   တစ်ခါတုန်းက မျက်လှည့် ဝိုင်းထဲမှာ ဇာတ်ထုပ် ဖြစ်လာတော့ တာပါပဲဗျာ.....
---------
နောက်အပတ်ဇာတ်သိမ်းမည်....ဟီးဟီး....နောက်တစ်ပိုင်းဆို အမှန်အကန်ပြီးပါပြီ..ငိငိ  😁
------------------------------------------------------------------------------------
တစ်ခါတုန်းက မျက်လှည့် ဝိုင်းထဲမှာ  (၄) (  ဒီတစ်ခါ တကယ် နိဂုံးပိုင်းလေးပါ   ငိငိ  )
------------
မျက်လှည့် ဆရာက သူ့ ကာယပီးအဆောင် တကယ်စွမ်းကြောင်း စည်းဝိုင်းထဲလာပြီး ကိုယ်တိုင်လာ စမ်းကြည့် နိုင်ပါတယ်  မိတ်ဆွေတို့  စမ်းလိုတဲ့ မိတ်ဆွေများ လက်ကလေးထောင်ပြလိုက်ပါ ကျနော့် အဆောင်ရုပ်ကို အခကြေးငွေမယူပဲ မေတ္တာနဲ့  ဒါနပြုပါမယ်လို့ လည်း ပြောလိုက်ရော ပရိသတ်ကြီး တုတ်တုတ်မှ မလှုပ်တော့ ဘူးဖြစ်သွားရော တစ်ယောက်မျက်နှစ်နှာ တစ်ယောက်ကြည့် ကာတွေ ဖြစ်ကုန်ရော.ဟုတ်တာပေါ့  ဖရီးမျက်လှည့် ဝိုင်းမို့ လို့ သာ သွားရင်းလာရင်း လမ်းကြုံလေး  ၀င်စပ်စုနေတာ အဲ့ လောက်ကြီးတော့ လည်း သတ္တိမကောင်းပြနိုင်ပါဘူးပေါ့  မတော်လို့  လက်ပြတ်သွား ဘယ်နှယ့် လုပ်မလည်းနော့့် အလကားမရလည်း နေပါစေတော့  အစမ်းသပ်တော့ မခံနိုင်ဘူးပေါ့ လေ
 အဲ့ မှာ ကျနော်က ရှေ့ ဆုံးကထိုင်ကြည့် နေရာက သူ့ အဆောင်ရုပ်ကို လိုချင်တာ ငမ်းငမ်းတက်ဖြစ်လာနေပြီ  ယောက်ျားလေးတွေသဘောပေါ့  ဘာပီးဆေး ညာပီးဆေးဆို ဟုတ်ဟုတ်မဟုတ် သိပ်သဘောကျပေါ့ လေ
အဲ့ မှာ လက်က မထောင်ရဲထောင်ရဲ သူများထောင်နိုးနိုး ကိုယ်က ခလေးဆိုတော့  အရာသွင်းပါ့ မလား တွေက တွေးပူနေသေးတာ...( ၆တန်း၇တန်းအရွယ်လောက်ပါ သဲတလူးလူး ဖုံအပေပေ မဲမဲသဲသဲလေးပေါ့ လေ).
.အဲ့ မှာ မျက်လှည့် ဆရာက  လူကြီးတွေက မလှုပ်တော့  ကျနော့်  ဖင်တကြွကြွ ဖြစ်နေတဲ့  အမူအယာကို သတိထားမိသွားပြီး....သား လာစမ်းမလား စမ်းချင် လာခဲ့ ကွ မင်းက သတ္တိရှိပုံရတယ်ကွလို့ လည်း ကျနော့် ကို လှမ်းပြောလိုက်ရော .ဘာပြောကောင်းမလဲ  မစွမ်းရင်းကလည်းရှိ  ကန်စွန်းခင်းကလည်း ငြိ ဆိုသလိုပဲ နှစ်ခါမခေါ်ရဘူး...၀ိုင်းထဲ သုတ်ကနဲရောက်သွားပါလေရော....
အဲ့ မှာ မျက်လှည့် ဆရာက ကျနော့် ခေါင်းလေးပွတ် ပုခုံးလေးဖက် သားအမည်ဘယ်လိုခေါ်လည်း အသက်ဘယ်လောက်ရှိပြီလည်း ဘယ်မှာနေလည်းကွ သားက ဘယ်နှစ်တန်းရောက်ပြီလည်းတွေ သားက  သတ္တိကောင်းပုံရတယ်  ယောက်ျားဆိုတာ ဒါမျိုးမှသားရဲ့  တွေ ဘာတွေ ပြောတော့  ကျနော့် တုန်နေတဲ့ ရင်က ငြိမ်သွားပြီး ရှက်ကိုးရှက်ကန်းတွေပျောက် လူက ရဲလာတယ်  ငါကွ တွေ ဘာတွေဖြစ်လာတော့တာမျိုးပေါ့ လေ..
အဲ့ မှာ သူက သားလက်ကလေး လက်သီးလေးဆုတ်ပြီး ဆန့် ပြလိုက်ကွာဆိုတော့  ကျားဘသားပဲ ကျစ်ကျစ်ပါအောင် ဆုပ်ပြီးဆန့် ပြလိုက်တာပေါ့ အဲ့ မှာ မျက်လှည့် ဆရာက ကျနော့် လက်ဖ၀ါးထဲ အဆောင်ရုပ်ကလေးတစ်ရုပ်ထည့် ပြီး ပြန်ဆုပ်ထားခိုင်တော့  ကျနော်လည်း ခပ်တင်းတင်းဆုပ်ထားလိုက်ရော...အဲ့ မှာ မျက်လှည့် ဆရာက ကျနော့်  လက်ဖျံလေးကို တဖြန်းဖြန်း ပုတ်လိုက်ပြီး  သား မကြောက်နဲ့ 
အဲ့ မှာ မျက်လှည့် ဆရာက ကျနော့် လက်ဖျံထဲ တွယ်ချိတ်အပ်ကြီးကို ဖတ်ကနဲ ဆို စိုက်ချလိုက်ပါရောဗျ....ဆရာဝန်က စကားတပြောပြောနဲ့  တင်ပါးလေးကို ပုတ်ပြီး ဆေးထိုးအပ် ဖတ်ကနဲ စိုက်ချလိုက်တာမျိုးနဲ့ တူတယ်၊ အဲ့ မှာ အပ်စိုက်သွားတာ နာကိုမနာလိုက်ဘူး  ပြီးတော့  ကျနော့် လက်ကို အပ်စိုက်လျက်သားကနေ  အများမြင်အောင် ထောင်ပြလိုက်သေးတယ်...ဘာညာ ဘာညာတွေပြော သား နာသလားတဲ့  မနာတာ မနာဘူးပေါ့   ကျနော်က အဲ့ မှာ ကာယပီးတဲ့ အဆောင်ရတော့ မယ်ဆိုပြီး သဘောတွေ ကျနေပြီ...ဖြတ်ကနဲပြန်ဆွဲနှုတ်လိုက်ပြီး  သား ဦးကို ကူညီတာ ကျေးဇူးတင်တယ်ကွာ  အဲ့ အဆောင်လေး သားအတွက်ကွ ဆောင်ထားကွတဲ့ ..
ပြီးလည်းပြီးရော အဲ့ မျက်လှည့်ဆရာ အဲ့ အဆောင်ရုပ်လေးတွေကို မိတ်ဆွေတို့ အတွက် ဒါနပြုတာပါ နဲ့ လိုက်ဝေ ပြီးမှ အဲ့ အဆောင်ရုပ်ထည့် ဖို့  ရေမွှေးပုလင်းတွေ ရောင်းပေါ့  အဲ့ မှာ လူတွေ ၀ယ်လိုက်ကြတာ မနဲဘူး အဲ့ မှာ မျက်လှည့် ဆရာလည်း ပြုံးပြုံး ပြုံးပြုံးနဲ့   ပွဲခံသွားရောဆိုပါတော့ 
အဲ့ မျက်လှည့် ဝိုင်းအပြီးမှာ အိပ်ပြန်တော့  ခြေထောက်တွေက မြေကြီးနဲ့ တောင် ထိတယ်မထင်တော့ ဘူး  တက်ကြွနေချက်က  အဆောင်လေးကို တယူတယပေါ့   လက်ဖျံကလည်း နဲနဲ နီရောင်သန်းနေတာကလွဲလို့ 
မနာဘူး ဘာမှမဖြစ်သလိုပဲဆိုတော့  ပီတိတွေဖြာနေလို့ ပေါ့ လေ...။  နောက် တစ်နေ့ ကြတော့  အဲ့ အဆောင်ကို ကိုယ်တိုင်စမ်းကြည့် ချင်စိတ်ကပေါက်လာရော..အဲ့ မှာနောက်ဖေးခန်းလေးထဲမှာ ဘယ်သူမှမရှိတုန်း
မျက်လှည့် ဆရာ ပေးလိုက်တဲ့ အဆောင်လေးကို ဘယ်လက်မှာ ဆုပ်  အမေ့ ဘော်လီအင်းကျီက တွယ်ချိတ် အလတ်စားလေးကို ယူ ကိုယ့် လက်ဖျံကိုယ်  မျက်လှည့် ဆရာ လုပ်တဲ့ ပုံစံအတိုင်း တဖြန်းဖြန်းပုတ်ပြီး
အပ်နဲ့  ဖတ်ကနဲ ထိုးကြည့် လိုက်တာ......
အကျိုးနဲ....နာလိုက်တာ အားးးး.....ကနဲပဲ...နာလွန်းလို့  အပ်ကို ချက်ချင်းဆွဲနှုတ်လိုက်တာ သွေးက အလုံးလိုက်တက်လာပါရောဗျာ..နာချက်က မျက်ရည်တွေဆိုတာ အလုံးလိုက်  အသံထွက်ပြီးလည်း မငြီးရဲ  လက်ဖျံကို တအားတွေပြန်ဖိထား ရေဘုံဘိုင်ခေါင်းအောက်လက်ထိုးခံ  ရေတွေ ဖွင့် ချလောင်းပေါ့ .. ..အဲ့ မှာ...ကိုယ့် ဒုက္ခနဲ့ ကိုယ် ဆိုတာ အဲ့ တာမျိုးပေါ့ .. မျက်လှည့် ဝိုင်းထဲမှာတော့  ဘာမှမဖြစ်ပဲ ကိုယ့် ဟာကိုယ် အိမ်မှာ စမ်းတော့ မှဘယ်လိုဖြစ်လို့ မစွမ်းတော့ တာလည်းမသိပေါ့ လေ..စိတ်ထဲကတော့  အဲ့ မျက်လှည့် ဆရာကို ကျိတ်ဆဲချည်းနေတော့ တာ...အဲ့ မှာ အပ်ပေါက်ရာကို ဆနွင်းတွေသိပ်ပြီး ပတ်တီးလေးစည်းထားလိုက်ရတော့ တယ်
အမေက လက်က ဘာဖြစ်တာလည်း မေးတော့  ကျောင်းမှာဘာညာပေါ့ လေ  ဒီလိုပဲ သားသမီးတွေဆို ငယ်တုန်းမှာ မအေဖအေကို ဒီလိုပဲ  လိမ်ရတာပေါ့   အဲ လိမ်မိတတ်တာပေါ့  အမေအေဖ ဆူမှာကြောက်တာကိုး.. အဲ့ ကိုယ့်  လက်ကိုယ်  ကညော့ တဲ့ ကိစ္စက ချက်ချင်း မပျောက်ဘူး နောက်နေ့ ကြတော့  ညှော်မိပြီး ရောင်လာသေးတယ် .. ပြီးတော့  အဲ့ လက်ဖျံလေး နာနေတာ တစ်ပတ်မကဘူး... ကျနော်က လူကသာ ကြီးကောင်ဝင်လာစ  အရပ်ထွက်လာစ  ကလန်ကလားဖြစ်လာနေတာ  အသက်နဲ့ စိတ်က ခလေးအရွယ်ပဲရှိသေးတော့  အဲ့ မျက်လှည့် ဆရာကို ဘာညာကွကွတွေလည်း ပြန်သွားမပြောရဲခဲ့ ပါဘူး...
တစ်ခါတုန်းက မျက်လှည့် ဝိုင်းထဲမှာ ဆိုတဲ့  ဘ၀တစ်ကွေ့  အတွေ့ အကြုံလေးပေါ့ လေ...
-------
ပြီး၏...ငိငိ   😁
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..