'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, September 7, 2016
အဲ့ ဒီည
အဲ့ ဒီည
--------
မှတ်မှတ်ရရ ကိုယ့် မိသားစုထဲမှာ နာရေး သဘော ပထမဆုံး စကြုံဖူးတဲ့ ညပေါ့ ...ပြည်က အဖွားရဲ့  နာရေးပါ... အဖွားက ကျနော့်  ရှင်ပြုအတွက် တစ်လလောက်အကြိုထဲက ကျနော်တို့ ရန်ကုန်အိမ်ကို လာပေးနေခဲ့ တာ....
အဲ့  ရှင်ပြု မတိုင်ခင် လ၀က်လောက်အလို..တစ်မနက်မှာပေါ့ ..ကျနော်တို့ မြေးတွေ ရဲ့ ပူဆာမှု့ ကြောင့်  အဖွားဟာ ကျနော်တို့  မြေးတွေကိုကြာဆန်နဲ့ ဝက်သားရော ကြော်ကျွေးခဲ့ တယ်.အဖွားရဲ့ အကြော်လက်ရာ အစပ်အဟတ်က သိပ်ကောင်းတယ်လေ ဒီတော ကျနော်တို့ မြေးတွေက အဖွားမြို့ လာတုန်း ပူဆာတဲ့  သဘောပေါ့ အဖွားလည်း ကျနော်တို့ မြေးတွေနဲ့ ရော နဲနဲ စားတယ်ပေါ့ လေ...
အသက်ရ လောကဓံ အပြင်းစားတွေနဲ့ ကြုံတွေ့  ဘ၀ကိုခက်ခဲကြမ်းတမ်းစွာနဲ့ ဖြတ်သန်းခဲ့ ရတဲ့ အဖွား... အဲ့  ည သန်းခေါင်နားနီးမှာ ကျပ်တယ် ကျပ်တယ် နဲ့  အသက်ရှုမ၀ ဖြစ်လို့ ..အမောထဖေါက်..
နောက် တော့  သိခဲ့ တယ် ကြာဆန်ကြော်နဲ့  ၀က်သားက နဂိုကို နှလုံးသွေးကြော ကျဉ်းစပြုနေသူတွေကို ဒုက္ခပေးတတ်ပါလားဆိုတာ..ကျနော်တို့ တွေရဲ့ အသိထဲမှာ ကြာဆန်ကြော်နဲ့  ၀က်သား အတွဲဟာ အဆင်မသင့် ရင် နှလုံးကျပ်ပြီး သေတတ်ပါလားလို့  အစွဲဝင်သွားပြီး အတော်ဖြုံစရာကောင်းတဲ့ အစားအသောက်ပဲလို့  တွေးလန့် သွားတာအတော်ကြာပါတယ်...
ဒီ ကြာဆန်ကြော်ဆိုတာ ၀မ်းထဲရောက်ရင် တစ်စတစ်စ ပွလာတဲ့ အစာမျိုးပေါ့  ၀က်သားအဆီဆိုတာ ခဲတတ်တယ် နေ့ အပူဓာတ်ရှိနေချိန် မသိသာသေးပေမယ့်  ညသန်းခေါင်ယံလွန် အအေးဓာတ်စဖွဲ့ လာချိန်မှာ ကိုယ်တွင်းက ၀က်ဆီတွေဟာ ခဲလာတာပျစ်လာတာမျိုးလို့  ဆိုတယ်
အဲ့ ည သန်းခေါင်းစွန်းလေးမှာ အဖွားက အပေါ်ထပ်ကနေအောက်ကို ဖြေးဖြေးလေးဆင်းလာပြီး အိမ်ရှေ့ မှာထိုင်ပြီး '' ကျပ်လိုက်တာ သမီးရယ် '' လို့ ကျနော်တို့ အမေကို လှမ်းပြောတယ် အဲ့ အချိန် ကျနော်တို့ အမေနဲ့ အဖေက ကျနော့် ကို ရှင်ပြု အလှုတော်မင်္ဂလာလုပ်ဖို့  တိုင်ပင်နေကြချိန် အစီအစဉ်တွေချနေချိန် အလုပ်တွေများနေချိန်မို့ မအိပ်ကြသေးဘူး..
အဲ့ မှာ အိမ်ရှေ့ ခန်းမှာ ရှိသမျှ မီးချောင်းတွေအကုန်ဖွင့်  အဖွားကို အမေက ယပ်တွေခပ် အဖေက လမ်းကျော်က ဆရာဝန်သွားပင့် နေချိန်မှာ (ကျနော်လည်း အမေနဲ့  အဖွားဘေးရောက်နေခဲ့ ပြီ ဘာမှမလုပ်တတ်ပေမယ့်  အမေ ဘာများ ခိုင်းမလဲပေါ့ လေ ) ပြီးတော့  အဖွားမှာက ပန်းနာရင်ကျပ်ရောဂါ အခံက ရှိထားတယ် အဖွားရင်ကျပ်ထရင် ပက်လက်လှန်အိပ်လို့ မရတော့ ပဲ ခေါင်းအုံး သုံးလုံးလောက်ဆင့်  ခေါင်းမှေးတင် ကုန်းကုန်းကြီး အသက်ရှု ရတာမျိုး အဲ့ အချိန်အသက်ရှုသံ ပြင်းချက်က ခပ်လှမ်းလှမ်းကကို ကြားနေရတာမျိုး မြွေတွန်သံတွေလိုပါပဲ...
အဲ့ ညကတော့  ထူးဆန်တယ် ရင်ကျပ်ထသလိုမျိုးနဲ့  မတူပဲ မှိန်းနေတာမျိုးပဲ နောက်တော့ အဖွားက သံမံတလင်းကို လက်ညှိုးထိုးပြလို့  အမေက ဖျာယူခိုင်းတော့ ကျနော်က ဖျာယူခင်းပေးလိုက်ရတယ် အဲ့ မှာ အဖွားက သံမံတလင်းပေါ်ဆင်းထိုင်လိုက်တော့ တယ်...အမေ့ ရင်ခွင်ထဲ အဖွားကျောကုန်းလေး မှီလျက်သားပေါ့  ....
အဲ့ မှာ အဖွားက အသက်ကို အားယူရှုရင်း လမ်းမဖက်ကို လက်တန်းပြပြီး တစ်ခုခုဖယ်ခိုင်းတဲ့ အမူအယာလုပ်ပြတော့  အမက ကျနော့် ကို အိမ်ဘာဂျာတံခါးကို ကျယ်ကျယ် သွားဖွင့် ခိုင်းပါရော...အဲ့ တော့  ကျနော်လည်း တံခါးကို အကျယ်ကြီးသွားဖွင့် ပြီး အမေ နဲ့ အဖွားနားပြန်ရောက်လာခဲ့ ပြီး အဖွားမျက်နှာကို အသေအခြာ စိုက်ကြည့် နေခဲ့ လိုက်တော့ တယ်...ကျနော့် စိတ်တွေလည်း နဲနဲ ပူလာပြီပေါ့ လေ ဆရာဝန်သွားပင့် တဲ့ အဖေကလည်း ကြားလိုက်တာ နိုးမရဘူးလားမသိဘူး တွေးရင်း နဲ့  လမ်းမ မှောင်ရိပ်ထဲ လှမ်းလှမ်းမျှော်မိပေါ့ လေ..
သိပ်မကြာခင်မှာပဲ အဖွားရဲ့ အသက်ရှုသံ နဲနဲပြင်းလာပြီး ခွေထားတဲ့  သူခြေထောက်ကို အိမ်ဝ လမ်းမဖက် ဆန့် ထုတ်လိုက်တော့ တယ် ဇက်က နဲနဲ နောက်လန်လာပြီး အမေ့ မျက်နှာ တစ်ချက် မော့ ကြည့် ရင်း..'' သမီး အစ်မ သွားတော့ မယ် '' လို့  တစ်ခွန်း ပြောပြီး ခေါင်းကစောင်း ပျော့ ကျသွားရင်း မျက်လွှာလေးချ အသက်ရှူသံ ပျောက်သွားပါးရော...တိုးပေမယ့်  သန်းခေါင်ကျော် လူခြေတိတ်ချိန်ဆိုတော့  အဲ့ အချိန် လေးမှာ ရောက်လာတဲ့  မောင်နှစ်မ အိမ်သားတွေ ကြားလိုက်ကြရတယ်..
အမေက ''အစ်မ သတိထားလေ အစ်မ '' လို့  ငိုသံပါနဲ့ ယပ်တွေ တဖြတ်ဖြတ်ခပ်ပေးရင်း တတွတ်တတွတ် ပြောနေချိန် အဖေ နဲ့ ဆရာဝန်က အိမ်တံခါးဝ ရောက်လာပါရောဗျာ..
အဲ့ မှာ ဆရာဝန်က အဖွားကို ချက်ချင်းစမ်းသပ်တဲ့ အခါ အဖွား လွန်သွားခဲ့ ပြီလို့ ....
အမေ့ နှုတ်က '' အစ်မရေ..'' တဲ့ ....
ကျနော့် ရှင်ပြု ရေစက်ချချိန်ဟာ အဖွားရဲ့  နာရေးက လစွန်းလေးပဲ ရှိသေးလို့  အဲ့ နေ့ က ရှင်ပြုနားသ သာသနာ့ အမွေခံ အလှူတော် မင်္ဂလာကြီး အောင်မြင်ခဲ့ ပြီဆိုတဲ့  သဘော ဗျောစည်တီးချိန်..အမေက ဖလားကြီးထဲက ပိုက်ဆံတွေ ဆန်မန်းပေါက်ပေါက်တွေ ထကျဲရနေချိန်မှာ အမေ့ မျက်နှာရဲ့  ငိုချင်စိတ်ကို အပြုံးဆင်ထားတဲ့  အပြုံးတစ်ဝက်အမဲ့ တစ်ဝက် အမူအယာဟာ တွေးလိုက်တိုင်း မနေ့ တစ်နေ့ ကလို မှတ်မှတ်ရရ ဖြစ်နေဆဲ အမူအယာပါပဲ...အမျိုးတွေဆိုတာ မျက်ရည်လေးတွေ စမ်းစမ်း စမ်းစမ်း နဲ့ နေ့ လေးပေါ့ ....
ချစ်သူ ခင်သူ သံယောဇဉ်ရှိသူတို့ နဲ့  ခွဲခဲ့ ရပြီးနောက် တစ်ခါတစ်လေ အကြောင်းတွေ တိုက်ဆိုင်လာရင် ဒီလိုပဲ လွမ်းရ ဆွေးရ တမ်းတမိရ နဲ့  တစ်ခါတစ်ရံ မျက်ရည်တွေဆိုတာ...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..