'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, September 10, 2016
တစ်ခါက မိသားစု တနင်္ဂနွေနေ့ လေးအကြောင်းပါ..
တစ်ခါက မိသားစု တနင်္ဂနွေနေ့ လေးအကြောင်းပါ..
------------------------------
ကျနော်တို့ ငယ်တုန်းက ကျနော်တို့ အမိအဖတွေဟာ လောကဓံ ခပ်ပြင်းပြင်းတွေ နဲ့ ရုန်း၍ ကန်၍ ရင်ဆိုင်၍ သဘောရှိတတ်ခဲ့ ပေမယ့် အများအားဖြင့်  သူတို့ ဘ၀ကို စာသံပေသံတွေသဘော နဲ့  အဆိုးသဘောရော အကောင်းသဘောပါ မြင်တာမျိုး မဟုတ်ပဲ ဘ၀ ဆိုတာ ဘ၀ပါပဲ ၀ီရိယ အရေးကြီးတယ် ကြိုးစားရမယ် ဒီလင် ဒီမယား ဒီသားတွေ ဒီသမီးတွေရဲ့ နောင်ရေးက အရေးကြီးတယ် ဆိုတဲ့ ရိုးရိုးတန်းတန်း စိတ်မျိုးလေးတွေနဲ့ ပါပဲ ..ပြောရရင် အဲ့ ခေတ်ကာလက ပုံမှန် မိသားစုတွေ စတိုင်ပေါ့  ကိုယ် မတတ်နိုင်တဲ့ ကိစ္စတွေဆို ကံပေါ့ လေတို့ ဝဋ်ကြွေးပေါ့ လေတို့ ဘာတို့ လောက်ပါပဲပေါ့ လေ..
ဒီလို သဘောမှာမှ ကျနော်တို့ မိသားစုမှာ အဖေက အဲ့ ခေတ်က အဖေတွေ အများစု စတိုင်အတိုင်း အနေတည် သီးသန့် သဘောဆောင် မိသားစုတစ်ခုလုံးစာအတွက် ငါက အိမ်ထောင်ဦးစီး ငါ့ သားမယားမိသားတစ်စုလုံး အတွက် စီးပွားစိတ်သဘောက ပိုအားကြီးပေမယ့် ... အမေကတော့  အများနဲ့ ရောပျော်တတ် ဟာသလုပ်တတ် အမျိုးတွေနဲ့ ဟေးလားဝါးလား လုပ်ရတာသဘောကျတတ် ခရီးတွေသွားရတာ သဘောကျတတ်သူပါ .
..အမေလုပ်သူရဲ့  လူ့ အဖွဲ့ အစည်းထဲပျော်ဝင် ပျော်တတ်တဲ့ သဘောအကောင်းဖက်က လှည့် မြင်တတ်တဲ့ သဘော ခရီးသွားဝါသနာသဘော အမျိုးတွေကို ခင်တွယ်တတ်တဲ့ သဘောကနေ ကျနော်တို့ တွေလည်းအမျိုးတွေနဲ့ သိကျွမ်းကုန်မြန်မာပြည်အနှံ့ ခရီးသွားဟန်လွှဲ နေရာအနှံ့ လျှောက်ရောက်ဖူးတွေဖြစ်လာကုန်တော့ တာပါပဲ...
တစ်ခါတစ်လေ အဲ့ ခေတ်က ရေဒီယိုက တနင်္ဂနွေနေ့ တွေမှာ လာတတ်တဲ့  ထင်ပေါ်ကျော်ကြာခဲ့ တဲ့  တိရစ္ဆာန်ရုံကိုသွား မိုမိုရေ ၀ူး....သုံးဘီးဆရာရေ ရောက်ပါပြီဟေ ဟိုဘေးကပ်လို့ ရပ်ပါလေ..ဆိုတဲ့  မိသားစု တနင်္ဂနွေ သီချင်းထဲက လို ( အဖေကတော့  အမြဲလိုလို အိမ်မှာကျန်ခဲ့ လေ့ ရှိတယ် သူက သူ့ ပွဲရုံနဲ့ သူနဘမ်းလုံးကျန်ခဲ့ တာမျိုး) အမေဟာ ကျနော်တို့ မောင်နှစ်မတွေတင်မကဘူး အမျိုးတွေ ပွဲရုံ အလုပ်သမားမိသားစုထဲက ကျနော်တို့ နဲ့  အသက်လယ်ဘယ် ကလေးတွေပါခေါ်ပြီး တနင်္ဂနွေနေ့ တွေမှာ တိရိစ္ဆာန်ရုံတို့ ကန်တော်ကြီးတို့  ပျော်ပွဲစားထွက်တော့ တာပါပဲဗျာ..မနက် တိရိစ္ဆာန်ရုံဖွင့် ချိန်အမှီ အစောဆုံးရောက်အောင် သွားကြတာမျိုး....ကလေးလူကြီး အုပ်စုတောင့် ပြီး အမျိုးအတွေ လူတွေ အများကြီးနဲ့ ဆိုတော့  သိပ်ပျော်စရာကောင်းခဲ့ တဲ့ ငယ်ဘ၀ ကာလချိုလေးတွေပေါ့ လေ...
မှတ်မှတ်ရရတွေ အများကြီးထဲက တစ်ခုက အဲ့ လို အမေက တနင်္ဂနွေနေ့  တိရိစ္ဆာန်ရုံ သွားကြမယ်ဟေ့ လို့  စိတ်ကူး အသိပေးပြီးတဲ့  အခါ စနေနေ့ လောက်မှာ ကြိုတင်ပြင်ဆင်တတ်တာက စားဖိုးသောက်ဖို့ ပါပဲဗျာ.
အဲ့ မှာ ထမင်းနဲ့ စားဖို့  ပါတတ်တဲ့ ဟင်းလျာ က ငါးခြောက်ဖတ် အသားထူထူတွေနဲ့  အာလူးတွေ ငရုပ်သီးအရှည်တောင့် တွေ နဲ့  သီးစုံ ပဲကုလားဟင်း တစ်လုံးချိုင့်  အကြီးကြီးတွေနဲ့  နဲ့  ကြက်သားဆီကျန်ရေကျန် ချက်တွေ ငရုပ်သီးထောင်းတွေ သရက်သီး မရမ်းင်္သီး ကုလားတယ်တွေ သရက်သီး ပိုးတီ သုပ်တွေ နဲ့  ငှက်ပျောဖက်ကြီးတွေပါပဲဗျာ.....
တိရိစ္ဆာန်ရုံထဲ ကျနော်တို့ ကလေး ဗြုတ်စဗျင်းတောင်းတွေ တစ်သိုက်ကြီး နဲ့  အမေအပါအ၀င် လူကြီး ခုနှစ်ယောက်ရှစ်ယောက် ကန်ဘေးလေးမှာ စုရပ်အဖြစ် စတဲချ ဖျာတွေခင်းနေရာယူပြီးတော့  ကျနော်တို့  ကလေးတွေက လျှောက်ကဲကြဆော့ ကြ ..သစ်ပင်ပုလေးတွေပေါ်တက်ကြတိရိစ္ဆာန်ရုံလေးတွေထဲ လျှောက်ကြည့် ကြ ပြေးတန်းလိုက်တန်း တူတူပုန်းတန်း ခေါင်းငုံ့ ခေါင်းခေါက်တန်း တွေ
( မီးတောက်အောင် မျောက်မူးလဲအောင်ဆော့ ကြသပေါ့ လေ) ကစားကြပေါ့  အဲ့ အချိန် အမေအပါအ၀င် လူကြီးတွေကတော့  သူတို့ ဟာသူတို့  ၀ိုင်းဖွဲ့ ထိုင်ပြီး လ္ဘက်သုတ်တွေစား အရပ်ရပ်အထွေထွေ ဟိုလူဒီလူ အမျိုးထဲက အဆီအငေါ်မတည့် တတ်တဲ့ လူတွေအကြောင်း အတင်းတွေတုတ်နေကြတာပေါ့ လေ....
နေ့ မွန်းတည့် ကာနီးမှာတော့  ဗိုက်ဆာပြီပေါ့ လေ...အဲ့ မှာ အမေတို့ ဟာ ပါလာတဲ့  ငှက်ပျော်ဖက်စိမ်းစိမ်းစိုစိုကြီးတွေကို အလျားလိုက် စီတန်း ဆက်ခင်းလိုက်တော့  ငှက်ပျောဖက် တန်းကြီးဖြစ်သွားပါရောဗျား...
အဲ့ မှာ အဲ့ ငှက်ပျောဖက်ပေါ်မှာ ထမင်းတွေပုံပြီး ငါးခြောက်ဖတ် အသားထူထူတွေနဲ့  အာလူးတွေ ငရုပ်သီးအရှည်တောင် သီးစုံ ပဲကုလားဟင်းတွေနဲ့ ကြက်သားတုံးတွေနဲ့  အချဉ်မျိုးစုံတွေ ဆမ်းပေး ထည့် ပေး နဲ့ ......
ဘာပြောကောင်းမလဲ ဆော့ ထားတာက မောမောပမ်းပမ်း ဆာဆာ နဲ့  ခေါင်းတောင် မဖောနိုင်လောက်အောင် စားကြတော့ တာပေါ့  ငှက်ပျောဖက်ပေါ် ထမင်းပုံ သီးစုံပဲကုလားဟင်းရည်တွေ ဆမ်း သရက်သီးမရမ်းသီး ကုလားတည် အချဉ်လေး ပါနေတာနဲ့ တင် တစ်ခြားဟာတောင် မလိုတော့ သလောက်ပဲလေ....
တစ်ခါက မိသားစု တနင်္ဂနွေနေ့ လေးအကြောင်းပါ... ရင်းနှီးချစ်ကြည်ခဲ့ ကြတဲ့ တစ်ခါက မိသားစုဘ၀လေးတွေဟာ မရှိရှိတာနဲ မိသားစုအပျော်သဘောလေးတွေ ဖန်တီးခဲ့ တတ်ကြပြီ့း  ကျနော်တို့ ငယ်ဘ၀ တစ်စိတ်တစ်ပိုင်းတွေဟာအဲ့ လိုတွေလည်း သိပ်ကို ပျော်စရာကောင်းခဲ့ တယ်မိသားစုတန်ဘိုးသဘောတွေလို့ လည်း ဆိုနိုင်လောက်မှာပေါ့ ခမျာ....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..