Powered By Blogger
Friday, September 4, 2015
နယ်သိမ်းပညာသဘော
နယ်သိမ်းပညာသဘော
-------------------
အမှန်တော့  အိမ်ရှင်း နည်းပညာကနေ အခြေခံလာတာပါ...။ စည်းတော့ နဲနဲဖေါက်ရာကျပါတယ်...ဒါပေမယ့် လောကစီးပွားသဘော ရှာတဲ့ အခါ  တစ်ချို့ စည်းတွေကို ဖေါက်သင့် ဖေါက်ရတဲ့ အခါမျိုး အခြေအနေတွေ ကြုံလာတတ်ပါတယ်...သဘောက သူများပိုင်နက်ကိုပါ ယတြာဓါတ်ပညာနဲ့  ယာယီအသုံးချဖို့ 
ကိုယ့် သြဇာစက်အောက်ကို ဆွဲစိထားလိုက်တဲ့ သဘောပါ...အရွက်တွေနဲ့  ကစားတာပါ...ဒါကို စကစားဖြစ်တာက  ကြည့် မြင်တိုင်မှာကုန်လှောင်ရုံအဖြစ်
သုံးတဲ့  ပွဲရုံမှာ ခဏနေစဉ်က သုံးခဲ့ တာပါ...
မရဏကစားကွက်
မရဏကစားကွက်
---------------
မရဏကစားကွက်ဆိုပါတော့  သဘောက ကိုယ်က ၄ ကြွင်းမွေးဆိုပါတော့  လေးကြွင်းရဲ  မရဏစနေနံက အတွင်း မာနဓါတ်ခံအားကြီးတော့  အသိတွေကိုတောင် သူက စပြီး ပြုံးပြခဲတယ် သူများ အက်ရှင်ကို စောင့် တယ်ပေါ့ ..ပြီးတော့  အဲ့ မာနဓါတ်ခံက မျက်နှာမှာ မသိမသာ တင်းနေတဲ့ 
အရိပ်အယောင်ပေါ်နေတတ်တာ တစ်ခြားလူတွေက ခံစားလို့ ရနေတယ် အဲ့ တော့  ၄ ကြွင်းကို မာနကြီးတယ်လို့ အတင်းစတုတ်ခံရတော့ တယ် ဓါတ်တိုက်နတ်တိုက်တွေ ခံရတော့ တယ် အသရေဖျက်ခံရတာခဏခဏ ကြုံလွယ်လာတော့ တယ်
ကျနော်တို့ က မှာတာ ၄ကြွင်းက သွားဖြဲပြတာ လွယ်လာရင် လောကစီးပွားအတွက် အဲ့  ၄ အလုပ်ဖြစ်ပြီ ဒီတော့  သွားဖြဲ လေ့ ကျင့် ခန်း တစ်နှစ်လောက် လေ့ ကျင့် ယူပါ
သူများကို ကြံဖန်ပြီး ချီးမွမ်းလွယ်အောင်လေ့ ကျင့် ပါ နဲနဲပါးပါး မြှောက်ပြောတတ်ပါ လို့ မှာတတ်တယ်..ဒါဟာ ၄ကြွင်း အတွက် လူမှု့ ဆက်ဆံရေးမှာ ဘာလို့ အတိုကအခိုက်ခံရတာများသလဲနဲ့ ဖြေရှင်းနည်း အစတစ်စပါ..
အဲ သင်စရာမလိုပဲနဲ့  ပညာသိမဟုတ်ပဲနဲ့ အိုဗာဖြစ်အောင် အိုဗာဖြစ်နေတာသိသာလွန်းအောင် ဖေါ်ရွေးလွန်းနေပြီဆိုရင် လူလည်အာရှသား ၄ကြွင်း အလွန်လျင်သူလို့ ..
မရဏနံရဲ့ ကောင်းကျိုး...
မရဏနံရဲ့ ကောင်းကျိုး....
------------
ဆရာနဲ့ မတွေ့ ခင် ဗေဒင်ရဲ့ အတွင်းသဘော အနှစ်သာရသဘော အသုံးကျတန်ဘိုးသဘော အသုံးချတန်ဘိုးသဘောကို လုံးဝမသိခဲ့ ဘူး.....၊
ဆရာနဲ့ ဆုံပြီးနောက်မှ နဲနဲ နဲနဲ စသိလာတယ်၊ သိလာပုံက ဒီပညာကိုလေ့ လာတဲ့ အခါ အဆိုတွေရဲ့  သဘောကို မှတ်ကျောက်တိုက်ကြည့် ဖို့ က
ကိုယ့် ဘ၀ဖြတ်သန်းမှု့ နဲ့ တိုက်ကြည့် တာက အနီးဆုံးလမ်းလို့ တွေးမိလို့ ပါပဲ
လောကီအကျိုးစီးပွားအတွက် ယတြာပြုတယ် အဆောင်ဆောင်တယ် ဆိုတာမှာ ကိစ္စကိုလိုက်ပြီး ခွဲခြားသုံးပါတယ်...
လောကီအကျိုးစီးပွားအတွက် ယတြာပြုတယ် အဆောင်ဆောင်တယ် ဆိုတာမှာ  ကိစ္စကိုလိုက်ပြီး ခွဲခြားသုံးပါတယ်...
--------------------------
ထူးခြားစကား သွားပြောမယ်ဆိုရင် သွားဗျူးမယ် အလုပ်သွားလျှောက်မယ် ကိုယ် သွားမယ့် နေရာက ကိုယ့် ကိုယ် နှစ်သက်စေချင်တယ် လူကြီးနဲ့ သွားတွေ့ မယ် ဆိုတဲ့  အခြေအနေ ဆန္ဒမျိုးတွေမှာဆိုရင်...မိတ်ဓါတ် ပစ္စည်းကိုရွေးသုံးတယ်..
တနင်္ဂနွေသားသမီးတွေဆိုရင်....ပိတောက် ပိန္နဲ အသားအရွက်တွေ ဆောင်သွားတာ ပေါင်မုန့် ထောပတ်သုတ်ဘုရားကပ်ဆုတောင်းသွားတာမျိုး
တနင်္လာသားသမီးဆိုရင် လက်ပံ အသားအရွက် လဘက်သားစတိ ဆောင်သွားစားသွားတာလဘက်သုတ်ဘုရားက်သွားတာ
အင်္ဂါ သားသမီးဆိုရင် သရက် အသား အရွက် ဆောင်သွား စတိစားသွားတာ သရက်ယို အရည် ဘုရားကပ်သွားတာ
ဗုဒ္ဓဟူးသားသမီးဆိုရင်...ကသစ်အသားအရွက် ကြက်သွန်ဖြူနီအသေးလေးတွေ ဆောင်သွားတာ ကြက်သွန်ကြော်ဘုရားက်သွားတာမျိုး
ကြာသာပတေးသားသမီးဆိုရင် အင်ကြင်းသား အရွက် အကျော် သား အရွက် ဆောင်သွားတယ်...အကြော်စုံတစ်ခုခုဘုရားက်သွားတာ
သောကြာသားသမီးဆိုရင် ...ဇလပ် ဇီဇ၀ါ အသားအရွက် ဆောင်သွားတာ  ဆလပ်ရွက်သုတ်ဘုရားကပ်သွားတာ
စနေသားသမီးဆိုရင် အာလူးသေးသေးလေးတစ်လုံးဆောင်သွားတာ  အာလူးကြော် စတိစားသွားတာ ဘုရားကပ်သွားတာ
--------------------------------------------
ရန်များတဲ့ နေရာသွားမယ် အမြန်လမ်းမကြီးကနေ ခရီးသွားရတော့ မယ် ပြဿနာတွေ ခဏခဏဖြစ်နေတယ်ဆိုရင် ကျမ္မာရေးတွေညံ့ နေတယ်ဆိုရင် ကံမကောင်းဘူးဖြစ်နေတယ်ဆိုရင် အန္တရာယ်ကင်း ဆောင်ချင်တယ်ဆိုရင် .........့  အခြေအနေ ဆန္ဒမျိုးတွေမှာဆိုရင်.အမြစ်အညွန့် မတွန့် စေရ ဆိုတဲ.ပစ္စည်းကိုရွေးသုံးတယ်..
တနင်္ဂနွေသားသမီးတွေဟာ သစ္စာပန်းအရွက် မရမ်းအသားအရွက် အသား  ဒန့် ကျွဲ တစ်မျိုးမျိုးရဲ့  အသားအရွက်ကို ဆောင်ထားတာ
တနင်္လာသားသမီးတွေဟာ  သပြေ သြဇာ ဒါန့် သလွန် အသားအရွက်တွေ တစ်မျိုးမျိုးရဲ့  ဆောင်သွားတာ
အင်္ဂါသားသမီးတွေဆိုရင် ခရေ ချယ်ရီ  အသားအရွက်တွေ တစ်မျိုးမျိုးရဲ့  ဆောင်သွားတာ
ဗုဒ္ဓဟူးသားသမီးဆိုရင်   စပယ် ကသစ်  အုန္နဲ  အသားအရွက်တွေ တစ်မျိုးမျိုးရဲ့  ဆောင်သွားတာ
ကြာသာပတေးသားသမီးဆိုရင်  စွယ်တော် လောက်သေ ကျီးအာ  တစ်မျိုးမျိုးရဲ့  အသား အရွက်တွေ ဆောင်သွားတာ
သောကြာသားသမီးတွေဆိုရင် ...ပိတောက် ပိန္နဲ ဇော်ကြား စိန်ခြယ် ၀င်အူ အသားအရွက်တွေဆောင်သွားတာ
စနေသားသမီးတွေဆိုရင်....မာလကာ မန်ကျီး လေးညှင်း သစ်အယ် တစ်မျိုးမျိုးရဲ့  အသားအရွက်တွေ ဆောင်သွားတာ
---------------------
ဘု အတွေးတွေကနေ
ဘု အတွေးတွေကနေ
-------------
ကျနော်တွေးခေါ်တာတွေ တစ်ချို့ မှာ စိတ်သာရှင်စော ကို အခြေခံတာတွေများတော့  ပုံမှန် သဘောတွေနဲ့ ဆို ဘု အတွေးဆန်နေတယ်....ဆိုပါတော့  အိမ်ဘုရားစင်မှာ ပလတ်စတစ် အလှပန်းလေးထိုးမိတာနဲ့ ပဲ ငရဲအိုးကျတော့ မတတ်ရေးတာမျိုးတွေ ဘုရားစင်ဘက် ခြေထိုးမိတာနဲ့ ပဲ မြေမြိုတော့ မလိုလို ရေးလာတာတွေ  ဘုရားကို ဘာဆွမ်း ဘာသောက်တော်ရေမှ မကပ်မိရင်ပဲ အပြစ်ကြီးဆိုက်ရောက်တော့ မလိုလိုတွေ ဖတ်ရတဲ့ အခါ အိုဗာ ဖြစ်တယ်ထင်တယ်...အဲ့ မှာ ဘုအတွေးက ...ဘာဘုရားစင်မှ မထားတော့ ပဲ စိတ်ထဲကပဲ ဘုရားဂုဏ်တော်တွေကို သတိရရင် ကြည်ညို အာရုံပြုလိုက်တာပဲအေးပါတယ်...ဘုရားစင်ထားပေးတော့ မှ အနေအထိုင်မတတ်ရင် အကုသိုလ်က အတုံးလိုက်အတစ်လိုက်လာဦးမှာ....လို့  တွေးတာမျိုးပေါ့ 
ဒီလို တွေးနည်းကနေ စုပေါင်းစပ်ပေါင်း စစ်တန်းလျားလို တန်းစီနေရပြီး ကိုယ်ပိုင်ဘုရားစင်မရှိတဲ့  စားပွဲတစ်လုံးတောင်မရှိတဲ့  အဆောင်သူတွေအတွက် ယတြာပေးလို့ ရလာတယ်...ဥပမာ သူတို့ ပိုင်နက် ကျောတစ်ခင်းစာ အိပ်ယာ ခေါင်းရင်းမှာ ဖန်ခွက် သတ္တုခွက်တစ်ခုခု နဲ့  ရေစတိထည့်  ဘာအညွန့် လေးထည့် ပြီးဘုရားကို စိတ်ထဲကနေ အာရုံပြု ချထားလိုက်ပါ ဆိုတာမျိုးပေါ့  ဒီလိုနည်းတွေဟာ မလေးလို ဒူဘိုင်းလိုနေရာတွေမှာ အလုပ်ဝင်နေတဲ့ သူတွေအတွက် ဘာဘုရားစင်မှ မလိုတော့ လို့ အလုပ်ဖြစ်တဲ့ နည်းဖြစ်လာတယ်
အိမ်တွင်းသုံး ရှော့ ကီး ဗေဒင်ဘကြီး နဲ့  သူ့ တူမတွေ
အိမ်တွင်းသုံး ရှော့ ကီး ဗေဒင်ဘကြီး နဲ့  သူ့ တူမတွေ
------------------
ကြာသာပတေးတူမဆိုလဲ စွယ်တော်ရွက်လေး ၁ညွန့် လောက် နဲ့  အဲ့ လိုလေး လုပ်ပေးသွားတာပဲ...ကလေးဆိုတာ လူကြီးထက် ပြစ်မှု့ နဲသေးတော့  ဘာအခါတိုင်မှ စောင့် နေစရာ မလိုဘူး ခြေမန်းကွင်းတောင် မလိုဘူး..မြန်မြန်လဲ အလုပ်ဖြစ်တတ်တယ်ပေါ့ ဗျာ...ဥုံဖွ အီးတုံးမတ်တတ်ထဆိုတာနဲ့  ကိုယ်ပူ တစ်ဝက် မြန်မြန် ကျလွယ်တယ်ပေါ့ သဘောက လောကီပညာ တစ်ချို့ က နေ့ တဓူဝ ဖြတ်သန်းနေမှု့  လက်တွေ့ လူမှု့ ဘ၀အတွက် သုံးတတ်ရင် ဒုက္ခက သက်သာခွင့် ကို အကူအပံ့ အဖြစ်ရလွယ်တယ်ပေါ့ ..ဒါကြောင့်  အိမ်တွင်းသုံး ယတြာ ရှေ့ ကီးတွေ တတ်ထားရင် စိတ်ပူရတစ်ဝက်သက်သာတယ်ပေါ့ လေ
သူများ ဂလုက သယ်လာတဲ့ ပိုစ် တစ်ခုနဲ့  တွေးစရာ ထောက်စရာ
သူများ ဂလုက သယ်လာတဲ့ ပိုစ် တစ်ခုနဲ့  တွေးစရာ ထောက်စရာ
----------------
အောက်က ပိုစ် က ဂရုတစ်ခုက သယ်လာတာ၊ကျနော်တွေးပုံလေး ပြောပြချင်လို့ ..ပိုစ့် လေးက ဒီလို
-----------------------------
(((စနေဂြိုဟ်အိပ်ဖြစ်တဲ့နှစ်အပိုင်းထဲရောက်ပြီဆိုရင်အတတ်နိုင်ဆုံးယောဂီသာဝတ်ထားပါ
မှန်ကန်သောလုပ်ရပ်ဖြင့် အဓိဌာန် မှန်ကျင့်စဉ်တို့ဖြင့်သာအချိန်ကုန်ပါစေ။
စကားပြောဆင်ခြင် ၍မေတ္တာသာပို့ပေးပါ။အခက်ခဲတို့မှလွတ်မြောက်ချမ်းသာပါလိမ့်မယ်။))))ဝ
--------------------------
အဲ့ မှ စနေဂြိုလ်အိပ် လို့  သူက သုံးတယ်၊ သက်ရောက်တစ်နှစ်တောင်မဟုတ်ဘူး..ဒီတော့  စနေဂြိုလ်အိပ် ဆိုတာ ဘယ်နှစ်နှစ်ရှိလဲကို အရင်သိဖို့ လိုမယ်၊ ၁၀ နှစ်ပေါ့ 
..ပြီးတော့  ၇နေ့ သားသမီးစလုံး စနေ ဂြိုလ်အိပ် ၁၀နှစ်ကို စောဖြတ်သူနဲ့ နောက်ကျ ဖြတ်သူ ဆိုပြီး အုပ်စု ၂ စု ခွဲလို့ ရတယ်..ဒီတော့  အစောဆုံး ဖြတ်တဲ့ နေ့ သားကို ရှာတော့  စနေသားသမီးပေါ့ 
ဒီတော့  သူ ညွှန်းတဲ့  စနေဂြိုလ်အိပ် ၁၀နှစ်မှာ အတတ်နိုင်ဆုံး ယောဂီဝတ်ထားပါဆိုတဲ့ အညွှန်းဟာ စနေသားသမီးတွေ အတွက်
အမိဝမ်းကကျွတ်လို့  မွေးကတည်းက အသက် ၁၀နှစ် မူလတန်းကျောင်းနေတဲ့ အထိ အနှီးဖြူမသုံဲး ပဲ အခက်အခဲတွေ မဖြစ်ရအောင်ဆိုပြီး
ယောဂီ ပိတ်စ အနှီးလုပ်  မူကြိုမူလတန်းတက်တော့  အသက် ၁၀ နှစ်အထိ ယောဂီ အ၀တ်နဲ့ နေခိုင်းနေတဲ့  သဘော ဖြစ်မနေဘူးလား..
စကားမပြောတတ်သေးတဲ့  စနေခလေးတွေကို စကားပြောဆင်ခြင်ခိုင်းနေတာ အဓိဌာန်ဝင်ခိုင်းနေတာ မေတ္တာပို့ ခိုင်းနေတာနဲ့  မတူဘူးလား..
ဒါဆို ဒီပိုစ်ဟာ စနေမွေး ခလေးတွေ အတွက် အတော်လေး အဆီအငေါ်မတည့်  သဘာဝမကျ  ရယ်စရာ ပိုစ် (၀ါ) လက်တွေ့ ဘ၀နဲ့  သိပ်လွတ်နေတဲ့  စိတ်ကူးယဉ်ပိုစ် လို့ မဆိုနိုင်ဘူးလား..
---------------
ဆိုလိုတာက  အများဆိုင်ရာကို ရည်ရွယ်ပြီး စေတနာကောင်းနဲ့  အကြံပေးတာတောင် လက်တွေ့ ဘ၀နဲ့  မဟတ်မိရင် ရယ်စရာ အကြံတွေ သုံးစားမရတဲ့  အကြံတွေ ဖြစ်ကုန်တယ်..
စာကို ရှမ်းဖတ်ပြီး ရေးသူကြည့် ပြီး ရမ်းပြီး .Like လုပ်တဲ့ သူတွေကရော အတွေးနဲရာ မကျဘူးလား သဘောပေါ့ ..
ကိုယ့် ဂရုထဲသာ ပြန် အတင်းချ  အဲ..တွေးစရာတွေ  ရှိတယ်လို့ ပြန်ပြောပြတာပါဗျား..((အပျော်လေးတွေ တစ်ခါတစ်လေ၀င် ငိငိ ငင့် တတ်ပါတယ် ဒါတောင် သဘောကောင်းပုံရတဲ့  အကောင့် ရှင်လို့ ထင်မှပါ ..ငိငိ)
ခိုင်မြဲစေ..
ခိုင်မြဲစေ..
----------
အိမ်ထောင်ရေးအချစ်ရေးမှာ တပွဲတိုးတွေ လုပ်တာလဲ လုပ်တာပေါ့  ကျနော်ကတော့  ရေရှည် လုပ်တာကို ပိုသဘောကျတယ် ရေရှည်လုပ်တော့  ဓါတ်သက်က ခိုင်လာပြီး အလွယ်နဲ့  ရှင်ကွဲမကွဲလွယ်တာ့ ဘူး...ကွဲလုလုကနေ ပြန်ပြန် နွယ်ကုန်တာတွေလည်း အများကြီးတွေ့ ခဲ့ ရတယ်...
ရိုးရိုးလေး ၂ နံ တွဲ အညွန့် တို့  အစားအစာတို့  အမြဲ ဘုရားကပ်ထားတာပါပဲ  ဒီလိုယတြာကို အများအားဖြင့်  ရှင်ကွဲကြောက်တဲ့  အမျိုးသမီးတွေ အလုပ်များတယ်..
၂ နံတွဲက သင့် သလို လွယ်ရာတွဲလှုတာပါ နံပူးမှ ယတြာ ရှေ့ တွေ နောက်တွေတောင်မဟုတ်ဖူး ပြီးတော့  အခါတိုင်တွေ နေ့ ကောင်းရက်သာတွေလဲ မလိုဘူး..၂ ယောက်သား ပြဿနာ ဖြစ်ဖြစ်မဖြစ်ဖြစ်
အမြဲလှုဖြစ်နေခြင်းသဘောနဲ့ သွားတာ
ဆိုပါတော့  သောကြာနဲ့ ကြာသာပတေးဆို သပြေညွန့် နဲ့ ပျဉ်းတော်သိမ်ညွန့် ကို ဖန်ခွက်သပ်သပ်နဲ ထည့့် ရေထည့်  ဘုရားပန်းလှုသလို အမြဲလှုထားတာ ဆုတောင်းကလဲ တစ်ခုထဲ သူနဲ့ ကိုယ်နဲ့  သံယောဇဉ်
ခိုင်မြဲပါစေပဲ...
နံပူးမရရင် သီဟို အရွက် ၁ရွက် နဲ့ ပျဉ်းမရွက် ၁ရွက် အတူတူ ထည့် လှုထားတယ်။ အစားအစာမှာလည်း နံပူးက သင်္ဘောသီးပေါ့   နံတွဲက  သီဟိုစေ့ လေးတွေနဲ့ ပဲမုန့် တို့ မြေပဲကြော်တို့ ပေါ့ 
သူနဲ့ ကိုယ်နဲ့ နံတူလဲ ထိုနည်း၎င်းပဲ  ဗုဒ္ဓဟူး ၂ ယောက် ကြိုက်ပြီး ခဏခဏပြဿနာတွေတက်တော့  ရွက်လှ ၂ ညွန့် ခဏခဏလှုစေတာနဲ့  ရှောက်ယို ကို ၂ ပုံ ပုံပြီးပန်းကန်တစ်ချပပ်ထဲမှာ အတူတူထည့် လှုတာ စိတ်ကြီးပြိုင်ကြတဲ့   ဗုဒ္ဓဟူးတွေ တော်တော်နဲ့ မကွဲသွားဘူး
အဲ့ လို နည်းကို တောင်ပံကျိုးနဲ့  ခံတွင်းပျက် ချိတ်မိတဲ့ ကီပင်  ဗုဒ္ဓဟူးသမီး ကို အပေးကောင်းတာ သူ့  ဘဲ စနေသားနဲ့  ဆယ်စုနှစ်တွေတောင်ကြာပြီ မြဲနေတာ
ကွဲသေးဘူး အဟီးး...ဒါန့် သလွန် တို့ ဘာတို့ က အလုပ်ရှုတ်ပါတယ်လေ ဆိုပြီး ဒန်းညွန့် နဲ့  ရွက်လှညွန့်  အတူတူသာဖန်ခွက်ထဲထည့်  ဘုရားသာကပ်ထားလိုက် ထန်းလျက်နဲ့ ရှောက်ယိုနဲ့ ခဏခဏတွဲလှုလို့ ပြောပေးလိုက်တာ...တစ်ခြား အောက်လမ်းနည်းတွေမတတ်ဖူးလို့  ဒါလေးလုပ်ကြည့် လို့  ...ငိငိ
ဘဲစနေသားက ရယ်ဒီမိတ် သနပ်ခါးဗူးတွေ အယောင်ပြထုတ်တဲ့  ကုမ္ပဏီသမား ရှမ်းတရုပ်.ငပွေး..ဗုဒ္ဓဟူးသမီး က အသက် ၃၂ မှာ မုဆိုးမ ဖြစ်ခဲ့ သူလေး..ကုလားသွေးတစ်ဝက်နဲ့  ဟီးဟီး..သုညနဲ့ ၂ နဲ့ ပေါင်းထားတဲ့  ဗုဒ္ဓဟူးသမီး လက်လီဘဲ စနေသားက ၄ စနေ ခေး ၃ယောက်နဲ့ ..ထိုင်းရုံးခွဲ အထိုင်သမား
ဗုဒ္ဓဟူးသမီး ဖန်စီလှည်းတွေ ထောင်ထားတာ....
စလုံး
စလုံး
--
ဒါနဲ့  ပိတောက်သားလေးဆောင်ပေါ့ လို့ ပြောရင်းက  ဖြတ်ကနဲ သတိရလို့  ...ဒီလိုလေ ဘုရားစောင်းတန်းတွေမှာ ရောင်းတဲ့  ရိုးရာရုပ် ဇီးကွက်ရုပ်သေးသေးလေး
ရရ့ ပစ်တိုင်းထောင်ရုပ်လေးရရ သူ့ ကျောင်းလွယ်အိပ်ထဲ ထည့် ပေးထားလိုက်ပေါ့  အဲ့ မှာ ရတတ်တယ်မလား..ဆိုတော့ ..သိပြီ သိပြီ ကျနော် လုပ်တတ်ပြီတဲ့ ဗျား..
သဘောကတော့ ပညတ်ကို အဆင်ပြေသလို သုံးတဲ့ သဘော့ပါ ဘာမရလို့  ယတြာလုပ်မရ မဟုတ်ဘူး ဒါနဲ့ မရ ဟိုဟာ ထည့်တွေးသဘောပါ  ဒါဆို ဒါချည်းနဲ့ မှ ဆိုရင် အလုပ်မဖြစ်ဖူးပေါ့ ဗျာ...
ကျူရှင်ပြေးနဲ့  သရဲမ
ကျူရှင်ပြေးနဲ့  သရဲမ
--------------------------
ကျောင်းပြေးတတ်တာက ၇ တန်းမှာတင် ပြေးတတ်နေပြီ နောက်တော့  ၈တန်း ၉ တန်း ၁၀ တန်း ဆက် ကျောင်းပြေးတော့ တာပါပဲ..၊ ပြေးပေမယ့်  အနီးကပ်မှ မအိပ်ပဲ ကပ်စာကျက်ဖြေတန်ခိုးကြောင့်  ၆တန်းကနေ ၉တန်းအထိက တစ်နှစ်တစ်တန်း ကပ်အောင်လာတော့ ၁၀တန်းရောက်တော့  ကျပြီလေ။..အဲ့ တော့ မှ ရပီတာဖြစ်ပြီး ပိုကျောင်းပြေးလို့ ကောင်း..ခိခိ..
အတန်းခွဲကျူရှင်တွေခေတ်ဆိုတော့ ကျူရှင်လခတွေ ပိုတောင်း ညာတောင်း ဘတ်တောင်း ခေါင်းစဉ်မျိုးစုံနဲံ့ ပိုက်ဆံညာတောင်းပြီး နေ့ ကျောင်းရော ကျူရှင်ပါ ကျောင်းပြေးတယ်..အဲ့ တုန်းက ကျောင်းပြေးရတာ သိပ်ပျော်စရာကောင်းတာပဲ..ခွစ်ခွစ်။
မြို့ ထဲမှာပြေးစရာနေရာတွေ ထပ်နေလို့  ပဲခိုးအထိ ဖယ်မလီယာကား နဲ့ ကျောင်းပြေးတယ်..ကျောင်းက မနက် ၇ နာရီကနေ နေ့  ၁၂ခွဲ ဆိုတော့  မနက်၇နာရီမှာ စဉ့် အိုးတန်းထိပ် ကားစတင်းက တူးဒိုး ဖယ်မလီယာကားကို နာရီနဲ့ ငှားပြီး ဘော်ဒါတွေ နဲ့  ပဲခိုးအထိ ကျောင်းပြေးတာ.
.ကားဂိတ်က ရင်းနေတော့  ကားတစ်စီးလုံးပေးလိုက်တာ..သူငယ်ချင်းတစ်ယောက်က ကားကျွမ်းတော့  လေယာဉ်ပျံနီးနီးဗျင်းပြီး အသွားရော အပြန်ပါ မောင်းတာ အဲ့ တုန်းက ပဲခိုးလမ်းက ကောင်းတယ်၊ တစ်ခါတစ်ခါ ကားလေးဘီးစလုံး လေထဲ လွတ်လွတ်သွားတဲ့ အထိဗျင်းတာ..သေကွက်တွေချည်းပဲ..မသေချင်လို့ သာပါ။ ရန်ကုန်ထဲ ၁၂ နာရီစွန်းအရောက်ပြန်ဗျင်းပြီး ကားအပ် အိမ်ပြန်ပေါ့ ..
''' အမေရေ သားကျောင်းက ပြန်လာပြီ ဗိုက်ဆာလိုက်တာ...ဘာဟင်းလဲ..'''.ငိငိ...ကျောင်းအပြေးလွန်သွား အသုံးလွန်သွားလို့  တစ်ခါတစ်လေ လက်က အိုမီဂါ နာရီ အပေါင် ထားခဲ့ ရတာလည်း ရှိသေးတယ်
ညနေပိုင်း ကျူရှင် တစ်နာရီခွဲလေးတောင် အဲ့ ဖယ်မလီယာကား ငှားပြီး ကျူရှင်ပါဆက်ပြေးတာ ယုံဝေး ဆရာဒိုး မင်းသစ် နေအုပ် ဦးအောင်ခိုင် အောင်သောင်း တစ်သုံးလုံး စသဖြင့် ခေတ်တွေပါ...စာရေးတွေနဲ့ ပေါင်းပြီး ကျူရှင်ကို ဖရီး တက် ပိုက်ဆံက ကိုယ်သုံးပေါ့ ..ငိငိ..၊
ကျူရှင်ပြေးချင်လို့  ညနေစောင်း နောက်အကျဆုံး တန်းခွဲကို ယူထားတာ.ဒါမှ မှောင်ရိခို ကဲလို့ ကောင်းကိုး...၊ အဲ့ မှာ တစ်ညနေတော့  ဖယ်မလီယာနဲ့ ကျူရှင်အပြေးကောင်းတာ သရဲ အခြောက်ခံရတယ်.. အနံ့ ပေးတာပါ၊ စဉ့် အိုးတန်းမှာ ကားသွားယူပြီး ဘော်ဒါတွေနဲ့ ဖယ်မလီယာ တစ်စီးနဲ့ ထွက်လာတာအစတော့  အားလုံးအိုကေ၊
နောက်လျှောက်မောင်းလာရင်း ကန်တော်ကြီးစောင်းရောက်တော့ ကားထဲ မီးနေသည် ဆနွန်းမှုံ့ နံ့ က ထောင်းကနဲ ၀င်လာပြီး လူတစ်ကိုယ်လုံး ဖြန်းကနဲ ကြက်င်္သီးတွေထ အကြောတွေ ညောင်းဆင်းသွားတော့ တာပါပဲ... ။
ကျနော်က နောက်ခုံတန်းမှာတစ်ပွေတည်းလိုက်လာတာ၊ ဘော်ဒါ ၂ ကောင်က ရှေ့ ခုံမှာ
'ဟယောင် ဟယောင်..ဆနွန်းမှုံ့ နံ့ ကြီးရနေတယ် မင်းတို့ ရော အနံ့ ရလားလို့  ''အသံတုန်တုန်နဲ့  လှမ်မေးလိုက်တော့  ရှေ့ က ၂ကောင် နှစ်ခေါင်းကို ပွစိပွစိ လုပ်ရင်းက..''မရဘူး''....လို့  ပြန်ပြောပြီးမှ '' ဟာ ဟုတ်တယ် အခုရပြီဟ မဆလာစက်က အနံ့ နဲ့ မတူဘူး ဒါင်္ကြီးက ကလေးမွေးတဲ့ ဗိုက်ကြီးသည်နံ့ ဟ '' တဲ့ ဒီကောင်ပြောမှ ပိုကျွတ် ၊....ကားကို ဖြေးဖြေးလေးမောင်းပြီး ကန်တော်ကြီးပတ်နေတဲ့ ဘော်ဒါလည်း လန့် နေပြီ.
.''''ဟယောင်တွေ ငါ့ ဒူးတွေညောင်းလာပြီဟ ဘာလဲမသိဘူး တစ်ခုခုတော့  တစ်ခုခုပဲ ''လို့ 
ကားမောင်းရင်းကနေ နောက်လှဲ့ မကြည့် ရဲပဲ ဘက်ကြည့် မှန်ကနေ ကြည့် ပြီး ကျွတ်သံကြီးနဲ့ ပြန်ပြောတယ်...နောက်မှာက တစ်ယောက်ထဲ ကျွတ်နေပြီ ကိုယ့် ဘေးတောင် ရဲရဲမကြည့် ရဲချင်တော့ ဘူး..ကြက်သီးကတစ်ဖြန်းဖြန်းနဲ့ လေ..
'''ဒါနဲ့  ဟယောင်တွေ အင်းလျားဘက်ဒိုးမယ်ကွာ...ဒီ လမ်းဘက်က နေရာမသန့် ဘူးနဲ့ တူတယ်'' လို့ တိုင်ပင်ပြီး အင်းလျားဖက်ဒိုးရောဗျာ
သိမ်ဖြူကွင်းတို့ ဘာတို့ နားက အမှုံ့ ကြိတ်စက်နံ့ တွေများလားလို့  ကြောက်ကြောက်နဲ့ လျှော့ ဈေးလေးတွေးပြီး အင်းလျားစောင်းအထိ မီးနေသည်နံ့  က အနံ့ ရလာလိုက် ပျောက်သွားလိုက်နဲ့ ၊ ဒါနဲ့  ကန်စောင်းကွင်းပြင်ထဲ ကားရပ်ပြီး ရှိသမျှ ဘေးတံခါး ဖင်တံခါး အကုန်လှန်ဖွင့် ပြီး ကားနဲ့ ဝေးဝေးသွားနေလိုက်တယ်
လေသလပ် ခံကြည့် မယ်ပေါ့ ၊ နောက်ကားစီပြန်လာပြီး ကားအတွင်းခန်းမီးဖွင့် 
တောင်ကြည့် မြောက်ကြည့်  ဘာမှမတွေ့  ဘာအနံ့ မှမရတော့ လို့  အိုကေ ဆိုပြီး
အဲ့ ကနေ ကားပြန်မောင်းထွက်လာလို့  ပြည်လမ်းမကြီးပေါ်လဲရောက်ရော
''ဟားးးး ကနဲ '' ဖြစ်ကုန်တယ် မီးနေသည်ဆနွန်းမှုံ့  အနံ့ က ထောင်းကနဲ စူးစူးကြီး ပြန်ထွက်လာပါရောဗျာ....အဲ့ မှာ..ဘုရားစာတွေ ကပေါက်တိကပေါက်ချာတွေ ရွတ်ပြီး ကားဂိတ်ကို ကားပြန်အပ်ဖို့  တက်သုတ်ရိုက်မောင်းရတော့ တာပေါ့ ..
ဒူးတွေဆိုတာ တဆပ်ဆပ်တောင်ဖြစ်လာတယ်...ည ၇နာရီလောက်ဆိုတော့ မှောင်ပြီလေ ညငှက်တွေ ကျက်စားပြီလေ.
ဂိတ်ရောက်တော့  ဘော်ဒါ ကားရှင်က စောလှချည်လားတဲ့  ဒါနဲ့ မီးနေသည် ဆနွန်းမှုံ့ အနံ ပေး သရဲအကြောင်းပြောလိုက်တော့  အဲ့ တော့ မှ ကားရှင်လန့် ပြီး ထုတ်ပြောတယ်..
ကန်တော်ကြီးစောင်းမှာ ဟိုနေ့ က ဒီကားနဲ့ ဗိုက်ကြီးသည်တစ်ယောက်ကို ကားငှားမောင်းတဲ့ ကောင်က တိုက်ပစ်လိုက်တာ ဂန့် သွားတယ် အဲ့ ကောင်ကအခု အာမခံနဲ့  ကားက ငါသွားပြန်ရွေးလာတာတဲ့ ...မနက်ကျမှ ကားကို ပရိပ်ရွတ်မလို့ လုပ်ထားတာတဲ့ ..
.၀ှီးးး ဒိုင်ခံကားမောင်းတဲ့ ကောင် ပွစိတွေ ထိုးတော့ တာပေါ့  အစကတည်ကသိရင် မငှားဘူး အခု သေမလို ဖြစ်နေပြီ မနဲ ပြန်မောင်းလာရတာ ဘာညာပေါ့ ..(ကျနော်တို့ တွေကဲချက်က ၅ တန်းကျတွေ ၁၀တန်းကျတွေ မို့  အဲ့ တုန်းက ၁၈နှစ် ၁၉နှစ်သားတွေဖြစ်နေပြီ..)
တော်သေးတယ် အနံ့ လောက်မို့ လို့  ရုပ်ပြပြီး ဘေးနား လာထိုင်ပြလို့ ကတော့ ....အသက်တောင် ဘယ်အပေါက်က ထွက်သွားမှန်းသိလိုက်မှာ မှုတ်ဖူး..ခ်ခ်
ပြောင်းဖူး
ပြောင်းဖူး
---------
သမုတိလောက သဘောကိုကိုင် ထားရင် ယတြာမဖြစ်တဲ့ ပစ္စည်းမရှိဘူးဖြစ်သွားတယ်...
သဘောက လောကုတ်အရ သီဟ မရှိဘူး
ခန္ဓာ၅ပါးရုပ်နာမ် ၂ပါးပဲရှိမယ် လောကီအမြင်အရ သီဟ ရှိနေတယ်ပေါ့ 
လောကီသမုတိ သဘောကြောင် သီဟ က
န၀င်းသီဟ ပြောင်းလို့ ရတယ် သီဟလဲ အမှန်ပဲ န၀င်းသီဟလဲ အမှန်ပဲသဘောပေါ့ 
---------------------
လိုင်းခန်းကနေ မပြောင်းချင်ဘူးလို့  တနင်္ဂနွေသား ရဲတစ်ယောက်က ဆိုလာတော့  ဘာဗေဒင်မှ မတွက် ဘာတိုင်မှ မကြည့် ပဲ
 ( တွက်ကြည့် နေရာမှာပျင်းလို့ နဲ့  သူက ဒီကိစ္စတစ်ခုထဲအတွက်လာတာ ကျန်တာ ဘာမှမမေးဘူးလေ)
မရမ်းရွက် ၁ ရွက် နဲ့ ၃ ရက်ခြား၁ ခါ ၃ခါလောက် ရေမွှေးရေနဲ့ ဖြန်း ဖြန်းပြီးအရွက် ဘုရားအိုးပြန်ထိုးထား...ပြောင်းဖူုးပြုတ် ကို အစေ့ ချွေ ၂ဇွန်း၃ဇွန်းပေါ့ 
ပြီးရင် ပန်းကန်ထဲထည့် ဆီဆမ်းဆားဖြူးပြီး ဘုရားကပ်...၅ရက်ဆက်ကပ်...နောက်တော့  ခဏခဏကပ်လို့  ယတြာ ညွှန်လိုက်တယ်
( တနင်္ဂနွေသား လို့  ပြောလို့  နဲ့  ရဲ ဆိုလို့  သစ္စာပန်းအရွက်ထက်  နဲနဲ ရှာရပိုခက်တဲ့ မရမ်းရွက် ရှာခိုင်းလိုက်တာ)
--------------------
၃ပတ်လောက်ကြာတော့  အဲ့ ရဲပြန်လာတယ် မပြောင်းရတော့ ဘူးတဲ့  သူ့ ဆရာက ခေါ်မေးတယ် ပြောင်းချင်လား မပြောင်းချင်ဘူးလားဆိုတော့ 
မပြောင်းချင်ဘူးလို့ ဖြေလိုက်လို့  မပြောင်းရတော့ ဘူး..ကျေးကျေတွေဘာတွေပေါ့ 
-------------
မပြောင်းချင်ရင် ပြောင်းဖူးလှုဆိုတာ လူအများသိဖြစ်တယ် စာသမားတွေ သိပ္ပံဆရာတွေ ဗွီဒီယိုဓါတ်ရှင်ဆရာတွေ လူရွှင်တော်တွေ ဗေဒင်ယတြာ
လက်တွေ့ မလုပ်ဖူးသူတွေအတွက် ကျော်ကြားထင်ရှားတဲ့ ဟာသ တစ်ခုပေါ့ ...ဒါပေမယ့်  ကမ္ဘာဟာ သမုတိသစ္စာ ကမ္ဘာတစ်ခုဖြစ်တယ်
ပညတ်တွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာဖြစ်တယ် ဗေဒင်ကလည်း ပညတ်ပေါ်အားပြုထားတဲ့  လောကီပညာဖြစ်တယ် ဒီတော့  ပညတ်ကမ္ဘာနဲ့ 
လောကီပညာနဲ့ ဟာမိုနီဖြစ်နေတယ်
ဒီတော့  တစ်ချို့ ပညတ်တွေဟာ လိုက်လျောညီတွေ ထည့် သုံးတတ်ရင် ( ကိုယ့် မှာလဲ သုံးနိုင်လောက်တဲ့ သြဇာရှိရင်) တပွဲတိုးတော့ အလုပ်ဖြစ်တယ်
------------------------------
မရမ်းရွက် နဲ့  ပြောင်းဖူး တန်ခိုးကြောင့်  မပြောင်းရတာလာ သူ့ ဟာသူ ပြောင်းကံ မရှိသေးလို့ မပြောင်းရတာလားက ကျနော်တို့ အလုပ်မဟုတ်ဘူး ကျနော်တို့ 
အလုပ်က မပြောင်းချင်တဲ့ သူကို မပြောင်းရအောင် ပေးလိုက်တဲ့ ယတြာက မပြောင်းရတော့ ဘူး ဆိုတဲ့ အချိန်မှာ ကျနော်တို့  အလုပ် ရည်ရွက်ချက်က
အောင်မြင်ခဲ့ ပြီ ယတြာရဲ့ ရည်ရွယ်ချက် တာဝန် ပြီးမြောက်ခဲ့ ပြီ
..ပြီးတော့  ဒီတစ်ယောက်ကို ပြောင်းဖူးလို့ ပေးပေမယ့်  နောက်တစ်ယောက်ကြတော့  ပြောင်းဖူးဖြစ်ချင်မှဖြစ်လိမ့် မယ် .
.ဘာကြောင့် လဲဆိုတော့  လက်တွေ့ ခွင်ထဲက ဗေဒင်ဆရာဟာ သူ့ သီးခြား လမိုင်းနဲ့ သူ အလုပ်လုပ်သွားနေလို့  ယတြာပညာမှာ ပုံသေမဆန်လို့ ပဲ..
ပြောင်းဖူးစေ့ ကို ချွေပြီးအကပ်ခိုင်းတာက အဖူးလိုက်ကပ်တာဟာ ဘုရားအတွက် သရုပ်ပျက်တယ်လို့ ခံစားမိလိုက်လို့  နဲ့  အစေ့ ကို တကူးတက အချွေခိုင်းတာက
ချိန်ဆပြီးပေးသွားတာလို့ ဆိုလိုတာ ကိစ္စတိုင်းမှာ ရည်ရွယ်ချက်  အကြောင်းပြချက်တွေပါတတ်တယ်ပေါ့ လေ)..
လျပ်စစ် နဲ့ ကလေး
------------
လျပ်စစ်နဲ့ ပတ်သက်ပြီး သေမလို ဖြစ်တာတွေထဲမှာ ဇာဂနာ ကိစ္စကတော့  မသေတာကံကောင်းအပြင် ကိုယ့် ရဲ့  ကြံကြံဖန်ဖန် တွေးခေါ်စပ်စုတတ်တဲ့ ဥာဉ်ကို ကိုယ့် ကိုယ်ကိုယ်ပါ ပြန်အံ့ သြရတဲ့ အပေါက်ပေါ့ ...ပြီးတော့  ကိုယ် ကညော့ ခဲ့ တာတွေကနေ ...ဘယ်ကလေးကိုမှ လျှော့ မတွက်နဲ့ သတိမလစ်စေနဲ့  သူတို့ က ဘာတွေ စပ်စုဖို့ ကြံနေမှန်းမသိဘူး ဆိုတာပါ တွေးလို့ တွက်လို့ ရတယ်
အတိတ်ကံ နဲ့ သေခြင်း
အတိတ်ကံ နဲ့ သေခြင်း
---------------
မဟာဘုတ် အစွန်း ၂ဖက်သဘော နဲ့  အလယ်အလတ်သဘော
မဟာဘုတ် အစွန်း ၂ဖက်သဘော နဲ့  အလယ်အလတ်သဘော
---------------
မဟာဘုတ်မှာ အမာရော အပျော့ ရော အစွန်းရောက်တာ ကြာရင် မကောင်းဘူး သဘောရှိတယ်...
၁ က ရင့် လွန်းရင် လူမုန်းများခံလာရပြီး သဘောကောင်းပေးလွန်းရင် လူတကာ ခိုင်းဖတ်ဖြစ်လာတာမျိုး
၂ တွေ  သူ့ အတွေးအခေါ်ကို ထိရင် ကြက်ခေါင်းဆိတ်မခံ ဖြစ်လွန်းရင် အပြန်အလှန် ပေါင်းရခက် သဘောဖြစ်လာတယ်...
သူများအတွေးအခေါ်တွေကို ဖေါလိုက်လွန်းရင်းလဲ အရည်အချင်းမဲ့ သဘော လူလေးစားသမှု့ မခံရတော့ ဘူး..
၃  တွေ ငါ့ စကား နွားရ လုပ်လွန်းရင် စကားက စတဲ့ ပြဿနာတွေ ထူပြောလာပြီး သူများစကားမှန်သမျှ ဖေါလိုက်လွန်းရင်လည်း အာစက်လျှာက်စက် မရှိတော့ ဘူး ကိုယ့် စကား အရမ၀င်တော့ ဘူး ဖြစ်လာတာ
၎ တွေ မာန်ထောင် လွန်းရင် အရှက်ကွဲစရာတွေ သတင်းအတင်းတုတ်ခံရတာမျိုးတွေ ခဏခဏ ကြုံလာရပြီး  ကိုယ်ရည်ကိုယ်သွေးကို နှိမ့် ချလွန်းရင် လူရာမသွင်း အလေးမထားခံရတော့ ပြန်ဘူး
၅ တွေ မိသားစုကို ငါတကောနဲ့ ဖိအားပေးလွန်းရင် မိသားစုထဲမှာ သင်းကွဲဖြစ်လာတတ်ပြီး မိသားစု လုပ်သမျှ ကောင်းပါသည်ခများလို့ ဖေါလိုက်လွန်းရင်လဲ မိသားစုက ကိုယ့် တန်ဘိုးကိုအလေးမထားတော့ ပြန်ဘူး
၆ က ထောင်ထောင် ထောင်ထောင် လုပ်လွန်းရင် အဖိုက်ခံရတာတွေ သိက္ခာကျစရာတွေ ကြုံကြုံလာတတ်ပြီး ကုတ်ချောင်းချောင်းနေလွန်းရင် ကိုယ်ရည်ကိုယ်သွေ ပျောက်သွား လူရာမ၀င်ဖြစ်သွားတတ်တယ်
ဝ တွေက ငါ့ စိတ်ချည်း လုပ်ရင် တည့် သူမရှိ ဖြစ်သွားတတ်ပြီး သူများစိတ်တွေနောက်ချည်း ဖေါလိုက်ရင် ကြီးကြောင်ကြာပေါ လေပွဲစား စာရင်းထဲအထည့် ခံထားရတတ်တယ်...
------------------------------------------
သဘောကတော့  ''''လောကီထဲမှာ လောကီ စိတ် နဲ့ နေ ပါဦးမယ်လို့ ဆိုရင်''' အကန့် အသတ် သဘောတွေ နဲ့ နေတာ ဘ၀တည်ငြိမ်မှု့ အတွက်  ကောင်းတယ်လို့ ဆိုလိုတာ...အလွန်အကျွံ သဘောကောင်းတာလဲ မကောင်းဘူး အမြဲ ရင့်  နေတာလဲ မကောင်းဘူး သဘောကောင်းသင့် သူကိုကောင်း ရင့် လွှတ်သင့် သူကို ရင့် သာလွှတ်လိုက်သဘော...
ကံဆိုတာ ပြောရခက်တယ် လူဆိုတာ ဥာဏ်များလွန်းတယ်
ကံဆိုတာ ပြောရခက်တယ် လူဆိုတာ ဥာဏ်များလွန်းတယ်
------------------------
တစ်ခါက ဗေဒင်လာတွက်တဲ့ ကောင်မလေးတစ်ယောက်က အိမ်ထောင်ပြုမယ်လို့ ဆိုတော့ မွေးသက္ကရာဇ် တောင်းလိုက်တာ ၁၇ ၀င်စ ရှိသေးတယ် မစောလွန်ဘူးလား လို့ ထောက်လိုက်တော့  ( အမှန်က ၁၈ မပြည့် သေးတာကို သတိထားမိလို့ )...ဒုတိယ အိမ်ထောင်ပါတဲ့ .ဟား  မွေးမေလေ့ .ဖျားငုတ်တို ရောင်တော်လွှတ်.. ..ဖြုံသွားတယ်...ဒါနဲ့  ခေတ်တွေ ပြောင်းခဲ့ ပြီပဲလေ  ဆိုပြီး အသက် ၁၇ ကျော်လေးမှာ ဒုတိယမြောက်ဆိုတာက အံ့ သြလက်စကနေ တောင်ခြစ်မြောက်ခြစ်လုပ် တော်ကီနဲနဲ ထုပြီး သူ့ ပထမ အိမ်ထောင်ကိစ္စကို မေးရတယ် တရားဝင်ကွာခဲ့ တာလား ( နောက် ဘဲလေး မယားခိုးမှု့ နဲ့  အမှု့ ပတ်နေမှာစိုးလို့ ) ဘယ်အသက်က အိမ်ထောင်ကျသလဲလို့ မေးတော့  တရားဝင်ကွာခဲ့ တာ အသက် ၁၄ နှစ်ကျော်ကျော်က ကျတာ တောမှာနေတာပါ ပထမအိမ်ထောင်နဲ့ ကလေးတစ်ယောက် ယောက်ျားလေး ရတယ် ၁၆နှစ်လောက်မှာပါ ..သူနဲ့ ကွဲတော့  ကလေးကို ယောက္ခမတွေက ယူထားလိုက်တယ် ကျမလည်း တောကတက်လာပြီး အခုမြို့ မှာ အလုပ်လုပ်နေတာ..( ဟန်ပြ အလှပြင်ဆိုင်အလုပ်ပေါ့ ) .လို့  သူ့ သမိုင်းနုနုလေးကိုပြောတော့  ဘာမှ ပြန်မပြောနိုင်တော့ ဘူး..ကိုယ်ဟန်ပေါက်ကတော့ အရွယ်ရောက်စောနေတာတော့ သိသာနေတယ် ၂၀ကျော်နဲ့ တူနေတယ်..အသက်ထက်စာရင် အရွယ်ရင့် နေတယ် .ကံတွေ ဘ၀တွေပေါ့ .
...အဲ့ ဒီမှာ ကျေးလက်တွေရဲ့  လူမှု့ ဘ၀တွေ သဘောကို လိုက်မမီတော့ ဘူး ၁၄ နှစ်စွန်းနဲ့  အိမ်ထောင်ပြုတာ ဥပဒေ အရ အကြုံးဝင်သလား မ၀င်ဘူးလား အသေအခြာမသိဘူး   မ၀င်ဘူးဆိုရင် မိဘတွေကိုပါ တရားစွဲရမှာလား..မိဘချင်းရော မောင်မယ်ချင်းရော အိုကေရင် အိုကေတာလား...မတွေးတတ်တော့ ဘူး...ကိုယ်ကလည်း လောသမား မဟုတ်ဖူး လူရိုက်မှု့ လေးတောင် ဂျေး ဘယ်နှစ်လမှန်း မသိဘူး အချုပ်တွေ ဂျေးတွေလည်း တစ်သက်တာ တစ်ခါမှ မရောက်ခဲ့ ဘူးဘူးလေ...
ကြားခါစက ရယ်စရာလုပ်ခဲ့ ပေမယ့်  စေ့ စေ့ တွေးရင် မရယ်ရဲတဲ့ အဖြစ်တစ်ခုက...ပွဲရုံမှာ အလုပ်သမားစုံရှိတယ်..အများစုက တောနယ်တွေကနေ မြို့ တက် အလုပ် လုပ်တဲ့ သူတွေများတယ်... အဲ့ ဒီမှာ လူလတ်တွေပါတယ် သူတို့ နယ်ဘက်အကြောင်းတွေပြောရင်းက သူ့ ရွာက ရီးစားနဲ့ ချိန်းတွေ့ ပုံအကြောင်း ပြန်ဖေါက်သည်ချတယ်...ရီးစားက ပြူတင်းရှိတဲ့  အခန်းလေးနဲ့  အပျိုခန်းဆိုပြီး သီးသန့် ညအိပ်တယ်..နေ့ ခင်းမှာ ညဘက် လာခဲ့ မယ်လို့ သူက ချိန်းလိုက်ရင် သူ့ ရီးစားက သူ့ ခြေမလေးမှာ ဘာနီကြိုးလေး ချီပြီး ကြိုးစကို ကြမ်းကြားကနေ အစကို အိမ်အောက် တွဲလောင်းလေးချထားပေးထားတယ် ညအမှောင်နဲ့ ဆိုမမြင်သာဘူးပေါ့ လေ...
.ညကြတော့  အဲ့ အိမ်အောက်ကနေ ကြိုးစလေးသွားဆွဲတော့  ရီးစားကနိုးလာပြီး အိမ်ထဲက လူရိပ်ကြည့်  ချိန်းတွေ့ ပေါ့ ...လင်းအားကြီးကြတော့ ပြန်လာတယ်...ဟားးးး.ပိုင်လိုက်တာ..လို့  အဲ့ တုန်းက ပြောမိပေမယ့်  အခုတော့  လူတွေဟာ အတော် ဥာဏ်များတာပဲလို့ ....တွေးမိတဲ့ အဖြစ် ရောက်သွားတယ်...ဒီ ဇာတ်ထုတ်က ဖြုံစရာ ဇာတ်ထုတ်တွေ အများကြီးထဲက တစ်ထုတ်ပဲ ရှိသေးတယ်..
ကံဆိုတာ ပြောရခက်တယ် ကံသတ္တိတွေရဲ့ သဘာဝက  သမားရိုးကျ ဥာဏ်သဘော နဲ့ ပုထုဇဉ်ဥာဏ်ကို ကျော်နေလို့ ကံ အလုပ်လုပ်ပုံကို ထိုင်တွေးမနေနဲ့  ကြံမနေနဲ့  ဂေါက်သွားမယ်လို့  ဆိုခဲ့ တာလေလား.....လူတွေကလည်း...ကိုယ်ထင်တာထက်ကို ကိုယ်မှန်းဆနိင်တာထက်ကို  ဥာဏ်များလွန်းလှတယ် တယ်.....ကံသာအမိ ကံသာအဖ ဘုရားစာသာ နာနာရွတ်နေတာပဲ ကောင်းပါတယ်လေ....ငိငိ...
အဝေးရောက်လူတွေ အတွက် သက်ထိမ်း ကံထိမ်းယတြာစတိုင်.
အဝေးရောက်လူတွေ အတွက် သက်ထိမ်း ကံထိမ်းယတြာစတိုင်.
--------------------------
ဒီရက်ပိုင်းတွေကတော့  ရိုက်စားဒေးနေ့ တွေဖြစ်နေတယ်..(ပိုက်ပိုက်တွေရတာပေါ့ .ငိငိ..)...သင်္ဘောသားတွေ နဲ့  ပြည်ပထွက်ခွာတွေ များတယ်...ဒီနေရာမှာ ကျနော် သုံးနေတဲ့ ယတြာစတိုင်ထဲက တစ်ခုက....မိသားစုကနေ အဝေးသွားအလုပ်လုပ်ရတော့ မယ့် အိမ်သားရဲ့  ဘေးကင်းလုံခြုံမှု့ အတွက်က နောက်တန်းက ကျန်ခဲ့ တဲ့ မိသားစုရဲ့ ကဏ္ဍက အရေးပါတယ်လို့ ကျနော်က ယူတယ်
အစ ဇာတ်ထုတ်
အစ ဇာတ်ထုတ်
----------------------
အုန်းငှက်ပျောပွဲဇာတ်ထုတ် အစကို ဒီလိုပါလို့ ဆိုတယ်
------------------------
အုန်းနဲ့ငှက်ပျော /သာသနာပွဲ
ရောင်ဝါးဝါး မဖြစ်စေချင်
သိမှတ်ထားတဲ့ ဗဟုသုတလေးပါ။
ဟာမိုနီ
ဟာမိုနီ
-----------
နောက်တော့ မေးလိုက်တယ်..ဘာ ဘာသာရေးတွေ လုပ်နေသလဲလို့ ...ဆြာရယ်...ဆိုပြီး...မနက် ၇ နာရီလောက်ကနေ လုပ်လိုက်တာ မိုးချုပ်အထိ ကိုရီးယားကားတောင်မကြည့် ပါဘူး ဆိုပြီး သူလုပ်တဲ့ ဘာသာရေး ( ရွတ်တာဖတ်တာ အဓိဌာန်ဝင်တာ ပုတီးစိတ်တာ) ...ကျမ်းကုန်ပဲ ဆိုရမလို အပေါ့ အလေး
ထမင်းစားချိန်ကောရသေးရဲ့ လားလို့ မေးရမလို....ဒါနဲ့  ကျနော်က အဲ့ ဒါတွေ အကုန် ရပ်ပစ်လိုက်ပါ...နမော ၄ ချက်လောက်ပဲ ဘာအဓိဌာန်မှ ဘာရလိုမှု့ မှ စိတ်ထဲ
ဘ၀ဖြစ်တည်နေမှု့ နဲ့  စိတ်နဲ့  အလုပ်နဲ့  ဟာမိုနီ မဖြစ်လို့ ကြားညပ်နေတဲ့ သဘောကြောင့် မို့ ပဲ  လောကီဆိုတာ အညစ်သဘော..သိပ်သန့် လွန်းရင် လောကီ နဲ့  အံ ၀င်ဂွင်ကျမဖြစ်တော့ ပဲ ချောင်ပိတ်လာတဲ့ သဘောပဲလို့ အယူမမှားအောင် ထပ်ရှင်းပေးလိုက်တယ်
ပန်းသီး...
ပန်းသီး...
တစ်ကိုက်ထဲပါ
ဒါပေမယ့် 
ဈေးကြီးလွန်းလှတယ်
တစ်ဘ၀စာပေးခဲ့ ရတယ်။  ။
ကိုယ့် အနာမှ ကိုယ့် အနာ
ကိုယ့် အနာမှ ကိုယ့် အနာ
-------------
ကိုယ့် အနာမှ ကိုယ့် အနာ သဘောက ကမ္ဘာနဲ့ တစ်ဝှမ်းသဘော  ။  ဘောစိတစ်ယောက် ကင်ဆာဖေါင်ဒေးရှင်း ထ ထောင်တော့  ကရုဏာ အတော်ကြီး ထင်တာ သူ့ မိသားစုထဲက သူ့ နှလုံးသားလေးတစ်ယောက်က ကင်ဆာရောဂါနဲ့ တိုက်ပွဲံကျသွားတဲ့ ရာဇ၀င်ဖြစ်နေတာ ဒါကြောင့်  သူ့ ကရုဏာက ကင်ဆာသည်တွေကိုပဲ
သွားပြီး ကွက်ကြာမိုး ကရုဏာ လို ဖြစ်နေတာ၊ ကင်ဆာသည်တွေကို ပံ့ ပိုးပေးလိုက်ရတော့  ကိုယ့်  မိသားစုထဲက ကင်ဆာနဲ့ တိုက်ပွဲကျသွားသူအတွက် ကိုယ့် ကိုယ်ကိုယ် တာဝန်မကျေခဲ့ ဘူးထင်တာအတွက် ရသေ့ စိတ်ဖြေသဘောပါ ခံစားမှု့ ကရသွားပုံရတယ်၊
ကိုယ်တွေလည်း လူထဲကလူပဲ ဘာမှမထူးဘူး.ကိုယ့် ဘိုးတော် ကျောက်ကပ်ရောဂါရတော့ ကုရတဲ့ နေရာမှာ သုံးရတဲ့ ငွေက စက်နဲ့ လှည့် ထုတ်သုံးနေရသလိုပဲ..
ကိစ္စပြီးသွားတော့  ကမ္ဘာပေါ်မှာ ရှိသမျှ ရောဂါတွေထက် ကျောက်ကပ်ရောဂါကို အကြောက်ဆုံးဖြစ်သွားတယ်.
..ကင်ဆာထက်ကို ကြောက်တာ..ရောဂါကိုကြောက်တာထက်  ကျောက်ကပ်ဆေးနေတုန်း  သောက်သောက်လဲ ပိုက်ဆံကုန်တာက အဓိကကြောင့် ဖြစ်နေတာ...ကျောက်ကပ်ရောဂါနဲ့  ရင်ဆိုင် မတွေ့ ဘူးသေးသူတွေကို  တွေ့ ဘူးသူက ပြန်ပြောပြနေတဲ့ ခံစားချက်ကို မတွေ့ ဘူးသူတွေက ၀င်ပြီး ခံစားနားလည်ပေးရတာ တစ်ချို့ တွေ အတွက် အခက်တွေ့ နိုင်တာလည်း ကြိုတွေးထားလို့ ရတယ်..ဒါသဘာဝသဘောပဲ
တစ်ချို့ တွေ အစိုးရကို ဆဲနေတာ နားမလည်နိုင်ဘူး ဖြစ်နေတယ်..အဲ့ ဒါ သူတို့ က ဒဲ့ မှ အနာစိမ်း မပေါက်ဖူးတာလို့  တွေးပေးလို့ ရတယ်..ကျနော်တို့ လည်းဦးနေ၀င်းကို ဒဲ့ ကြီး မမုန်းဘူးဘူး...ဘာလို့ လဲ ဆိုတော့  ပြည်သူပိုင်အသိမ်းခံရတဲ့  သူတွေထဲ ကျနော်တို့ မပါသွားဘူးတဲ့ အပြင် ဦးနေ၀င်းရဲ့ စစ်သားတွေ ဒဲ့ နှိပ်စက်တာလဲ မခံစားခဲ့ ရဘူးဘူး  ဒါနဲ့  တေဇလူငယ် ရှေ့ ဆောင်လူငယ် လမ်းစဉ်လူငယ်တွေဘာတွေ ၀င်တောင် ကညော့ လိုက်ကြသေးတယ်. ဆိုရှယ်လစ်သာ ဂွတ်ပဲ.အရင်းရှင်စနစ်ဆိုရင်ပဲ တစ်ပြည်လုံး ကြက်တန်းရောက်ကုန်တော့ မလိုလိုထင်ခဲ့ ကြတာ ..ဦးနေ၀င်းလက်ထက်မှာ မွဲနေတဲ့ တောကနေ စစ်ပြေးလာပြီး မြို့ မှာချမ်းသာသွားတဲ့  တစ်ချို့ ဆို ဦးနေ၀င်းလက်ထက်ကို အကောင်းလို့ တောင်ဆိုတယ်.
ကိုယ့် အနာမှ ကိုယ့် အနာ သဘောက လူ့ သဘာဝ ဆိုပေမယ့်  နေရာတကာလာလုပ်နေတာမျိုကို  လက်ခံပေးမယ့်  သဘောမရှိဘူး  ကိုယ့် အနာမှ ကိုယ့် အနာ စိတ် လွန်ကဲလွန်းသွားရင် သာမန်ထက် အတ္တကြီးသူတွေလို့  တစ်ခြားတွေက အလိုလို ခံစားလာကြပြီး လူ့ အသိုင်းအ၀ိုင်းက အဲဒီ အတ္တအနာသမားတွေကို မကြိုက်ကြ မပေါင်းချင်ကြတော့ ဘူး ငြင်ပယ်လာကြတယ်... မျှဝေခံစားပေးတတ်ခြင်း စာနာထောက်ထားတတ်ခြင်း သဘောတွေ ရှိထားဖို့ ကလည်း လူတောတိုးဖို့ အတွက် လိုအပ်တဲ့  စိတ်ပဲ  ။
မျက်ရည်မြစ်
 မျက်ရည်မြစ်
-----------------------
ကျနော် ရှင်ပြုတုန်းက အိမ်ရှေ့ မှာ မဏ္ဍတ်ရှည်ကြီးထိုးထားတာ ၁၀ရက်ကျော်တယ်..ကျနော့် ဘိုးတော်ကြီးက ဓမ္မ၀ါသနာကြီးတယ် အလှုပွဲမတိုင်ခင် ဓမ္မသဘင်လုပ်တာ ညစဉ်တရားပွဲက ၇ ရက် ဆက်တိုက်ပေါ့ ။ ဟိုတုန်းက အလှုက အမျိုးတွေအပြင် တစ်လမ်းလုံးက သူတို့ အလှုလို သဘောထားပြီး
ဝိုင်းဝန်းကြတော့ ပျော်စရာကောင်းတယ် ပကာသနမဆန်လှဘူးပေါ့ လေ..အဲ့ တရားပွဲမှာ ရတနာပုံဆရာချစ် ဆိုတဲ့  လူ ဓမ္မကထိကလည်း ပါတယ်..ဟိုတုန်းက
ဓမ္မပွဲတွေအများစုက ကာလာမပါသလို  ဆရာကြီးလှသိန်းတို့ လို့  လူဓမ္မကထိကတွေပါ ဓမ္မ အနှစ်သာရကောင်းရင် ကောင်းသလို လူအများကလက်ခံကြတယ်
ဖူးလိုက်ပြီး ချစ်ခြင်းသဘောကို သတိထားမိသွားတယ် ဘုရားလောင်း တောထွက်သွားတာကို အိမ်ဦးသခင်ကို ချစ်တဲ့ ချစ်ခြင်းကြောင့် ကြေကွဲပေမယ့်  အိမ်ဦးသခင်စိတ်ကျေနပ်ပြီးတာပါပဲ သဘောနဲ့  လွမ်းလို့ သာ ချန်နေပေးခဲ့ တဲ့ အဖြစ် ။  ဘုရားလောင်းက လူဝတ်စွန့် ပြီလို့ သတင်းကြားတော့ ယသော်ဓရာ လည်း နန်းတော်မှာအိမ်ဦးသခင်ဝတ်သလို ဖန်ရည်ဆိုးသော အ၀တ်ကိုပဲ သခင့် ကို လွမ်းဆွတ်ရင်း ဆင်မြန်းနေတော့ တယ် ဆိုတာမျိုးတွေ ။ အဲ့ တုန်းက ဖြတ်ကနဲနာခဲ့ ရပြီး စွဲနေခဲ့ တယ်..
ချစ်လွန်းပြီဆိုတဲ့ အခါ ချစ်သူ့ အတွက် နင်ပျော်ရင် ငါပျော်တာပါပဲ နင်ငိုရင် ငါသေနိင်တယ် ဆိုတာမျိုးတွေ ဖြစ်လာတတ်တယ် ဆိုတာ ချစ်ခြင်းသဘောက ဖြစ်လာတတ်တဲ့  ချစ်တတ်လွန်းသူတွေရဲ့  မျက်ရည်မြစ် သဘောတွေလား ...
အတွေး အတွေ့ အကြုံ နဲ့  လက်တွေ့ 
အတွေး အတွေ့ အကြုံ နဲ့  လက်တွေ့ 
----
အွန်လိုင်းမပေါ်ခင် စာအုပ် လွှမ်းမိုးတဲ့ ခေတ်တုန်းက စာအုပ်မျိုးစုံထဲက  ယတြာမျိုးစုံ ဖတ်ဖူးခဲ့ တယ် တစ်ချို့ မှတ်ဘူးခဲ့ တယ်...ဒါပေမယ့်  အဲ့ စာအုပ်တွေထဲက ယတြာတွေ တစ်ခုမှ လက်တွေ့ မလုပ်ဖူးခဲ့ ဘူး...။ ( လိုက်လုပ်စရာ အကြောင်းမယ်မယ်ရရ မရှိခဲ့ တာရော ၊ လူက တိုက်ရိုက်ညွှန်တာမဟုတ်လို့  သိပ်မယုံခဲ့ တာရော ၊  စာအုပ်ပါ ဗေဒင်ယတြာတွေကို ကံဆုံခဲ့ တဲ့  ဆရာတွေ ပါးစပ်က တိုက်ရိုက် ညွှန်ကြားတာလောက် အထင်မကြီးခဲ့ တာကြောင့် လို့ ပြန်တွေးမိတယ်)
စာအုပ်ထဲက နေ ကုးပြီး လက်တွေ့ လုပ်ကြည့် ရာက အကျိုးတော်တော်ရှိခဲ့ တာက  လေဖြန်း အကြောတက် အညောင်းအညာပြေ ဒူးသက်သာ ခါးသက်သာ ဆိုတဲ့  တိုင်းရင်းဆေး တစ်ခုပဲ ရှိခဲ့ တယ်..ဆေးနည်းက အရက် ၂ + ရှောက်ရေ ၂ + ပရုပ်အေး၅ကျပ်သား+ မင်သော် ၅ကျပ်သား+ပရုပ်လုံး အလုံး၂၀ +လေးညှင်းမှုန့်  ၂ကျပ်သား +မုံညှင်းဆီ ၅ကျပ်သားတွေ နဲ့ သာ လိုတိုး ပိုလျှော့ ဆေးအမယ် ပေါင်းစပ်ထားတဲ့  ဆေးရေဖြစ်နေတာ ဆေးရည်က အများကြီးရတာ  ဒဏ်ကြေဆေးနဲ့ တူတာ အနံ့ က အရက်နဲ့  ပရုပ်နံ့ ရောထွက်လာလို့  သင်းပြီး မွှေးနေတာ ပူရှိန်းရှိန်းဖြစ်နေတာ  ဆေးအမယ်တွေက ကုန်ဈေးတန်းက ဆေးဆိုင်မှာ ၀ယ်ရ လွယ်နေတာ ဆေးဖေါ် စားရိပ်သက်သာတာကြောင့် ပဲ၊ အဲ့ ဆေးကိုဖေါ်ပြီး သုံးကြည့် တယ် ကောင်းတယ် သူများကို ဝေတယ် သက်ကြီးဘွားတော်ကြီးတွေအကြိုက်တွေ့ တယ်  လိမ်းယုံတင်မက ရူဆေးပါ လုပ်လို့ ရနေလို့ ပါပဲ  စိတ်ကူးပေါက်ရင်တော့  အဲ့ ဆေးရည်လေး ဖေါ်ထားလိုက်တတ်တယ် ..
တစ်ခါက အတွေးပေါက်မိတယ် စာအုပ်မျိုးစုံက ယတြာတွေ အပြင်မှာ လက်တွေ့ လိုက်လုပ်တဲ့  လူတွေ ဘယ်လောက်လောက် ရှိနိုင်မလဲ၊ ကိုယ်လို့  ဖတ်ယုံသာ ဖတ်ကြည့် ပြီး ပြီးရင် မေ့ သွား ပြီး လိုက် မလုပ်ဖူးတဲ့ လူတွေ ဘယ်လောက်လောက် ရှိနေမလဲ...စာအုပ်အတိုင်း လိုက်လုပ်သူနဲ့ မလုပ်သူ ဘယ်ဟာကပိုများမလဲ တွေးကြည့် မိတယ်....တွေးမိယုံလေးပါပဲ...
နောက်တော့ အတွေးထပ်ရလာတာက စာအုပ်ထဲက ဆေးနည်းလေးတောင် လက်တွေ့ ယူဖေါ်မိသေးတာပဲ..တစ်ယောက်တစ်လေ စာဖတ်ပြီး လုပ်မိလို့  အလုပ်ဖြစ်သွားရင်လဲ ကျေနပ်စရာပါပဲ သဘောလေး..