Powered By Blogger
Friday, September 4, 2015
မျက်ရည်မြစ်
 မျက်ရည်မြစ်
-----------------------
ကျနော် ရှင်ပြုတုန်းက အိမ်ရှေ့ မှာ မဏ္ဍတ်ရှည်ကြီးထိုးထားတာ ၁၀ရက်ကျော်တယ်..ကျနော့် ဘိုးတော်ကြီးက ဓမ္မ၀ါသနာကြီးတယ် အလှုပွဲမတိုင်ခင် ဓမ္မသဘင်လုပ်တာ ညစဉ်တရားပွဲက ၇ ရက် ဆက်တိုက်ပေါ့ ။ ဟိုတုန်းက အလှုက အမျိုးတွေအပြင် တစ်လမ်းလုံးက သူတို့ အလှုလို သဘောထားပြီး
ဝိုင်းဝန်းကြတော့ ပျော်စရာကောင်းတယ် ပကာသနမဆန်လှဘူးပေါ့ လေ..အဲ့ တရားပွဲမှာ ရတနာပုံဆရာချစ် ဆိုတဲ့  လူ ဓမ္မကထိကလည်း ပါတယ်..ဟိုတုန်းက
ဓမ္မပွဲတွေအများစုက ကာလာမပါသလို  ဆရာကြီးလှသိန်းတို့ လို့  လူဓမ္မကထိကတွေပါ ဓမ္မ အနှစ်သာရကောင်းရင် ကောင်းသလို လူအများကလက်ခံကြတယ်
ဖူးလိုက်ပြီး ချစ်ခြင်းသဘောကို သတိထားမိသွားတယ် ဘုရားလောင်း တောထွက်သွားတာကို အိမ်ဦးသခင်ကို ချစ်တဲ့ ချစ်ခြင်းကြောင့် ကြေကွဲပေမယ့်  အိမ်ဦးသခင်စိတ်ကျေနပ်ပြီးတာပါပဲ သဘောနဲ့  လွမ်းလို့ သာ ချန်နေပေးခဲ့ တဲ့ အဖြစ် ။  ဘုရားလောင်းက လူဝတ်စွန့် ပြီလို့ သတင်းကြားတော့ ယသော်ဓရာ လည်း နန်းတော်မှာအိမ်ဦးသခင်ဝတ်သလို ဖန်ရည်ဆိုးသော အ၀တ်ကိုပဲ သခင့် ကို လွမ်းဆွတ်ရင်း ဆင်မြန်းနေတော့ တယ် ဆိုတာမျိုးတွေ ။ အဲ့ တုန်းက ဖြတ်ကနဲနာခဲ့ ရပြီး စွဲနေခဲ့ တယ်..
ချစ်လွန်းပြီဆိုတဲ့ အခါ ချစ်သူ့ အတွက် နင်ပျော်ရင် ငါပျော်တာပါပဲ နင်ငိုရင် ငါသေနိင်တယ် ဆိုတာမျိုးတွေ ဖြစ်လာတတ်တယ် ဆိုတာ ချစ်ခြင်းသဘောက ဖြစ်လာတတ်တဲ့  ချစ်တတ်လွန်းသူတွေရဲ့  မျက်ရည်မြစ် သဘောတွေလား ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..