အတိတ်ကံ နဲ့ သေခြင်း
---------------
ဘယ်သူက ဘာပြောပြော ကိုယ့် ကိုယ်တွေ့  နဲ့ ကျမ်းတွေ့ တွေပေါင်းလိုင်တော့  ဘ၀ခရီးမှာကြုံတွေ့ ရတဲ့ ကောင်းမှု့ ဆိုးမှု့ တွေအများစုဟာ အတိတ်ကံရဲ့ လက်ချက်တွေက ပိုများတယ်လို့ မှတ်တယ် ဒီတော့  လုပ်စရာရှိတာ စိတ်ကူးပြီးလုပ် ကျန်တာ အတိတ်ကံကလည်း စကားဝင်ပြောလိမ့် မယ်လို့ ကြံတိုင်းဖြစ်တာရှိမယ် မဖြစ်တာလဲရှိလိမ့် မယ် ကြံတာတွေ မဖြစ် မကြံတာတွေဖြစ်လာရင် အတိတ်ကံလို့ မှတ်ပါလေပေါ့ 
အက်စီးဒန့် နဲ့ သေလုလုအဖြစ်တွေ ကြုံခဲ့ ရတဲ့  သည်းထိတ်ရင်ဖို အဖြစ်အပျက်ပေါင်းကို မနဲဘူး..ခုထိတော့  မသေလို့ စာရိုက်နေနိုင်တယ်ပေါ့ ..တစ်ခါတစ်လေတော့ လည်းတွေးမိတယ် ဘာနဲ့ ဘယ်အချိန်မှာ သေမယ်ဆိုတာ ပါလာပြီးသားနေမှာ ဥာဏ်သတ္တိ အနိမ့် အမြင့် သဘောအရ မသိတတ်နိုင်
ကောင်းလို့ သာ မသိကြတာနေမှာပါပဲလို့ ..
ကျောင်းပျင်းတာ မူလတန်းထဲကပါ..စတိတ်ကျောင်းရောက်တော့ ကျောင်းမပျင်းတော့ ဘူး ကျောင်းပြေးရတာပျော်စရာကောင်းလို့ ကျောင်းချည်းသွားချင်နေတော့ တာမျိုး...။ ကျောင်းပြေးတာ ၇တန်းမှာ အတော်ဂျိုးကျလာပြီ၊ ကျောင်းပြေးရင်းအကြောမျိုးစုံဆွဲတဲ့ အကျိုးကျေးဇူးက ဆရာနဲ့ သင်စရာမလိုပဲ ရေကူးတတ်သွားတယ်၊
အကြောဆွဲနည်းပေါင်းစုံထဲမှာ ရထားခိုးစီးတာလဲပါတယ်..။ ကျောင်းကွင်းကြီးကအကျယ်ကြီး ၊ ကျောင်းရဲ့ နောက်ကျောက မြို့ ပတ်ရထားလမ်းရှိပြီး ကားလမ်းကုးလိုက်ရင် မြို့ ပတ်ဘူတာရုံလေး။
ရထားခိုးစီးတဲ့ နည်းတွေထဲက ၂ နည်းက တစ်မြို့ လုံးပတ်စီးတာနဲ့  ဘူတာကြီး အင်းစိန်ဘူတာကြီး ဆိုပြီးတော့ စီးတာတစ်နည်းပေါ့ ..။ရထားခိုးစီးတာ ကောင်းကောင်းစီးတာ မဟုတ်ဘူး ရထားက ဘူတာရုံကို စ၀င်လာတာကို ကြိုစောင့်  ရထားနဲ့ အတူတူယှဉ်ပြေး အပေါက်ဝက လက်ကိုင်ကိုင်းကို
လှမ်းဆွဲခိုတက်တာမျိုး၊ ရထားအထွက်မှာ အပေါက်ဝကနေ ခိုလိုက်သွားပြီး ဘူတာအဆုံးကျမှ အသာလေး ပြေးလိုက်ပြီး ဆင်းကျန်ခဲ့ တာမျိုးတွေ..သည်းထိတ်ရင်ဖိုတွေပေါ့ ...တစ်ခါတစ်လေ လက်မှတ်စစ်တွေပါတတ်ပေမယ့်  ဘာမှမပြောကြပါဘူး မနိုင်ကောင်လေးတွေ ကျောင်းပြေးလေးတွေ ဆိုပြီး ပေလယျကံ လွှတ်ထားကြတော့  မြို့ ပတ်ရထား နဲ့  မြို့ ပတ်ရထား ဘူတာရုံဆိုတာ ကျောင်းပြေးလေးတွေ ပျော်မွေ့ ရာ အရပ်လိုတောင်ဖြစ်နေခဲ့ တယ်
လူဆိုတာ ဘေးမဖြစ်မချင်း အန္တရယ်ရှိမှန်းသိပေမယ့်  အန္တရယ်ကို မကြောက်တတ်သလိုပါပဲ ၊ ဘေးနီးလို့ ဘေးက လူကြီးတွေ စိုးရိမ်ကြတာကိုတောင် ငါကွ ဆိုပြီး
သဘောတွေကျနေတာ သူတို့ ကစိတ်ပူလေ ပိုကဲလေ။..
တစ်နေ့ ထုံးစံအတိုင်း ဘူတာရုံသွားရထားတွေ တစ်စီးပြီးတစ်စီး ၀င်လာလိုက် ထွက်သွားလိုက်နဲ့ ကို သွားပြီး ခုန်တက်လိုက် ခုန်ဆင်းလိုက် လုပ်နေခဲ့ တယ်...
တစ်စီးမှာတော့  ရထားက ဘူတာကနေ တအိအိနဲ့  အရှိန်ယူစအထွက် မှာ ပြေးလိုက်ပြီး ခုန်အတက်...လက်က လက်တန်းကို မမိ တမိ ဖြစ် ခြေထောက်က
ရထားခြေနင်းခုံ အဖျားသာနင်းမိတော့  ခြေချော် ပြန်ပြုတ်ကျတာ တွဲကြားထဲကနေ ရထား သံလမ်းနဲ့  ရထားပလက်ဖေါင်းကြားကို ပြုတ်ကျသွားပါရောဗျာ...
ဟယ်...သေပြီသေပြီ ဆိုတာတွေရော ဟာ..ဟိုကောင်လေး တွဲကြားထဲ ကျသွားပြီ ဆိုတာတွေရော ဘူတာရုံထဲ ဆူညံသွားတော့ တာပါပဲ၊ ကိုယ်ကတော့ 
ပြုတ်ကျပြီး ပလက်ဖေါင်း အုတ်ခုံဘေးရောက်သွားတော့  ဘယ်လိုကနေ ဘယ်လို ဖြစ်သွားမှန်း မသိဘူး ကြောက်အားလန့် အားနဲ့ အဲ ပလက်ဖေါင်းဘက်ကို
ပြားနေအောင် ရင်ဘတ်နဲ့ ကပ်ထားမိလျက်သားဖြစ်သွားတယ်...။ ရထားကတော့ မရပ်ပါဘူး...ဂလုပ်ဂလုပ် ဂလုပ်ဂလုပ် နဲ့  ဆက်ခုတ်သွားနေပုံက ခေါင်းပေါ်
ကနေ ရှိတ်ကနဲ ရှိတ်ကနဲ ဖြတ်သွားတာက ရထားတွဲတွေက ခြေနင်းခုံ သစ်သားပြားကြီးတွေ..ကျော်ဘက်က ၀ှီးကနဲ ၀ှီးကနဲ ကပ်ပြီး ဖြတ်သွားတာက ရထားဘီကက ဘရိတ်တုံးအုံ ဘုကြီးတွေ..၊ ခေါင်းနဲ့ ကျော က တကယ့်  ဒိန်းဂျားကြီး...
အဲ့ ပလက်ဖေါင်း အုတ်နံရံလေးကို ပြားကပ်နေအောင်ကပ်ဝပ်နေချိန်က တကယ်က မီးနစ်ပိုင်းလောက်ရယ် ကိုယ့် မှာက တကမ္ဘာလောက်ထင်နေတာ အသားတွေကို တုန်နေတာ တဆပ်ဆပ်နဲ့ ပေါ့ ၊ ရထားတွဲအဆုံးတစ်စီး ဖြတ်သွားပြီးတော့ မှ ဟူးးးး ဆို ထလာတာ ဒူးတွေကိုတုန်လို့ ...ဘူတာထဲက လူတွေလဲ အဲ့ တော့ မှ သက်ပြင်းတွေချပြီး ကံကောင်းလို့ ရထားမကျိတ်တာ မသေကောင်း မပျောက်ကောင်း...ဆိုတာကနေ...ပွစိပွစိတွေပေါ့ ...ကိုယ်ကတော့  ကိုယ့် 
အကြောဆွဲမှု့ နဲ ကိုယ်ဖြစ်နေတာရယ် သွေးပျက်နေတာရယ်နဲ့  ဒူးတွေတုန်နေတာကို အသာထိမ်း ပလက်ဖေါင်းပေါ်ပြန်တက် အဲ့ ဘူတာကနေ သုတ်ခြေတင်တော့ တာပါပဲ...
သွေးပျက်နေတာ တစ်လလောက်ခံတယ်..တော်တော်နဲ့  ဘူတာရုံဘက်ပြန်မသွားတော့ ဘူး ရထားမြင်လန့် နေတာ..နောက်တော့  ကျည်တောက်စွပ်တွေဆိုတော့ 
ဟိုလိုဒီလိုလိုနဲ့ သွေးအေးသွားတော့ မှ ဘူတာရုံပြန် ကျောင်းပြေး ဒုံရင်း ဒုံရင်း ဖြစ်သွားတယ် ဒီတစ်ခါတော့ နပ်သွားပြီ လေ ပြုတ်မကျတော့ ဘူး...ဟီးးး...
သေကံမရောက်သေးရင် အသက်က ပျောက်ကို မပျောက်သေးဘူးဆိုတာ အဲ့ လို အဖြစ်မျိုးတွေ ခဏခဏကြုံခဲ့ ဘူးလို့ ပြောတာပါပဲ...အဲ့ တုန်းက ၇ တန်းပဲရှိသေးတာ..ပြီးတော့  နွေမှာ ရှင်ပြုဖို့ ကရှိနေတယ်....ဥပစ္စေဒကံနီးတဲ့  အဖြစ်တွေအများကြီးထဲက အဖြစ်တစ်ခုပေါ့ လေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..