ဘု အတွေးတွေကနေ
-------------
ကျနော်တွေးခေါ်တာတွေ တစ်ချို့ မှာ စိတ်သာရှင်စော ကို အခြေခံတာတွေများတော့  ပုံမှန် သဘောတွေနဲ့ ဆို ဘု အတွေးဆန်နေတယ်....ဆိုပါတော့  အိမ်ဘုရားစင်မှာ ပလတ်စတစ် အလှပန်းလေးထိုးမိတာနဲ့ ပဲ ငရဲအိုးကျတော့ မတတ်ရေးတာမျိုးတွေ ဘုရားစင်ဘက် ခြေထိုးမိတာနဲ့ ပဲ မြေမြိုတော့ မလိုလို ရေးလာတာတွေ ဘုရားကို ဘာဆွမ်း ဘာသောက်တော်ရေမှ မကပ်မိရင်ပဲ အပြစ်ကြီးဆိုက်ရောက်တော့ မလိုလိုတွေ ဖတ်ရတဲ့ အခါ အိုဗာ ဖြစ်တယ်ထင်တယ်...အဲ့ မှာ ဘုအတွေးက ...ဘာဘုရားစင်မှ မထားတော့ ပဲ စိတ်ထဲကပဲ ဘုရားဂုဏ်တော်တွေကို သတိရရင် ကြည်ညို အာရုံပြုလိုက်တာပဲအေးပါတယ်...ဘုရားစင်ထားပေးတော့ မှ အနေအထိုင်မတတ်ရင် အကုသိုလ်က အတုံးလိုက်အတစ်လိုက်လာဦးမှာ....လို့  တွေးတာမျိုးပေါ့ 
ဒီလို တွေးနည်းကနေ စုပေါင်းစပ်ပေါင်း စစ်တန်းလျားလို တန်းစီနေရပြီး ကိုယ်ပိုင်ဘုရားစင်မရှိတဲ့  စားပွဲတစ်လုံးတောင်မရှိတဲ့  အဆောင်သူတွေအတွက် ယတြာပေးလို့ ရလာတယ်...ဥပမာ သူတို့ ပိုင်နက် ကျောတစ်ခင်းစာ အိပ်ယာ ခေါင်းရင်းမှာ ဖန်ခွက် သတ္တုခွက်တစ်ခုခု နဲ့  ရေစတိထည့်  ဘာအညွန့် လေးထည့် ပြီးဘုရားကို စိတ်ထဲကနေ အာရုံပြု ချထားလိုက်ပါ ဆိုတာမျိုးပေါ့  ဒီလိုနည်းတွေဟာ မလေးလို ဒူဘိုင်းလိုနေရာတွေမှာ အလုပ်ဝင်နေတဲ့ သူတွေအတွက် ဘာဘုရားစင်မှ မလိုတော့ လို့ အလုပ်ဖြစ်တဲ့ နည်းဖြစ်လာတယ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..