'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, September 4, 2015
မရဏနံရဲ့ ကောင်းကျိုး...
မရဏနံရဲ့ ကောင်းကျိုး....
------------
ဆရာနဲ့ မတွေ့ ခင် ဗေဒင်ရဲ့ အတွင်းသဘော အနှစ်သာရသဘော အသုံးကျတန်ဘိုးသဘော အသုံးချတန်ဘိုးသဘောကို လုံးဝမသိခဲ့ ဘူး.....၊
ဆရာနဲ့ ဆုံပြီးနောက်မှ နဲနဲ နဲနဲ စသိလာတယ်၊ သိလာပုံက ဒီပညာကိုလေ့ လာတဲ့ အခါ အဆိုတွေရဲ့  သဘောကို မှတ်ကျောက်တိုက်ကြည့် ဖို့ က
ကိုယ့် ဘ၀ဖြတ်သန်းမှု့ နဲ့ တိုက်ကြည့် တာက အနီးဆုံးလမ်းလို့ တွေးမိလို့ ပါပဲ
အဲ့ ဒီမှာ ကျနော့် ကို ကောင်းကျိုး အများကြီးပေးသွားတဲ့ ကျနော့် ရဲ့ အဖေဟာ ကျနော် မူလ ၁ကြွင်းမဟာဘုတ်ရဲ့ မရဏအိမ်က နံ ဗုဒ္ဓဟူးနံ
၆ကြွင်းရာဇဘွား ဗုဒ္ဓဟူးသားဖြစ်နေတယ်လို စသတိထားမိလိုက်တယ်..ဒီတော့  အထာက ဘယ်လို သဘောပေါက်သွားလဲဆိုတော့  ငါ့ အဖေဟာ
သမားရိုးကျ အဖေ မဟုတ်ဘူး ငါ့ မဟာဘုတ် မရဏအိမ်က နံ ဗုဒ္ဓဟူးသား ဖြစ်နေပြီ...ဒီတော့  သာမန်အဖေလို သဘောထားလို့ မဖြစ်တော့ ဘူး
ထားရာနေစေရာသွား ဤဆို လိုက်ဤလိုက်တာသာ ငါ့ အနာဂတ်ဘ၀သစ်ပင်ကြီးထွားဖို့ အတွက် ငါ့ အမြစ်ကို ကို ငါကိုယ်တိုင် ရေလောင်းပေါင်းသင်လိုက်သလိုပဲ
လို့  စသဘောပေါက်လိုက်ပြီး အဲ့ အချိန်ကစပြီး ကျနော့် ရဲ့ ကလန် အတွေးတွေ ထင်ရာစိုင်းသဘောတွေကို အဖေ ဗုဒ္ဓဟူးသား နဲ့ ကျရင် ခြေသုတ်ပုဆိုး
မြွေစွယ်ကျိုး...
ဒါတင်မကသေးဘူး တိုက်ဆိုင်ချက်က မဟာဘုတ်ပညာ အယူအဆသစ်တွေကို စပြီး လမ်းကြောင်း သင်ဆရာ ဆရာကိုယ်တိုင်က ၆ကြွင်း ဗုဒ္ဓဟူးသား...
ဒီတော့  သမားရိုးကျဆရာထက် ဆရာကြီးထက် ပိုပြီးထဲထဲဝင်ဝင် တပည့် ခံတယ် ကိုယ့် အိမ်မှာ တစ်သက်တာ မီးမမွှေးဘူးတဲ့  ကျနော် က ဆရာ့ 
ဆိုင်ခန်းအဖွင့်  အရင်သွားတယ် ဆိုင်ခင်းပေးတယ် အကြမ်းအိုးတည်ဖို့ မီးမွှေးတာတွေအထိ ၀င်လုပ်ပစ်လိုက်တယ်...ဆရာဤဆိုဤ လိုက်ခဲ့ တယ်
ဆရာကျွဲ ဆို လိုက်ကျွဲဖို့  အဆင်သင့် ပဲ...
သမားရိုးကျ အဖေ နဲ့ သား ဆက်ဆံရေး မဟုတ်တော့ ပဲ ကိုယ့် ဘ၀တစ်ခုလုံးကို ထိုးကျွေးထားလိုက်ခဲ့ တဲ့ သားအဖြစ်နေပေးလိုက်ခဲ့ တဲ့ အကျိုးတရား
သမားရိုးကျ ဗေဒင်ဆရာလို့ သဘောမထားတော့ ပဲ ကိုယ်ဘ၀ လမ်းညွှန်လို့ ခံယူချဉ်းက်ကျိုးနွံ ယတြာမှားလို့ ခေါင်းအခေါက်ခံလိုက်ခဲ့ တဲ့  အကျိုးတရားက
ဒီနေ့  အဲ့ မေးဆပ်ခြင်း အကျိုးတွေကို ကျနော်ရနေခဲ့ တဲ့ သဘောဖြစ်လာတယ်...မရဏနံကို သီးခံနိုင်သလောက် သီးခံရင် ကိုယ့် အတွက် အကျိုးတရားတွေ
တစ်ဖက်က ပုံစံတစ်မျိုးနဲ့ လောကရဲ့ အလျော်အစားသဘောအဖြစ်ပြန်လာတယ်ဆိုတာ အဲ့ ကတည်းက သိခဲ့  ကစားခဲ့ တယ်..
နောက်ပိုင်း အိမ်သားထဲက ဗုဒ္ဓဟူးသားသမီးတွေကို ကျန်နေ့ သားတွေထက် သီးခံတယ် ပံ့ ပိုးတယ် ဘော်ဒါတွေ ဗေဒင်မေးဖေါက်သည်တွေထဲက
ဗုဒ္ဓဟူးသားသမီးတွေကို တစ်ခြားတွေထက် သီးခံပေးလိုက်တယ် တစ်ချို့  ဗေဒင်မေး ယတြာထိုင်ဖေါက်သည်ထဲက အတော့် ကို အတ္တဆန်ပြီး ဗရုတ်သုတ်ခ
နိုင်လွန်းတဲ့  ဗုဒ္ဓဟူးသားသမီးတွေကို ကျန်တဲ ၆ နေ့ နံသားထက် သီးခံပေးလိုက်တယ်..ဒိအတွက် တစ်ဖက်က ကောင်းကျိုးတွေ ပုံစံတစ်မျိုးနဲ့ ပြန်လာသလို
ကြာတော့  အဲ့ ဗုဒ္ဓဟူးသားသမီးတွေါ ကျနော့် အပေါ်အရင်လို မရစ်တော့ ပဲ အလုပ်ဖြစ်လာတော့ တယ်
သဘောက ကိုယ့် ရဲ့ မရဏအိမ်က နံသင့် ဆီက တိုက်ရိုက်အကျိုးအမြတ်ထုတ်ယူတာထက် ပေးဆပ်ခြင်းသဘော သီးခံခြင်းသဘာ ပံ့ ပိုးပေးခြင်းသဘောတွေ နဲ့ 
မရဏအိမ်က နံသင့် တွေကို တည့် နိုင်သမျှ တည့် အောင်ဆက်ဆံပြီး နေလိုက်တဲ့ သဘောပဲ
ဘယ်လိုမှ တည့် ပေးဖို့  မဖြစ်တော့ ဘူးဆိုရင် ကျနော်က အရင်ခွာတော့ တယ် ဝေးဝေးနေတော့ တယ်...မပူးတော့ ဘူးပေါ့ ...မရဏအိမ်က နံသင့် ဟာ
လောင်းရိပ်မိသဘောလည်းဆန်တယ်...ဒါကြောင့်  ကျနော်က မိဘလောင်းရိပ် ဆရာ့ လောင်းရိပ်အောင်ကနေ လွတ်အောင်ထွက်ပြီး ကိုယ့် လမ်းကိုယ်ဖေါက်ခဲ
့တော့ တာပါပဲ...မရဏလောင်းရိပ်အောက်က ထွက်တဲ အခါ အတော်တော့ ရုန်းရတယ် ငြင်သာတဲ ထွက်နည်းဖြစ်အောင်လည်း တွေးတောရ ညှိနှိုင်းယူခဲ့ ရတယ်..
လောင်းရိပ်လွတ်တဲ့ အချိန်တစ်ခုကို အလွန်စိတ်ရှည်ရှည်နဲ့ စောင့် ပေးရလေ့ ရှိါတယ်
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..