Powered By Blogger
Sunday, June 21, 2015
( ဘ၀ထိုထို လူထိုထိုတည့် ..)
---
''အို ဘယ့် ဘယ် အိုဘယ့် 
မြတ်သော ..မွေးသမိခင်....''..
---------------
အမျိုးထဲမှာ အဖက်ဖက်က နိမ့် ပါးတဲ့ အမျိုး ရိုးရိုးကြီးတွေ ရှိပါတယ်..တစ်ချို့ အမျိုးတွေက ပြည် ပေါက်ခေါင်းဘက် တောလက်တွေထဲကပါ...နိမ့် ပါးတဲ့ မိသားစုတွေမှာ သားသမီးများတတ်တဲ့ သဘာဝအတိုင်း သားတွေရှိပါတယ်...ရှိတာမှ ၄ ယောက်ရှိပြီး သုံးယောက်က  အပြင်မှာ ရုန်းကန်ရင်းကနေ အရပ်ထဲလူတကာနဲ့  ပြဿနာထူလွန်းလာတာနဲ့  နောက်ဆုံးမှာ မထူးဇာတ်ခင်း အဲ..မှားလို့ ...တပ်ထဲ ၀င်သွားကြပြီး ၂ယောက်က ၈ တန်းမအောင်ကြလို ကုန်းတပ်။ ၁၀တန်းအထိနေခဲ့ သူက ရေတပ်ပါ.
(ဒီ ဆရာသမားလေးတွေထဲက တစ်ယောက်ယောက်...တစ်နေ့ သမ္မတ မဖြစ်ဖူးလို မပြောနိုင်ဘူး....အဲ...မပြောနိုင်ဘူးဆိုတာ မပြောနိုင်ပါဘူးလို့ ပြောတာ..ခိခိ)
ကံ စိတ် ဥတု အာဟာရ လေ သလိပ် သည်းခြေ တြိဒေါသ
ကံ စိတ် ဥတု အာဟာရ လေ သလိပ် သည်းခြေ တြိဒေါသ
-------------
ယတြာတွေ ကစားတဲ့ အခါမှာ ထူးဆန်းတဲ့ သဘောတွေ အများကြီးကြုံဖူးပါတယ်..အဲ့ လို ထူးဆန်းတာတွေက တစ်ခုက.ဝေဒနာရှင်တစ်ချို့ ဟာနေမကောင်းဖြစ်နေတာကလည်အမှန်ပါပဲ...ဒါပေမယ့်  ကံ တစ်ခုခုရဲ့ လှည့် စားမှု့ ကြောင့်  ဆီးသွေးလေ၀မ်းလို့  ဆိုရမတတ် နည်းမျိုးစုံးနဲ့ အကုန်အကျတွေခံပြီး
ဆေးတွေစစ်ပေမယ့်  ရောဂါသီးခြားခေါင်းစဉ်တစ်ခုခု အမည်တတ်ဖို့  ရောဂါခေါင်းစဉ်ရှာမရ တတ်မရသေးပဲ  မှန်းဆဆေးဝါးတွေ ပဲကြီးလှော်လိုစားနေရပြီးဆေးရွာလည်နေသလို ဖြစ်နေတာမျိုးတွေ ဖြစ်တတ်လေ့ ရှိပါတယ်..
ဆူးခက်ကဗျာနီ
ဆူးခက်ကဗျာနီ
----
ဟိုး...အဝေးက
ကောင်းကင်ပြာကျယ်ကြီးမှာ
ကြယ်တွေ အခါခါ စုံခဲ့ ပေမယ့် ...
ကံ မဆုံနိုင်တော့ လို လွမ်းရတဲ့ 
နှလုံးသားထဲမှာတော့ 
ဘ၀ရဲ့ ဒဏ်ရာတွေက
ရင်တွင်းဖြစ်
ဆူးခက်ကဗျာနီတွေအဖြစ်သာ
ပုံခဲ့ တယ်...တစ်ခါကသူ...။
''မဟုတ်တာ မလုပ်ဖူး ''
''မဟုတ်တာ မလုပ်ဖူး ''
----------------------
perfect.
perfect.
---
ပလာတာ အဲ ပလေတိုရဲ့  စာ ဘာသာပြန်ပေးထားတာကို စဖတ်ဖတ်ချင်း တော်တော်ပျင်းစရာကောင်းတယ်ဗျ...ပျင်းဆို စကားလုံးတွေ က အရပ်စကားလို
ဒဲ့ က မလာချင်ဘူး  ၀ိုက်နေသလိုချည်းလို့ ထင်နေလို့ လားတော့ မသိပေါ့ ..နောက်တော့  စာတောမှာကျင်လည်ရင်းက အချိန်တစ်ခုရောက်လာတဲ့ အခါ
အရင်က မနဲဖတ်နေရတဲ့ အနေအထားကနေ စာတွေထဲက ကိုယ်လိုချင်တာတွေကို ဆွဲထုတ်လို့ ရလာတယ်
အဲ့ မှာ ခိုးခိုးခ်ခ်တွေ ခွိခွိခွိတွေ...
အဲ့ မှာ ခိုးခိုးခ်ခ်တွေ ခွိခွိခွိတွေ...
--------------------
သူတို့ တွေ မျက်နှာတွေကို တန်းစီ  မြင်ယောင်ပြီး ကိုယ့် ဟာကိုယ် စာဖတ်ရင်း...ခိုးခိုး ခစ်ခစ်..ခွိ ခွိ ခွိတွေကိုဖြစ်လို့ ...ခွိခွိခွိ....
ဓမ္မသဘောတွေ တီးခေါက်မိတာ မိဘကျေးဇူးပဲ...မိဘကိုယ်တိုင်က ရှေ့ က ဖတ်ပြတော့  သားသမီးက နောက်က လိုက်ဖတ်ရင်း နောက်တော့ ကိုယ့် ဟာကို ၀ယ်ဖတ်တဲ့ သဘောဖြစ်လာတယ် အဲ့ ကနေ ဇိနတ္တပကာသနီလို ပုံဝတ္တုသဘောလို ရေးထားတဲ့ ရှင်းလင်းတဲ့  ဗုဒ္ဓ၀င်ထဲက ဇာတကတွေ အတော်စုံအောင် ဖတ်ရတော့ လူ့ သဘာဝ စိတ်နေသဘောထားတွေ တီးခေါက်မိလာတာပေါ့ ကိုယ့် စိတ်လည်း ကိုယ်ပြန်ဖတ်လို့ ရလာတယ်...အဲ့ မှာ သဘောကျစရာကောင်းတာတွေထဲ တစ်ခုက
''ကျက်သရေမင်္ဂလာရှိတဲ့ နေ့ တစ်နေ့ ..''
''ကျက်သရေမင်္ဂလာရှိတဲ့ နေ့ တစ်နေ့ ..''
----------
ဘ၀တစ်ကွေ့ တွင် ရိုးသားသောသူများနှင့်  တွေ့ ဆုံခွင့် ရခဲ့ ခြင်းသည်လည်း ၄င်း...
---------------------
ကျနော့် ဘိုးတော်ကြီးက သာသနာကို ညွှတ်တဲ့ စိတ်က တော်တော်သက်ဝင်သွားတယ်..အဲ့ တော့  သူ့ အမွေရတဲ့ အိမ်ကြီးနဲ့ ခြံမြေကွက်ကို သာသနာအတွက် အသုံးပြုဖို့  အပြတ်လှူဒါန်းလိုက်ချင်တယ်လို့ ဆိုလာတယ်..
ကိုယ်ကိုယ်တိုင်သာလျင်....
ကိုယ်ကိုယ်တိုင်သာလျင်....
---------------------
ကိုယ့် အလုပ်ရဲ့ တကယ့် အတွင်းသဘာ အစစ်နေရာက အဆုံးအဖြတ်တွေ ၀င်ဝင်ပေးကြတဲ့ အစ်ကို အစ်မတွေနေရာကလည်း မဟုတ်ဖူး မိဘနေရာကလည်း မဟုတ်ဖူး တရားသူကြီးနေရာကလည်း မဟုတ်ဖူး အာဏာရှင်နေရာကလည်း မဟုတ်ပေဘူး...
ဘောလုံးပွဲတစ်ပွဲကို ခန် မှန်းပေးနေတဲ့  ဘောဂျာနယ်က စာတွေဖတ်ပြီး..ဘောဂျာနယ်က ခန့် မှန်းချက်တွေဖတ်ပြီး ထိုးသားလုပ်လို့  ဖြစ်လာမယ့် အရှုံးအနိုင်ရဲ့  လက်ငင်း ကောင်းကျိုး ဆိုးကျိုးက အဲ့ ဒီ့ ထိုးသားပေါ်မှာပဲ အရင်ဆုံးပြန်လည် ကျရောက်လာမှာဖြစ်တယ် ခန့် မှန်းဂျာနယ်ထုတ်တဲ့ သူက ဘာမှဖြစ်မှာ မဟုတ်သလို နောက်အပတ်အတွက် ဂျာနယ်ဆက်ထုတ်နေမယ့် သဘောပါရှိတယ် ဒီတော့ ထိုးသား ကိုယ်တိုင်က ဂျာနယ်ထဲက ခန့် မှန်းတွေ ဖတ်ယုံတင်မကပဲ ကိုယ့် ဥာဏ်လေး ကိုယ့် ဟာကိုယ်ပါ ထည့် သုံးဖို့ လိုလိမ့် မယ်..