Powered By Blogger
Sunday, June 21, 2015
''ကျက်သရေမင်္ဂလာရှိတဲ့ နေ့ တစ်နေ့ ..''
''ကျက်သရေမင်္ဂလာရှိတဲ့ နေ့ တစ်နေ့ ..''
----------
ဘ၀တစ်ကွေ့ တွင် ရိုးသားသောသူများနှင့်  တွေ့ ဆုံခွင့် ရခဲ့ ခြင်းသည်လည်း ၄င်း...
---------------------
ကျနော့် ဘိုးတော်ကြီးက သာသနာကို ညွှတ်တဲ့ စိတ်က တော်တော်သက်ဝင်သွားတယ်..အဲ့ တော့  သူ့ အမွေရတဲ့ အိမ်ကြီးနဲ့ ခြံမြေကွက်ကို သာသနာအတွက် အသုံးပြုဖို့  အပြတ်လှူဒါန်းလိုက်ချင်တယ်လို့ ဆိုလာတယ်..
သူက ကျနော်တို့ မိသားစုအပေါ် ဘယ်ဖက်ကမှ အပြစ်ပြောစရာ မရှိခဲ့ ရလောက်အောင် ဦးစီး တာဝန်ကျေခဲ့ တဲ့ အဖေမျိုးဆိုတော့  ကျနော်တို့ တွေက ရက်စ်..အော်ရိုက် ဘရာဗို .ဂွတ် ..ကောင်းလှောင့် တေး နဲ့  ၀ိုင်းပြီး ဆာတွေ ဓု လိုက်ကြတာပေါ့ ဗျား..ဟဲဟဲ..
သူလှုမယ့် ပုံက အိမ်ကြီးနဲ့ မြေကို မိဘတွေ တစ်သက်တာနေထိုင်သွားပြီးခေါင်းချသွားတဲ့ အရပ်က အရပ်ဆွမ်းလောင်းဓမ္မာရုံကိုလှု ဓမ္မာရုံကနေတစ်ဆင့် အဲ့ အိမ်မြေကို လေလံတင် ရတဲ့ ငွေကို သာသနာတော်အတွက် အစိုးရဘဏ်မှာ ငွေပဒေသာပင်စိုက်ထူ အဲ့ ဘဏ်ကနေရတဲ့ အတိုးရင်းပွားနဲ့ သာသနာတော်အတွက် အကျိုးရှိရာရှိကြောင်းတွေ ဘာညာပေါ့ ...
အဲ့ မှာ ရပ်မိရပ်ဖ ဓမ္မရုံလူကြီးမင်းများကလည်း ကောင်းလှောင့် တေး ပေါ့ ...၀ါတွင်းဝါပ ဆွမ်းကွမ်းလောင်း ကထိန်ဘာညာတွေအတွက်က လှပြီပေါ့  ကျေးကျေး ကျေးကျေးတွေပေါ့ ...
အဲ့ ဒါနဲ့ ရေစက်ချ အပြီး မလှုခင် မှာကို အဲ့ အရပ်က ရပ်မိရပ်ဖ လူကြီးတစ်ယောက်က ဒီလို အမွေအိမ်ကို အပြတ်လှုပစ်မယ်ဆိုတဲ့ သတင်းကြားလို့  အားတွေရ ၀မ်းတွေသာပြီး သူလည်း ကုသိုလ်ပါချင်တဲ့ သဘောနဲ့  အဲ့ ကာလကပေါက်နေတဲ့  အိမ်မြေဈေးထက် ပိုပေးပြီး ၀ယ်မယ်တဲ့ ...ဘာပြောကောင်းမလဲ အဲ..ပြောကောင်းပါတယ်..ဟီးးး..အဲ့ မှာ ဓမ္မာရုံက လူကြီးမင်းများလည်းသဘောကျသွားတာပေါ့ ...သူတို့ က နဲနဲ ညစ်နေတာက အဲ့ အိမ်ကြီးကို ကိုင်မထား ထိမ်းမထားချင်ဘူး..အရပ်က တစ်မျိုးတစ်မည်တွေ တွေးထင်မှာစိုးသတဲ့ ဗျား..
အဲ့ မှာ စကားလုံးအသုံးအနှုံးဗဟုသုတအကြီးကြီး ရခဲ့ တာက ဒီလို ပါ....သာသနာတော်ကြီးအတွက်လို့  ရည်စူးလှုတာက ဟုတ်ပါပြီ....ဘယ်လိုပုံနဲ့ လှုမှာလည်းက ပိုင်ဆိုင်မှု့ ပြဿနာတွေဖြစ်တတ် ၀ိနည်းနဲ့ ငြိတတ်တယ်လို့  အဲ့ အရပ်က ရိုးရိုးကြီးဆြာတော်တွေက မိန့် ရောဗျာ...
အရပ်သားသဘောနဲ့  ၀ိနည်းသဘောကို အတွင်းအထိမသိရင် ကျနော်တို့ က ကိုယ်လှုချင်တာလှုပြီး ပြီးတာပဲပေါ့ လေ...အဲ အလှုလက်ခံတဲ့ လူတွေမှာ ပြဿနာတွေ ဖြစ်ကုန်တာ အငြင်းပွားစရာတွေ ဖြစ်လာတတ်သတဲ့ 
ချုပ်ပြောရရင် '''သာသနာတော်ကြီး တည်တံ့ ခိုင်မာရေးအတွက် ဤ အိမ်ဂေဟာကြီးကို လှုပါတယ် ''လို့  ရေစက်ချက် လှုလိုက်ရင် တကမ္ဘာလုံးမှာရှိတဲ့  သာသနာဝင် ကိုရင်ရဟန်း.စသဖြင့်  ဘုန်းကြီးဟူသမျှနဲ့  သက်ဆိုင်တဲ့  အိမ်ဂေဟာကြီးဖြစ်သွားလိမ့် မယ် သာသနာဝင်ရဟန်းမှန်းသမျှ ဒီအိမ်ဂေဟာပေါ်လာသီတင်းသုံးလို့ ရတယ်ဖြစ်လိမ့် မယ်.လို့ ဆိုတယ်..
အဲ့ ဆြာတော်ကြီးတွေက ထောက်ပြလိုက်တော့ မှ အဲ့ အရပ်က လူကြီးမင်းများရော ဓမ္မာရုံက လူကြီးမင်းများရော ကျနော်တို့ ဘိုးတော်ကြီးမယ်တော်ကြီးရော အမျိုးတွေရော ဓါတ်ပေါက်သွားပြီး အိမ်ရောင်းရငွေကို ဓမ္မာရုံကို လှုတာ အဲ့ လှုတဲ့ ငွေတွေကို ဓမ္မာရုံ ဂေါပက အဆက်ဆက်က လုပ်ပိုင်ခွင့် အပြည့် နဲ့ စီမံခန့် ခွဲပြီး သာသနာရေးတွေ လုပ်ပါစေ သဘော အလှုဖြစ်သွားတော့ တာပါပဲဗျာ...
အဲ့ ဒီလို ရိုးသားတဲ့ လူတွေနဲ့ ဆုံတွေ့ ခွင့် ဆိုတာလည်း ရတောင့် ရခဲဖြစ်သလို တကယ့် ဓမ္မ၀ိနည်းသဘောတွေကို အာရုံပြုတဲ့ ဆြာတော်တွေများကြတော့ လည်း စာတစ်လုံး ဘုရားတစ်ဆူသဘော လေးလေးနက်နက်ရှိသလို ရိုးဂုဏ်ကိုက မျက်နှာတွေမှာရော စကားတွေမှာပါ အပြည့် ဗျား...အိမ်ကိုဝယ်ပေးတဲ့ သူကလည်း စာချုပ်ချုပ်ရမှာ အချင်းချင်းတွေ ဒီလူနဲ့ ဒီလူပဲနဲ့  ဆိုပြီး အားနာပြီး စာမချုပ်လည်းရပါတယ် လုပ်နေသေးတာ အလှုအထမြောက်အောင်လို့ ဘာညာလို့ ပြောမှ သဘော သဘော ကြိုက်သလိုသာရေးပါဗျား..တဲ့ 
တစ်သက်တာမှာ ကျက်သရေ မင်္ဂလာအရှိဆုံးနေ့ တွေ ကြုံရတာမျိုးဟာ စစ်စစ်ပေါက်ပေါက် လက်ချိုးရေရင် ခပ်နဲနဲ အကြိမ်အရေအတွက်လောက်ပဲ ရတတ်မှာပါ...အဲ့  အနည်းငယ်သောနေ့ တွေထဲက ကျက်သရေမင်္ဂလာရှိတဲ့ နေ့ တစ်နေ့ ကတော့  အမွေအိမ်ရေစက်ချလှုတဲ့ နေ့ တစ်နေ့ လည်းပါတာပေါ့ ဗျားးး
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..