'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, June 21, 2015
''မဟုတ်တာ မလုပ်ဖူး ''
''မဟုတ်တာ မလုပ်ဖူး ''
----------------------
''မဟုတ်တာ မလုပ်ဖူး ''လို့ ပြောချလိုက်ရတာက လွယ်လွယ်လေးပဲ...ဒါပေမယ့်  အဲံ့ ဒီ့ မဟုတ်တာမလုပ်ဖူး လို့ ဆိုတဲ့ စကားစုကို မေးခွန်းတွေ တည်ဆောက်ကြည့် တဲ့ အခါ .....
ဘာကို မဟုတ်တာ လို့ ပြောတာပါ လဲ ? အဲ့ မဟုတ်တာ ဆိုတာကို ဘယ်သူက မဟုတ်တာလို့ ပြောတာလဲ ? ကိုယ့် ဟာကိုယ် ထင်တဲ့  မဟုတ်တာလား ? သူများတွေ ထင်တဲ့  မဟုတ်တာ ကို ကိုယ်က သူများအပြောအတိုင်းလိုက်ပြီး မဟုတ်တာ မလုပ်ဖူးလို့  ပြောတာလား ? သူများတွေထင်တဲ့  မဟုတ်တာ ဆိုတာနဲ့  ကိုယ်ကထင်တဲ့ မဟုတ်တာက တူသလား ? မတူတာရောရှိလား...? သူများတွေ ထင်တဲ မဟုတ်တာ ကို ကိုယ်က ဟုတ်တာလို့  ထင်တဲ့ အခါရော ရှိသလား ? ရှိရင် အခြေအနေတစ်ခုထဲက နေ မဟုတ်တာ နဲ့  ဟုတ်တာ ဘာကြောင့်  ကွဲသွားရတာပါလဲ ? ဘယ်အကြောင်းတရားအပေါ်အခြေခံပြီး ကွဲသွားရတာပါလဲ ? သူများပြောတဲ့  မဟုတ်တာကို ကိုယ်က ဟုတ်တာလို့ ထင်ရင် ဘယ်လို လုပ်ပါမလဲ..
သူများတွေက ဟုတ်တာလို့ ထင်တဲ့ ဟာတွေကို ကိုယ်က မဟုတ်တာလို့  ရော ထင်မိတဲ့ အခါရှိသလား? ..ခေတ်တွေ ဆယ်စုနှစ်တွေပြောင်းလာတဲ့ အခါ အရင်က မဟုတ်တာ ဆိုတာတွေဟာ ဟုတ်တာတွေ အဖြစ်ပြောင်းလဲလာတာမျိုးရှိသလား ? ရှိတယ်ဆိုရင် ဘာကြောင့်  မဟုတ်တာကနေ ဟုတ်တာတွေအဖြစ် ပြောင်းလဲကုန်တာလို့ ထင်ပါသလဲ..? မဟုတ်တွေက ဟုတ်တာတွေအဖြစ် ခေတ်စနစ်ကြောင့် မပြောင်းလဲနိုင်ပါဘူးလို့ ဆိုလာရင် ဘာကြောင့် မပြောင်လဲရတာပါလဲ ၊ .မဟုတ်တာမလုပ်ဖူးဆိုတာ ရုပ်ပြဌာန်းချက်လား ? နာမ်ပြဌာန်းချက်လား ?နှစ်ခုစလုံး အကြုံးဝင်သဘောလား ?စသဖြင့်  စသဖြင့်  မဟုတ်တာ မလုပ်ဖူး လို့  ငြင်းပယ်ဝါကျလေးတစ်ကြောင်းမှာတောင်မှ.....
တစ်ချို့  စာတစ်လုံး စာတစ်ကြောင်း အဆိုအမိန့် တစ်ခု မှတ်ချက်ဝါကျတစ်ခုကို တကယ့် ကို စစ်စစ်ပေါက်ပေါက် တစ်ခုချင်း မေးခွန်းတွေ ထုတ်ပြီး တွေးဆကြည့် ရင် ယေဘူယျသဘော အများသဘော တစ်ဦးချင်းသဘော မျိုးနွယ်စု အများဆိုင်ရင်ဓလေ့ ဗီဇ သဘော ယုံကြည်မှု့ အယူအခြေခံကြောင့် သဘော ဓလေ့ သဘော အရွယ်အသိသဘော စသဖြင့် အတွေးအယူတွေ ကွဲသွားနိုင်တဲ့ သဘော မြင်နိုင်တယ်ပေါ့ လေ
Labels:
''အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..