ကိုယ်ကိုယ်တိုင်သာလျင်....
---------------------
ကိုယ့် အလုပ်ရဲ့ တကယ့် အတွင်းသဘာ အစစ်နေရာက အဆုံးအဖြတ်တွေ ၀င်ဝင်ပေးကြတဲ့ အစ်ကို အစ်မတွေနေရာကလည်း မဟုတ်ဖူး မိဘနေရာကလည်း မဟုတ်ဖူး တရားသူကြီးနေရာကလည်း မဟုတ်ဖူး အာဏာရှင်နေရာကလည်း မဟုတ်ပေဘူး...
ဘောလုံးပွဲတစ်ပွဲကို ခန် မှန်းပေးနေတဲ့  ဘောဂျာနယ်က စာတွေဖတ်ပြီး..ဘောဂျာနယ်က ခန့် မှန်းချက်တွေဖတ်ပြီး ထိုးသားလုပ်လို့  ဖြစ်လာမယ့် အရှုံးအနိုင်ရဲ့  လက်ငင်း ကောင်းကျိုး ဆိုးကျိုးက အဲ့ ဒီ့ ထိုးသားပေါ်မှာပဲ အရင်ဆုံးပြန်လည် ကျရောက်လာမှာဖြစ်တယ် ခန့် မှန်းဂျာနယ်ထုတ်တဲ့ သူက ဘာမှဖြစ်မှာ မဟုတ်သလို နောက်အပတ်အတွက် ဂျာနယ်ဆက်ထုတ်နေမယ့် သဘောပါရှိတယ် ဒီတော့ ထိုးသား ကိုယ်တိုင်က ဂျာနယ်ထဲက ခန့် မှန်းတွေ ဖတ်ယုံတင်မကပဲ ကိုယ့် ဥာဏ်လေး ကိုယ့် ဟာကိုယ်ပါ ထည့် သုံးဖို့ လိုလိမ့် မယ်..
တစ်ယောက်ချင်းတစ်ယောက်ချင်းတွေဆီမှာ အဖေအမေကတောင် ၀င်ကူလို့ မရပဲ ကိုယ်တိုင်ထလုပ်မှ ရမယ့် ပြီးမယ့် ကိစ္စတွေဆိုတာ မူကြိုတက်စကတည်းက စရှိလာတာကိုလည်း တွေးထားဖို့ လိုလိမ့် မယ်..
ဘာလုပ်ပါလို့  ပြောသူတွေထက် ဘာလုပ်သင့် တယ် ထင်တယ်လို့ ပြောသူတွေက ပို နှစ်သက်စရာ ကောင်းတယ်.သူက သူထင်တာသာ ပြောတာဖြစ်ပြီး သူ့ အထင်ကို လုပ်ခိုင်းတာထက် သူ့ အထင်ကို ပြောပြပြီး ကိုယ့် ကိုပြန်စဉ်းစားခိုင်းသေးလို့ ပဲ...
ဘာလုပ်သင့် တယ်ထက်တယ်လို့ ပြောသူတွေထက် ဘာလုပ်ရင် ဘာဖြစ်နိုင်တယ် ဘာမလုပ်ရင် ဘာတော့ မဖြစ်နိုင်ဘူး ဒီဟာလုပ်ရင် ပြန်လာမယ့် အကျိုးဆက်က ဘာ..ဟိုဟာလုပ်ရင် ပြန်လာနိုင်တဲ့ အကျိုးဆက်က ဘာ..လို့ ...လမ်းကြောင်းတွေကိုရော ပြန်လာမယ့်  အကျိုးဆက်တွေကိုပါ ချိန်ဆပြပြီး ကိုယ့် ကိုယ် ပြန်စဉ်းစားခိုင်းတဲ့ သူတွေက ပိုကောင်းတယ်..
အကြောင်းက တစ်လမ်းသွားမဟုတ်တော့ ပဲ လွပ်လပ်စွာ ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့် တွေရော တစ်လမ်းထက် ပိုတဲ့ ရွေးခြယ်စရာ လမ်းကြောင်းတွေပါ မကျန် ဆုတ်သာ တက်သာ လမ်း အသွယ်သွယ်တွေကို ပြောပြတဲ့ အတွက် လူမှာ ပိုပြီး စိတ်ခွန်အားတွေကို ဖြစ်လာစေတယ် ထွက်ပေါက်တွေ ရလာစေတယ်
ဒါ့ အပြင် ကိုယ့် ရဲ့  ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရှိနေသေးတယ်ဆိုတဲ့  လူအဖြစ်ကို ပြန်လည် သတိထားမိစေသွားနိုင်တယ် ကိုယ်တိုင်မှာလည်း ဆုံးဖြတ်နိုင်တဲ့  ဥာဏ်တွေ ရှိနေပါသေးကြောင်းပေါ့ 
ဘာဘဲဖြစ်စေ ကိုယ်လုပ်သမျှတိုင်း အကြောင်းတရားတွေ ကနေ ပြန်လည်ကျရောက်လာမယ့် ကောင်းတဲ့ အကျိုးဆက် မကောင်းတဲ့ အကျိုးဆက် မှန်သမျှဟာ ကိုယ့် အပေါ်မှာသာ တိုက်ရိုက် အရင်ဆုံး ပြန်လည် ကျရောက်လာမှာ ဖြစ်တဲ့ ဆိုတဲ့ အချက်ကတော့  ဘ၀ခရီးမှာ (၀ါ) သံသရာခရီးမှာ အရေးအကြီးဆုံး ထည့် သွင်းစဉ်းစားရမယ့် ပထမဆုံး အချက်ကြီးပဲဖြစ်တယ်ဆိုတာ..တွေးထားမိဖို့ လိုလိမ့် မယ်...
အရာရာ ကြုံတွေ့ ဖြစ်ပျက်နေသမျှ အကျိုးတရားတွေ ထဲက သုခတရားလို့ ထင်တာတွေ ဒုက္ခတရားလို့ ထင်တာတွေရဲ့  မူလအကြောင်းတရားက ကိုယ်ကိုယ်တိုင်ပြုခဲ့ သမျှ အကြောင်းတရားတွေရဲ့ အကျိုးဆက်သာဖြစ်တယ် ကိုယ်တိုင်ကိုက အကြောင်းတရားတုံးကြီးဖြစ်တယ် ဘယ်ဖန်ဆင်းရှင်အပေါ် ဘယ်တန်ခိုးရှင်ပေါ်မှာမှ အကြောင်းမခံပေဘူး...ဆိုတာ ကျနော်တို့ အယူရဲ့ ပင်ရင်းအချက်ပါပဲ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..