Powered By Blogger

Sunday, June 21, 2015

ကံ စိတ် ဥတု အာဟာရ လေ သလိပ် သည်းခြေ တြိဒေါသ


ကံ စိတ် ဥတု အာဟာရ လေ သလိပ် သည်းခြေ တြိဒေါသ
-------------
ယတြာတွေ ကစားတဲ့ အခါမှာ ထူးဆန်းတဲ့ သဘောတွေ အများကြီးကြုံဖူးပါတယ်..အဲ့ လို ထူးဆန်းတာတွေက တစ်ခုက.ဝေဒနာရှင်တစ်ချို့ ဟာနေမကောင်းဖြစ်နေတာကလည်အမှန်ပါပဲ...ဒါပေမယ့်  ကံ တစ်ခုခုရဲ့ လှည့် စားမှု့ ကြောင့်  ဆီးသွေးလေ၀မ်းလို့  ဆိုရမတတ် နည်းမျိုးစုံးနဲ့ အကုန်အကျတွေခံပြီး
ဆေးတွေစစ်ပေမယ့်  ရောဂါသီးခြားခေါင်းစဉ်တစ်ခုခု အမည်တတ်ဖို့  ရောဂါခေါင်းစဉ်ရှာမရ တတ်မရသေးပဲ  မှန်းဆဆေးဝါးတွေ ပဲကြီးလှော်လိုစားနေရပြီးဆေးရွာလည်နေသလို ဖြစ်နေတာမျိုးတွေ ဖြစ်တတ်လေ့ ရှိပါတယ်..



တစ်ပတ်နှစ်ပတ် တစ်လသာကြာလာ ဆေးတွေသာစားနေရတယ်  နေမကောင်းနေတာက မသက်သာ ပါရဂူ နောက်တစ်ယောက် ပြောင်းပြကြည့် တော့ လည်း ထိုနည်း၎င်း...ကြာတော့  ဝေဒနာရှင်ကိုယ်တိုင်နဲ့ မိသားစုတွေဟာ ညစ်လာပါတယ်...ဒီတော့  လောကီပညာကိုယုံကြည်သူ တစ်ချို့ က ယတြာကို
အားကိုးလာပါတော့ တယ်..

အဲ့ ဒီမှာ ယတြာလုပ်ပေးတဲ့ သူက '''ရောဂါ အမှန်တွေ့ ပါစေလို့ အာရုံပြုပြီးယတြာတွေပေးလိုက်တဲ့ အခါ.'''...အများအားဖြင့် ယတြာပြုပြီးမကြာခင်မှာပဲ တကယ် ခံစားနေရတဲ့ ရောဂါဇာစ်မြစ်တစ်ခုခုကို ခေါင်းစဉ်တပ် လို့ ရသွားပြီး အဲ့ တော့ မှ ရောဂါပစ်မှတ် အတိအကျနဲ့ ဆေးဆက်ကုရပါတော့ တယ်..

ဒီသဘောမှာ ဆေးပညာရှင်ရဲ့ ပညာအရည်အချင်းကြောင့်  သုံးးတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ခေတ်မမီတာမျိုးကြောင့် ဆိုတာထက် ဝေဒနာရှင်ရဲ့ ခံချိန်ရောက်ရင်ခံနေရလိမ့် မယ်ဆိုတဲ့ ကံတရားရဲ့ လှည့် စားမှု့ က ရောဂါ အစစ်အမှန်ကို အပြင်လူ မမြင်သာအောင် ပိတ်ဆို့ ဖုံးကွယ်ခံထားရချိန်
သဘောမျိုးလို့ ထင်ရပါတယ်

အများအားဖြင့်  ဒီလိုမျိုး ဆေးရွာလည်နေ ဆေးပေါင်းခနေချိန်တွေဟာ ကင်ဆာ တစ်ခုခုလိုရောဂါကြီးတွေ အစပျိုးကာလ သဘောအချိန်မျိုးတွေနဲ့ ရောဂါကြီး တစ်ခုခု မရှိပဲ ဗေဒင်ရှု့ ထောင့် အမြင်အရ သက်ရောက်အထိုင်လစိတ်ပိုင်းအထိုင်တွေ မကောင်းချိန်နဲ့ ကြုံတဲ့ အခါမျိုးတွေမှာ သီးခြားခေါင်းစဉ်နဲ့ ရောဂါတစ်ခုခု အမည်တပ်ရ ခက်နေသေးတာ ရောဂါကြီးထဲက မဟုတ်လို့ ရောဂါကြီးအမည်တစ်ခုခု တပ်မရတာမျိုးတွေကြုံတတ်ပါတယ်ဗျာ..

အဆိုးဆုံးကြုံရတာမျိုးက ဆေးရွာလည်နေလို့ ယတြာ ခုလိုက်တဲ့ အခါ အရင်က မျက်စိ ရှမ်းသလိုဖြစ်ပြီး မမြင်မိခဲ့ တဲ့  သတိမထားမိခဲ့ တဲ့  ရောဂါအစစ်က ဘွားကနဲပေါ်လာသလို ခေါင်းစဉ်တပ်လို့ ရသွားချိန်မှာ CA တစ်ခုခုဖြစ်နေတာမျိုးပါ..

ကံကောင်းသူတွေကတော့  ယတြာပြုပြီးတာနဲ့ သုံးနေရတဲ့ ဆေးဝါးတွေ အပြောင်းအလဲတွေဖြစ် ပြီး လျော့ သွားတာ အလိုလို သက်သာလာတာကနေ
 နေလို့ ထိုင်လို့ ပုံမှန်ပြန်ကောင်းသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်..

သဘောကတော့  တစ်ခါတစ်ရံ ပြင်ပလူတွေ ပြင်ပဆေးပညာရှင်တွေရဲ့  ဝေဒနာရှင်အပေါ် ခန့် မှန်းချက် အမှားအမှန်တွေဖြစ်သွားတတ်ဖို့ ကို ဝေဒနာရှင်ရဲ့ ကံတရားရဲ့ ရောင်ပြန်တစ်ခုခုကလည်း သွားရိုက်နေတာမျိုးသဘောလို့ ဆိုရမယ့် သဘောပါ

ရောဂါဖြစ်ရခြင်း ပင်မ အခြေခံ အချက် ၈ ချက်လို့ ဆိုတဲ့  ကံ စိတ် ဥတု အာဟာရ လေ သလိပ် သည်းခြေ တြိဒေါသ..သဘောမှာ ထိပ်ကနေ ဦးဆောင်လာတာက ကံ သတ္တိသဘောက အချုပ် သဘောလို့ ဆိုပါတယ်...

ဒီတော့ ရောဂါတစ်ခုခုဟာ ပုံမှန်အားဖြင့် ပျောက်သင့်  သက်သာသွားသင့် ကာလတစ်ခုခု မှာ မပျောက်ဖူး ထူးခြားသက်သာပုံ  မရလာဘူးလို့ ထင်လာရင် ကံ
သဘောလို့ တစ်ခြား အကြောင်း တစ်ခုခုများ ၀င်ပတ်သက်နေလေသလားလို့ တွေးစရာဖြစ်လာတဲ့ သဘောမျိုးပါ...

ထူးဆန်းတာတစ်ခုက ယတြာအမျိုးအစားတစ်မျိုးထဲကိုပဲ အာရုံပြုတဲ့ စတိုင်းပြောင်းသွားတာနဲ  ယတြာပြုပြီးပြန်လာတဲ့ စတိုင်က ချိန်းသွားတတ်တာပါပဲ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..