( ဘ၀ထိုထို လူထိုထိုတည့် ..)
---
''အို ဘယ့် ဘယ် အိုဘယ့် 
မြတ်သော ..မွေးသမိခင်....''..
---------------
အမျိုးထဲမှာ အဖက်ဖက်က နိမ့် ပါးတဲ့ အမျိုး ရိုးရိုးကြီးတွေ ရှိပါတယ်..တစ်ချို့ အမျိုးတွေက ပြည် ပေါက်ခေါင်းဘက် တောလက်တွေထဲကပါ...နိမ့် ပါးတဲ့ မိသားစုတွေမှာ သားသမီးများတတ်တဲ့ သဘာဝအတိုင်း သားတွေရှိပါတယ်...ရှိတာမှ ၄ ယောက်ရှိပြီး သုံးယောက်က အပြင်မှာ ရုန်းကန်ရင်းကနေ အရပ်ထဲလူတကာနဲ့  ပြဿနာထူလွန်းလာတာနဲ့  နောက်ဆုံးမှာ မထူးဇာတ်ခင်း အဲ..မှားလို့ ...တပ်ထဲ ၀င်သွားကြပြီး ၂ယောက်က ၈ တန်းမအောင်ကြလို ကုန်းတပ်။ ၁၀တန်းအထိနေခဲ့ သူက ရေတပ်ပါ.
(ဒီ ဆရာသမားလေးတွေထဲက တစ်ယောက်ယောက်...တစ်နေ့ သမ္မတ မဖြစ်ဖူးလို မပြောနိုင်ဘူး....အဲ...မပြောနိုင်ဘူးဆိုတာ မပြောနိုင်ပါဘူးလို့ ပြောတာ..ခိခိ)
.ရေတပ်သမားက ၁၀တန်းအထိ ကျနော်တို့ က အိမ်မှာ အတူနေ အတူစား အဖြစ်ကနေ ကျောင်းထားပေးခဲ့ လို့  ဟို ၄တန်းသမားနဲ့ ၈တန်းသမားထက် အထာနပ် မြို့ သား ယဉ်ကျေးမှု့ ရှိနေသေးပါတယ် မြို့ သားယဉ်ကျေးမှု့ နည်းနဲ့ ဝိုက်တတ် ပေါင်းတတ်သူပါ...ကြည်း ၂ယောက်ကတော့ သူတို့ ကို အမှတ်တမဲ့ လှမ်းကြည့် မိတာနဲ့ ပဲ ဟယောင် ဘာကြည့် တာလဲ ဆိုပြီး ထွက်ရိုက်တတ် လက်သံပြောင်တတ်တဲ့ ဘဲရုပ်ဆိုးလေးမျိုး ၂ကောင်ပါ ဒါပေမယ့် သူတို့ အဖေအမေကိုတော့  ပြဿနာမရှာတတ်ပဲ ကြုံရာကျဖမ်း လုပ်ကျွေး တတ်တာတော့  သုံးယောက်စလုံးအတူတူပါ..အကြီးဆုံး သားကတော့  အိမ်ထောင်ကျပြီး အခြေအနေကောင်းနေတဲ့  လှိုင်သာယာ အရပ်သားပေါ့ လေ
ကျနော်တို့ အိမ်က လူတွေက သဘောကောင်းလို့  အမျိုးတွေ ရဲ့ ဇရပ်လိုလို စတုဒိသာကျွေးနေတဲ့ နေရာလိုလိုဖြစ်နေလို့  လူစည်နေလေ့ ရှိပြီး လောကရဲ့ အဖြစ်အပျက် အမျိုးစုံ ကြားနာခွင့် ရနေတဲ့  နေရာလေးလိုဖြစ်နေပါတယ်...
အဲ့ တပ်ထဲဝင်သွားကြတဲ့ သားသုံးယောက်မှာ ဖအေကတော့  ဂန့် သွားပြီဖြစ်ပြီး မလှထုံ လို့ ဆိုရမလောက် တွေးပုံပြောပုံတွေ ရိုးတဲ့ မအေ နဲ့ ၉တန်းနဲ့ ကျောင်းထွက် ယောက်ျားရနေတဲ့  ညီမတစ်ယောက်ရှိပါတယ် အဲ့ သားအမိတွေဟာ အိမ်ကို ခဏခဏလာတတ်လေ့လည်းရှိပါတယ်...ဒါနဲ့  စနေနေ့က အိမ်ကို လာကြတော့  ကြည်းတပ်က သူ့  သား ၂ကောင် ဘယ်ရောက်နေတုန်း လောက်ကိုင် ပါမသွားဘူးလား လို့ ရယ်ကာ မောကာ နဲ့ စကားတောက်ကြည့် လိုက်တဲ့ အခါ.....
အစ်မက..'''. ပုသိမ်နဲ့  ဟိုင်းကြီးမှာ...လောက်ကိုင်ဘက် ပါမသွားကြဘူး သူ့ သားတွေက လိုက်ချင်နေတာ...သူ့ သား သူငယ်ချင်းတွေတော့  အဲ့ မှာ ကျသွားပြီ
လို့ တော့  သူ့ သားတွေက ပြောတဲ့ အကြောင်း အခုလည်း မြစ်ကြီးနားဘက်ကို လိုက်ချင်နေတာ မလိုက်ရလို့  ညစ်နေကြတဲ့ အကြောင်း...
အဲ့ မှာ နောက်ဆက်တွဲ .ထူးဆန်းတဲ့ စကားကို သူ့ တို့ အမေ ပြောချလိုက်ပုံက .'''သူတို့ လိုက်သွားတာက အကြောင်း မဟုတ်ဘူး ပါသွားလို့  ခြေပြတ် လက်ပြတ်ဖြစ်ပြန်လာမှာတော့ မကြိုက်ဘူး အဲ့  အပြတ်တွေကြည့် ရတာ စိတ်ညစ်တယ် ကျရင် အပြီးကျသွားတာပဲ ကောင်းတယ်ဟယ်.''.လို့ ပြောချလိုက်တဲ့ အခါ.....
.((((0_0) ..ညယ်.(>_<) ..မွေးမေလေ့ ..ခိခိ..))))))
ဟဲဟဲ...ကျနော်တို့ တွေ ၀ိုင်းရယ်လိုက်ကြတာပေါ့ ဗျာ....အေးလေ..၀ိုင်းမရယ်လို့  ဘိုလုပ်ရမဒုံး..နော်...ဟီးဟီးးး.
(ဘ၀ထိုထို လူထိုထိုပါပဲဗျား...)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..