Powered By Blogger

Monday, May 11, 2015

နမိတ်ကြောင့်  န၀င်းပွဲလုပ်တာတောင် အောင်မြင်မလား မအောင်မြင်ဘူးလားကို ယတိပြတ် အာမမခံနိုင်တော့ 

အခြေအနေပေးမှု့ တဲတဲလေးပေါ်ကလူ..
------------
ကိုယ်စားလှယ်က သူများအတွက် လာမေးပေးတာ...ဒီဇင်္ဘာ ၅၆ တနင်္ဂနွေသမီးအတွက်ပါတဲ့ ...စန္ဒရော (တနင်္လာတိုင်)မှာ...၅၆ဖွားမို့  ၂ ကြွင်း တနင်္ဂနွေအထွန်းဖွားပေါ့  အခု အင်္ဂါသက်ရောက် အသက် ၅၉ ပေါ့ ...လစိတ်က အင်္ဂါလစိတ်ကနေ ဗုဒ္ဓဟူးလစိတ်ကို ဦးတည်နေပြီ...ဒါဆို ကျမ္မာရေးဖြစ်ဖို့ များပြီလို့ တွေးလို့ ရပြီ စန္ဒရောတိုင်နဲ့ ဖြစ်နေလို့ ကိန်းခန်းက အိမ်ကတော့ အထွက်ပြနေပြီ...အဲ့ တော့  ကျမ္မာရေးလား အိမ်ကတော့ အထွက်ပြနေပြီ လို့ မေးလိုက်တော့  ..ကိုယ်စားလှယ်က

ဟုတ်တယ်...ခုလောလောဆယ်တော့  အိမ်ကိုတော့ ပြန်ဆင်းလာပြီ ဦးနှောက်ထဲက သွေးကြောတွေ ယောင်နေလို့  ခွဲရမလိုလိုဖြစ်နေလို့  အဲ့ ဒါ..ခွဲရင်ကောင်းမကောင်း...တဲ့ ...ဒါဆို ဒီခေါင်းပိုင်း ကျမ္မာရေးပြဿနာတက်ပြီဆိုရင် ဒါ သူ့ အတိတ်ကံကပါလာတဲ့ ရောဂါပဲဗျ ( မရဏရောဂါလို့ မပြောဘူး)..လွယ်ဘူး ငွေနဲ့ စက်ကုရမယ့် သဘောရှိတယ် အခုကိန်းက ၆ပတ်အတွင်းကို စိုးရိမ်ရေမှတ်မှာရှိတယ်..ဒိထက်ပိုရင် ၆လအတွင်း အန္တရာယ်ရှိတယ်ပေါ့ ဗျာ..(ဒါက စန္ဒရောတိုင်ထိပ်က ၆ ဂဏန်းနဲ့  လစိတ်ကို ညှိလိုက်တာ...ခွဲခွဲ မခွဲခွဲ အန္တရာယ်ကိုရှိနေပြီ...ကျနော့် သဘောကတော့  ပါရဂူညွှန်ကြားတဲ့ အတိုင်း လုပ်တာကောင်းမယ်လို့ သူဖြစ်နေတာ ၃ လပိုင်းလောက်ကတည်းကပဲ.လို့  ..ပြောလိုက်တယ်..( ၃လပိုင်းဆိုတာက သူက ဒီဇဘာင်္မွေး တနင်္ဂနွေသမီးမို့  အဲ့ ၃လပိုင်းမှာ အင်္ဂါလစိတ် စ၀င်လာတာ)

အဲ့ တော့  ဟုတ်တယ် ၃လပိုင်းမှာ စဖြစ်ခဲ့ တာ ခွဲရင် ထိုင်းမှာကောင်းလား ဒီမှာကောင်းလားတဲ့ ...ဒီဇာတာ ပြည်ပထွက်ကုတာပိုကောင်းတာပေါ့ (၂ကြွင်းမို့ ) ပြည်ပမထွက်ဖြစ်ရင်တောင် ပြည်ပသားတွေလာဖွင့် တဲ့  ရှယ်ယာပါတဲ့  ပန်းလှိုင်လိုဆေးရုံမျိုးဆို ပိုကောင်းတယ်...တကယ်လို့  ခွဲမယ်ဆိုရင် န၀င်းယတြာလုပ်သင့် တယ် ခွဲခန်းထဲမှာ အမှားအယွင်း မဖြစ်အောင်လို့ ပေါ့ ....လို့ ဆိုလိုက်တော့ ...ဟုတ် ကျမမှာ အင်းကျီနဲ့ ဓါတ်ပုံပါလာတယ်ဆရာ လိုရင်လုပ်ဖို့ ...တဲ့  ကဲ ...န၀င်းပွဲလုပ်ပေးရတဲ့ ဘ၀ရောက်သွားရော....
ပထမ ယတြာပြောပေးနေတာ က သစ္စာပန်းအရွက်တွေနဲ့ လုပ်တဲ့ ယတြာမျိုးစုံတွေချည်း ညွှန်ပေးနေတာကနေ ပြောရင်းဆိုရင်းကနေ န၀င်းပွဲယတြာပါကူရတဲ့ ဘ၀ရောက်သွားတာ...
သဘောက သက်ရောက်ညံ့ လို့ ရောဂါထူတတ်တာ မဆန်းဘူး ချိန်ကြည့် ရတာက ကိုယ့် မဟာဘုတ်က မရဏအိမ်က ဂဏန်းပရိယာယ်နဲ့ ပတ်သက်တဲ့ ရောဂါဖြစ်မဖြစ်ကို ချက်ကင်ဝင်ရတာ.မရဏအိမ်က ဂဏန်းနဲ့ ငြိနေပြီဆိုရင် ပါးပါးလေးသဘောထားလို့ မရတော့ ဘူး...ဒါမှ ရောဂါရဲ့ အတိမ်အနက်နဲ့  ယတြာကူရင် သေးသေးနဲ့ လုံလောက်လား အကြီးယတြာတွေတက်ကိုင်သင့် လာချိန်ရတာ...ပြီးတော့  ဒီနှစ် ကောဇာမဟာဘုတ်က တနင်္ဂနွေနံ မရဏအိမ်မှာဆိုတော့  တနင်္ဂနွေသားသမီးတွေရောဂါထူရင် သိပ်လျှော့ တွက်လို့ မရဘူး နဲနဲမျက်လုံးပြူးကြည့် ရတာ.ကောဇာအထိုင်အညံ့ အားကပါ ၀င်ဓါတ်ဆီလောင်းတတ်တာ ၊ ..အကယ်၍ အဲ့  ၅၆ခုဖွားတနင်္ဂနွေသမီးက ခေါင်းထဲမှာရောဂါမဖြစ်ပဲ အစာအိမ်လေး ဆီးချိုလေး သွေးတက်တာလေးလောက်ဆို န၀င်းယတြာမျိုးတောင် ချပြောနေစရာမလိုလောက်သေးပဲ ၂ပဲခြောက်ပြားလောက်သာပိုက်ဆံကုန်မယ့် သစ္စာပန်းအရွက်လောက်နဲ့ တင်ပြီးတယ်ပေါ့ ...။

ကျနော်တွက်ပုံနဲ့  တွက်ရင်းစဉ်းစားသွားတဲ့ ပုံက ဒါပဲ အပိုတွေမပါဘူး..လာတဲ့ အခါတိုင်နဲ့ သက်ရောက်နဲ့ နေ့သားနဲ့ မဟာဘုတ်နဲ့  လိုတိုရှင်းပွိုင့် တွေကြည့် ပြောသွားတာ အကြောင်းသိတွေနဲ့ ဆို တစ်ခါတစ်လေဒီလိုပဲ စကားတွေ အများကြီးမပြောရဘူး..
-----------------------------------------------------------

နမိတ်ကြောင့်  န၀င်းပွဲလုပ်တာတောင် အောင်မြင်မလား မအောင်မြင်ဘူးလားကို ယတိပြတ် အာမမခံနိုင်တော့ 
------------
ပြီးခဲ့ တဲ့ အပတ်က ၁၈ခုဖွား ၂ ကြွင်းတနင်္ဂနွေ သမီး အထွန်းဖွား အသက် ၅၉ အင်္ဂါသက်ရောက်ရဲ့  ၂ ကြွင်းမရဏရောဂါ ဖြစ်တဲ့  ဦးခေါင်းထဲမှာ ရောဂါဖြစ်နေတဲ့ အကြောင်း ရေးခဲ့ ပါတယ်နော်...ခွဲရမလိုလို က နေ ရန်ကုန်မှာခွဲမလား ဘန်ကောက်မှာ ခွဲမလားတွေ တိုင်ပင်သွားတာလဲပါပါတယ်...သူ့ ရဲ့ လစိတ်ကလည်း အင်္ဂါလစိတ်အကုန် ဟူး လစိတ်ဘက် ကူးစလို့ ပါ ရေးပြခဲ့ ပါတယ်နော်...

ဒီနေ့ မနက်ကတော့ သူ့ မိသားစုက ဖုံးဆက်လာတာက ဘန်ကောက်မသွားဖြစ်တော့ ဘူး..ဒီမှာတင် ခွဲမယ် ဒီတော့  ယတြာလုပ်ဖို့  ဘာယူခဲ့ ရမလဲ ဘယ်အချိန်လာရမလဲ လို့ လှမ်းမေးပါတယ် ဒီတော့  ကျနော်က လာချင်တဲ့ အချိန် လာပေးထား မခွဲခင်တစ်ရက်ကြိုလုပ်မှာလို့ ပြန်ပြောလိုက်ပြီး ဘယ်နေ့ ခွဲမှာလဲလို့ မေးလိုက်တော့  ၉ ရက်နေ့ လို့ ဆိုပါတယ်...

တဒင်္ဂထဲက တစ်ခဏဘ၀...ခွန်သန်းထွန်း.

တဒင်္ဂထဲက တစ်ခဏဘ၀...ခွန်သန်းထွန်း.

တနင်္ဂနွေသမီး အဓိပတိဖွားကို အမည်ပေးလိုက်ပုံ...



တနင်္ဂနွေသမီး အဓိပတိဖွားကို အမည်ပေးလိုက်ပုံ...
-------------
တနင်္ဂနွေသမီးလေး ၂၀၁၄ မွေးဖြစ်လို့  ၄ကြွင်း မဟာဘုတ် အဓိပတိဖွားပေါ့ ..စိနသွေးတစ်ဝက်ပါသူလေးပါ ..ဒီတော့ အသားဖြူမှာပါ ဖအေရော မအေပါဖြူပါတယ်၊ ကျနော်တို့ မဟာဘုတ်လိုင်းကနေ အမည်ပေးတဲ့ အခါ မူလမဟာဘုတ်ရယ် မွေနံ တနင်္ဂနွေတိုင်ရယ် ၂ ခုကို ပင်မဦးစားပေး အဖြစ် စဉ်းစားပါတယ်..

မွေးနံတိုင် တနင်္ဂနွေတိုင်အရ တနင်္ဂနွေသားသမီးတိုင်းမှာ ပန်းယဆိုတဲ့  ကြာသာပတေး+ဗုဒ္ဓဟူး အတွဲ၊ သစ်စိမ့် ဆိုတဲ့  သောကြာနံ+ အင်္ဂါနံ အတွဲ နဲ့  အလယ်တွဲ အမြစ်အညွန့် ဆိုတဲ့  စနေ+တနင်္လာနံရှိပါတယ်။ ( တစ်ခြားနေ့သားတိုင်းစမှာလည်း နံသင့် သာကွဲသွားတယ် ဒီလို သုံးတွဲစလုံးရှိနေတာပါပဲ။

အဲ့ ဒီမှာ တိုင်စဉ်ဖွဲ့ စည်းပုံအရ တနင်္ဂနွေသားသမီးနံဟာ အလယ်မူလဖြစ်လို့  အပေါ်က ကြာသာပတေး ၊ တနင်္လာ ၊ သောကြာဟာ တနင်္ဂနွေသားသမီးတွေရဲ့  အညွန့် နံ သုံးနံ ထွက်လာပါတယ်...

အမည်ပေးဖို့ စစဉ်းစားတဲ့ အခါ ၄ကြွင်း မဟာဘုတ်အရ တနင်္ဂနွေ နံ ဟာ အပေါ်တန်း ၄ အိမ် မှာရှိနေပါတယ်..ဒီတော့  တနင်္ဂနွေနံကို ရှေ့ ဆုံးကထားလိုက်ပါတယ်။

ဘိုလိုအမည်တဲ့ ဗျားးး..

ဘိုလိုအမည်တဲ့ ဗျားးး..
-----------------
ကိုန၀င်းခင်ဗျာ..
ဥရောပအမည်တခုကို ဗေဒင်ပညာအရ နေ့သင့်နံသင့် ရွေးခြယ်လို့ရနိုင် မရနိုင် သိလိုပါတယ်။ အမည်ပြောင်းရန် လိုနေတဲ့အတွက် ကူညီစေချင်ပါတယ်ခင်ဗျာ။
================
Na Win Thi Ha ဥရောပတိုက်သား (၀ါ) အင်္ဂလိပ်နာမည်တစ်ခုကို ပေးတဲ့ အခါ..ကျနော်တို့  ဗမာ နံကောက် သဘောနဲ့ မတူဘူး..သူတို့ အမည်တွေက အများအားဖြင့်  သမ္မာကျမ်းလာ အဖြစ်အပျက်တွေ နဲ့ ဒေသဆိုင်ရာ လူစွမ်းကောင်းတွေ ထူးခြားလူတွေရဲ့ သမိုင်းသဘောတွေ မှာ အခြေခံတာများတယ် ဥပမာ ဒေးဗစ် ဆိုတာ ရှေးက အင်္ဂလိပ် လူစွမ်းကောင်းကြီးတစ်ယောက်ရဲ့ ပုံရိပ်ကို ယူမှည့် တာမျိုး စနေသား ဘာညာ မဟုတ်ဖူးပေါ့ လေ... ဒီတော့  အများအားဖြင့်  ဥရောပအမည်မှည့် ရင် အာရှသားတွေ မှည့် လေ့ ရှိတဲ့ အမည်တွေ မှည့် လေ့ ရှိတယ် ဥပမာ မေရီတို့  ၀ီလျံ ရှယ်လီ စင်သီယာ မာဂရက်...စသဖြင့် ပေါ့  နေ့ သင့် နံသင့်  ဖြစ်ချင်မှဖြစ်မယ်ပေါ့ ၊ တစ်ချို့ ကလည်း သမ္မာကျမ်းလာတွေပေါ့  ဂျိုးဆက်တို့  ဘာတို့ ပေါ့ 

ဗမာဗေဒင်က အဲ့ ဥရောပအမည်တွေ နံသင့် အဖြစ်ဝင်စဉ်းစားပေးတဲ့  အခါ ရှေ့ ဆုံးက အသံကို သာဦးစားပေးယူလိုက်တယ် အမည်ရဲ့ ပုံရိပ်ကို သိပ်မယူတော့ ဘူး အကြောင်းက သမ္မာကျမ်းလာတို့  ဥရောပ သမိုင်းကြောင်းတို့ ကို မကျွမ်းကျင်လို့ ...ဒီတော့  ဆိုပါတော့  သောကြာသား သမီးလို့  သိရင် သောမတ်စ် နဲ့  သယ်လ်မာ လို့  မှည့် လိုက်တာ...ဗုဒ္ဒဟူးသားဆို ၀ီလျံ..တနင်္ဂနွေသားဆို အော်စကာ အော်စတင်..ကြာသာပတေးသမီးဆို မေရီ မာဂရက် ကြာသာပတေးသားဆို ဘရိုင်ရန် စသဖြင့် အမည်ပေးလို့ ရတယ်ပေါ့  အဲ့ လိုပဲ ပေးလေ့ ရှိတယ်...ဒီသဘောကို ရပြီဆိုရင် ဥရောပအမည်မှည့် လိုရင် အဲ့  နံ ရဲ့  အသံထွက်တွေနဲ့  ညှိပြီး ကိုယ့် ဟာကိုယ် မှည့် လိုက်လိုရပါတယ်ဗျား...ကိုယ်နေတဲ့  ဒေသက အသုံးများလေ့ ရှိတဲ့  အမည်တွေရဲ့  လေသံကို နားထောင်လိုက်ရင် အမည်တွေ အများကြီး ထွက်လာမှာပါဗျား.
(အဲ့ တော့  အဲ့ က စိတ်ကူးထားတဲ့ ဥရောပအမည် နဲ့ နေ့ သားကို တော့  ပြောရင် ချိန်ကြည့် ပေးလို့ ရတယ်ပေါ့ ဗျာ...ကျနော်တို့ မှည့် ရင် အလွယ်နဲ့ မရတတ်ဖူး ဥရောပအမည်တွေ မှည့် နေမကျလို့ ပါဗျား..)

ယုံတယ်ဆိုတာ ယုံတာ မယုံဘူးဆိုတာ မယုံတာ




ယုံတယ်ဆိုတာ ယုံတာ မယုံဘူးဆိုတာ မယုံတာ
---------------------------------
'''''ဆရာတဲ့  ကျမယောက်ျားက ဗေဒင်တွေ နတ်တွေ မယုံဘူးရှင့် အဲ့ ဒါ သူ့ အတွက် ယတြာကို ကျမလုပ်ပေးလို့ ရမလား '''' တဲ့ ..ဟားး..လာပြန်ပြီ တျောက်..(နောက်လိုက်ဦးမှပဲဆိုပြီး..ခ်ခ်)....
အာ့ နဲ့  ''''ဒါဆိုသူက ဘာယုံလဲ '''' လို့ ဘယ်လိုဖြေမှာကို သိသိကြီးနဲ့  မေးလိုက်တော့ ''' ဘုရားတရားပဲ ယုံတယ်ရှင့် '''.တဲ့ .
.( ထင်သားပဲ ဒါပဲဖြေမှာ ဟီးဟီး.)..

''''အဲဒါဆို နင့် ယောက်ျားအတွက် အပြန်ကြရင် သကြားလုံးတစ်ထုပ် ၀ယ်သွားဟာ.အဲ့ ဒါ .ကလေး အတွေးပဲရှိသေးတယ်လို့  ပြောလိုက်...'''လို့  ရယ်ကျဲကျဲနဲ နောက်ပြောလိုက်တော့  အဲ့ သူလေးလည်း လိုက်တော့ ရီပြီး ဆိုလိုတာ သိပ်နာမလည်ဘူးဖြစ်သွားရောဗျား .ခိခိ...
နောက်မှ '

'' ဒီလိုလေ..ခင်ဗျားယောက်ျားက ဗေဒင်တွေ နတ်တွေ မယုံဘူး ပြောရတာ ဂုဏ်ယူနေ
ပုံရတယ်လေ..စဉ်းစားကြည့် ဗျာ....ကျနော်တို့  ဘုရားကို မယုံပဲ တစ်ခြား ဘုရားတွေကို ယုံတဲ့  လူတွေ ကမ္ဘာပေါ်မှာ သန်း ခြောက်ထောင်ကျော်လောက်ရှိတယ် ကျနော်တို့ ဘုရားကို ယုံတဲ့ လူက သန်း သုံးလေးရာလောက်ဆိုလားဗျာ..သန်းတစ်ထောင်တောင်မရှိဘူးလေ အဲ့ ဒါ ပြောလိုက်ပါလို့  ဗေဒင်တွေ နတ်တွေ မယုံဘူးပြောတာလောက်များ ဗေဒင်ဆရာတွေ နတ်ကတော်တွေက သွားကြားတောင် မညပ်ဘူး..ရေသောက်နေတာ...ပါးပါးလေးပါလို့ .ဟဲဟဲ''' ..လို့ 

ကိုယ့် ဟာကိုယ် စကားဝှက်လုပ် ကိုယ့် ဟာကိုယ်ပြန်ရှင်းပြနဲ့  ..ဆိုတော့ မှ.ရီသွားပြီး..ဟုတ်သားပဲ...ဟီဟိတဲ့ .ခ်ခ်.

.(တစ်ချို့ တွေက သူတို့  ယုံတာတွေ မယုံတာတွေကို အသားလွတ်ကြီး ကြံဖန်ဂုဏ်ယူနေကြပုံက အဲ့ လိုတွေပါဗျာ..အမှန်က တကယ်ဆို...ယုံတယ်ဆိုတာ ယုံတာ မယုံဘူးဆိုတာ မယုံတာလေ...အဟိ..ခ်ခ်)

ဆင်ခြင်သိ




ဆင်ခြင်သိ

ကိုယ့် ရဲ့  ငယ်ဘ၀ကို လူတွေ အပါအ၀င် ဘေး အထောက်အကူပြုပစ္စည်း တစ်စုံတစ်ရာအကူ မယူပဲ ကိုယ့် မှတ်ဥာဏ်သက်သက်နဲ့  စဉ်းစားရင် ဘယ် အသက်ပိုင်းအထိ ပြန်မှတ်မိနိုင်လဲ ...နောက်ကြောင်းပြန်တွေးကြည့် ဘူးလားဆိုတာမျိုး .ဆိုပါတော့  မွေးပြီးစ သုံးလေးလ (သို့ ) ၆လ (သို့ ) ၈လ..စသဖြင့် ပေါ့  အစောဆုံးဘယ်လောက်အသက်က အဖြစ်အပျက်ကို ပြန်တွေးရင် စ မှတ်မိနိုင်သလဲပေါ့ ....

ကိုယ့် မိခင်ဘာသာစကားကို ကိုယ်ပြောတတ်နေပြီဆိုတာ ကိုယ့် ဟာကိုယ် ဘယ်အသက်ပိုင်းမှာ စသိလိုက်ပြီလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းသလို ကိုယ်ပြောနေတာ ဘယ်ဘာသာစကားနဲ့ ပြောနေတာလဲဆိုတာ ဘယ်အသက်မှာ စတွေးမိတာလဲကို ပြန်စဉ်းစားကြည့် ဘူးကြလားဆိုတာကလည်း စိတ်ဝင်စားစရာ..

ဒါကိုတွေးလို့ ရပြီဆိုရင် သေခြာတယ်လို့ ဆိုတာ တစ်ချို့ ကိစ္စတွေမှာ အတွေ့ အကြုံတွေကိုချည်း အားပြုလို့ မရ ဆင်ခြင်သိတွေကို အားပြုရတယ်ဆိုတာ....

ဝပ်ရှော့ ဆရာ ၁ သောကြာ...




ဝပ်ရှော့ ဆရာ ၁ သောကြာ...
-----------------
ခုတော့  ရှောသွားပြီ ဖြစ်သွားတယ်ဗျားးး.

..ဖြစ်ပုံက အဲ့ ဘဲကြီးက  ၆၉  ဒီဇင်္ဘာလဆန်းမွေး ၁ သောကြာ ရာဇဖွားကြီးဗျ......သင်္ကြန်မတိုင်ခင်က သူ့ အမျိုးသမီးလာတယ်..ကားအပ်ထည်နဲနေလို့ တဲ့  ၊ .သူတို့ က တစ်ရပ်ကွက်ကျော်က...၀ပ်ရှော့ ဆရာ...ဘဇ်နက်က မဆိုးဘူး..ဒါပေမယ့်  အဲ့  ဘဲကြီးက အလုပ်ပြီးရင် အလုပ်ကြမ်းတဲ့ ကားဆရာမို့ ထင်ပါရဲ့  ရှပ်နဲနဲထုတတ်တယ်...အဲ့ ဒါသိလို့  ခင်ဗျားလူကြီးက အခုအသက် ၄၆ စနေဂြိုလ်ထဲမှာ  တစ်နှစ်လောက်ကြာမှာ...ကားအပ်ထည်နဲတာက ကိစ္စမရှိဘူး လဘက်သားလေးကို ရေစိမ်ပြီး ကားပြင်တဲ့ နေရာ ကြာသာပတေးနေ့ နဲ့ တနင်္လာနေ့ တွေမှာ လျှောက်ဖြန်းပေးလိုက်ရင် ပြင်ဖို့  ကားတွေလာ အပ်လိမ့် မယ်...ဒါ့ ထက်ပို အရေးကြီးတာက နေကလည်းပျင်းနေသေးတယ် သတိထား သွေးတိုးပြီးလေဖြန်းသွားမှ ဒုက္ခရောက်နေမယ် အခု လကိုက ကံမကောင်းတော့ ဘူး...( ၄ လပိုင်းလဆန်းကြီလာတာ ).ကျမ္မာရေးတော်တော် သတိထားဖို့ လိုလိမ့် မယ်  ..အခုကနေ မေလကုန်အထိ တစ်ကြိမ် နောက်တစ်ကြိမ်က ဇူလိုင်နဲ့ သြဂုတ်ကြား သတိထားရလိမ့် မယ်..အဆင်မသင့် ရင် အသက်ကို ရစ်တတ်တယ် .ပိတောက်ညွန့် တွေဘာတွေ ထိုးထားပေးလိုက်ပေါ့ လို့  မှာလိုက်တာ....

အဲ့ ဒါ  အဲ့ မိန်းမ မနက်က ဈေးသွားရင်းဆိုပြီး  ၀င်လာတယ် သူ့ ယောက်ျား သောကြာသား ပြီးခဲ့ တဲ့ အပတ်က ရက်လည်တဲ့ ....ဟာ...လို့  ဖြစ်သွားတာ.ပေါ့ ..ကိုယ်ထင်တာက လေထိယုံလောက် ထင်ထားတာ.အခုက မြန်ချက်က ဇူလိုင်သြဂုတ်တောင်မရောက်လိုက်ဘူး.....ဘယ်လိုဖြစ်တာတုန်းဆိုတော့ ..သင်္ကြန်ပြီးကတည်းက နေသိပ်မကောင်းတော့ တာ သွေးတိုးတိုးနေတာတဲ့ ...အဲ့ နေ့ က ကားတစ်စီးကြည့် ပေးနေရင်း  မူးတယ်ဆိုပြီးလဲသွားလို့ ဆေးရုံပြေးတာ အသက်မပါသွားတော့ ဘူးဖြစ်သွားတာ..သွေးစောင့် တက်ပြီး..ဦးနှောက်သွေးကြော ထိသွားတာတဲ့ ဗျား..ပိတောက်ညွန့် လေးရော ထိုးပေးထားမိသေးလားဆိုတော့ ....ကျမလည်း အလုပ်တွေများနေလို့  မထိုးပေးမိထားဘူးတဲ့ ဗျာ......( ဒါတော့  အဲ့  ၁ သောကြာကြီးရဲ့ ကံပဲ မတတ်နိုင်ဘူးပေါ့ ဗျာ..)

လမ်းခွဲ သီအိုရီ




လမ်းခွဲ သီအိုရီ
----------
ဒီတစ်ခါ ကိုယ်ရေးကိုယ်တာလေးတစ်ခု ပြောပါရစေဗျား..ကျနော့် စိတ်သဘောက ကိုယ်ကလည်း သူများဘ၀တွေ နစ်မွန်းပျက်ဆီးသွားစေမယ့်  ကိစ္စတွေကိုပညာအရရော  အပြင်သဘောအရရော မလုပ်ဖူး..ပုံမှန်အားဖြင့်  တတ်နိုင်သမျှအထိ ကိုယ်က အနာခံပေးတတ်တယ် အကန့် အသတ်နဲ့ ပေါ့ ...သူများက လာလုပ်မှာကိုလည်း မကြိုက်ဘူး..ပညာနဲ့ လာလုပ်မှာကိုလည်း ဂရုမစိုက်တတ်ဖူး  ဘုရားရှိတယ် ကိုယ့် မှာ ကောင်းမှု့ တွေတစ်ပုံကြီးရှိတယ်လို့  စိတ်ထဲမှ အခံရှိထားတယ်...

ဒီလိုပဲ အပြင်က လူတွေကိုလည်း သူများကို မတရားနိုင့် ထက်စီးနင်းလုပ်တာမျိုးမကြိုက်ဘူး...အထူးသဖြင့် အိမ်ထောင်ရေးတွေမှာ တစ်ဖက်စောင်းနင်းဆန်လာရင် မကြိုက်ကို မကြိုက်တော့ ဘူး...

၅တန်းကနေ တက္ကသိုလ်ပြီး လူ့ ဘ၀ထဲအထိ လည်ပင်းဖက် ပေါင်းလာတဲ့ အရင်းနှီးဆုံးတွေထဲက သူငယ်ချင်းတစ်ယောက်ရှိတယ် ၊ သူ့ ရီးစားထားတယ် နောက်တော့ ယူတယ်...သူယူတဲ့ အမျိုးသမီးလေးပါ ကျနော်နဲ့ ရင်းနှီးတယ်..နောက်တော့  ဓန သဘောကြောင့်  ဒီကောင်ပြည်ပထွက်တယ်...ခဏတော့ မိန်းမကိုထောက်ပံ့ တယ်..နောက်တော့  ဟိုမှာ မိန်းမရပြီး ခလေးတစ်ယောက်ရတယ်လို့ အသံထွက်လာတယ်..ဒီက သူ့ မိန်းမက ငိုပြီးလာပြောတော့  ကျနော်စုံစမ်းပေးတယ် ဒီကောင့်  အိမ်က မိဘတွေကို ဒဲ့ သွားမေးလိုက်တော့  သူတို့ သား ပြည်ပမှာ မိန်းမယူတာအတွက် သူတို့ မှာတာဝန် မရှိသလိုလို လေသံနဲ့ ...အဖြစ်က မှန်နေတယ်...ဒါနဲ့  အဲ့ အမျိုးသမီးကိုတော့  ပြောလိုက်တယ် အဲ့ အကောင်တော့  ဟိုမှာ မိန်းမရနေတယ်ဆိုတာအမှန်ပဲ နင်ကြိုက်သလိုသာဆုံးဖြတ်တော့  ငါတော့ ဒီ ကောင့် ကို ဒီတစ်သက် တာ့ တာ့ ပဲ လို့ ပြောလွှတ်လိုက်ရတယ်...

သက်တောင့် သက်သာလေး




သက်တောင့် သက်သာလေး
-----------------
ညနေစောင်းမှ  ၃၉ နှစ်ထဲ ၀င်သွားတဲ့  ၂ တနင်္ဂနွေ မလေးတစ်ယောက် ၀င်လာတယ် မုန့် လုပ်ငန်းရှင်လေး။ ကိစ္စက အသက် ၆၆ လောက်ရှိတဲ့  သူ့ အဖေတနင်္ဂနွေသား ဆေးရုံတင်ထားရတဲ့ ကိစ္စ။ ဒါနဲ့  လူနာ အခြေအနေ ပြောပါဦးဆိုပြီး နားထောင်လိုက်တော့ ....( အဖြစ်က ဆရာဝန်တစ်ပိုင်းလိုပဲ..ခိခိ)

''''၂ပတ်လောက်ရှိနေပြီ ပထမ အိုင်စီယူထဲမှာ အခုတော့ ဆရာဝန်တွေက လက်လျှော့ လိုက်ပြီပြောတယ် ဆေးတွေသွင်းပေးနေတာကလည်း ခြေထောက်ကရော လက်တွေကရော နှခေါင်းပိုက်က တန်းလန်းနဲ့  လူးနေတာပဲ မငြိမ်ဘူး..နှလုံးရော အသည်းရော ကျောက်ကပ်ပါ မကောင်းတော့ ဘူး..ဆီချိုက တက်လိုက်ကျလိုက်နဲ့  သမီးမြင်နေရတာ စိတ်ဆင်းရဲလို့ ဆရာရယ်....အဲ့ ဒါ တစ်ခုခု....'''

ဒီလိုဆိုလာတော့  ကျနော်က သိလိုက်ပြီ 'ဒါဟာ ဆီးချိုဝါရင့် တာကြောင့်  ကျောက်ကပ်ပျက်သွားပြီ...ဒါကြောင့်  ငန်းဖန်းသလို ဆီးဆိပ်တွေတက်လို့  လူးနေတာ...ကျောက်ကပ်ဆေးတဲ့ လမ်းတစ်လမ်းသာ ကျန်တော့ တယ်..

ရဲတဲ့ နှင်းဆီ..



ရဲတဲ့ နှင်းဆီ..
--------
လူလုပ်တဲ့ လောကဓံတွေနဲ့ 
သံဆူးခက်တွေ ပိတ်နှောင်ဖွဲ့ 
ဘယ်လောက်တောင် ချုပ်နှောင်ခဲ့ စေ.....
မရွံ့ တန်း ရဲရဲနီ...
မငုံ့ တန်း ရဲရဲပွင့် ခဲ့ တဲ့ 
ပွင့် နေဆဲ ''အမေ'' များကို
ငါ ဦးညွှတ်တယ်...။  ။