သက်တောင့် သက်သာလေး
-----------------
ညနေစောင်းမှ ၃၉ နှစ်ထဲ ၀င်သွားတဲ့  ၂ တနင်္ဂနွေ မလေးတစ်ယောက် ၀င်လာတယ် မုန့် လုပ်ငန်းရှင်လေး။ ကိစ္စက အသက် ၆၆ လောက်ရှိတဲ့  သူ့ အဖေတနင်္ဂနွေသား ဆေးရုံတင်ထားရတဲ့ ကိစ္စ။ ဒါနဲ့  လူနာ အခြေအနေ ပြောပါဦးဆိုပြီး နားထောင်လိုက်တော့ ....( အဖြစ်က ဆရာဝန်တစ်ပိုင်းလိုပဲ..ခိခိ)
''''၂ပတ်လောက်ရှိနေပြီ ပထမ အိုင်စီယူထဲမှာ အခုတော့ ဆရာဝန်တွေက လက်လျှော့ လိုက်ပြီပြောတယ် ဆေးတွေသွင်းပေးနေတာကလည်း ခြေထောက်ကရော လက်တွေကရော နှခေါင်းပိုက်က တန်းလန်းနဲ့  လူးနေတာပဲ မငြိမ်ဘူး..နှလုံးရော အသည်းရော ကျောက်ကပ်ပါ မကောင်းတော့ ဘူး..ဆီချိုက တက်လိုက်ကျလိုက်နဲ့  သမီးမြင်နေရတာ စိတ်ဆင်းရဲလို့ ဆရာရယ်....အဲ့ ဒါ တစ်ခုခု....'''
ဒီလိုဆိုလာတော့  ကျနော်က သိလိုက်ပြီ 'ဒါဟာ ဆီးချိုဝါရင့် တာကြောင့်  ကျောက်ကပ်ပျက်သွားပြီ...ဒါကြောင့်  ငန်းဖန်းသလို ဆီးဆိပ်တွေတက်လို့  လူးနေတာ...ကျောက်ကပ်ဆေးတဲ့ လမ်းတစ်လမ်းသာ ကျန်တော့ တယ်..
''ဆရာဝန်တွေက ကျောက်ကပ်ဆေးဘို့ မပြောဘူးလား...အခုဖြစ်နေတာ ဆီးချိုကြောင့် ကျောက်ကပ်အလုပ်မလုပ်တော့ လို့  ငဖယ်လိုလူးနေတာ ကျောက်ကပ်ဆေးတာ မီသွားရင်တော့ သက်သာမှာ..ဒါပေမယ့်  အမြဲဆေးရတော့ မှာ..ဒါတောင် မီချင်မှမီတော့ မှာ ကျောက်ကပ်ဆေးဖို့ ပြင်နေရင်း နောက်၅ရက်လောက်ဆို ပွဲပြီးနိုင်နေပြီ...ဆေးဖို့  လုပ်တဲ့ ဒဏ်တောင် ခံနိုင်ရည်ရှိမှာမဟုတ်လောက်ဖူး..အဲ လက်လျှော့ လိုက်ပြီဆိုပြီး အိမ်တော့ ပြန်မသယ်
သွားနဲ့ ဆေးရုံမှာပဲထား...အိမ်မှာ တစ်ခုခုဖြစ်လာရင် ဘာမှမလုပ်တတ်ဖူး ဆေးရုံက သူ့ ဟာသူလိုအပ်တာတွေအကုန်ရှိတယ်..'''' ဆိုလိုက်တော့ ...
''''ဟုတ်...ဆရာဝန်တွေကလည်းပြောတယ် ကျောက်ကပ်ဆေးဖို့ ပဲ ရှိတော့ တာ. ဒါတောင် ခွဲနေရင်း အသက်ပါသွားနိုင်တယ်လို့ ပြောလို့ သမီးတို့ က မဆေးတော့ ဘူးလို့ တော့ ပြောလိုက်တယ် အဲ့ ဒါ ဆေးတော့ သွင်းပေးနေသေးတယ်...အဖေက လူးနေတာ..တရားခွေဖွင့် ပေးလဲ မရပါဘူးဆရာရယ်..သိပ်သနားတာပဲ..'''
''''ကျနော် သဘောပေါက်ပါတယ် ဆီးဆိပ်တက်တာ ဒီလိုပဲ လူနာကတော့ အမှန်တော့  ဘာမှမသိတော့ ဘူး ဘေးက ၀ိုင်းပြုစုတဲ့ သူတွေကတော့  လူးလိမ့် နေတာ အကြောတွေဆွဲ ကယောင်းကတမ်းတွေ ဖြစ်နော ဘယ်ကြည့် ကောင်းမလဲ...အခု ပြောချင်နေတာ ဆေးဆေးဆေးဆေး သေသွားစေချင်တာ မဟုတ်လား '''လို့  လဲ ဒဲ့ မေးလိုက်ရော..
''ဟုတ်ဆရာ အဲ့ လိုပဲ သမီးဖြစ်စေချင်တာ မရတော့ ရင်လည်း သက်တောင့် သက်သာလေး ဖြစ်သွားစေချင်တာ.'''...တဲ့  ဗျားးးး.... ( အဲ့ လို ဖြစ်စေချင်မှန်း...စကားစပြီး နားထောင်ပြီးကတည်းက သိနေတယ်လေ..ဟီးဟီး)...လွယ်ပါဘူး...လူနာ ငြိမ်ငြိမ်လေး သေလို့ ရသွားအောင်ယတြာတဲ့ ....အင်းး...ဖအေကို ဗရုပ်သုတ်ခနဲ့  လွန်သွားမှာ ဘယ်မြင်ချင်ပါ့ မလဲနော်..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..