'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, May 11, 2015
လမ်းခွဲ သီအိုရီ
လမ်းခွဲ သီအိုရီ
----------
ဒီတစ်ခါ ကိုယ်ရေးကိုယ်တာလေးတစ်ခု ပြောပါရစေဗျား..ကျနော့် စိတ်သဘောက ကိုယ်ကလည်း သူများဘ၀တွေ နစ်မွန်းပျက်ဆီးသွားစေမယ့်  ကိစ္စတွေကိုပညာအရရော အပြင်သဘောအရရော မလုပ်ဖူး..ပုံမှန်အားဖြင့်  တတ်နိုင်သမျှအထိ ကိုယ်က အနာခံပေးတတ်တယ် အကန့် အသတ်နဲ့ ပေါ့ ...သူများက လာလုပ်မှာကိုလည်း မကြိုက်ဘူး..ပညာနဲ့ လာလုပ်မှာကိုလည်း ဂရုမစိုက်တတ်ဖူး ဘုရားရှိတယ် ကိုယ့် မှာ ကောင်းမှု့ တွေတစ်ပုံကြီးရှိတယ်လို့  စိတ်ထဲမှ အခံရှိထားတယ်...
ဒီလိုပဲ အပြင်က လူတွေကိုလည်း သူများကို မတရားနိုင့် ထက်စီးနင်းလုပ်တာမျိုးမကြိုက်ဘူး...အထူးသဖြင့် အိမ်ထောင်ရေးတွေမှာ တစ်ဖက်စောင်းနင်းဆန်လာရင် မကြိုက်ကို မကြိုက်တော့ ဘူး...
၅တန်းကနေ တက္ကသိုလ်ပြီး လူ့ ဘ၀ထဲအထိ လည်ပင်းဖက် ပေါင်းလာတဲ့ အရင်းနှီးဆုံးတွေထဲက သူငယ်ချင်းတစ်ယောက်ရှိတယ် ၊ သူ့ ရီးစားထားတယ် နောက်တော့ ယူတယ်...သူယူတဲ့ အမျိုးသမီးလေးပါ ကျနော်နဲ့ ရင်းနှီးတယ်..နောက်တော့  ဓန သဘောကြောင့်  ဒီကောင်ပြည်ပထွက်တယ်...ခဏတော့ မိန်းမကိုထောက်ပံ့ တယ်..နောက်တော့  ဟိုမှာ မိန်းမရပြီး ခလေးတစ်ယောက်ရတယ်လို့ အသံထွက်လာတယ်..ဒီက သူ့ မိန်းမက ငိုပြီးလာပြောတော့  ကျနော်စုံစမ်းပေးတယ် ဒီကောင့်  အိမ်က မိဘတွေကို ဒဲ့ သွားမေးလိုက်တော့  သူတို့ သား ပြည်ပမှာ မိန်းမယူတာအတွက် သူတို့ မှာတာဝန် မရှိသလိုလို လေသံနဲ့ ...အဖြစ်က မှန်နေတယ်...ဒါနဲ့  အဲ့ အမျိုးသမီးကိုတော့  ပြောလိုက်တယ် အဲ့ အကောင်တော့  ဟိုမှာ မိန်းမရနေတယ်ဆိုတာအမှန်ပဲ နင်ကြိုက်သလိုသာဆုံးဖြတ်တော့  ငါတော့ ဒီ ကောင့် ကို ဒီတစ်သက် တာ့ တာ့ ပဲ လို့ ပြောလွှတ်လိုက်ရတယ်...
နောက် ၅နှစ်လောက်မှာ ဒီကောင် ပြန်ရောက်လာတယ် ကွဲခဲ့ ပြီတဲ့  ဒီကမိန်းမကို ပြန်ကပ်မလို့ ကူညီပါတဲ့ ...ဆဲတာထက်ဆိုတဲ့ စကားလုံးတွေနဲ့ ပက်ပက်စက်စက်ကို ပြောလွှတ်လိုက်တယ် သူ့ မိဘတွေကိုပါ သမီးချင်း မစာနာရ ကောင်းလားဆိုပြီး မြောင်းထဲရောက်အောင်ပြောပစ်လိုက်ပြီး ဒီတစ်သက် ငါ့ အိမ်ကို မင်းမလာနဲ့ တော့  မင်းလို စိတ်ယုတ်မာတဲ့  မစာနာတဲ့ ကောင်နဲ့  ဘော်ဒါကဏ္ဍ ဆက်လုပ် နေစရာမလိုဘူးလို့  ပြောလွှတ်လိုက်တယ်..ဒီကောင် အရမ်းအံ့ သြသွားတယ် သူ့ တစ်သက် ကျနော် ဒီလို ပေါက်ကွဲံပုံမျိုးမမြင်ဘူးခဲ့ ဘူးလေ...ကျနော်က ရှင်းတယ်...လူ့ ဘ၀ခရီးဟာ တိုတိုလေးပဲ ကိုယ့် စိတ်သဘောနဲ့ တူညီတာတွေနဲ့ ပဲသွားမယ် မတူတဲ့ သူတွေနဲ့  စိတ်ဆင်းရဲခံပြီးသွားနေစရာမလိုဘူး ပေါင်းစရာလူ မရှိရင် တစ်ယောက်ထဲ နေမယ်...ဒီလိုစိတ်မျိုးရှိတယ်...အထာမကျတဲ့ လူတွေကို လွမ်းစရာအကြောင်းမရှိဘူးပေါ့ ...
နောက်တစ်ခါ သီးခြားစီ ရှိနေကြတဲ့  ကဏ္ဍတွေကို လိုရာဆွဲပုံဖေါ်ပြောတတ်တဲ့ လူတွေကိုလည်း ရွံ တတ်သလို အတွေးအခေါ် ငတုံးတွေလို့ ပါ သတ်မှတ်ပစ်လိုက်တတ်တယ်..တစ်ခါကလည်း ကျနော့် သူငယ်ချင်းထဲကပဲ ရေလည်ပြောပစ်လိုက်ရတာရှိတယ်...ဒီငတုံးက တဏှာတွန်ပြီး သူများသမီးကို ယူတုန်းက ချစ်လှချည်ရဲ့ လို့  ယူပြီးမှ ကိုယ် အသုံးမကျလို့ ရှာလို့ ဖွေလို့  မဖြစ်ထွန်းတော့ ဘူးဆိုရင် မိန်းမကို ရန်ရှာ ပြီးမှ မအေမေတ္တာဘွဲ့ တွေစာလာဖွဲ့ ပြ မိန်းမက အစားထိုးလို့ ရတယ် မအေက အစားထိုးလို့ မရဘူးတွေနဲ့ လာလုပ်တယ် ဒီ ငတုံး ပြောချက်က သူ့ မိန်းမက နေရင်းထိုင်ရင်း မိန်မဆိုးဘွ ရောက်အောင်ပြောလာတဲ့ ပုံမျိုး..
.ဒီတော့  ကျနော်က အဲ့ ဒါမျိုးဆို မရတော့ ဘူး မင်းက မင်းမအေကို အစားထိုးလို့ မရဘူး မိဘမေတ္တာက ကြီးပါတယ်ဆိုရင် အစကတည်းက သူများသမီးကို ဘာလို့ ယူနေသေးလဲ...မင်းမအေနဲ့  မင်း တစ်သက်လုံးနေပြီး ဖင်ဘူးဒေါင်းထောင်ပြီး လုပ်ကျွေးနေပါတော့ လား..အခုမှ မင်းမိန်းမကို အစာမကျေတာနဲ့  တောင်ပြော မြောက်ပြောလျှောက်ပြောနေတာ မင်းက တဏှာထတုန်းက ထပြီး စားလို့ ဝတော့ မှ...လို့  ပြောလိုက်ပြီးမှ...အိမ်ထောင်သည်ကဏ္ဍ မိဘနဲ့ သားသမီးကဏ္ဍ သူ့ ကဏ္ဍ နဲ့ သူ သီးခြား တန်ဘိုးတွေ ရှိတာကို နားလည်ထားသင့် တယ် မျှမျှတတ တွေးပြီး လုပ်သင့် တယ်လို့ ပြောပစ်လိုက်တယ် နောက်လည်း မင်းငါ့ ဆီမလာနဲ့ တော့  ငါ့ မှာ အစ်မတွေညီမတွေ ရှိသေးတယ်လို့  ဘုပြောလွှတ်လိုက်တယ်...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..