Powered By Blogger

Monday, May 11, 2015

ယုံတယ်ဆိုတာ ယုံတာ မယုံဘူးဆိုတာ မယုံတာ




ယုံတယ်ဆိုတာ ယုံတာ မယုံဘူးဆိုတာ မယုံတာ
---------------------------------
'''''ဆရာတဲ့  ကျမယောက်ျားက ဗေဒင်တွေ နတ်တွေ မယုံဘူးရှင့် အဲ့ ဒါ သူ့ အတွက် ယတြာကို ကျမလုပ်ပေးလို့ ရမလား '''' တဲ့ ..ဟားး..လာပြန်ပြီ တျောက်..(နောက်လိုက်ဦးမှပဲဆိုပြီး..ခ်ခ်)....
အာ့ နဲ့  ''''ဒါဆိုသူက ဘာယုံလဲ '''' လို့ ဘယ်လိုဖြေမှာကို သိသိကြီးနဲ့  မေးလိုက်တော့ ''' ဘုရားတရားပဲ ယုံတယ်ရှင့် '''.တဲ့ .
.( ထင်သားပဲ ဒါပဲဖြေမှာ ဟီးဟီး.)..

''''အဲဒါဆို နင့် ယောက်ျားအတွက် အပြန်ကြရင် သကြားလုံးတစ်ထုပ် ၀ယ်သွားဟာ.အဲ့ ဒါ .ကလေး အတွေးပဲရှိသေးတယ်လို့  ပြောလိုက်...'''လို့  ရယ်ကျဲကျဲနဲ နောက်ပြောလိုက်တော့  အဲ့ သူလေးလည်း လိုက်တော့ ရီပြီး ဆိုလိုတာ သိပ်နာမလည်ဘူးဖြစ်သွားရောဗျား .ခိခိ...
နောက်မှ '

'' ဒီလိုလေ..ခင်ဗျားယောက်ျားက ဗေဒင်တွေ နတ်တွေ မယုံဘူး ပြောရတာ ဂုဏ်ယူနေ
ပုံရတယ်လေ..စဉ်းစားကြည့် ဗျာ....ကျနော်တို့  ဘုရားကို မယုံပဲ တစ်ခြား ဘုရားတွေကို ယုံတဲ့  လူတွေ ကမ္ဘာပေါ်မှာ သန်း ခြောက်ထောင်ကျော်လောက်ရှိတယ် ကျနော်တို့ ဘုရားကို ယုံတဲ့ လူက သန်း သုံးလေးရာလောက်ဆိုလားဗျာ..သန်းတစ်ထောင်တောင်မရှိဘူးလေ အဲ့ ဒါ ပြောလိုက်ပါလို့  ဗေဒင်တွေ နတ်တွေ မယုံဘူးပြောတာလောက်များ ဗေဒင်ဆရာတွေ နတ်ကတော်တွေက သွားကြားတောင် မညပ်ဘူး..ရေသောက်နေတာ...ပါးပါးလေးပါလို့ .ဟဲဟဲ''' ..လို့ 

ကိုယ့် ဟာကိုယ် စကားဝှက်လုပ် ကိုယ့် ဟာကိုယ်ပြန်ရှင်းပြနဲ့  ..ဆိုတော့ မှ.ရီသွားပြီး..ဟုတ်သားပဲ...ဟီဟိတဲ့ .ခ်ခ်.

.(တစ်ချို့ တွေက သူတို့  ယုံတာတွေ မယုံတာတွေကို အသားလွတ်ကြီး ကြံဖန်ဂုဏ်ယူနေကြပုံက အဲ့ လိုတွေပါဗျာ..အမှန်က တကယ်ဆို...ယုံတယ်ဆိုတာ ယုံတာ မယုံဘူးဆိုတာ မယုံတာလေ...အဟိ..ခ်ခ်)

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..