Powered By Blogger
Friday, December 11, 2015
လက်ထပ်ခြင်းကိစ္စ ရက်ရွေးခြင်း အဓိက သဘော
လက်ထပ်ခြင်းကိစ္စ ရက်ရွေးခြင်း အဓိက သဘော
--
ဗေဒင်လိုင်းထဲ ထဲထဲဝင်ဝင်ဖြစ်လာတော့  မင်္ဂလာကိစ္စတွေက ပါလာတော့ တာပါပဲ...၊ အဲ့ မှာလက်ထပ်တဲ့  စတိုင်တွေကတော့ ကျမ်းလာတွေ ထုံးတမ်းတွေ အယူအောက်မှာတွေကတော့  တစ်ပုံကြီးပေါ့ လေ၊ ခေတ်သစ်စတိုင်မှာ လက်ထပ်တဲ့  စတိုင်အများဆုံးက အောက်က ဖိတ်စာက စာသွားစာလာအတိုင်းပဲ
''လက်ထပ်ထိမ်းမြားပြီးဖြစ်ပါ၍ လာရောက် ၀ါးတီးဆွဲကြပါ ''လို့  ဖိတ်တဲ့  သဘော။ သဘောက ယူပြီးပြီဟေ့ လို့  ပြောလိုက်တာ..။ ဘယ်တုန်းကတည်းက ယူထားနှင့် လဲတော့ တိဝူးးး..ငိငိ
ဒီလိုပါ ခေတ်သစ်စတိုင်မှာ တရားရုံးမှာ တရားသူကြီးရှေ့ မှာ ရုံးလယ်ဂျာစာရင်းသွင်း ၂ ယောက်သား တစ်ဖက် သက်သေ တစ်ယောက်စီနဲ့  သဘောတူစာချုပ် လက်မှတ်ထိုးလိုက်ပြီးမှ  ဧည့် ခံပွဲ ဆက်လုပ်ကြတယ်ပေါ့ လေ၊ သဘောက တရားရုံးမှာ မင်္ဂလာဆောင်ခဲ့ ပြီးပြီး ဧည့် ခံပွဲက အလှုလေးလုပ်ပေးတဲ့  သဘောလောက်ပဲ အဆင့် ရှိတော့ တယ် တရားရုံးမှာ လက်မှတ်ထိုးပြီးသူတွေ ဖြစ်ကြလို့ တရားဝင်ခဲ့ ပြီဖြစ်လို့  တကယ်ဆို ဧည့် ခံပွဲ မလုပ်လဲ ရတယ် တရားက၀င်ပြီးသားဖြစ်နေပြီ ကွဲချင်တိုင်း ပြန်ကွဲလို့ ကွာရှင်းစာချုပ် မရှိပဲ ပါးစပ်လေးနဲ့ ကွဲလို့ မရတော့ ဘူး  လက်မှတ်ထိုးခဲ့ ပြီးဖြစ်လို့  လူချင်းမပေါက်းဘူးဆိုလဲ စာချုပ်ထဲမှာ အိမ်ထောင်သည် ဖြစ်ခဲ့ ပြီပေါ့ လေ..
အဲ့တော့  သဘောက ဗေဒင်နဲ့  မင်္ဂလာရက်ရွေးတဲ့ အခါ ခေတ်သစ်စတိုင်နဲ့ စောစောက ဖိတ်စာက စာသားအတိုင်း မင်္ဂလာဆောင်မယ်ဆိုရင် ရုံးမှတရားသူကြီးရှေ့ မှာ လက်မှတ်ထိုးတာဟာ အဓိက မင်္ဂလာ ရက်ရွေးပေးတဲ့  သဘောဖြစ်လာပြီး ဧည့် ခံပွဲရက်က နေရာ အသွားအလာ အလုပ် စသဖြင့် တွေ ချိန်ပြီး မီးစင်ကြည့် ကတဲ့ ရက်ရွေးနည်းဖြစ်လာတယ်...
တစ်ချို အရပ်မှာတော့  ဓလေ့ အတိုင်း ရုံးကိစ္စမပါပဲ မဏ္ဍတ်ထိုး တစ်ရက်ထဲ အပြီးဆောင်တာမျိုး ၊ ဖလားကြီး ရှေ့ ချ ဖလားထဲ လက်စုံနှိုက်ဆောင်တဲ့  စုလျားရစ်ပတ် ဘာညာကွိကွသဘောကျတော့  ဆောင်+ဧည့် ခံ တဘရိပ်ထဲစတိုင် တစ်ရက်ထဲ မိန်းရွေးတာမျိုးပေါ့ လေ..အဲ့ ဖလားကိစ္စကြတော့ ဇာတ်ထုတ်နဲနဲရှုတ်တယ်
လာတော့ လာခဲပါတယ်...တစ်ချို့ ကတော့  ၂ ဖက် တောင့် တင်းကြောင်း ပဲထုပြချင်တာနဲ့  ရုံးကိစ္စအရင် လုပ်ပြီးသားကို လူတွေ ရှေ့ မှာထိုင်ပြီး ဖလားလက်စုံ ထနှိုက်ပြတာမျိုးလဲ ရှိတယ်...အဲ့ လို မျိုးတွေကလည်း တကယ်က နှိုက် နှိုက်မနှိုက် လက်မှတ်ထိုးပြီးကတည်းက အိမ်ထောင်ကျပြီးကြောင်း ရုံးစာ မှတ်တမ်းတင်ပြီး ဖြစ်နေပြီ...
တွေးတယ်ဆိုတာ အဲ့ လိုတွေပါ...
တွေးတယ်ဆိုတာ အဲ့ လိုတွေပါ...
-----------------------
နော့်  ( http://nawinthiha.blogspot.com/ ) ဘလော့ နဲ့  စီးခရက်လုပ်ထားတဲ့ ဂလု ထဲမှာက လွဲရင် ပတ်ဘလစ်ဝေါမှာ ဗေဒင်ပိုစ်တွေ သိပ်ရေးလေ့ မရှိဘူး ပတ်ဘလစ်ဝေါကို ကိုယ့် စိတ်ကလေး စိတ်ကူးတည့် ရာလွတ်လပ်စွာ ပျံသန်းချင်သလိုပျံသန်းပါစေဆိုတဲ့  သဘောထားတာမျိုးဗျ ..။ အဲ့ ဘလော့ နဲ့  ဂလုထဲမှာ ဗေဒင်အကြောင်း ကိုယ်နားလည်မိသလို ပြန်ရေးပြနေတာတွေတောင် ကျမ်းလာ မဆန်ပဲ ကိုယ့် အတွေ့ အကြုံအစစ်တွေကို ပိုပြီးမှီးရေးနေတဲ့ ဖရီးစတိုင်က ပိုများတယ် ...ရေးမိသမျှတွေမှာ ဒဿနပညာက ပါလာတဲ့  အတွေးစတိုင်တွေပါရောနေလေ့ ရှိတယ်။  စိတ်ရဲ့  လွတ်လပ်စွာ ပျံသန်းခြင်းသဘောကို ဘယ်လောက်သဘောကျသလဲဆိုရင် ကိုယ်ရေးချင်စိတ်ရှိတာာရေးမယ် ရေးချင်လာရင်ရေးချလိုက်မယ် မရေးချင်မရေးဘူး ရေးပြီးလဲ ပြန်ဖတ်ရင်း ဖီးလ်မလာရင် ပြန်ဒလိချင်ဒလိမယ် အွန်တွေ ပေါ်မှာ ရေးမိတာတွေ အရာအားလုံး ကိုယ့် ဖီလင် ဆုံးဖြတ်ချက်အောက်မှာပဲထားမယ်ဆိုတဲ့  ဖီလင်အထိ ရှိနေတယ်..စိတ်ဖရီးဖြစ်နေတာကို အဲ့ လောက် သဘောကျတယ်..ဘော်ဒီကိုသာ လှောင်ပိတ် ချုပ်နှောင်ထားလို့ ရမယ် စိတ်ကိုတော့  ကိုယ်တိုင် အချုပ်ချထားမှသာရမယ်ဆို တစ်ခြားမည်သူကမှ ကိုယ့် စိတ်ကို လာချုပ်လို့ မရဘူးသဘောပေါ့ လေ..
နော်တို့ က လက်တွေ့ ဘ၀ထဲကို ပြန်တွေးတယ် ကိုယ့် ကိုယ်ကိုယ်လဲ ပြန်တွေးတယ် ကိုယ်တိုင်ကိုယ်က ကုန်သည်မျိုးရိုးတွေ ..စီးပွားလုပ်လာသမျှ တစ်ဖက်ဖေါက်သည် တစ်ဖက်ကုန်သည်ကို ဘာနေ့ သားလဲလို့ မေးပြီးစီးပွားလုပ်ခဲ့ သလား...နိုး ပဲ..လမ်းထဲမှာ အရပ်ထဲမှာ ကျောင်းမှာ ယုတ်စွအဆုံး ပြည်ပမှာ တစ်ယောက်နဲ့  တစ်ယောက် လူမှု့ ဆက်ဆံရေးတွေ လုပ်ရင် ဘာနေ့ သားလဲလို့  စမိတ်ဆက်ခဲ့ ရိုးရှိခဲ့ ဘူးလား ဘာနေ့ သားမို့ မပေါင်းဘူး ပေါင်းတယ် ရှိခဲ့ ဘူးလား..ဒီလိုတွေ မေးခွန်းထုတ်တယ်
.. ပိုပြီး ခပ်ကျယ်ကျယ် တွေးရင် ကမ္ဘာဆန်တဲ့  အထိ စီးပွားရေးကြီးတွေ လူတွေ အဖွဲ့ လိုက်ကြီး ရာထောင်ချည်စုစည်းပြီး စီးပွားသဘော လုပ်နေကြတဲ့ သူတွေကရော တစ်ဖက် မိတ်တွေ ဂရုဝင်တွေ အဖွဲ့ အစည်း ဥက္ကဌတွေ ဒါရိုက်တာတွေကို ဘာနေ့ သားလဲလို့ လှမ်းမေးပေါ်တင်မေးပြီး စီးပွားရေးကြီးတွေ လုပ်ကြရိုးရှိသလား...ဒီလိုတွေ ကိုယ့် ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်တယ်ပေါ့ ...ဒါဆို  ဘယ်နေ့ သားနဲ့  တွဲပြီး စီးပွားလုပ်ရင် ဘာညာကွိကွဆိုတာ လက်တွေ့ ကျတဲ့  နေ့ တဓူဝ လူမှု့ ဆက်ဆံရေးတွေမှာ အသုံးကျတဲ့  မေးခွန်း ဖြစ်နိုင်ါတော့ မလားပေါ့ ...တွေးတယ်ဆိုတာ အဲ့ လိုတွေပါ...ကျမ်းတွေ စာတွေ ကို ကိုယ် ဖြတ်သန်းနေတဲ့  ခေတ်စတိုင်ထဲ လက်တွေ့  ချသုံးလို့ ရမရ  သဘာဝကျမကျ ထိရောက်မရောက် အသုံးတည့် မတည့်  ဆွဲယူတိုက်ဆိုင်ကြည့် တာမျိုးပေါ့ ဗျာ
မြေညီထပ်မှာလေ...
မြေညီထပ်မှာလေ...
-------------
မြေညီထပ်နေရတဲ့  ဘွအကြောင်း အတွေ့ အကြုံလေးပါ။  ပထမဦးဆုံး စကား ကွပ်ပစ်ခံလိုတာက တိုက်ခန်းတွေ အများစုဟာ အတွင်း သစ်သားတံခါးနဲ့  အပြင်ဘာဂျာတံခါးဆိုပြီး
တံခါး ၂ ထပ် ရှိနေတတ်ပေမယ့်  အတွင်းသစ်သားတံခါးကို သိပ်မသုံးပဲ အများအားဖြင့်  ဘာဂျာတံခါးကိုသာ လုံအောင် ပိတ်တဲ့  သဘောများပါတယ် .အကြောင်းက တိုက်ချင်းဆက်တွေ ဖြစ်နေလို့  မြေညီတွေမှာ ဘေးပြူတင်းမရှိ
အကြီးအသေး ဆိုဒ်ပေါင်းစုံ ဒီဇိုင်စုံနဲ့  အဲကွန်းတွေနဲ့ ဖြေရှင်းယူရပါတယ် အဲ့ အတွက်မီတာက တစ်အိမ်လုံးသုံးရဲ့  သုံးပုံ ၁ပုံခွဲလောက်ကို ကျပြီး ပေးနေရတာမျိုးပါခီညာ...
အရင်က ဘာဂျာ တံခါးကို လူ့  ရင်ခေါင်း တံခါး အလယ် လောက်မှာသာ သော့ ခတ် အိပ်တာမျိုးပါ...နောက် စစ်ဆုတ်ခေတ်ကို ခပ်သုတ်သုတ်ရောက်လာလေလေ သူခိုး ထူပြောလာလေလေ ဖြစ်လာပါတယ် ပထမ သူခိုးခေတ်စတင်ခြင်း
သဘောကို  စိန်တံခြူခေတ်လို့ တင်စားကြပုံရပါတယ် အိမ်ထဲက ချိတ်ထားလှမ်းထားတတ်တဲ့  အင်းကျီတွေ ထီးတွေကို ၀ါးလုံးထိပ် စူးချိတ်တပ်ပြီး အပြင်ကနေ ဆွဲချိတ်ယူတာမျိုးပါ...ဖိနပ်ပါ မခံနိုင် ညည အိမ်ထဲ ထည့် ချိတ်သိမ်းထားတတ်တဲ့  သစ်ခွပန်းပင်ပါ မခံနိုင်ပါဘူးဗျာ
အာ့ နဲ့  ဘာသစ်ခွမှ မစိုက်ရဲတော့ တာ ကြာပါပီ...ငိငိ
ဒေါင်းတောင်းနေတွေဟာ ညဆို သန်းခေါင်းသန်းလွဲကြမှ အိပ်ယာဝင်တတ်ကြလို့  အိပ်ပြီဆို ငလျင်မဆိုထားနဲ့  သံချပ်ကားဖြတ်မောင်းသွားတာတောင်မကြားမိလိုက်ဖူး အထိ ခလူးခလောဖြစ်နေတတ်ပါတယ်...အဲ့ တော့  ငတိုတွေက အိပ်မောကျနေတတ်တဲ့  ည ၂ချက်ကျော် ၃နာရီလောက်က
စပြီး မနက် ၄နာရီ ၅နာရီလောက်ကြားမှာ ဘယ်အိမ်ကို ၀င်တိုလို့ ရမလဲလို့ ခြေစကြ်ာ ဖြန့် တတ်လေ့ ရှိပါတယ် အဲ့ အချိန်တွေကြားမှာ အခိုးခံထိတာများတာမျိုးပေါ့ လေ..
တံခါးသော့ အကြောင်း ပြန်ဆက်ရရင် သော့ ကို သောတု နဲ့ ဖွင့် ခိုးတတ်လာကြလို ကာကွယ်ရေး အဆင့် တိုးမြှင့် ကြပုံက သံကြိုးတွေနဲ့  ဘာဂျာတံခါးကို ပတ်ပြီးမှ သောခတ်ပါတယ် သံကြီုးသံကြားရင် နိုးအောင်ပေါ့  နောက်တော့  အဲ့ ဒါလဲ မရပြန်ပါဘူး..င်္ဒီတော့  နောက်ထပ် ဖန်တီးချက်
ဘာဂျာ တံခါးကို လက်လျို နှိုက်လို့ အရအောင် သောခလောက်ချိတ်တဲ့  ကွင်းကို သင်္ဘောဆေးပုံးလွတ်လေးအရင် စွပ် ပြီးမှ လက်လျို သောခတ်တာမျိုး  ၁ ပေပတ်လည် သံပြားဝိုင်းကြီး စွပ်ပြီးမှ သော့ ခတ်တာမျိုးတွေ လ်ုလာကြရပါတယ်..
အဲ့ လို သော့ ဖွင့် ရခက်အောင် လုပ်လိုက်လို့ အေးပြီထင်နေတုန်း....သူခိုးဝင်ခိုး သွားပုံက....ဘာဂျာ  တံခါး ၂ ဖက် ကို စိထားတဲ့  အောက်ခြေနေရာ ကြားကို အုပ်ခဲနဲ့  ကန့် လန့် ခံ ဂျမ်းတုံးလုပ် ဘာဂျာတံခါးကို အောက်ပိုင်း ဖြဲလိုက်ပြီး
ခေးအရွယ် လက်သင် ငတို လေးက အိမ်ထဲ ကိုယ် ပိန်ပိန်ပါးပါးလေးနဲ့ စောင်းဝင် အိမ်ထဲက လက်သင့် ရာ ပစ္စည်းတွေယူ အပြင်က အသင့် စောင့် နေတဲ့  ငတိုဆရာကြီးကို လှမ်းပေးလိုက် နဲ့ တိုလို့ ရသမျှတွေ တိုသွားပါရောဗျာ  မနက်ကြတော့ 
ဘာဂျာတံခါးအလယ်က သော့ ခလောက်က လက်ရာမပျက်ပဲ တံခါးအခြေမှာသာ အုပ်ခဲံ ဂျမ်းတုံး ကန့် လန့် နဲ့  အောက်ပိုင်း ကားနေအောင် ဖြဲထားတဲ့  ဘာဂျာတံခါး ပုံစံသာ ကျန်ခဲ့ တာမျိုးပေါ့ လေ..
သက်ရောက်+ အခါတိုင်လေး ပေါင်းစပ်တွေးတဲ့ ဘေ့ စစ်လေး
သက်ရောက်+ အခါတိုင်လေး ပေါင်းစပ်တွေးတဲ့ ဘေ့ စစ်လေး
----
မေးလာသူနဲ့  သက်ရောက်နဲ့ ပေးသူလာတဲ့ အခါတိုငလေ်းကို တွဲ  ကြည့်  တွေးတောပုံလေးက တစ်ခြားဆီက လာတဲ့  တနင်္လာသား ၂ ယောက် ဆိုပါတော့   ၂ ယောက်စလုံး စနေ သက်ရောက်လဲ တူတယ်ပဲ ဆိုပါတော့ 
လာတဲ့ အခါတိုင်မှာ  တစ်ယောက်က ဘောမတိုင် ခိုက် နဲ့  လာမယ် တစ်ယာက်က ဂုရုတိုင် န၀င်းလာမယ်ဆိုပါတော့  အဲ့ မှာ အခါတိုင်လာ လက်ငင်းကာလရဲ့  သဘောကိုနြေတဲ့  သဘောပေါ့ 
ဘောမတိုင် ခိုက် နဲ့ လာတဲ့  တနင်္လာသားက စနေသက်ရောက်ရဲ့  ဒဲ့ ကစ်နေတာကို ပြာနေအောင်ခံနေရပြီ  ကူရင် သတိထားကူ လွယ်မယောင်နဲ့ ခက်နိုင်တယ် လက်ပါက်ကပ်လောက်မယ်ပေါ့  ဒါ့ အပြင် ဘောမတိုင်မို့  ငွေစကားကြေးစကား ယတြာဘိုး န၀င်းဘိုးတွေ စွတ်ပြောလို့ မဖြစ်ဖူး ချက်ဦးမှာလို့ 
လို့ တွေးလို့ ရနေပြီပေါ့ ၊ ဂုရုတိုင်နဲ့ လာတဲ့  တနင်္လာသားကြတော့  စနေသက်ရောက်ဆိုပေမယ့် 
လောလောဆယ် လေတိုက်နေသေးဆဲ စင်ပေါ်မှာရှိနေသေးဆဲ လဲ ဖြစ်နိုင်တယ် ( အဲ့ စင်ပေါ်ကနေ ဘယ်တော့  ပြုတ်ကျတော့ မလဲဆိုတာ လစိတ်ကို ချက်လိုက်ရင် ပေါ်ပြီ.) တိုက်ရိုက်ကွိုင်မဟုတ်လောက်သေးဘူး
သွယ်ဝိုက် ကွိုင်တွေမပါလာလောက်သေးတာမျိုးနဲ့  ၀င်ကူရတာ သိပ်လက်ပေါက်မက်လောက်ဖူးလို့  ကြိုမှန်းဆထားလို့ ရပြီ သဘောဗျ
ငိငိ တွေ ကို ဖစ်လို့ ...ခ် ငိငိ...
ကြုံလို့  ပြောပြတာပါ ကိုယ်တိုင် ဗေဒင်ပေါင်းစုံမေးဖူးတဲ့ ဘွက လာတော့  မေးသူရဲ့ ဖီလင်တွေ ရှိနေတယ်  အဓိက စိတ်ညစ်တာက
ကျနော်တို့ က သိလိုရင်းကို ခပ်မြန်မြန်သိချင်တယ် ဟောသူအများစုတွေက ဗေဒင် သမားအချင်းချင်းသာ နားလည်တတ်တဲ့  ဗေဒင်အသုံး
 စကားလုံးတွေ တစ်ပုံကြီးနဲ့  ပေရှည်အောင်ပြောပြီးမှ လိုရင်းရောက်တယ်   အဲ့ ကိစ္စကို ကျနော်တို့ မေးသူတွေက ဖီးလ်ငုတ်နေတယ် စိတ်မရှည်ဘူး
 ဆရာဘာတွေပြောနေမှန်း နားလည်းမလည်ဘူး  သိချင်တာလေး ပါမလားလို့ သာ သည်းငြီးခံစောင့် ပေးနေရတာ  တစ်ခါတစ်လေ ထတောင်ပြန်ချင်တဲ့ အထိ ပေရှည်နေတဲ့ 
အဟောဆရာတွေ ကြုံခဲ့ ရတဲ့  အဲ့ ဖီလင်ကြောင့်  ကိုယ်တိုင် မထင်မှတ်ပဲ အဟောသမားဖြစ်လာချိန်မှာ အများအားဖြင့်  ဗေဒင်အသုံးတွေ မပါသလောက်နဲ့ 
နေ့ တဓူဝ အရပ်သုံးစကားတွေနဲ့  ရှင်းလင်းပြောပြ လေပစ်နေတာမျိုးဖြစ်လာတယ်  ကျနော်နဲ့  ဆုံသူအများစုကလဲ လိုတိုရှင်းပိတ်သတ်တွေများလို့ 
အဆင့် ကို ပြေလို့ တောင်ပြောလို့ ရတယ်...ကိုယ့် ဘ၀ ကိုယ့် ကံ ကိုယ့် ပိတ်သတ်နဲ့  ကိုယ့် စတိုင်နဲ့ ကိုယ်ဆိုတာ ဒါကို ပြောတာပါ ကျနော့် စတိုင်အတိုင်းက ပိုကောင်းတယ်လို့ မဆိုလိုပါဘူးဗျာ
ကိုယ် အခြေစိုက်တဲ့ ဝန်းကျင်က ငါးပါးသီလတောင် တိုင်ပေးသူမရှိရင် အမြီးအမောက်မတည့် တဲ့ သူတွေက ခပ်များများရယ်...ငိငိ
ဆောင်းညလယ်ရဲ့  တစ်ရေး မနိုးတနိုးလေးမှာ.
ဆောင်းညလယ်ရဲ့  တစ်ရေး မနိုးတနိုးလေးမှာ....
------
ဒီည အအေးဓာတ်လေး ရှိနေတယ်ဗျ..နော်တို့  ဒေါင်းတောင်းနေတွေ ဖီးလ်လာတဲ့  အအေးဓာတ်လေး အနေအထားလောက်ပေါ့  အလွန်အကျွံအေးလဲ မဟုတ်သေးဖူး အေးလဲ အေးနေတယ်ဆိုတော့   ဟွှာသမားတွေ အကြိုက် ရာသီလေးလို ဖြစ်နေတာမျိုးပေါ့  . အဲ့ ဒါ ဂွမ်းစောင်လေးကို ခြုံပြီး မျက်လုံးလေး မှေးပြီး နှပ်နေတာပေါ့ ဗျာ...ဆောင်းညလယ်လေးမှာ အအေးဓါတ်ရဲ့  ပွေ့ ဖက်လာခြင်းကို ချစ်သူ့ ရင်ခွင်ထဲ ရောက်နေသလိုလို ဘာလိုလိုနဲ့  ဖီလင်ခံနေတာမျိုးလေး.ဒါမျိုး အအေးဓါတ်လေးတွေက ရခဲတာကိုး...
အဲ့ မှာ အအေးဓါတ်ကလေးရဲ့ ကလူကျီစယ်နေတာလေးကို မအိပ်ရက်ရက် အိပ်ရက်ရက်နဲ့  ဖီးလ်တက်နေတုန်း ဗြုံးဆို စိတ်ထဲမှာ တွတ်တီးတစ်ခုခု ပေးချင်လာပါရောဗျာ...
အဲ့ ဒါ နှပ်နေရင်းကနေ မီးဖိုထဲ လှမ်းတွေးလိုက်တာ စိတ်ဝင်စားလောက်တဲ့  တွတ်းတီချင်စရာ ဘာများရှိနေမလဲပေါ့  ၊ အဲ့ မှာ ညနေက သင်အာက လိုလို ရွှေဘဲကလိုလို ထမင်းကြော် ချန်ပေးထားတယ်လိုလို ကြားလိုက်တာ သတိရလိုက်တော့  ထမင်းကြော် ဖေါ့ ဘူးကြီးကို မျက်စိထဲ မြင်ယောင်လာပြီး စောင်ခြုံလျက်လေးတန်းလန်းနဲ့  မျက်လုံးတစ်ဝက်ဖွင့် ရင်း  မီးဖိုချောင်ကို ချီတက်တော်မူမိတော့ တာပေါ့ လေ...
မီးဖိုထဲရောက်တော့  ဟိုဟာဖွင့် ဒီအိုးလှန်လုပ်လိုက်တာ နိုးထမင်းကြော်ဖေါ့ ဘူး ဗျ..နောက်ကျတဲ့ လက်သစ္စာဖေါက်နဲ့ တွေ့ သွားပြီးထင်ပါရဲ့ ..အိမ်က မိမော်မေမ ခင်သန္တာသက်ချိုပြုံးတို့  တစ်သိုက်ကလဲ တရားပွဲသွားဖို့ သာ နောက်ကျရင်ရှိရမယ် တွတ်တီး မှာတော့  ပါးစပ်သွက် လက်သွက်ချက်က ဂင်းနက် စံချိန်ဝင်လောက်ကဲ့ ပဲ...အာ့ နဲ မျက်စိနဲ တောင်ကြည့် မြောက်လှန်နဲ့  ဆက်ရှာလိုက်တော့  ဖေါ့ ဘူးကြီးတစ်ဗူးက ရှိနေသေးဗျာ...အဲ့ ထဲမှာ ဟားးးး..ဘဲကင်တွေဗျား...ပေါင်ချောင်းတွေရော ဘာတွေရော  အချဉ်ရော ဘာရော ဂွတ်ပဲ...နောက်ဗူးတစ်ခုက တော်ပူကီ ဆိုလားဘာလား ကိုရီးယား တွတ်တီး ပျော့ စိစိ ချဉ်စပ်ချိုအိ အဖတ်ဗူးလေးနဲ့ ...ထမင်းလဲနဲနဲ ကျန်သေးတယ် ပုံမှန် အိမ်ချက် ကြက်သားဟင်းရောပဲ..အဲ့ လောက်ဆို မဆိုးပါဘူး...အိပ်ချင်မူးတူးနဲ့  မီးဖိုချောင်လာရကျိုးနပ်ပါတယ် ...ငိငိ
အဲ့ မှာ ထမင်း စတိနဲ့  ဟင်းတွေချည်း အဲ့ အိုးတွေနား မတ်တတ်ရပ်ဆွဲတော့ တာပေါ့ ဗျာ....( ထိုင်ခုံဆီယူသွားရမှာကို ပျင်းနေသေးတာကိုး..ငိငိ)
မျက်လုံးကလဲ မပွင့် တစ်ဝက် ပွင့် တစ်ဝက်နဲ့   ကောင်းဘွိုင်ကားထဲက စောင်ကြီးကလဲ ခြုံလျက်တန်းလန်းနဲ့ လက် နှစ်ဖက်နဲ့  ဘဲကင်ဖတ်တွေကို အချဉ်ရေတွေ နဲ့  တို့  ဆွဲလိုက် ကိုရီးယားတော်ပူကီ ဖတ်တွေကို ကောက်ဝါးလိုက် ကြက်သားဖတ်တွေ ကောက်ဆွဲလိုက်  ထမင်းကို ဇွန်းလေးနဲ့  စတိကော်ဝါးလိုက်ပေါ့ ....ရေနွေးလေးနဲနဲ နဲံ့ က လည်ချောင်း လမ်းရှင်းလေး ကောက်မော့ လိုက်သေးပေါ့ ....ညကြီးမင်းကြီး တစ်နာရီခွဲကျော်လောက်မှာ တစ်ပွေထဲ  ဘဲကင်တွေ ....ဆွဲလို့ ကောင်းထှာဗျာ..ပဲ..
အဲ့ မှာ ဘဲကင်ဖတ်ကို အချဉ်ရေးလေးနဲ့  တို့  တို့ ပြီး ဆွဲနေတုန်း မျက်လုံးက မပွင့်  တပွင့် နဲ့  အတွေးထဲမှာ ရောက်လာတာ ကိုယ့် ကိုယ်ကိုယ် ပြန်မြင်လာတာ နာ  ဘဲကင် ဆွဲနေတာ ဘီလူး နဲ့  တောင် တူနေသလိုလိုပဲလို့   လက်ထဲက ဘဲကင် ပေါင်တံ ရိုးလေးကလဲ လူ့ ခြေထောက် ပေါင်တံလိုလို ဘာလိုလို နဲ့ လို...လူသားစားနဲ့  ဘီလူးလို့  ကိုယ့် ကိုယ်ကိုယ်ပြန်မြင်နေတာ....ဟီးးး.....အဲ...မြင်ယောင်နေတာပဲ ရှိတာ..ဘဲကင်က အရေပြား နီတာရဲလေးနဲ့  အသားထူထူလေးနဲ့   အချဉ်ရေကလဲ ဂွတ်ရှယ် ဖြစ်နေတော့  အတော် ဆွဲလို့ ကောင်းချက်ဗျာ အပြင်လောကဓါတ်ရဲ့  ရာသီကလဲ ဆောင်းပီ နေသလိုလို အေးအေးလေးဖြစ်နေတာနဲ့ ...အဲ့ ဒါ အာရုံထဲ ဘဲကင်ခြေထောက်ပေါင်သားကို အပီဆွဲနေပုံက ကိုယ့် ကိုယ်ကိုယ် ဘီလူးတစ်ကောင်က လူ့ ပေါင်သားကို အပီဆွဲနေတဲ့ အက်ရှင်နဲ့ တူသလိုလိုသာ မြင်ယောင်နေပေမယ့်  အဲ့ ဘဲကင်ကို လက်မချ စိတ်ကနောက်မတွန့် ချက်က
ဘဲကင်ကို ၀ါးတီးဖွင့် နေတာ အစားမပျက်သွားဘူးလို့ ..အဲ အဲ....တစ်ပွေထဲ ပွဲတော်တည်နေတာတော့ မှုတ်ဖူးဗျ  အနားမှာ ပွဲတော်ကျ  အရိုးကိုက်ဖို့  ပတ်လည်ဝိုင်းလာစောင့် နေတဲ့ ကြောင်တွေ လေးကောင်နဲ့ လို့  ဒင်းတို့ လဲ လွယ်ပါဘူး ကြွက်သာ မချောင်းရင်နေရမယ် လူ့  ပါးစပ်အလှုပ်ပဲ အမြဲချောင်းနေပုံရပါ့ .ရော့ ရော့  အရိုးကိုက်ချည်ပေါ့ ..ခခ်ခ်  .ဟီးဟီး...:P  =D 😁😁
လစိတ်ကြည့် ပြီး ပြောလိုက်တာပါ
လစိတ်ကြည့် ပြီး ပြောလိုက်တာပါ
----
အခု လူက ပြီးခဲ့ တဲ့  အပတ် ကြာသာပတေးနေ့ က လာတဲ့ သင်္ဘောတက်ဖို့  စောင့် နေတဲ့ လူ ၉၊ ၈ ၊ ၆၀  အင်္ဂါသားအဓိပတိဖွားပါ...
သူ့ အခက်အခဲက  ဗမာပြည်ကုမ္ပဏီဖက်က အိုကေပြီ တစ်ဖက် သင်္ဘောဖက်က ရက်စ်အော်နိုး ကွန်ဖန်း မလာသေးလို့  စိတ်ပူနေတယ်ပေါ့ ဗျာ...စောင့် လာတာလဲ ၆လ လောက်ဖြစ်နေပြီင်္လို့  ဆိုတယ်...
ဒါနဲ့ နဲနဲကောက်ခြစ်လိုက်တော့  သူက ၈ လပိုင်း လဆန်းမွေး အင်္ဂါသား ဖြစ်နေလို့  လစိတ်ချိန်လိုက်ရင် အခု ဒီဇင်္ဘာလ ရဲ့  လစိတ်က စနေလစိတ်ကုန်ခါနီးလေးဖြစ်နေပြီ
သူ့ အလုပ်ပေါ် အတည်ပြုချက် ရနိုင်တာက ဒီဇင်္ဘာလလယ်ကနေ ဇန္န၀ါရီလ ကြား ကြာသာပတေး လစိတ် (အလုပ်ပေါ်လစိတ်)ဆိုတာ ခန့် မှန်းလို့ ရနေပြီ ....
ပြီးတော့  သူလာတွက်နေတာ တနင်္ဂနွေတိုင်ဖြစ်နေတယ်  လောလောဆယ်တော့  တနင်္ဂနွေတိုင်မှာ အင်္ဂါသားက တိုင်ခြေ မှာဆိုပေမယ့် 
တနင်္ဂနွေ တိုင်ပြီးရင် ဆက်လာမှာက အင်္ဂါသားသမီး တိုင်ထိပ် န၀င်းရောက်မယ့်  လှုပ်ရှားတိုင် သောကြာတိုင်....စောင့် နေတယ်ဆိုတော့  ခရီးထွက်ရခက်နေတတ်တဲ့ 
စနေလစိတ်အားလေးက မကြာခင်ရက်ပိုင်းအတွင်း ကုန်တော့ မယ်လို့  တွေးလို့ ရနေပြီ...အဲ့ တော့  နှုတ်ကပြောပေးတာက  မကြာခင်ရက်ပိုင်းအတွင်း အိုကေပါတော့ မယ်
တစ်ပတ်ဆယ်ရက်အတွင်းလောက်ပေါ့  ဂွတ်မယ်ဆိုရင် လာမယ့်  ကြာသာပတေး စနေလောက်ဖြစ်နိုင်လောက်မယ်လို့  ပြောလိုက်ပြီး  ပို သေခြာသွားအောင် အပြင်ဘုရားတစ်ဆူမှာ
ယတြာ သွားလှုလိုက် ၁ ကြိမ်ထဲလို့  ပြောလိုက်တယ်  သောကြာနေ့  ညနေ ၄ ခွဲနဲ့  ၇ခွဲ ကြားလောက် သွားလိုက်ပါ ဆိုပြီး ယတြာပေးလိုက်တယ်
ယတြာက အုန်း ၆ညွန့် နှင်းဆီ ၃ ပွင့်  နဲ့  ကြက်လျှာ ၃ လက် ၂ စုံ လို့ ပေးလိုက်တာ ...၁ စုံက သောကြာထောင့်  မှာ  ( ခရီးသွားမှာမို့  ) နောက် ၁စုံက အင်္ဂါထောင့်  ( ဒါက မွေးနံထောင့် မို့ )။။
အဲ့ မှာ အုန်း ညွန့် က သူ့  အညွန့် အဖြစ် ပေးတာ နှင်းဆီက ပါးစပ်ထဲ တွေ့ ကရာ အဆင်ပြေအောင်ပေးလိုက်တာ ယတြာ လှအောင်လို့  ( တစ်ချို့ က အရွက်နဲနေရင် ဖီးလ်ငုတ်နေတတ်လို့  အဲ့ လိုပဲ အကြံအဖန်တွေ လုပ်ပေးရတာ ဆိုဒ်အဖက်လဲ မရှိတာမျိုးပေါ့ )
ကြက်လျှာက သင်္ဘောသား ကိစ္စမှန်သမျှ မှာထည့် ပေးတဲ့ ခရီးထွက်တဲ့  သင်္ကေတသဘော  ဂြိုလ်ပစ္စည်း...(  ကြက်လျှာ အလံ သဘောတွေကို ရှေးက လှေကြီးတွေရဲ့  ရွက်တိုင်ထိပ်ဖျားတို့  စစ်ချီရင် အောင်လံ တလူလူ လွှင့် နေတဲ့ စတိုင်တို့ မှာ တွေ့ နိုင်တယ်)
တိုက်ဆိုင်ချက်က ဒီနေ့ ကြာသာပတေးနေ့ မှာ တစ်ဖက် သင်္ဘောက အတည်ပြုချက်ရပြီး ထွက်လာခဲ့ ဖို့  လှမ်းခေါ်ပြီ အဲ့ ဒါ ဒိုးတော့ မယ်လို့  လာပြောရင် ဘာဆောင်သွားရမလဲတို့  ဘာတို့ ညာတို့ ပေါ့  (  ငြာသလားလို့  အခု န၀င်းထိုင်သွားပြီး ခရေရွက် ၁ ရွက်ကို
ပလတ်စတစ်လောင်းဆောင်သွားခိုင်းလိုက်တာပေါ့  ...ငိငိ )
အမှန်က ဘာယတြာ မှ မလုပ်လဲ သူ့ ဟာသူ အလုပ်က ဒီ လအတွင်း သူ့ ကံနဲ့ သူ ပေါ်လာတော့ မှာဆိုတာ လစိတ်ကြာသာပတေးကို ထောက်ပြီး မှန်းလို့ ရနေပြီးသား ဆိုတာ လစိတ်အထာတွေ ရိပ်မိပြီးသား ဖြစ်တဲ့  ကျနော်တို့ က တွက်လို့ ရနေပြီးသားဗျ  ကျနော် ဟောလို့ ယတြာကူလို့ အဓိက
မှန်တာမျိုး ထက် သူ့ ကံကိုက ဖြစ်ခါနီးနေတာလို့ ပြောချင်တာ ကျနော်တို့ နဲ့  သူနဲ့  ကွာတာက သူက လစိတ်အကြောင်းကို မသိသူ ဒါလေးပဲကွာတာ...ယတြာက  ခွေးသွားထဲ အမဲဆီလေး ၀င်ထိုးပေးလိုက်တဲ့  သဘောလေး ကူပေးလိုက်တာမျိုးလေး..။
အဲ ကျနော့် ဆီမှာ အဲ့ လို လိုတိုရှင်း ကိစ္စနဲ့ လာတဲ့  သူတွေချည်းများတယ် သိုက်ကလာတာလားတို့   ဘူနဲ့  ညားမှာလဲတို့  ဘယ်အသက်ပိုင်းမှာ ချမ်းသာမှာလဲတို့  ဘွဲ့ ဘယ် ၂ ခုရမှာလဲတို  အိုဇာတာကောင်းရဲ့ လားတို့ ဆိုတဲ့  လူတွေမျိုး အလာအရမ်းနဲပါတယ် အလုပ်လုပ်ကြတဲ့  သဘောဖက်ကပိုများတယ်...
ဗေဒင်လာတွက်တဲ့ သူက သူ့ နမိတ်သူပြန် အဖြေထုတ်ပြသွားတယ်
ဗေဒင်လာတွက်တဲ့ သူက သူ့ နမိတ်သူပြန် အဖြေထုတ်ပြသွားတယ်
---
ပိတ်သတ်ဆီက ပြန်လည်သင်ယူခြင်း ပညာ လို့ ပဲ သဘောထားပေါ့ ဗျာ...ငိငိ...သူက အသက် ၅၃ ထဲရောက်နေပြီ ဖြစ်တဲ့  ၁ ကြွင်းတနင်္လာသမီး အသုတ်သည်ပါ...လာနေကျပါ  ဒီတစ်ခါလာတာက သားလုပ်သူရဲ့  ဖွန် အရှုတ်တော်ပုံကြောင့် တစ်ဖက်ကို တောင်းပန်လိုက်ရတဲ့  အကြောင်း ဘယ်တိုင်မယ် ညာတိုင်မယ်လို့ လဲ အခြိမ်းခြောက်ခံရလို့  စိတ်ပူပြီး အမှု့ အခင်းရှိမရှိနဲ့  ကာဗာလေးပေါ့ ဗျာ...
အာ့ နဲ့  လေပစ်ပြီးလဲသွားရော...သူ တဲ့  ပြီးခဲ့ တဲ့  ၄ ရက်လောက်ကတဲ့  သူ့ အသုတ်ဆိုင်ရှေ့ က မြေကွက်လပ်မှတဲ့  ကားတစ်စီးလာရပ်ပြီး  ကားခေါင်းထဲက မီးထလောင်တာတွေ့ လိုက်ရတယ်တဲ့  အဲ ကတည်းက စိတ်ထင့် နေတာတဲ့  အခုတော့  အဲ့ လေတွေေ-ာက်ပြဿနာတွေ တက်လာတော့ တာပဲတဲ့  ဗျာ..
ကိုင်း ဘို သဘောရလဲဗျ  သွသူ ကားခေါင်း မီးလောင်းတာ သူက သူ့ အတွက် မကောင်းတဲ့ နမိတ်လို့  ဘိုများ ( ဘာကြောင့် များ) ကောက်မိလိုက်ပါလိမ့် ဗျာ...အဟီး...
အဲ့ မှာ လူတစ်ယောက်ချင်းစီမှာ လူ ဖြစ်နေတဲ့  ကုသိုလ်သဘောက ကိုယ်နဲ့  ဆိုင်တဲ့  ကိုယ်နဲ့ မဆိုင်တဲ့  ပြင်ပ အကြားအမြင် အသံ နမိတ်တွေ လိုအပ်ရင် ဖြစ်ဖြစ်ပေးနေတတ်တယ်လို့  အများစုက (ကျနော်အါအ၀င်) သိပ်ဂရု စိုက်မိလေ့ မရှိဘူး မစိုက်မိရတဲ့  သဘောက ကိုယ့် ရဲ့  စိတ်မှာ လောဘ ဒေါသ မောဟတရားတွေက ပြည့် လျှံနေတာမျိုးများနေချိန်တွေနဲ့ တိုက်နေရင် ပြင်ပ ထူးခြားဖြစ်စဉ်သဘောဟာ ကိုယ်နဲ့  ပတ်သက်မသက် မသိလွယ်ဘူးသဘောဖြစ်နေတတ်တယ်ပေါ့ လေ..
ဒီကားမီးလောင်တဲ ကိစ္စက  ကားကိုက တနင်္လာနံ ပညတ် အားကြီးနေတယ်  ပက်ပက်မြင်တဲ့ သမီးကလဲ တနင်္လာသမီး ဖြစ်တဲ့ အပြင် သူက သူ့ ဆိုင်ရှေ့ မှာမှ လာဖြစ်လို့  စိတ်ထင့် မိတာမျိုးဖြစ်သွားတာမျိုး..စိတ်ထင့် ရတာကလဲ ကားတနင်္လာ လူတနင်္လာမျိုးဆိုတာထက် အနိဌ မြင်ကွင်း စောစောစီးစီး က်ပင်းတိုးတာ သူ့ အတွက်လပ်ကီးမကောင်းဘူးလို့  ခံစားလိုက်တာမျိုးဗျာ.။.
နောက်တစ်ချက်က အဲ ကိစ္စမျိုးတွေအတွက် ပျားတော့  သိပ်မတုတ်တတ်တော့ တာမျိုးတော့ ကြာပြီ...ဘာလို့ ဆိုတော့  အဲ့ တနင်္လာသမီးလဲ ကားမီးလောင်တဲ့ အနိဌ မြင်ကွင်းကိုမြင် နမိတ်မကောင်းဘူး ယူ ပြဿနာ နဲနဲကြုံရပေမယ့် 
အသုတ်ဆိုင်ပြုတ်သွားတဲ အထိ (၀ါ) ဘ၀ရှင်သန်မှု့  စီးပွားပျက်သွားအထိ မဖြစ်သွားခဲ့ သလို ကျနော်တစ်သက် နမိတ်ပေါင်း သောင်းခြောက်ထောင်တွေ ကြုံဖူးကြပေမယ့်  ထမင်းအိုး မှောက် ဘ၀ပျက်အထိ ဖြစ်တာမျိုး ကြုံရခဲံလွန်းလို့ သဘောကြောင့် ပဲ....ဥပမာ မျက်ခမ်းလှုပ်ပြီးရင် ရန်ဖြစ်တတ်တယ် ပေါ့  ဖြစ်ပေမယ့် 
ထမင်းအိုးတော့ မထိခဲ့ ဘူးလို့  မျက်ခမ်းလှုပ်တာ နိုးပရောဘလန်ပါ ထမင်းအိုးနဲ့  ဝေးသေးတယ်လို့  သဘောထားနိုင်ပြီပေါ့ ဗျာ။။
ကိုယ်ပိုင် အဆောင်များ အဖြစ် တီထွင်ခြင်း အတွေးအစ
ကိုယ်ပိုင် အဆောင်များ အဖြစ် တီထွင်ခြင်း အတွေးအစ
--------
ဗေဒင်အကြံသဘောပေါ့ ...ဒီသဘောကို ပြောတာက လူ့ ဆိုက်ကိုဟာ ကော်ပီတွေ ကို ပထမ အမှီပြုကြပေမယ့်  အချိန်တစ်ခုရလာတဲ့ အခါ ကိုယ်ပိုင်လေးလဲ ဖြစ်ချင်လာတတ်တဲ့  စိတ်ခံစားမှု့ ရှိလာလေ့ ရှိတယ်..အဲ့ သဘောအပေါ် အခြေပြုပြီး ကိုယ်ပိုင်လေးတွေ လို့ ပြောလို့ ရအောင် ထွင်လိုလာမယ်ပေါ့  အဲ့ မှာ အလုပ်ဖြစ်ဖို့  သဘာဝယုတ္တိမလွတ်ဖို့  ခြေခြေမြစ်မြစ်လဲ ရှင်းပြနိုင်ဖို့ ပါ ထည့် တွေးရတယ်ပေါ့ ဗျာ
ဒီ စက်တော်ရာ ( ဘုရားရှင်ရဲ့ ခြေတော်ရာပေါ့ လေ)  ပုံတော်လေးကို စမြင်ကတည်းက အတွေးတစ်ခုက စပေါက်ခဲ့ ဖူးတယ် ( အရင်က စာပေလာ စက်တော်ရာ စမ အဆောင်တစ်ခု ရေးပြ ဆွဲပြပြီး တင်ခဲ့ ဖူးတယ် ခေးတွေအတွက် လိပ်ပြာချုပ်လို့ အဓိက ညွှန်းတယ်)
ဒီ စက်တော်ရာကို မြင်တော့  စပေါက်တဲ့ အတွေးက  စက်တော်ရာဟာ ခရီးသွားခြင်းကို ကိုယ်စားပြုတဲ့ သင်္ကေတ အသွင်ပိုဆောင်နေတယ် ဒီတော့  စက်တော်ရာကို ပူဇော်သင့်  ပုံတော်ကို ဂုဏ်တင်ပြီး ဆောင်ထားသင့် တဲ့  သူတွေဟာ နေ့ တဓူဝ ရွာရိုးကိုးပေါက်ထွက် ခရီးသွား အလုပ်လုပ်နေသူတွေ ပြည်ပသွား သမားတွေ  သင်္ဘောသားလုပ်စားနေသူတွေ စသဖြင့်  အိမ်မကပ်ရပဲ အလုပ်သွားနေရတဲ့ သူတွေ အတွက် အဆောင်သဘော လုပ်လို့  လို့ ရတယ်လို့  စ အတွေးပေါက်ခဲ့ တယ်ပေါ့ ဗျာ...
အတွေးပေါက်တာ ပြောတာ  အဆောင်အထိ မသွားဘူးပါဘုး ကျနော်က ခုနောက်ပိုင်း လမ်းခရီးထွက်ခဲနေသေးသလို အဆောင်စီရင်တဲ့ အထိ လမိုင်းက ကပ်မလာလို့  အတွေးက အတွေး အဆင့် အထိပဲ ထားခဲ့ တာ...ပြောချင်တာက လောကီ မှာ ဘယ်နေရာမှာ ဘယ်လိုလေး စီရင်သုံးရင် ယုတ္တိကျရဲ့  အလုပ်ဖြစ်ကောင်းရဲ့ ဆိုတဲ့  ဗေဒင်အကြံ အတွေးတွေ စပြီး ပေါက်ဖွားလာပုံပြောပြတာပါဗျား..
သဘောက ဆရာမှ မှာတာချည်းမှာ ရပ်မနေပဲ ကွကိုယ်ပါ  တောင်ကြံမြောက်ကြံ နဲ့  အမြဲလိုလို ဖြစ်နေတတ်မှ ဗေဒင်သဘောတရားတွေထဲ တီးခေါက်လာမိတာမျိုးလို့ ဆိုလိုတာ
စက်တော်ရာ ပုံက ဝေါပေါ်က သယ်လာတာပါ...ငိငိ
သမုတိ ဟိတ်
သက်ရောက် ရဲ့ သဘာဝ ကို အခြေခံ မှတ်နည်းက ဥပမာဆိုပါတော့   ကြာသာပတေးကနေ တနင်္လာ သက်ရာက်အထိက အကောင်းသဘောများတယ်ပေါ့  အင်္ဂါကနေ စနေ အထိက မကောင်းမှု့  သဘော များတယ်ပေါ့ ...ဒါက သက်ရောက်  ၈ ခွင်ကို ယေဘူယျ အကောင်းများသဘော အဆိုးများသဘော စ ခွဲထားပြီ..
အဲ့ မှာ ကျနော်တို့ က ဘယ်လို နားလည်လိုက်ရမလဲဆိုရင်...ဆိုပါတော့  ကြာသာပတေးကနေ  တနင်္လာ သက်ရောက် ကြားမှာ ဖျားနာ ရင်  ၁၀ ရက်လောက်ဖျားနာတတ်တဲ့  ကျမ္မာရေးက ၃ရက် ၅ရက်လောက်နဲ့ နလံပြန်ထူနိုင်တယ်ပေါ့  ဒါက သက်ရေညာက်အကောင်းများမှု့ သဘောတွေက ပံ့ ပိုး မျက်နှာသာပေးမှု့ သဘောကြောင့် လို့ စရိပ်မိနိုင်တယ်...
ဒီလိုပဲ အင်္ဂါကနေ စနေကြားမှာ ၁၀ရက်လောက်ပဲ ဖျားနာသင့် တဲ့ ကျမ္မာရေးက အရက် ၂၀လောက်ကြာသွားနိုင်တယ် ပိုက်ဆံ သုံးရတာလဲ ပုံမှန်ထက် အဆပိုနိုင်ခြေရှိမယ်  နလံထ ကြာတတ်မယ်ပေါ့ ....အဲ့ လို ကြို တွက်ဆထားရမယ်  အကြောင်းက သက်ရောက်က ကံကြမ္မာကို မျက်နှာသာမပေးတတ်အပြင် ရောပြီး ဖဲ့ လွှတ်တတ်တဲ့ သဘာဝလို့  ကြိုနားလည်ထားရမယ်ပေါ့ ဗျာ..
ဒါက ကိုယ်ရေးကိုယ်တာသဘော  ဒီသဘောကနေပဲ  အများအတွက် ချဲ့ သွားတာက  သက်ရောက်အကောင်းမှာ စာဖတ်ရင် အားမစိုက်ရပဲ  ပံ့ ပိုးမှု့ တွေဘေးကရပြီး အိုကေလွယ်တာမျိုး ကြိုသိထားဖို့  သက်ရောက်အညံ့ မှာစာဖတ်ရင် ကိုယ့် ဝီရိယသာ အဓိက မောင်းနှင်ရေဖြစ်တယ် ဘေးက အကူု မသေခြာါ သဘောကို သိထားနိုင်သလို
သက်ရောက်အကောင်းနဲ့  အညံ့  ခရီးတစ်ခါထွက် ကုန်တဲ့  သုံးရတဲ့ စားရိတ်ငွေ ကွာခြားတယ်ဆိုတာ စသဖြင့် ပေါ့  သက်ရောက် ရဲ့  ဘေ့ စစ် တွေနေ  ဘ၀ အတွက် တနံတလျားကြီး ချဲ့ ကားတွေးဆနိုင်တယ် ဟောနိုင်တယ် သတိပေးနိုင်တယ်ပေါ့   ကိုယ်ရဖို့ မဟုတ်ဖဲ ကိုယ့် ဆီကနေ  သူများကို လှုရတဲ့  ဒါနခန်း သဘောတောင်
သက်ရောက်ပေါ်မူတည်ပြီး ပေပးရ လှုရ တာ  အဆင်ပြေမှု့ မပြေမှု့  ကွာတာ တွက်ဆလို့ ရတယ်ပေါ့ ဗျာ...
===========
နေ့ တိုင်နဲ့   လက်ငင်း အခါတိုင်က ချိတ်ဆက်နေတယ်  လူတစ်ယောက် ဗေဒင်လာတွက်တယ် ပထမဆုံး သူ့ ဆီက သိနိုင်တာ သူ့ ကိုယ်သူ ဘာနေ့ သားလို့  သူက ပြောမယ်ပေါ့ လေ...အဲ့ မှာ နေ့ တိုင်မှာ  
အခါတိုင်ရဲ့  ဘယ်နေရာမှာလဲ ဆိုတာ ဖတ်ကနဲတွေးလိုက်ရင် ကိုယ့် ဆီမရောက်ခင်က သူ့ ရဲ့  ကံအနေအထားကို တစ်ကွက် သိနေပြီသဘော... ဆိုပါတော့  တနင်္လာ နေ့ မှာ တနင်္ဂနွေသား တစ်ယောက် 
ကိုယ့် ဆီ ဗေဒင်မေးလာ ပြီ ဆိုရင် သူလာတဲ့  လက်ငင်းတိုင်က ဘာတိုင် ဖြစ်ဖြစ်  သူ ဟာ ကံကြမ္မာ ချောင်ပိတ်နေပြီ ဖြစ်တဲ့ သူ ..ထွက်ပေါက်ရှာဖို့ ကြိုးစားနေပြီဖြစ်တဲ့ သူလို့  ကြိုတွေးထားလို့ ရပြီ...
အကယ်၍ သူဟာ ကိုယ့်  ရှေ့ ရောက်လာတဲ့  အခါတိုင်ဟာ  တိုင်ရဲ့ အထက် န၀င်း စီးပွား စုတ် နေရာမှာ ( ဥပမာ ဘောမတိုင်နဲ့ လာမယ် စနေတိုင်နဲ့ လာမယ်ဆိုရင် အခါတိုင်ရဲ့  အထက်မှာ ဖြစ်နေလို့ 
သူ့ မှာပါလာတဲ့ အခက်ကို ကိုယ်က ကူပေးရမှာ လက်ပေါက် မကပ်ဘူးပေါ့ လေ...အကယ်၍ သူဟာ ဂုရုတိုင်နဲ့ လာမယ် သောကြာတိုင်နဲ့ လာမယ်ဆိုရင်  တိုင်ရဲ့ အောက်မှာ ရှိလို့  နေ့ တိုင်အရရော
လာတဲ့  အခါတိုင်အရပါ တိုင်အောက်မှာချည်းဖြစ်နေလို့  သူ့ ကိစ္စကို ၀ိုင်းတွေး ကူပေးရတဲ့ အခါမှာ လက်ပေါက်ကပ်မယ် လျှော့ တွက်လို့ မရဘူး လို့  ယေဘူယျ အကြမ်းဖြင်း တွေးဆထားလို့ ရပြီ
ပြီးမှ သက်ရောက်တွေ လစိတ်တွေ ၀င်ပြီပေါ့ လေ...
ဒါက လူတစ်ယောက် ဗေဒင်လာမေးရင် အခါတိုင်က ဘယ်ကဏ္ဍကနေ ယေဘူယျသဘော ထည့် သုံးလဲဆိုတာ အကျဉ်းရေးပြတာပါ ကျယ်တာတော့  တော်တော့် ကိုကျယ်ပြန့် ပါတယ် အသေမှတ်တာမျိုးလဲ
မရပါဘူး သဘောတွေကို ပဲ ယေဘူယျ ယူမှ နေ့ တိုင် အခါတိုင် သဘောတွေကို သုံးရတာ လွယ်မှာပါ.....ဒါက စက်နာရီ ကနေ သွားတဲ့ သဘောပါ နမိတ်တွေ ဘာတွေ က ပါချင်ပါလာတတ်သေးတာလဲရှိပါတယ်
နောက်တစ်ချက်က ဗေဒင်ပညာ ကို ချဉ်းကပ်ပုံက  ပုံမှန်သိနေကျ ချဉ်းကပ်ပုံနဲ့  ကျနော်တို့  ချဉ်းကပ်ပုံနဲ့  နဲနဲကွဲနေပါတယ်
အများစု သိနေကျ  ကြားနေကျ တွက်ဖူးနေကျ ဗေဒင်စတိုင်က မှန်သထက်မှန်အောင် အဟောထုတ်ဖို့ နဲ့  အဟောခံချင်တာမျိုးစတိုင်တွေ က အရင်လာတာမျိုးများပါတယ် ပြီးမှ ဇာတ်ထုတ်တွေကို မီးစင်ကြည့် ကသဘောပေါ့ 
ကျနော်တို့  ချဉ်းကပ်သွားတဲ့ ပုံက အဟောက ယေဘူယျသဘောလောက်ပဲဆောင်ပြီး လက်ငင်းကြုံနေရတဲ့ အမျိုးအစားစုံလှတဲ့  လူ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းယူရင်ကောင်းမလဲ ဆိုတဲ့  ချဉ်ကပ်နည်းက အဓိက သဘောစတိုင်
က အဓိက ပစ်မှတ်နဲ့  သွားနေတာမျိုး ဖြစ်နေပါတယ် ဒီတော့  ကွာသွားပုံက ကျနော်တို့ ချဉ်းကပ်တဲ့  စတိုင်ကနေ ဗေဒင်ဟောနေတာမျိုး ဟောစမ်းတွေ ရေးပြနေတာမျိုး များများမတွေ့ ရတာပါပဲ...ပြီးတော့  အများစု ဗေဒင်အဟောစတိုင်က
အများစုကိုခြုံငုံတဲ့ စတိုင် များပြီး ကျနော်တို့ စတိုင်က အများသဘော လိုင်းထဲမှာ မဟုတ်ပဲ ၀မ်းဘိုင်ဝမ်း သဘော  ကိုယ် နဲ့  ကံဆုံတဲ့ သူကိုပဲ အဓိက ဆွေးနွေးကြ ဖြေရှင်းယူကြသဘောမျိုး များတာတွေ့ နိုင်ပါတယ်ဗျာ
============
သမုတိ ဟိတ်
---
အရပ်မျက်နှာ ကို ပြဿနာရှာတာဗျ...၊ အရှေ့ အနောက်တောင်မြောက် သဘောနဲ့ ဗေဒင်မှာ အထက်ဆောင်ပန်း အောက်နင်းကြမ်း သဘောနဲ့  
ယတြာ ကစားတဲ့ အခါ ..ဆိုပါတော့  တစ်ယောက်ယောက်နဲ့  စကားပြောနေတုန်း ကိုယ်က တစ်ဖက်ကို အထက်ကနေ စကားပြောချင်ရင် 
ကို အဲ့ နှစ်ထပ်ကောင်ထဲမှာ ဘယ်လို လိုက်ယူမလဲကွ...လို့ ပြုံးစိစိ နဲ့  ပြန်မေးလိုက်တော့  အဲ့ မှာ မျက်စိလည်သွားတာပေါ့ ဗျား...
ကျနော်တို့ က အရှေ့ အနောက်တောင်မြောက်ကို နေ ဗဟိုပြုပဲ သိထား မှတ်ထားတာလေ..သူက အဲ့ မှာ သင်္ဘောသွားနေတဲ့  ဖက်က အရှေ့ ကွာ...လို့ 
ပြောချလိုက်ရောဗျ..။ အဲ့ ဒါလေး ပြောလိုက်ယုံပဲဗျ..ကျန်တာ ကိုယ့် ဟာကိုယ် အုံးဆက်စားရတော့ တာ...အဲ့ ကနေ သဘာဝတရားရဲ့ သမုတိိသဘောတွေ
ပညာသမားရဲ့  သမုတိသဘောတွေ ကွဲတယ်ဆိုတာ နောက်တော့ ရိပ်မိလာတာ....ဆိုပါတော့  ဟိုတုန်းက တက္ကစီ သမားတွေ ကားမောင်းနေရင် လည်ဂုတ်မှာ
မျာက်နှာသုတပုဝါပိုင်းလေး တင်ထားတတ်ကြတယ် မူလတင်တာက လည်ဂုတ်နဲ့  ကော်လံကြားမှာ ညှပ်တင်တာ လည်ဂုတ်က ကော်လံမှာ ဂျီးပေမှာစိုးလို့  စညှပ်တာ
နိုင်တီးဂွမ်တီးက တေးဓလော့  တောဓလေ့ တစ်မျိုးပေါ့ လေ...ဒါပေမယ့် တနင်္ဂနွေသား ဆရာကြီးရဲ့  ဂုတ်ပေါ်ရာက်သွားတော့  
ပုဝါ တင်ထားတာ ဖြစ်သွားပြီး တနင်္ဂသားရဲ့  ပန်းယတွဲလို့  အဆောင်တစ်မျိုးလို့  ဖြစ်သွားရောတဲ့ ဗျာ..သူ့ အတွက်သူ ဆရာဟိတ် ပညာသမားဟိတ်နဲ့  
ပုဝါ က ကာဗာ ဖြစ်သွားတာမျိုး..အဲ့ မှာ အများနဲ့ မဆိုင်တဲ့  တစ်ယောက်ချင်းရဲ့  ဟိတ် သမုတိ သဘောကို ရိပ်မိလာတယ်... 
အဲ့ သဘောကို ဘာနဲ့ ဆက်စပ်တွေးလို့ ရလဲဆိုရင်.... သာမန် ရေတစ်ဖန်ခွက်က တောင်ပုလုဆရာတော်ကြီးရဲ့ လက်ထဲမှာ အစွမ်းထက်တဲ့ 
 ရေမန်းဖြစ်သွားတာဟာ ဆရာတော်ကြီးရဲ့  သီလ သမာဓိ သိက္ခာရဲ့ ဟိတ်ကြောင့် သဘောပေါ့ 
------------