Powered By Blogger

Friday, December 11, 2015

ကိုယ်ပိုင် အဆောင်များ အဖြစ် တီထွင်ခြင်း အတွေးအစ


ကိုယ်ပိုင် အဆောင်များ အဖြစ် တီထွင်ခြင်း အတွေးအစ
--------
ဗေဒင်အကြံသဘောပေါ့ ...ဒီသဘောကို ပြောတာက လူ့ ဆိုက်ကိုဟာ ကော်ပီတွေ ကို ပထမ အမှီပြုကြပေမယ့်  အချိန်တစ်ခုရလာတဲ့ အခါ ကိုယ်ပိုင်လေးလဲ ဖြစ်ချင်လာတတ်တဲ့  စိတ်ခံစားမှု့ ရှိလာလေ့ ရှိတယ်..အဲ့ သဘောအပေါ် အခြေပြုပြီး ကိုယ်ပိုင်လေးတွေ လို့ ပြောလို့ ရအောင် ထွင်လိုလာမယ်ပေါ့  အဲ့ မှာ အလုပ်ဖြစ်ဖို့  သဘာဝယုတ္တိမလွတ်ဖို့  ခြေခြေမြစ်မြစ်လဲ ရှင်းပြနိုင်ဖို့ ပါ ထည့် တွေးရတယ်ပေါ့ ဗျာ

ဒီ စက်တော်ရာ ( ဘုရားရှင်ရဲ့ ခြေတော်ရာပေါ့ လေ)  ပုံတော်လေးကို စမြင်ကတည်းက အတွေးတစ်ခုက စပေါက်ခဲ့ ဖူးတယ် ( အရင်က စာပေလာ စက်တော်ရာ စမ အဆောင်တစ်ခု ရေးပြ ဆွဲပြပြီး တင်ခဲ့ ဖူးတယ် ခေးတွေအတွက် လိပ်ပြာချုပ်လို့ အဓိက ညွှန်းတယ်)

ဒီ စက်တော်ရာကို မြင်တော့  စပေါက်တဲ့ အတွေးက  စက်တော်ရာဟာ ခရီးသွားခြင်းကို ကိုယ်စားပြုတဲ့ သင်္ကေတ အသွင်ပိုဆောင်နေတယ် ဒီတော့  စက်တော်ရာကို ပူဇော်သင့်  ပုံတော်ကို ဂုဏ်တင်ပြီး ဆောင်ထားသင့် တဲ့  သူတွေဟာ နေ့ တဓူဝ ရွာရိုးကိုးပေါက်ထွက် ခရီးသွား အလုပ်လုပ်နေသူတွေ ပြည်ပသွား သမားတွေ  သင်္ဘောသားလုပ်စားနေသူတွေ စသဖြင့်  အိမ်မကပ်ရပဲ အလုပ်သွားနေရတဲ့ သူတွေ အတွက် အဆောင်သဘော လုပ်လို့  လို့ ရတယ်လို့  စ အတွေးပေါက်ခဲ့ တယ်ပေါ့ ဗျာ...

အတွေးပေါက်တာ ပြောတာ  အဆောင်အထိ မသွားဘူးပါဘုး ကျနော်က ခုနောက်ပိုင်း လမ်းခရီးထွက်ခဲနေသေးသလို အဆောင်စီရင်တဲ့ အထိ လမိုင်းက ကပ်မလာလို့  အတွေးက အတွေး အဆင့် အထိပဲ ထားခဲ့ တာ...ပြောချင်တာက လောကီ မှာ ဘယ်နေရာမှာ ဘယ်လိုလေး စီရင်သုံးရင် ယုတ္တိကျရဲ့  အလုပ်ဖြစ်ကောင်းရဲ့ ဆိုတဲ့  ဗေဒင်အကြံ အတွေးတွေ စပြီး ပေါက်ဖွားလာပုံပြောပြတာပါဗျား..

သဘောက ဆရာမှ မှာတာချည်းမှာ ရပ်မနေပဲ ကွကိုယ်ပါ  တောင်ကြံမြောက်ကြံ နဲ့  အမြဲလိုလို ဖြစ်နေတတ်မှ ဗေဒင်သဘောတရားတွေထဲ တီးခေါက်လာမိတာမျိုးလို့ ဆိုလိုတာ

စက်တော်ရာ ပုံက ဝေါပေါ်က သယ်လာတာပါ...ငိငိ


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..