
လစိတ်ကြည့် ပြီး ပြောလိုက်တာပါ
----
အခု လူက ပြီးခဲ့ တဲ့  အပတ် ကြာသာပတေးနေ့ က လာတဲ့ သင်္ဘောတက်ဖို့  စောင့် နေတဲ့ လူ ၉၊ ၈ ၊ ၆၀ အင်္ဂါသားအဓိပတိဖွားပါ...
သူ့ အခက်အခဲက ဗမာပြည်ကုမ္ပဏီဖက်က အိုကေပြီ တစ်ဖက် သင်္ဘောဖက်က ရက်စ်အော်နိုး ကွန်ဖန်း မလာသေးလို့  စိတ်ပူနေတယ်ပေါ့ ဗျာ...စောင့် လာတာလဲ ၆လ လောက်ဖြစ်နေပြီင်္လို့  ဆိုတယ်...
ဒါနဲ့ နဲနဲကောက်ခြစ်လိုက်တော့  သူက ၈ လပိုင်း လဆန်းမွေး အင်္ဂါသား ဖြစ်နေလို့  လစိတ်ချိန်လိုက်ရင် အခု ဒီဇင်္ဘာလ ရဲ့  လစိတ်က စနေလစိတ်ကုန်ခါနီးလေးဖြစ်နေပြီ
သူ့ အလုပ်ပေါ် အတည်ပြုချက် ရနိုင်တာက ဒီဇင်္ဘာလလယ်ကနေ ဇန္န၀ါရီလ ကြား ကြာသာပတေး လစိတ် (အလုပ်ပေါ်လစိတ်)ဆိုတာ ခန့် မှန်းလို့ ရနေပြီ ....
ပြီးတော့  သူလာတွက်နေတာ တနင်္ဂနွေတိုင်ဖြစ်နေတယ် လောလောဆယ်တော့  တနင်္ဂနွေတိုင်မှာ အင်္ဂါသားက တိုင်ခြေ မှာဆိုပေမယ့် 
တနင်္ဂနွေ တိုင်ပြီးရင် ဆက်လာမှာက အင်္ဂါသားသမီး တိုင်ထိပ် န၀င်းရောက်မယ့်  လှုပ်ရှားတိုင် သောကြာတိုင်....စောင့် နေတယ်ဆိုတော့  ခရီးထွက်ရခက်နေတတ်တဲ့ 
စနေလစိတ်အားလေးက မကြာခင်ရက်ပိုင်းအတွင်း ကုန်တော့ မယ်လို့  တွေးလို့ ရနေပြီ...အဲ့ တော့  နှုတ်ကပြောပေးတာက မကြာခင်ရက်ပိုင်းအတွင်း အိုကေပါတော့ မယ်
တစ်ပတ်ဆယ်ရက်အတွင်းလောက်ပေါ့  ဂွတ်မယ်ဆိုရင် လာမယ့်  ကြာသာပတေး စနေလောက်ဖြစ်နိုင်လောက်မယ်လို့  ပြောလိုက်ပြီး ပို သေခြာသွားအောင် အပြင်ဘုရားတစ်ဆူမှာ
ယတြာ သွားလှုလိုက် ၁ ကြိမ်ထဲလို့  ပြောလိုက်တယ် သောကြာနေ့  ညနေ ၄ ခွဲနဲ့  ၇ခွဲ ကြားလောက် သွားလိုက်ပါ ဆိုပြီး ယတြာပေးလိုက်တယ်
ယတြာက အုန်း ၆ညွန့်  နှင်းဆီ ၃ ပွင့်  နဲ့  ကြက်လျှာ ၃ လက် ၂ စုံ လို့ ပေးလိုက်တာ ...၁ စုံက သောကြာထောင့်  မှာ ( ခရီးသွားမှာမို့  ) နောက် ၁စုံက အင်္ဂါထောင့်  ( ဒါက မွေးနံထောင့် မို့ )။။
အဲ့ မှာ အုန်း ညွန့် က သူ့  အညွန့် အဖြစ် ပေးတာ နှင်းဆီက ပါးစပ်ထဲ တွေ့ ကရာ အဆင်ပြေအောင်ပေးလိုက်တာ ယတြာ လှအောင်လို့  ( တစ်ချို့ က အရွက်နဲနေရင် ဖီးလ်ငုတ်နေတတ်လို့  အဲ့ လိုပဲ အကြံအဖန်တွေ လုပ်ပေးရတာ ဆိုဒ်အဖက်လဲ မရှိတာမျိုးပေါ့ )
ကြက်လျှာက သင်္ဘောသား ကိစ္စမှန်သမျှ မှာထည့် ပေးတဲ့ ခရီးထွက်တဲ့  သင်္ကေတသဘော ဂြိုလ်ပစ္စည်း...( ကြက်လျှာ အလံ သဘောတွေကို ရှေးက လှေကြီးတွေရဲ့  ရွက်တိုင်ထိပ်ဖျားတို့  စစ်ချီရင် အောင်လံ တလူလူ လွှင့် နေတဲ့ စတိုင်တို့ မှာ တွေ့ နိုင်တယ်)
တိုက်ဆိုင်ချက်က ဒီနေ့ ကြာသာပတေးနေ့ မှာ တစ်ဖက် သင်္ဘောက အတည်ပြုချက်ရပြီး ထွက်လာခဲ့ ဖို့  လှမ်းခေါ်ပြီ အဲ့ ဒါ ဒိုးတော့ မယ်လို့  လာပြောရင် ဘာဆောင်သွားရမလဲတို့  ဘာတို့ ညာတို့ ပေါ့  ( ငြာသလားလို့  အခု န၀င်းထိုင်သွားပြီး ခရေရွက် ၁ ရွက်ကို
ပလတ်စတစ်လောင်းဆောင်သွားခိုင်းလိုက်တာပေါ့  ...ငိငိ )
အမှန်က ဘာယတြာ မှ မလုပ်လဲ သူ့ ဟာသူ အလုပ်က ဒီ လအတွင်း သူ့ ကံနဲ့ သူ ပေါ်လာတော့ မှာဆိုတာ လစိတ်ကြာသာပတေးကို ထောက်ပြီး မှန်းလို့ ရနေပြီးသား ဆိုတာ လစိတ်အထာတွေ ရိပ်မိပြီးသား ဖြစ်တဲ့  ကျနော်တို့ က တွက်လို့ ရနေပြီးသားဗျ ကျနော် ဟောလို့ ယတြာကူလို့ အဓိက
မှန်တာမျိုး ထက် သူ့ ကံကိုက ဖြစ်ခါနီးနေတာလို့ ပြောချင်တာ ကျနော်တို့ နဲ့  သူနဲ့  ကွာတာက သူက လစိတ်အကြောင်းကို မသိသူ ဒါလေးပဲကွာတာ...ယတြာက ခွေးသွားထဲ အမဲဆီလေး ၀င်ထိုးပေးလိုက်တဲ့  သဘောလေး ကူပေးလိုက်တာမျိုးလေး..။
အဲ ကျနော့် ဆီမှာ အဲ့ လို လိုတိုရှင်း ကိစ္စနဲ့ လာတဲ့  သူတွေချည်းများတယ် သိုက်ကလာတာလားတို့  ဘူနဲ့  ညားမှာလဲတို့  ဘယ်အသက်ပိုင်းမှာ ချမ်းသာမှာလဲတို့  ဘွဲ့ ဘယ် ၂ ခုရမှာလဲတို အိုဇာတာကောင်းရဲ့ လားတို့ ဆိုတဲ့  လူတွေမျိုး အလာအရမ်းနဲပါတယ် အလုပ်လုပ်ကြတဲ့  သဘောဖက်ကပိုများတယ်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..