တွေးတယ်ဆိုတာ အဲ့ လိုတွေပါ...
-----------------------
နော့်  ( http://nawinthiha.blogspot.com/ ) ဘလော့ နဲ့  စီးခရက်လုပ်ထားတဲ့ ဂလု ထဲမှာက လွဲရင် ပတ်ဘလစ်ဝေါမှာ ဗေဒင်ပိုစ်တွေ သိပ်ရေးလေ့ မရှိဘူး ပတ်ဘလစ်ဝေါကို ကိုယ့် စိတ်ကလေး စိတ်ကူးတည့် ရာလွတ်လပ်စွာ ပျံသန်းချင်သလိုပျံသန်းပါစေဆိုတဲ့  သဘောထားတာမျိုးဗျ ..။ အဲ့ ဘလော့ နဲ့  ဂလုထဲမှာ ဗေဒင်အကြောင်း ကိုယ်နားလည်မိသလို ပြန်ရေးပြနေတာတွေတောင် ကျမ်းလာ မဆန်ပဲ ကိုယ့် အတွေ့ အကြုံအစစ်တွေကို ပိုပြီးမှီးရေးနေတဲ့ ဖရီးစတိုင်က ပိုများတယ် ...ရေးမိသမျှတွေမှာ ဒဿနပညာက ပါလာတဲ့  အတွေးစတိုင်တွေပါရောနေလေ့ ရှိတယ်။ စိတ်ရဲ့  လွတ်လပ်စွာ ပျံသန်းခြင်းသဘောကို ဘယ်လောက်သဘောကျသလဲဆိုရင် ကိုယ်ရေးချင်စိတ်ရှိတာာရေးမယ် ရေးချင်လာရင်ရေးချလိုက်မယ် မရေးချင်မရေးဘူး ရေးပြီးလဲ ပြန်ဖတ်ရင်း ဖီးလ်မလာရင် ပြန်ဒလိချင်ဒလိမယ် အွန်တွေ ပေါ်မှာ ရေးမိတာတွေ အရာအားလုံး ကိုယ့် ဖီလင် ဆုံးဖြတ်ချက်အောက်မှာပဲထားမယ်ဆိုတဲ့  ဖီလင်အထိ ရှိနေတယ်..စိတ်ဖရီးဖြစ်နေတာကို အဲ့ လောက် သဘောကျတယ်..ဘော်ဒီကိုသာ လှောင်ပိတ် ချုပ်နှောင်ထားလို့ ရမယ် စိတ်ကိုတော့  ကိုယ်တိုင် အချုပ်ချထားမှသာရမယ်ဆို တစ်ခြားမည်သူကမှ ကိုယ့် စိတ်ကို လာချုပ်လို့ မရဘူးသဘောပေါ့ လေ..
အဲ့ တော့  တစ်ခါတစ်လေတော့ လဲ စိတ်ကူးပေါက်ရင် ပတ်ဘလစ်ဝါပေါ်မှာ ဗေဒင်အတွေးတွေ ချရေးချင်ရေးပစ်လိုက်တတ်ပြန်တယ်...ဒါလဲ စိတ်ရဲ့ ဖရီးစတိုင်သဘောလေးပေါ့  ..ဆိုပါတော့  နော်တို့ တွေးပုံက ဗေဒင်စာတွေကိုဖတ်မယ် သင်မယ် အဲ့ စာတွေ သင်တာတွေဟာ ကိုယ့် လက်တွေ့ ဘ၀ထဲမှာ ဒဲ့  သုံးလို့ ရလား မရလား သဘာဝကျရဲ့ လားမကျဘူးလား စသဖြင့် အဲ့ လိုတွေ စတွေးလေ့ ရှိတယ် လက်တွေ့ မဆန်ဘူးဆို မဆန်ဘူးလို့ ပဲ မြင်တယ်၊ ဆိုပါတော့  ဗေဒင်မေးသူတွေ အများစုမေးတတ်တဲ့ မေးခွန်းတစ်ခုရှိတယ် ဘယ်နေ့ သားနဲ့ စီးပွားတွဲလုပ်ရင် အကျိုးပေးမလဲလို့ မေးလေ့ ရှိတယ်၊ ပုံမှန်ဆို တောက်တွက်မြောက်တွက်လုပ်ပြီး အဖြေလဲ ရှိတယ် ။ ဒါပေမယ့် 
နော်တို့ က လက်တွေ့ ဘ၀ထဲကို ပြန်တွေးတယ် ကိုယ့် ကိုယ်ကိုယ်လဲ ပြန်တွေးတယ် ကိုယ်တိုင်ကိုယ်က ကုန်သည်မျိုးရိုးတွေ ..စီးပွားလုပ်လာသမျှ တစ်ဖက်ဖေါက်သည် တစ်ဖက်ကုန်သည်ကို ဘာနေ့ သားလဲလို့ မေးပြီးစီးပွားလုပ်ခဲ့ သလား...နိုး ပဲ..လမ်းထဲမှာ အရပ်ထဲမှာ ကျောင်းမှာ ယုတ်စွအဆုံး ပြည်ပမှာ တစ်ယောက်နဲ့  တစ်ယောက် လူမှု့ ဆက်ဆံရေးတွေ လုပ်ရင် ဘာနေ့ သားလဲလို့  စမိတ်ဆက်ခဲ့ ရိုးရှိခဲ့ ဘူးလား ဘာနေ့ သားမို့ မပေါင်းဘူး ပေါင်းတယ် ရှိခဲ့ ဘူးလား..ဒီလိုတွေ မေးခွန်းထုတ်တယ်
.. ပိုပြီး ခပ်ကျယ်ကျယ် တွေးရင် ကမ္ဘာဆန်တဲ့  အထိ စီးပွားရေးကြီးတွေ လူတွေ အဖွဲ့ လိုက်ကြီး ရာထောင်ချည်စုစည်းပြီး စီးပွားသဘော လုပ်နေကြတဲ့ သူတွေကရော တစ်ဖက် မိတ်တွေ ဂရုဝင်တွေ အဖွဲ့ အစည်း ဥက္ကဌတွေ ဒါရိုက်တာတွေကို ဘာနေ့ သားလဲလို့ လှမ်းမေးပေါ်တင်မေးပြီး စီးပွားရေးကြီးတွေ လုပ်ကြရိုးရှိသလား...ဒီလိုတွေ ကိုယ့် ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်တယ်ပေါ့ ...ဒါဆို ဘယ်နေ့ သားနဲ့  တွဲပြီး စီးပွားလုပ်ရင် ဘာညာကွိကွဆိုတာ လက်တွေ့ ကျတဲ့  နေ့ တဓူဝ လူမှု့ ဆက်ဆံရေးတွေမှာ အသုံးကျတဲ့  မေးခွန်း ဖြစ်နိုင်ါတော့ မလားပေါ့ ...တွေးတယ်ဆိုတာ အဲ့ လိုတွေပါ...ကျမ်းတွေ စာတွေ ကို ကိုယ် ဖြတ်သန်းနေတဲ့  ခေတ်စတိုင်ထဲ လက်တွေ့  ချသုံးလို့ ရမရ သဘာဝကျမကျ ထိရောက်မရောက် အသုံးတည့် မတည့်  ဆွဲယူတိုက်ဆိုင်ကြည့် တာမျိုးပေါ့ ဗျာ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..