'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, December 11, 2015
လက်ထပ်ခြင်းကိစ္စ ရက်ရွေးခြင်း အဓိက သဘော
လက်ထပ်ခြင်းကိစ္စ ရက်ရွေးခြင်း အဓိက သဘော
--
ဗေဒင်လိုင်းထဲ ထဲထဲဝင်ဝင်ဖြစ်လာတော့  မင်္ဂလာကိစ္စတွေက ပါလာတော့ တာပါပဲ...၊ အဲ့ မှာလက်ထပ်တဲ့  စတိုင်တွေကတော့ ကျမ်းလာတွေ ထုံးတမ်းတွေ အယူအောက်မှာတွေကတော့  တစ်ပုံကြီးပေါ့ လေ၊ ခေတ်သစ်စတိုင်မှာ လက်ထပ်တဲ့  စတိုင်အများဆုံးက အောက်က ဖိတ်စာက စာသွားစာလာအတိုင်းပဲ
''လက်ထပ်ထိမ်းမြားပြီးဖြစ်ပါ၍ လာရောက် ၀ါးတီးဆွဲကြပါ ''လို့  ဖိတ်တဲ့  သဘော။ သဘောက ယူပြီးပြီဟေ့ လို့  ပြောလိုက်တာ..။ ဘယ်တုန်းကတည်းက ယူထားနှင့် လဲတော့ တိဝူးးး..ငိငိ
ဒီလိုပါ ခေတ်သစ်စတိုင်မှာ တရားရုံးမှာ တရားသူကြီးရှေ့ မှာ ရုံးလယ်ဂျာစာရင်းသွင်း ၂ ယောက်သား တစ်ဖက် သက်သေ တစ်ယောက်စီနဲ့  သဘောတူစာချုပ် လက်မှတ်ထိုးလိုက်ပြီးမှ ဧည့် ခံပွဲ ဆက်လုပ်ကြတယ်ပေါ့ လေ၊ သဘောက တရားရုံးမှာ မင်္ဂလာဆောင်ခဲ့ ပြီးပြီး ဧည့် ခံပွဲက အလှုလေးလုပ်ပေးတဲ့  သဘောလောက်ပဲ အဆင့် ရှိတော့ တယ် တရားရုံးမှာ လက်မှတ်ထိုးပြီးသူတွေ ဖြစ်ကြလို့ တရားဝင်ခဲ့ ပြီဖြစ်လို့  တကယ်ဆို ဧည့် ခံပွဲ မလုပ်လဲ ရတယ် တရားက၀င်ပြီးသားဖြစ်နေပြီ ကွဲချင်တိုင်း ပြန်ကွဲလို့ ကွာရှင်းစာချုပ် မရှိပဲ ပါးစပ်လေးနဲ့ ကွဲလို့ မရတော့ ဘူး လက်မှတ်ထိုးခဲ့ ပြီးဖြစ်လို့  လူချင်းမပေါက်းဘူးဆိုလဲ စာချုပ်ထဲမှာ အိမ်ထောင်သည် ဖြစ်ခဲ့ ပြီပေါ့ လေ..
အဲ့တော့  သဘောက ဗေဒင်နဲ့  မင်္ဂလာရက်ရွေးတဲ့ အခါ ခေတ်သစ်စတိုင်နဲ့ စောစောက ဖိတ်စာက စာသားအတိုင်း မင်္ဂလာဆောင်မယ်ဆိုရင် ရုံးမှတရားသူကြီးရှေ့ မှာ လက်မှတ်ထိုးတာဟာ အဓိက မင်္ဂလာ ရက်ရွေးပေးတဲ့  သဘောဖြစ်လာပြီး ဧည့် ခံပွဲရက်က နေရာ အသွားအလာ အလုပ် စသဖြင့် တွေ ချိန်ပြီး မီးစင်ကြည့် ကတဲ့ ရက်ရွေးနည်းဖြစ်လာတယ်...
တစ်ချို အရပ်မှာတော့  ဓလေ့ အတိုင်း ရုံးကိစ္စမပါပဲ မဏ္ဍတ်ထိုး တစ်ရက်ထဲ အပြီးဆောင်တာမျိုး ၊ ဖလားကြီး ရှေ့ ချ ဖလားထဲ လက်စုံနှိုက်ဆောင်တဲ့  စုလျားရစ်ပတ် ဘာညာကွိကွသဘောကျတော့  ဆောင်+ဧည့် ခံ တဘရိပ်ထဲစတိုင် တစ်ရက်ထဲ မိန်းရွေးတာမျိုးပေါ့ လေ..အဲ့ ဖလားကိစ္စကြတော့ ဇာတ်ထုတ်နဲနဲရှုတ်တယ်
လာတော့ လာခဲပါတယ်...တစ်ချို့ ကတော့  ၂ ဖက် တောင့် တင်းကြောင်း ပဲထုပြချင်တာနဲ့  ရုံးကိစ္စအရင် လုပ်ပြီးသားကို လူတွေ ရှေ့ မှာထိုင်ပြီး ဖလားလက်စုံ ထနှိုက်ပြတာမျိုးလဲ ရှိတယ်...အဲ့ လို မျိုးတွေကလည်း တကယ်က နှိုက် နှိုက်မနှိုက် လက်မှတ်ထိုးပြီးကတည်းက အိမ်ထောင်ကျပြီးကြောင်း ရုံးစာ မှတ်တမ်းတင်ပြီး ဖြစ်နေပြီ...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..