အတိတ်လွမ်းချင်း..
--------------
ရွှေတိဂုံ ဘုရား ရှေ့ ဖက် ဗဟန်းမုဒ် စောင်းတန်းက ဈေးဆိုင်ခန်းတွေမှာ ဆရာ ဦးလင်းအောင်နဲ့  ကျနော်တို့  အောင်ကျင်တို့  ( ဆရာ ကိုအောင်ကျင် ဆိုပေမယ့်  ကျနော်နဲ့ က စတိတ်ထဲက ငယ်သူငယ်ချင်းတွေမို့  ဟျောင် အောင်ကျင်နဲ့  ဟလျောင် သီဟကြီး ဆိုတာ နှုတ်ကျိုးနေပြီ ) ပညာသင် တပည့် တွေလုပ်နေတုန်းက ကျနော့်  ပထမ သင်ဆရာက ငြီးခဲ့  ဆန္ဒ ဖြစ်ခဲ့ ဖူးတယ် '''' ( ဒုက္ခတွေ နဲ့  ရောက် လာသမျှ လူ အကုန်လုံးကို အလကား အိပ်စိုက် န၀င်း ရိုက်ပေးချင်မိတယ်လို့ ပါ.) ''''..အဲ့ ဒါ ကျနော့် ဆရာ ဆရာ ဦးလင်းအောင် ရဲ့  တကယ့် ဖီးလင် စိတ်ရင်း စေတနာ ဆိုတာ ကျနော်တို့ တပည့် တွေက အဲ ကတည်းက သိကြတယ် ဆရာ့ ဖီလင်ကို မျှဝေခံစားပေးနိုင်ခဲ့ တယ် ...အခုရေး ရင်တောာင် အဲ့ ကာလက ကျနော်တို့ ရဲ့ သန့် စင်နေသေးတဲ့  စိတ်ထားကို ပြန်သတိရရင်း မျက်ရည်ကျ လွမ်းဆွတ်မိတယ်...ကျနော်တို့ ဆရာက အများကို တကယ့် ကို သနားကြင်နာတတ်တာကိုလဲ ယုံကြည်ရင်း ဆရာလိုရော ဖအေလိုပါ တအားချစ်ခဲ့ ကြတာမျိုး....အဲ့ ဆရာ့ ရဲ့  ၀ိဥာဉ် ခံစားမှု က ကျနော်တို့ တပည့် တွေဆီမှာ ကူးစက် ကျန်ခဲ့ မျှဝေခံစား ခဲ့ ရလို့  ကျနော်တို့ က ကိုယ်နဲ့ ကံဆုံတဲ့ သူတွေကို ပိုက်ဆံ ထက် ဘာများအကောင်းဆုံးဖြစ်အောင် ကိုယ်တတ်နိုင်တဲ့  အတွေးတွေ နည်းတွေနဲ့  ( အမည်နာမ ထင်ရှားဖို့ ကျော်ဇောဖို့  ပိုက်ဆံ အဓိက မဟုတ်တော့ ပဲ ) ဘာများ ကူညီပေးရမလဲ ကူညီလို့ ရမလဲ ဆိုတဲ့  ဖီလင် ၀င်ကျန်ခဲ့ တာမျိုးပဲ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..