Powered By Blogger

Tuesday, December 15, 2015

ဗေဒင်နဲ့  ဘ၀ခရီး


ဗေဒင်နဲ့  ဘ၀ခရီးကိုသွားနေပေမယ့်  ဗေဒင်အပေါ် သိပ်ပြီး စမ်းစမ်းတင့် တော့  ဖြစ်မနေဘူးလို့ ပြောရင်လောက်ရမယ်၊ အမှန်တော့  တကယ့် ပင်ကိုယ်စိတ်ကိုက
ဘာသာရေးတွေ အပါအ၀င် အဆိုအမိန့် တွေရော ဆရာတွေအပေါ်မှာရော စည်းမျဉ်းတွေ အပေါ်မှာပါ  စမ်းစမ်းတင့် မဖြစ်လှဘူးလို့ ပဲ ပြောရမယ် ။ အရာ တော်တော်များများကို
ပုံမှန် စိတ်ခံစားမှု့ လောက်ပဲ ရှိတယ်.။ အဲ့ ဖီလင်ကို ပေါ့ ပေါ့ နေနေ ပေါ့ ပေါ့ စား စိတ်မျိုးလို့ လဲ ပြောလို့ ရမယ်နဲ့ တူတယ် ဖြစ်ပျက်နေသမျှ ကြုံနေသမျှတွေကို ဘာမှသိပ်မထူးဆန်းလှဘူး
ဖြစ်ရိုး ဖြစ်စဉ်တွေသဘောတွေလို့  သာ သဘောထားတာများပြီး အချိန်အများစုက အလိုက်သင့်  ဘိုးသီ လုပ်ပြီး ဘ၀ခရီးသွားနေတာများတယ် ရည်ရွယ်တွေ ပန်းတိုင်တွေလဲ ဟုတ်တိပတ်တိမရှိလှဘူး
သိပ်ပြီး ဒုက္ခဆင်းရဲတွေ မရောက်ရင် ပြီးတာပဲ ဆိုတဲ့ စိတ်က အခြေခံစိတ်လို့ ဆိုနိုင်မယ် ဒါက ကိုယ့် စိတ် ကို ကိုယ် ပြန်တွေးရင်း အခုလောလောဆယ် ဖြစ်လာခဲ့ တဲ့  စိတ်နေ သဘောပေါ့ လေ
ဆုတ်ထားလို့ မရတဲ့ လောကသဘောမို့  ရှေ့  မှာ ဘယ်လိုစိတ် ဖြစ်သွားဦးမယ်တော့  မဆိုနိုင်သေးဘူး

ပြောပြချင်တာက ဗေဒင်လိုက်စက စိတ်အကြောင်း အဲ့ စိတ်က အခုအထိလဲ ရှိနေတယ်လို့ ပြောချင်တာ..စာအုပ်ထဲက ဆရာတွေ အါအ၀င် သင်ဆရာ ၂ ပါး ဆီက ကြားနာမှတ်သား ပြန်အသုံးချ လုပ်ခဲ့  လုပ်ဆဲ နေတာတောင်မှ အဲ့  ဆရာသခင်တွေဆီက ကြားနာ ဖတ်မှတ်မိသမျှကို
အကုန်လက်ခံထားခဲ့ တာမဟုတ်ဘူး ငြင်းလဲ ငြင်းမနေဘူး ကျနော်တွေးပြီးလုပ်ခဲ့ တာက ကျနော်အတွက် ( ဒါက အရင်ဖြစ်တဲ့ စိတ်) ကျနော့် ဆီလာပတ်သက်တဲ့  ထမင်းရှင်တွေ အတွက် ဘာအသုံးတဲ့ မလဲ ကိုသာ အဓိက ယူခဲ့ တာ၊ တစ်ချို့  အယူအဆတွေဆို ကျနော့် စိတ်က လက်မခံသလို
အချိန်ကုန်ခံပြီး ငြင်းလဲ ငြင်းမနေဘူး မကြိုက်တဲ့ အယူအဆမျိုးဆို ကိုယ့် စိတ်က ကိုယ့် ဟာကိုယ် ပယ်လိုက်တယ် မသုံးဘူးလုပ်လိုက်တယ်ပေါ့  အဲ့ ဒါ ကျနော် သွားနေတဲ့ ဗေဒင်စတိုင်လေးပဲဗျ...ကိုယ့် စိတ်အကြောင်း ဒီလိုပြောပြရတာက ဘော်ဒါတွေလဲ ကျနော်ပြောသမျှတွေ ယူဖို့ မလိုဘူးလို့ ဆိုလိုတာ
ယူချင်တာယူ မယူချင်တာမယူနဲ့  ကိုယ်နဲ့  အသုံးတည့် မယ်ထင်တာသာယူ အလုပ်မဖြစ်ဖူးထင်တာ ခေါက်ထားလိုက်လို့ ဆိုလိုတာ အဲ့ စိတ်က ပညာကို ပြန်သုံးတဲ့ အခါ မြန်ဆန်တယ် အချိန်မကုန်ဘူး စိတ်ကိုလဲ လွတ်လပ်အတွေးသဘောကြောင့်  အမြင်တွေ ရှင်းလင်းပေါ့ ပါးစေတယ်...အမြင်တွေရှင်းလင်း
ပေါ့ ပါးလာလေလေ လောကကို ဖြတ်သန်းတဲ့ အခါ စိတ်ဖိအားနဲလာလို့  လူဟာ လောင်းရိပ်တွေ ကင်းနေလို့  ပျော်ပျော်ပါးပါးလေး  ဘ၀ခရီးကို ချီတက်နေလို့ ရလာစေတယ် ဖိအားနဲတဲ့ စိတ်ကြောင့်  လာဘ်ပါရွှင်စေလာတယ်..လာဘ်ရွှင်တယ်ဆိုတာ ဘောစိဖြစ်တာ မဖြစ်တာကို မဆိုလိုဘူး တောင့် တတာတွေဟာ
ရသင့် တဲ့ တောင့် တမှု့ မျိုးဆို ပင်ပမ်းတကြီး မဖြစ်ပဲ ရလွယ်လာတာကို လာဘ်ရွှင်လာတယ်လို့ ဆိုလိုတာ....


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..