တန်းစီ တိုင်ထိပ် ၊ တိုင်ထိပ် တန်းစီး
--------------------------------
သုံးတန်ပေါ်နိစ္စပြ ကနေ ထွက်လာတဲ့  တိုင်ပညာမှာ နိစ္စပြကြိုးတွဲက တစ်ခါတစ်လေ ဒဲ့ ပြဿနာထရှာတာက တွေ့ ရလွယ်လို့  သိပ်မထူးဆန်းပေမယ့် 
တိုင်အပေါ်သုံးလုံး က ကောင်းပါတယ် ဆိုတဲ့ တိုင်ထိပ် တန်းစီး ဆိုတဲ့  နံတွေက အတွဲဖြစ်သွားချိန်မှာ အဲ့ အတွဲက ထ ထ ရစ်ပုံက ထူးဆန်းတယ်.
..ဖြစ်တောင့်  ဖြစ်ခဲလည်း ဖြစ်ပေမယ့်  ကြုံတော့ ကြုံလေ့ ရှိတယ်...
၆၈ ၊ ၃ လပိုင်း မွေး ၆ကြွင်းတနင်္ဂနွေသား သိုက်ဘွားဟာ ကနေဒါ စီတဇင်ပါ...သူ့ မိန်းမက ၂လပိုင်း ၇၆ ဘွား သုည တနင်္လာ သိုက်ဘွား ပီအာပါ၊
အဲ့ လင်မယား ၂ ယောက် သင်္ကြန်တုံးက ဒီကို ခဏပြန်လာလည်ပါတယ်....သင်္ကြန်လည်ဖို့ စိတ်ကူးကြပေမယ့်  ဖြစ်ပုံက သင်္ကြန်မတိုင်ခင် တစ်ရက် ညနေပိုင်းမှာ ပေါက်စီ ၂ လုံးစားလိုက်တာ ချမ်းပီးချက်က ဒရစ်ပါချိတ်လိုက်ရတဲ့ ဘ၀ရောက်သွားလို့ သင်္ကြန်မလည်လိုက်ရဘူးဖြစ်သွားပါတယ်...