Powered By Blogger

Monday, May 4, 2015

'' ပင်ရင်း/ရန်ကုန်မြို့ လသာမြို့ နယ် ၁၇လမ်း အမှတ်....''

'



' ပင်ရင်း/ရန်ကုန်မြို့ လသာမြို့ နယ် ၁၇လမ်း အမှတ်....''
-------------
အဲ့ ဒါ အိမ်က လူက ဘာစိတ်ကူးပေါက်တယ် မသိဘူး အရုပ်လေးတွေ တောင်ကိုင်ကြည့် မြောက်ကိုင်ကြည့် နဲ့ ..တော်ကြာတော့  သူ့ ဆီက ရီသံ  ထွက်လာတယ်..''' ဟားဟားဟား...ဒူဘိုင်းက လက်ဆောင်လည်း တရုပ်လုပ်နဲ့ ကို မလွတ်ဘူး..ဟားဟား..''ဆိုလို့  ''ဟေ..ဘာတုန်း.''.ဆိုတော့ 
.''ဒီ ဒူဘိုင်းအမှတ်တရ အရုပ်လေးလေ ''တဲ့ ..ယူကြည့် လိုက်တော့ .

.'''သြော..မနှစ်က ဒူဘိုင်းပြန်တစ်ယောက် သယ်လာ လက်ဆောင်ပေးတဲ့ အမှတ်တရလေးပဲ...မှန်း '' ဆိုပြီး ဖင်လှန်ကြည့် တော့ 
 ''  MADE IN P.R.C  ဆိုပါလား...ဟီးဟီး အေးဟ တရုပ်လုပ်ကြီးဟ ဖစ်မှ ဖစ်ရလေ..ဟားဟားဟား..''  ပေါ့ လေ..သြော်..သူ့ ခမျာ ပြည်မကြီးကနေ လေယာဉ်အတန်တန် သင်္ဘောအတန်တန်နဲ့ ဒူဘိုင်းသွား ပြီးမှ ဒီဘက်ပြန်လာနဲ့ ..အတော် ခရီးပမ်းနေမှာလို့ .......အဟီးး..

အာ့ နဲ့  ဟိုတစ်ခါက အိမ်ကလူတွေ အညာသွားရင်း အညာပြန်ဆိုပြီး ၀ယ်လာတဲ့ ဆီးသီးထုပ်လေးတွေ အကြောင်းတောင်သတိရလိုက်မိသေးဗျာ.....ချောက် ရေနံချောင်းဘက်ကနေ ပြန်လာတော့  လမ်းမှာ ကားနားတုန်း တကူးတက ၀ယ်လာတာတဲ့  အစေ့ လွတ် စလေ ဆီးသီးထုပ်တွေ မနဲဘူး...၀ယ်လာတော့  ဖေါက်စားတာပေါ့ ...ဖေါက်စားရင်းက..တံဆိပ်ကြည့် တာ.''''ပင်ရင်း/ရန်ကုန်မြို့ လသာမြို့ နယ် ၁၇လမ်း အမှတ်...''' တဲ့ ..'' ဟားးးဟဲ့ ..နင့် အညာက သယ်လာတဲ့  အစေ့ လွတ်ကြီး က ပင်ရင်း ရန်ကုန်မြို့ ဆိုပါလား နင့် ဟာက ရန်ကုန်က ဆီးသီး အညာက ပြန်ဝယ်လာသလိုကြီးဖြစ်နေပြီ ..ဟားဟား '''.ရီပြီးပြောလိုက်တော့  မောင်နှစ်မတွေ..ဆီးထုပ်လာကြည့် ပြီး အေးဟဲ့ ဆိုပြီး ရီလိုက်ကြတာဆိုတာ...ဟီးး..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..