တန်းစီ တိုင်ထိပ် ၊ တိုင်ထိပ် တန်းစီး
--------------------------------
သုံးတန်ပေါ်နိစ္စပြ ကနေ ထွက်လာတဲ့  တိုင်ပညာမှာ နိစ္စပြကြိုးတွဲက တစ်ခါတစ်လေ ဒဲ့ ပြဿနာထရှာတာက တွေ့ ရလွယ်လို့  သိပ်မထူးဆန်းပေမယ့် 
တိုင်အပေါ်သုံးလုံး က ကောင်းပါတယ် ဆိုတဲ့ တိုင်ထိပ် တန်းစီး ဆိုတဲ့  နံတွေက အတွဲဖြစ်သွားချိန်မှာ အဲ့ အတွဲက ထ ထ ရစ်ပုံက ထူးဆန်းတယ်.
..ဖြစ်တောင့်  ဖြစ်ခဲလည်း ဖြစ်ပေမယ့်  ကြုံတော့ ကြုံလေ့ ရှိတယ်...
၆၈ ၊ ၃ လပိုင်း မွေး ၆ကြွင်းတနင်္ဂနွေသား သိုက်ဘွားဟာ ကနေဒါ စီတဇင်ပါ...သူ့ မိန်းမက ၂လပိုင်း ၇၆ ဘွား သုည တနင်္လာ သိုက်ဘွား ပီအာပါ၊
အဲ့ လင်မယား ၂ ယောက် သင်္ကြန်တုံးက ဒီကို ခဏပြန်လာလည်ပါတယ်....သင်္ကြန်လည်ဖို့ စိတ်ကူးကြပေမယ့်  ဖြစ်ပုံက သင်္ကြန်မတိုင်ခင် တစ်ရက် ညနေပိုင်းမှာ ပေါက်စီ ၂ လုံးစားလိုက်တာ ချမ်းပီးချက်က ဒရစ်ပါချိတ်လိုက်ရတဲ့ ဘ၀ရောက်သွားလို့ သင်္ကြန်မလည်လိုက်ရဘူးဖြစ်သွားပါတယ်...
အဲ့ ဒီမှာ သုံးတန်ပေါ်တိုင်က တန်းစီ တိုင်ထိပ် ၊ တိုင်ထိပ် တန်းစီး အတွဲ သဘာဝရဲ့  ရစ်တတ်ပုံ အတွေ့ အကြုံတွေထဲက တစ်ခုကိုပြန်သတိရလိုက်ပါတယ်..
.
အခုချမ်းပီးတဲ့  တနင်္ဂနွေသားရဲ့  သက်ရောက်ဟာ သောကြာသက်ရောက် ပါ..ပုံမှန်အကောင်း ဖြစ်သလို ခရီးသွားနှစ်လို့ တောင်ဆိုလို့ ရပါတယ်...
အဲ့  သောကြာသက်ရောက်ရဲ့  သုံးတန်ပေါ်တိုင်အရဆိုရင် သီးသန့်  တစ်နံချင်း သဘောအရ တန်းစီး အင်္ဂါနံ နဲ့  တိုင်ထိပ် ကြာသာပတေးနံ တွေဟာ အ၀င်သဘောနဲ့  အကောင်း သဘောဖြစ်ပါတယ်....ပြဿနာ ဖြစ်သွားတတ်တာကတော့  အဲ့ကြာသာပတေးနံ နဲ့  အင်္ဂါနံ ပေါင်းလိုက်လို့  အသစ်ဖြစ်လာတဲ့  ၂ နံတွဲ ပညတ်တစ်ခု ဖြစ်လာမှ ပြဿနာ နံတွဲ ဖြစ်သွားတဲ့ သဘောပါ....
ဒါကြောင့်  ဒီ အသက် ၄၈ထဲ သောကြာသက်ရောက်ထဲ ၀င်သွားတဲ့  တနင်္ဂနွေသားဟာ ကြာသာပတေး+အင်္ဂါနံ ပေါက်စီ ၂ လုံး စားပြီးချမ်းပီးသွားတယ်လို
့မြင်သာလာပါတယ်...
ရန်ကုန်သဘာဝနဲ့ ရာသီသဘာဝ ဘက်ကကြည့် ရင် ရန်ကုန်တရုပ်တန်းနဲ့ နီးစပ်တဲ့ သူတွေအများစုဟာ ညနေပိုင်းမှာ ပေါက်စီနဲ့ မုန့် ဟင်းခါးစားခဲပါတယ်...အကြောင်းက ပေါက်စီဟာ မနက်ပိုင်း အကျန်တွေများတတ်တာ ( ပေါက်စီထဲက ကြက်သွန်တွေက ညနေဆို ရိနေ သိုးစပြုနေတာများ
လို့ ) မုန့် ဟင်းခါးဖတ်တွေဟာ ညနေပိုင်းဆို မနက်ပိုင်းလောက် မလတ်ဆပ်တော့ လို့  ၀မ်းကိုက်ပိုး ၀င်လွယ်တာတွေ ကြောင့် ပါ၊ သင်္ကြန်တစ်ဝိုက်က နေပြင်းတုန်းဖြစ်နေတာရယ် အအေးပိုင်းဖြစ်နေတဲ့ ကနေဒါက လာတာဖြစ်လို့ ရာသီ နဲ့  ပေါက်စီသိုးနဲ့  နုနေတဲ့  အစာအိမ်နဲ့  တွေ့ သွားတဲ့ သဘောလည်းပါပါတယ်.
.
ဗေဒင်အပိုင်းကတော့  ပေါက်စီ ဆိုတာ သောကြာသက်ရောက်ရဲ့  သုံးတန်ပေါ်တိုင် တိုင်ထိပ် တန်းစီ ပညတ်အတွဲဖြစ်သွားလို့  တိုက်ဆိုင်သွားတယ်ပေါ့ လေ...
ဒီနေရာမှာ သူ့ မိန်းမ တနင်္လာသမီး သုညကြွင်းရဲ့  သက်ရောက်ကိုကြည့် တဲ့ အခါ သက်ရောက်အရ အသက် ၃၉ ကို ၂လပိုင်းက ပြည့် ခဲ့ ပြီး အခု ၄၀ ထဲရောက်ခဲ့ တော့  တနင်္ဂနွေသက်ရောက်မို့  သကိရောက်မဆိုးပါဘူးလို့ ဆိုလို့ ရပါတယ် ဒါပေမယ့်  လစိတ်ပိုင်းတဲ့ အခါ ဧပြီ လဆန်းပိုင်းဟာ အင်္ဂါ မရဏလစိတ်ဖြစ်နေတာ တွေ့ လိုက်ရတော့  အင်္ဂါလစိတ်ဟာ သူ့ ကို ပေးမပျော်စေတာ သောက ရောက်စရာတွေ ယာယီ သဘောကြုံစေလိုက်တာအဖြစ် သွားပတ်သက်နေတာကို
တွေ့ လိုက်ရပါတယ်ဗျား..သဘောက တနင်္ဂနွေသား ချမ်းပီးတာ သူ့ ချည်းမှားလို့  မဟုတ်ပဲ သူ့ မိန်းမ တနင်္လာသိုက်ဘွားရဲ့  လစိတ်ပိုင်းကံကလည်း မီးလောင်ရာ ဓာတ်ဆီလောင်းသဘောပဲလို့ မြင်လိုက်ရတယ်ပေါ့ လေ....
မှတ်မှတ်ရရ နောက်တစ်ခုက ၃ ကြွင်း အင်္ဂါသား ဘင်္ဂါဘွားဟာ သံလျင်ဘက်က ထမလုံ ဘက်ကို အိမ်အပြီးပြောင်းသွားပါတယ်..ပထမနှစ်တွေ နိုးပြဿနာပါ နောက်တော့  သောကြာမရဏ သက်ရောက်နဲ့  မရဏ လစိတ်တဲ့ တဲ့ မှာမှ စက်ဘီးစီးသွားရင် သံလျင်ကုန်းဆင်းတစ်ခုမှာ စက်ဘီးလဲတာ အလဲမတော်တော့ သာမန်စက်ဘီးလဲပုံထက် ပြင်းထန်သွားပြီး မသေယုံတမည် ခံလိုက်ရပါတယ် ..အဲ့ ဒီမှာ လည်း သောကြာသက်ရောက်က တန်းစီ တိုင်ထိပ်သဘော(စက်ဘီး) ပညတ်ကို သတိပြုမိခဲ့ ပါတယ်...
တိုက်ဆိုင်မှု့ က အဲ့ လို စက်ဘီးလဲတဲ့ အချိန်မှာ သူ့ မိန်းမ ၅ ကြွင်း တနင်္ဂနွေသမီးရဲ့  သက်ရောက်ဟာ ( အင်းဝ) ကိန်းဆိုတဲ့  ၄ခွင်မြောက် ကျမ္မာရေးအညံ့  ကြုံတတ်တဲ့  အိမ်ထောင်သည်ဆိုရင် လင်မယား သေကွဲ ရှင်ကွဲ ကွဲတတ်တဲ့  ဗုဒ္ဓဟူး သက်ရောက်ဖြစ်နေတာ တွေ့လိုက်ရပါတယ်...
သဘောကမှတ်မှတ်ရရတွေ ဖြစ်သွားလောက်အောင်ထင်ရှားတဲ့  ကောင်းခြင်းဆိုးခြင်း အဖြစ်အပျက်တွေဟာ လင်မယားတွေ မိသားစုတွေမှာ တစ်ခုနဲ့ တစ်ခုချိတ်ဆက်နေတတ်တယ်ပေါ့ လေ
။
ပြီးတော့  ဒီ သုံးကြွင်း ဘင်္ဂါဘွား အင်္ဂါသား သောကြာမရဏ သက်ရောက် သောကြာမရဏလစိတ်မှာ စက်ဘီး အက်စီးဒန့် ဖြစ်တာဟာ မရဏသက်ရောက်ကြောင့် လား တန်းစီး+တိုင်ထိပ် အင်္ဂါနံ နဲ့  ကြာသာပတေးနံ ဆိုတဲ့  သီးခြားရပ်တည်နေတဲ့ နံကနေ အတွဲနံ စက်ဘီးပညတ်နံအဖြစ် ပူးသွားလို့ လားက ဇဝေဇ၀ါဖြစ်သွားပါသေးတယ်...နောက်တော့ အမှန်တော့  အားလုံးအကျုံးဝင် အကြောင်းဆုံသွားလို့ အကျိုးတစ်ခုဖြစ်လာတာလို့ ပဲကောက်ချက်ချလိုက်ပါတယ်...
ဘာကို သိလိုက်ရတာ အကျိုးရှိသလဲဆိုတော့  တန်းစီး တိုင်ထိပ် တွဲမှ ပြဿနာဖြစ်တတ်သလား တိုင်ထိပ် တန်စီးတွဲမိမှ ပြဿနာဖြစ်တတ်သလား ဆိုတဲ့ ဇဝေဇ၀ါတွေ အတွက် ၂မျိုးစလုံး အဆင်မသင့် ရင် ပြဿနာ အတွဲတွေ ဖြစ်ကုန်တတ်တာချည်းပဲလို့  ရှင်းသွားတာမျိုးပါ...နောက်ပိုင်းမှာတော့  လူအမည်တွေ
ဖြစ်တဲ့  မြင့် စိန်တို့  စိန်မြင့် တို့ လည်း သောကြာသက်ရောက်ဖြတ်ရင် ကိုယ်တိုင်အမည်ဆို ကိုယ်တိုင် ညစ်စရာ သူငယ်ချင်း အမည်ဆို အဲ့ သူငယ်ချင်းမြင့် စိန်ကြောင့်  စိတ်ညစ်ရတာ ထူးခြားစိတ်ညစ်စရာတွေ ကြံဖန်ပြီးပေါ်လာတတ်တာတွေ့ ရတယ်ပေါ့ လေ...
ကြိုကာထားဖို့ ဆိုတာက ကိစ္စများမြောင်လူတို့ ဘောင်မို့ ခက်သလို ကျမ်းသေပေါက်ဖြစ်မယ်လို့ မဆိုနိုင်ပြန်ဘူး အများအားဖြင့် ကြုံလိုက်ပြီးမှ သိလိုက်ရတာမျိုးပါပဲ.
..
အဖြည် သဘောအရတော့  အဲ့ ပညတ်နံတွဲ ကြောင့် အာရုံနောက်နေလက်စဖြစ်လာရင် အဲ့ နံတွဲကိုပဲ ပြန်ဘုရားကပ်စေလိုက်ရင် အနဲနဲ့ အများတော့  ယာယီဘဲဖြစ်ဖြစ် အိုကေသွားလေ့ရှိပါတယ်..ဥပမာ သောကြာ သက်ရောက်ဖြတ်တုန်း ဒေါ်မြင့် မြင့် စန်း က ရစ်နေလို့ ဆိုလာရင် ပေါက်စီနဲ့ စပယ်ပန်း ကို
ဒေါ်မြင့် မြင့် စမ်း မရစ်ပါစေနဲ့ လို့ ဆုတောင်းပြီး ဘုရားကိုခဏခဏကပ်ပေးရင် အိုကေသွားတာမျိုးပါ..
အဲ နောက်ထပ်တွေ့ ရတာတွေအရဆို ဒါမျိုးကြုံရတာတွေကြောင့်  အသက် အန္တရာယ်ကိုတော့  ဆုံးရှုံးသွားစေတာမျိုးတော့  နဲတယ် အများအားဖြင့် လူမှု ဘ၀တွေနဲ့ စိတ်တွေကို ရှုတ်ထွေးသွားစေတဲ့  သဘောအထိသာကြုံကြတာများတယ်ပေါ့  ပြီးတော့  အဲ့ လို သက်ရောက်ကြောင့်  ဖြစ်လာတံ့ ပညတ်အတွဲဟာ တစ်သက်တာမဟုတ်ပဲ အဲ့ သက်ရောက် တစ်နှစ်ထဲသာ ကြုံရတာမျိုးပါ သက်ရောက်ကျော်သွားရင်အလိုလို ကိန်းအရှိန်လျော့ သွားတာမျိုးများပါတယ်ဗျား
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..