အကြွေးတင်သွားရင် လွယ်လွယ်နဲ့ ဆပ်နိုင်သလား..
------------
ယေဘူယျကတော့  အဲ့ လိုမေးလို့ ကတော့  ဆပ်နိုင်မယ် မဆပ်နိုင်ဘူးဆိုတာ အလွယ်တော့ မပြောနိုင်ဘူး ကြွေးတင်တဲ့  ပမာဏတွေ တင်ပုံတင်နည်းတွေ ကြွေးဆပ်ဖို့ တာဝန်ရှိနေတဲ့ သူတွေရဲ့  ၀င်ငွေ အခြေအနေတွေ အမျိုးမျိုးရှိတယ်လို့ ပဲဖြေလို့ ရပါလိမ့် မယ်..
ကြွေးတင်နေလို့ ဆိုတဲ့  ခေါင်းစဉ်နဲ့ လောကီဗေဒင်ဆရာဆီရောက်လာတဲ့ သူတော်များများမှာ သူတို့ ဆပ်ရမယ့် ငွေပမာဏကို ပုံမှန်စီးပွားရှာဖွေနေတဲ့  နည်းလမ်းတွေကနေ ကြေအောင်ဆပ်နိုင်ပုံ မရတော့ လို့  နောက်ဆုံးအခြေအနေမျိုးရောက်လုလုမှာ လောကီဆရာဆီရောက်လာရတော့ တဲ့ သဘောမျိုးများတယ် လူ့ သဘောက ကိုယ့် ဟာကိုယ် ဖြေရှင်းနိုင်မှတော့  သူများဆီ ဘယ်သွားအကူအညီယူပါ့ မလဲ ....
အတွေ့ အကြုံတွေအရဆိုရင်..ကြွေးယူတဲ့ သူတွေရော ကြွေးရဖို့ ရှိတယ် ဆိုတဲ့ သူတွေရောဟာ သူတို့  သူများဆီက ကြွေးယူတုန်းက ယူသင့် မသင့်  ယူပြီးရင် ပြန်ဆပ်နိုင် မဆပ်နိုင် ကို ဗေဒင်မေးပြီးမှ လုပ်လေ့ မရှိသလောက်ဖြစ်သလို သူများကို ငွေချေးပေးလိုက်တတ်တဲ့  ကြွေးရဖို့ ရှိတဲ့ သူတွေ အများစုကလည်း
ဗေဒင်ဆရာကို လာမေးပြီးမှ သူများကို ချေးလိုက်တာမျိုး မရှိသလောက်လို့ တောင်ဆိုရမယ်...
သဘောက ဆပ်ရမယ့် သူကလည်း မဆပ်နိုင်တော့ သလောက် ရစရာရှိတဲ့ သူကလည်း တောင်းမရ လွန်းလောက်တော့ မှ လောကီဗေဒင်ဆရာတွေဆီရောက်လာတော့ တဲ့  သဘောပဲ.
အဲ့ အချိန်မှာ အများစုရဲ့  ကံ အခြေအနေဟာ ကင်ဆာရောဂါသည်တွေကို ဆရာဝန်တွေ ကြုံနေရသလိုမျိုးနဲ့ တူတယ် ကင်ဆာသည်တွေ ဆရာဝန်ဆီရောက်ရင် ရောဂါကျွမ်းလုလု အခါမျိုးတွေမှာမှ ရောက်လာကြသလိုပဲ ကြွေးရစရာ ဆပ်စရာ ရှိတဲ့ လူတွေရဲ့ ကံတွေကလည်း တော်တော် စောင်းနေချိန်မျိုးတွေမှာ ရောက်လာကြတာများလို့  အဲ့ အခြေအနေက လွတ်အောင်ကူရတာဟာ သိပ်ခက်ခဲတယ်ဆိုတာပါပဲ တကယ့် ဘ၀တွေထဲက ကိစ္စတွေဟာ သူငယ်ချင်းချင်း ပိုက်ဆံ ၂ သောင်း
၃သောင်းလောက် ချေးငှားသုံးလို့ ရစရာပေးစရာ ကြွေးတင်သွားတာမျိုးကို ဖြေရှင်းတာမျိုးလို မလွယ်ကူလှဘူး..သဘောက နှစ်သက်ရှည်ကြီးတင်ရှိလာတဲ့  ပေးစရာ ကြွေးမြီသဘောတွေ နှစ်ပေါက်အောင်ဖြစ်လာ အစဉ်ပြေပြေနဲ့ အတိုးရလာပြီးမှ ရုတ်တရက် အတိုးရောအရင်းပါ မရတော့ တာမျိုး ရစရာကြွေးမြီတွေကိစ္စကို ရှင်းရတာဟာထင်သလောက် မလွယ်ပါဘူးဆိုတာပါပဲ...
ယတြာဓါတ်ဆင် (၁+၂)
ပထမဆုံးနဲ့  အများဆုံး စသုံးရတဲ့  ရစရာရော ပေးစရာကြွေးမြီတွေအတွက် စပြီး ဓါတ်ဆင်တဲ့ ယတြာတစ်ခုကတော့  ၁။ အကြွေး ဆိုတဲ့  ပညတ်နံရဲ့  ကက်ကင်း (ကြက်ဥ)ကြော်ဆို့  ပြုတ်တို့ ကို
တစ့် နေ့ တစ်လုံး ဘုရားကပ်ပြီး ဘယ်သူ့ ဆီက ဘယ်သူတွေဆီက အကြွေးတွေ ရပါစေ လို့ ဆုတောင်းကပ်တာ...၊ တင်ရှိနေတဲ့  အကြွေးတွေ မြန်မြန်ဆပ်နိုင်ပါစေလို့ ဆုတောင်းတာက ပထမယတြာပါနေ့ စဉ် (သို့ ) ခဏခဏကပ်လှုပေးရတဲ့ သဘော ဖြစ်ပြီး နေ့ လည်ကျော်လို့ ဒီ ကြက်ဥကြော်/ပြုတ်ကို စွန့် တဲ့ အခါ တိုက်ရိုက်သက်ဆိုင်တဲ့  ကာယကံရှင်က ပြန်မစားပဲ တစ်ခြားစားချင်သူရှိရင်စားပါစေဆိုပြီးစွန့် ပါတယ်
စားမယ့် သူ မရှိရင် မြေဖုတ်ပြိတ္တာတွေစားပါစေ ဆိုတဲ့ အာရုံနဲ့ စွန့် ပါတယ်.( ဒါက စေတနာ သုံးတန် အပြည့်  ဒါနခန်းသဘောရအောင်ပေါ့ )...
ပြီးတော့  အဲ့ ယတြာသဘောကို ဘယ်လောက်ကြာအောင်လုပ်ရမလဲဆိုတာ တိုက်ရိုက်အဖြေမရှိဘူး ကိုယ့် သဘောပဲ ကိုယ် ပြေလည်ပြီ ဖြေရှင်းနိုင်ပြီဆို ရပ်ပစ်လိုက်ယုံပဲ သဘောဖြစ်တယ်ပေါ့ ...ပြီးတော့  ပုတီးစိတ်တာ ဘာညာ ဘာနဲ့ မဆို တွဲလို့ ရပါတယ်ပေါ့ လေ...
ဒါနဲ့ တစ်ပြိုင်နက်ထဲတွဲရတာက ပိုက်ဆံတစ်ရွက်ကို ဘုရားကျောင်းဆောင်ပေါ်တင် အဲ့ ပိုက်ဆံပေါ်က ကြွေပန်းကန်ပြား (သို့ )လင်ဗန်း (သို့ )စတီးပန်းကန်ပြားတစ်ချပ် တင် ပြီးရင်တော့  ငွေဝင်ဖို့ ကို အာရုံပြုပြီးဖယောင်းတိုင်တစ်တိုင်ထွန်းပေးပါတယ်..
အမှန်တော့  ပိုက်ဆံပေါ်မှာ ဖယောင်းတိုင်ထွန်းတာဟာ အရေအတွက်နဲ့ အချိန် အကန့် အသတ်မရှိသလို တကူးတက ထိုင်စောင့် နေစရာလည်း မလိုပါ..( လူတစ်ယောက်မှမရှိရင်တော့ မထွန်းနဲ့ ပေါ့  မီးရေးထင်းရေသဘောကြောင့် ပေါ့ ) ရည်ရွယ်တာက ငွေဝင်ကံလေးပေါ်လာအောင်ပေါ့  ဓါတ်တူနံတူသဘောကိုယူလုပ်တဲ့ သဘောပေါ့ ...
ဒီနည်း ၂ ခုကို ပူးတွဲလုပ်တဲ့ အခါ ငွေတော့ ထိုက်သင့် သလိုဝင်လာတတ်ပြီး..ဒါပေမယ့်  အပိုင်ပြောရခက်တာက ရည်ရွယ်သူဆီက အကြွေး အပြည့် ပြန်ရမယ် လို့  တစ်ပုံတည်း အပြည့် ပြန်ဆပ်နိုင်မယ်လို့ တော့ မပြောနိုင်ပါ..
အတွေ့ အကြုံအရ ကိုယ့် ဝင်ငွေတွေ လည်ပတ်ငွေတွေ သဘော နဲ့  အလုပ်အကိုင်တွေရဲ့ ပိုက်ဆံ ပမာဏအပေါ်မူတည်ပြီး အများအားဖြင့်  ရသလောက် ခွဲခွဲဆပ်သွားပြီး အကြွေးဝိတ်ကိုလျှော့ ချဆပ်သွားတာမျိုး...ကြွေးလာဆပ်သူက ခွဲပေးလာတဲ့ ခေါင်းခွဲဝင်လာတဲ့  ငွေကို အရင် ယူထားလိုက်ရတာမျိုးသာများပါတယ်
တစ်ခါတစ်လေတော့  တစ်ခုခု ရောင်းချလိုက်ပြီးလို့ ပေါ်လာတဲ့ ငွေကို အကြွေးအပြီးဆပ်ဖြစ်သွားတာ အကြွေးဆပ်မဲ့ သူက သူတစ်ခုခုရောင်းပြီးချိန်မှာ အပြီးလာဆပ်တာမျိုးတွေတော့ ကြုံရတတ်ပါတယ်...
ဖြစ်နိုင်ခြေအနဲဆုံးက ထီပေါက်မှဆပ်မယ်တို့  ချဲပေါက်မှဆပ်မယ်တို့ တစ်ပုံတည်းပိုက်ဆံဝင်မှ တစ်ထိုင်တည်အပြီးဆပ်မယ်တို့ ဆိုတာ ပြောရရင် စိတ်ကူးယဉ်နေတာလို့ တောင်ဆိုလို့ ရတဲ့ အထိ ရှားပါးအဖြစ်တွေပါ အဲ့ ရှားပါးအဖြစ်တွေထဲကိုယ်ပါမပါက မသေခြာ...
ကြွေးဆပ်ဖို့ နဲ့ ကြွေးပြန်ရဖို့ တွေ သဘောမှာ နောက်တစ်ကွက်ကျန်တာက ကြွေးယူမိတုန်းက သက်ရောက်တွေ လပိုင်းတွေကောင်းနေမနေက ကြွေးမြန်မြန်ပြန်ဆပ်နိုင်မနိုင် ကြွေးတွေ အကုန်ပြန်ရမရ မြန်မြန်ရမရ နောက်ဆုံး ကြွေးအပြီးဆုံးမဆုံးကစကားပြောတယ်ဆိုတာပါပဲ
နိဂုံးသဘောအရတော့  အဲ့ ကိစ္စအားလုံးဟာ ပေးစရာ ရစရာ အတွက် ၂ ဖက်ပတ်သက်နေတဲ့  ကာယကံရှင်တွေရဲ့  စိတ်ပိုင်း အနေအထားတွေနဲ့  ဘယ်သက်ရောက် ဘယ်လပိုင်းတွေမှာ အဲ့ ဒီငွေယူ ငွေပေးတွေ စလုပ်ခဲ့ မိသလဲက စကားအများကြီးပြောတယ်ဆိုတာနဲ့  အဲ့  စတင်မိတဲ့ ကာလက အကြွေး ရစရာ ပေးစရာ ကိစ္စတွေမှာ အရေးပါတယ်ပေါ့ လေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..