'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, May 5, 2015
အခါတိုင်တွေနဲ့ အ၀င်အထွက်အ၀ယ်အခြမ်းဇယားတွေ
အခါတိုင်တွေနဲ့ အ၀င်အထွက်အ၀ယ်အခြမ်းဇယားတွေ
----------
အခါတိုင်ကိုသုံးတဲ့ အခါ မပြောပလောက်တဲ့ ကိစ္စတွေလို့ ထင်ရင် စိတ်အဆာကျွေးသဘော သဘာဝအတိုင်းအလွတ်နေပါတယ်..အမှားခံလို့ မဖြစ်လောက်ဖူးလို့ ထင်ရင် အနဲဆုံး အခါတိုင်ကိုကြည့် လိုက်လေ့ ရှိပါတယ်..ဒါဟာ စမ်းသတ်ချက်တွေအများကြီးလုပ်ကြည့် ခဲ့ ပြီးမှ သုံးတဲ့ သဘောပါပဲ...
ဥပမာ..ကြာသာပတေးတိုင်မှာ ဟူးနံ ရွှေ ခိုက်နေပါတယ်..အဲ့ အခါတိုင်မှာ ရွှေကို ရောင်းလဲမရောင်း ၀ယ်လဲမ၀ယ်ပါဘူး..အကြောင်းက ကြာကြာမခံတာ က အစ နောက်ဆက်တွဲ အဖြစ်၂ ပတ်ကနေ ၄ပတ်အတွင်း စိတ်မချမ်းသာစရာ ကိစ္စတွေပါလာလေ့ ရှိပါတယ်..၂ နဲ့ ၎ ဆိုတာ န၀င်းနဲ့ ခိုက် ဂဏန်းကို ယေဘူယျယူတာပါ
အခါတိုင်ရဲ့  ဆိုက်အဖက်ဟာ ယေဘူယျမှာ မြန်တဲ့ သဘောရှိပါတယ်။ အနဲဆုံးတော့  ကြာသာပတေးတိုင်မှာ ၀င်လာတဲ့ ရွှေဟာ ကိုယ်မသုံးရပဲ သူများအတွက်သုံးဖို့ ဖြစ်သွားတတ်ပါတယ် ..အ၀ယ်အရောင်းမှာ ကြေးများရင်တော့ ရွှေ အလျော့ တွက်ကလိမ်အကျခံလိုက်ရတာ..အရည်မမီတာ မျိုးတွေကြုံရတတ်လို့ ကြေးကြီးရင် ရှောင်တာမျိုးပါပဲ..ပေါပေါပဲပဲသဘော နဲ့  နောက်ကြောင်းက
(သက်ရောက်ကောင်းလစိတ်ကောင်းရင်ပေါ့ လေ) ကတော့  ဖီလင်ရှိရှိရာ ဘာမဆို ဘယ်တိုင်ဖြစ်စေ ၀ယ်ချင်ဝယ်လိုက်တာပါပဲ...
ဒီလို တိုင်သဘောကို စမ်းတဲ့ အခါ သိပ်ကိစ္စမရှိတဲ့  ပစ္စည်းမျိုးတွေနဲ့ စမ်းခဲ့ တာပါပဲ ဥပမာ အောက်စက်တွေကို သောကြာတိုင် (အင်္ဂါနံ န၀င်းရောက်ချိန်) ဗုဒ္ဓဟူးတိုင် (အင်္ဂါနံ ခိုက်ရောက်ချိန်) တွေမှာ အောက်စက်ဝယ်ဖို့ လိုချိန်မှာ ၀ယ်ကြည့် တာပါပဲ အဲ့ အခါ ကြာကြာခံတဲ့ ပစ္စည်းမခံပဲအပျက်မြန်တဲ့ ပစ္စည်းတွေ သဘော သိသိသာသာကွဲထွက်လာတာမျိုးတွေကြုံရပါတယ်...
ဒီသဘောကို သိလိုက်တဲ့ အခါ အပြင်လူတစ်ယောက်ယောက် ကိုယ့် ကို ပစ္စည်းတစ်ခုခု လာပေးတဲ့ အခါ
(သို့  ) သူ့ ဟာသူ ၀ယ်လာတာကို လာပြတဲ့ အခါ ဘယ်အခါတိုင်မှာလဲ အဲ့ ပစ္စည်းဟာ အခါတိုင်ရဲ့  အပေါ်သုံးလုံးမှာလား မူလအပါအ၀င် အောက်သုံးလုံးနံလားကြည်လိုက်တာနဲ့  အဲ့ ပစ္စည်းဟာ ကောင်းကျိုးတွေသယ်လာတဲ့ ပစ္စည်းလား ဆိုးကျိုးတွေသယ်လာတဲ့ ပစ္စည်းလားဆိုတာ ခန့် မှန်းလို့ ရနေပါပြီ...ဒါဟာ နာရီတိုင်နဲ့ သာ ဆုံးဖြတ်နေသေးတာဖြစ် ပြီး အဲ့ ပစ္စည်းတွေရဲ့ သမိုင်းကြောင်းကို နေ့ အခါတိုင်ကြီးကနေ ပြသနေပါသေးတယ်.
..(ဒါက လမိုင်းကပ်ပြီး ပညာကစားလွန်းနေတဲ့ အချိန်တွေဖြစ်နေပြီသဘောပါ)
သဘောက တနင်္ဂနွေနေ့  စန္ဒရောတိုင်မှာ စနေနံ ပစ္စည်း ဥပမာ နာရီတစ်လုံး ကိုယ့် ဆီကို ၀င်လာပြီဆိုရင် အဲ့ နာရီရဲ သမိုင်းကြောင်းဟာ မကောင်းဘူး..သူ့ မှာ ကျပ်အတည်း တစ်ခုခုကြားက ၀ယ်လာ ပေးတာဖြစ်နိုင်တယ် ဒါမှမဟုတ် မှောင်ခိုဝင်လာတဲ့  ဥပဒေမလွတ်တဲ့  နာရီမျိုး ဒါမှမဟုတ် ပြန်ပြင်ထားတာ ဒါမှမဟုတ် အင် ဖြစ်နိုင်တယ် ဒါမှာမဟုတ် ဆမ်းသင်း မသင်္ကာစရာသမိုင်းကြောင်းတစ်ခုခု ရှိနေနိုင်တယ်ပေါ့ ...ဒါပေမယ့် စန္ဒရောတိုင် မှာနာရီဟာ စုတ်မှာရှိလို့ ကိုယ့် ဆီဝင်တဲ့  အချန်မှာ ဒီနာရီဟာ ကိုယ့် အတွက် ကောင်းကျိုးတွေ ထပ်သယ်လာတဲ့ နာရီဖြစ်သွားပြီး ဒါမှမဟုတ် ကိုယ့် ကိုယ် ပညာသဘောထက် လူကို သံယောဇဉ်ပိုရှိလို့ လာပေးနတာဖြစ်ပြီး သုံးလို့ ကောင်းပြီ.. ဒီနာရီနဲ့ ပတ်သက်ပြီးကိုယ့် အတွက်တော့  နောက်ကြောင်းအေးတယ် လက်ခံမှားမိလို့ သူခိုးလက်ခံမဖြစ်နိုင်တော့  စသဖြင့်  ဒီလို မှန်းဆတာမျိုး...။ဒါဟာ ကိုယ့် အတွက်တင်မက သူများကိစ္စပါလှမ်း ကြည့် လို့ ရတယ်ပေါ့ လေ...
အဲ့ ဒါကြောင့် လျပ်စစ်အဓိကပစ္စည်းဖြစ်တဲ့ မီးချောင်းတွေချုပ်တွေ မီးကြိုးရိုက်တာတွေ မီးပူဝယ်တာတွေ စသဖြင် လျပ်စစ်ကို အားပြုသုံးနေရတဲ့  ပစ္စည်းမျိုးတွေကို တနင်္ဂနွေနေ့မှာ (သို့ )တနင်္ဂနွေအခါတိုင်မှာ စမိရင် ၀ယ်မိရင် ကြာကြာမခံ ပြင်မိရင် ထပ်ပျက် ထပ်ပြင်ရတာ တစ်ထိုင်ထဲအပြီးလုပ်တာ မပြီးလို့ နေ့ ကူးသွားတာ လျပ်စစ်အန္တရာယ်ဝင်လွယ်တာ စတဲ့  မကောင်းမှု့ သဘော စိတ်တိုင်မကျတဲ့ သဘော ရည်ရွယ်ချက်မပြည့် တဲ့ သဘောကို တွေ့ လာရတာမျိုးပါပဲ လျပ်စစ်ဆိုတာ စနေနံသဘော အားကြီးလို့ ပါပဲ
သဘောက ဒီလိုတွေ ကြည့် တတ်မြင်တတ်သွားရင် အနဲဆုံး ကိုယ့် ဘ၀ခရီးမှာ အမှားလုပ်မိတာတွေ နဲလာနိုင်တဲ့  အကျိုးကျေးဇူးတွေရလာတယ်ပေါ့ လေ...
ချုပ်လိုက်ရင် အခါတိုင်ရဲ့  အောက်ပိုင်းနံကိစ္စတွေဆို သတိထားတယ် တွက်ဆတယ် ပေါ့  အပေါ် နံ သဘောတွေဆို အိုကေ ကျေးကျေးပေါ့ ...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..